The Guys of Yangon,1930(Part 9)
အခန်း(၁၀)
……………
ပုဏ္ဍားဘထွန်းသည် သူ့အိမ်ရှေ့တွင် ငှက်ကြီးဓါးကို ကိုင်လျက် သူ့ကို စိန်ခေါ်နေသော လမ်းမတော်ဖိုးတုတ် ကို အံသြတကြီးကြည့်ကာ မှင်သက်နေသည်။
“ပုဏ္ဍားဘထွန်း..မနေ့က ခင်ဗျားက ကျုပ်ကို သတ်ဖို့ဆို...အခု ခင်ဗျားအိမ်ရှေ့ ရောက်နေပြီလေဗျာ.. လာ ဆင်းခဲ့လေ..ယောက်ျားဆို တစ်ယောက်ချင်း ဓါးချင်းယှဉ်ခုတ်ကြမယ်..ဆင်းခဲ့လေ”
လွန်ခဲ့သည် နှစ်များကဆိုလျှင် ယခုလိုအခြေအနေမျိုးတွင် လူမိုက်ကြီးပုဏ္ဍားဘထွန်း သည် ဓါးကောက်ကို ဆွဲလျက် ဆင်းခုတ်ပြီးသားပင်။
ယခုတော့ ပုဏ္ဍားဘထွန်း သည် စိတ်ဓာတ်ရေးရာအရ ချွတ်ခြုံကျနေသည်။
သူ့ သူ့အချစ်ဆုံး မွေးစားသား အာဠာဝကစိန်ကြီးကို လွန်ခဲ့သော ရက်က ဆုံးရှုံးခဲ့ရသည်။
အာဠာဝကသည် သူ့လက်ရုံး။ သူအားကိုးအားထားပြုရာ။ ပုဏ္ဍားဘထွန်းတည်းဟူသော လူမိုက်ဂုဏ် ကို တည်မြဲစေခဲ့သည့် ဒေါက်တိုင်။
အခုတော့ စိန်ကြီးလည်း မရှိတော့။
တက်လူဖြစ်သော ဖိုးတုတ်ကို တစ်ယောက်ချင်း ရင်ဆိုင်နိုင်သည်ထားဦး။ ဇရာကလည်း စကားပြောလေပြီ။ ကံကြမ္မာကသူ့ဘက်တွင် မရေရာ။
မနေ့ကတော့ သူ့ကျန်ရှိသမျှအင်အားနှင့် လမ်းမတော်ဖိုးတုတ်ကို သူသေကိုယ်သေတိုက်ရန် ကြိုးစားခဲ့သည်။
သို့သော်..မည်သည့်အချိန်က သတင်းရသွားသည် မသိသော စစ်ပုလိပ်တပ်များနှင့်သာ သူရင်ဆိုင်ခဲ့ရသည်။
ညနေပိုင်းတွင် သူ့တပည့်လူမိုက်များကို ပုလိပ်အဖွဲ့မှ လက်နက်ကိုင်ဆောင်မှု၊ လူစုလူဝေးမှုများဖြင့် တစ်ယောက်ပြီးတစ်ယောက် လာဖမ်းသွားခဲ့၏။
ထိုကိစ္စသည် လမ်းမတော်ဖိုးတုတ် ၏ စနက်မှန်း သူရိပ်မိသည်။ မြွေမြွေချင်း ခြေမြင်သည်။
လမ်းမတော်ဖိုးတုတ် တွင် သူခန့်မှန်းမရသော နောက်ခံအင်အား တစ်ခုရှိနေပြီဆိုသည်ကတော့ အသေအချာ။
YOU ARE READING
THE GUYS OF RANGOON 1930
حركة (أكشن)The guys of rangoon1930 လေးကဆရာခက်ဇော်ရဲ့ အခုလတ်တလောမှာ အရမ်းကိုနာမည်ကြီးနေတဲ့ စာအုပ်လေးဆိုတာ စာဖတ်သူတို့သိကြပြီးဖြစ်မှာပါရှင့် ကေသီကအရမ်းကိုစာဖတ်ပျင်းပါတယ် ဒါပေမယ့် ဒီစာအုပ်လေးကိုဖတ်လိုက်တဲ့အချိန်မှာတော့ တကယ်ကို ၁၉၃၀ ရောက်သွားသလိုခံစားရပြီး တကယ်လည...