The Guys of Yangon,1930 (Part 8)
အခန်း(၉)
……………နံနက် (၅)နာရီ။
ဒလဘက်ကမ်းမှ ဈေးရောင်းဈေးဝယ်သဗ္ဗာန်အချို့ ရန်ကုန်ဘက်သို့ ကူးလာနေကြသည်။
မြစ်လယ်ရှိ သဗ္ဗာန်တစ်စင်းမှာ မူ ထူးထူးခြားခြား စက်ရပ်ထား၏။သဗ္ဗာန်ပေါ်မှ လူတစ်စုသည် မော်တော်ကားအင်ဂျင်တုံးအဟောင်းကြီးတစ်လုံးနှင့် တွဲချည်ထားသော ဂုံနီအိတ်တစ်ခုကို မနိုင်မနင်းမကာ ရေထဲသို့ ပစ်ချလိုက်ကြသည်။
ထို့နောက် စက်နှိုးကာ ရန်ကုန်ဆိပ်ကမ်းဘက်သို့ ပြန်လည်ထွက်ခွာလာကြသည်။“ဟေ့..ထွန်းတင် မင်းတို့ကလည်း အလောင်းလေးတစ်ခါ ဖျောက်တာ ကြာလိုက်တာကွာ’’
ကမ်းနားမှ ပြန်တက်လာသော ထွန်းတင် ကို ကားဖြင့် စောင့်နေသည့် ငညွန့် က စိတ်မရှည်စွာဖြင့်လှမ်းပြောသည်။
“ငညွန့် ရာ…လူတစ်ယောက်လုံး ရေထဲပစ်ချရတာကွ..ပြီးတော့ ငါ့ကောင်တွေကလည်း ပေါက်စတွေဆိုတော့ အထာက သိပ်မနပ်ကြဘူး။ သဗ္ဗာန်သမားက မြစ်လယ်ရောက်မှ အိတ်ထဲမှာ လူပါမှန်းသိပြီး အူလည်လည်လုပ်နေလို့ တစ်ချက်နှစ်ချက်ကျွေးပြီး ခြိမ်းခြောက်လိုက်ရသေးတယ်..မင်းက ဒီပေါ်မှာ စီးကရက်လေးဖွာပြီး ငြိမ့်ငြိမ့်လေး စောင့်ရတာ”
“မင်းအမေ့လင် စီးကရက်လေးဖွာငြိမ့်ရမလား…ညက ဂန္ဓမာကြီးပါလို့ ငါတို့မသေတာ..အာဠာဝကစိန်ကြီး ဆိုတဲ့ကောင်ကြီးက မလွယ်ဘူးဟေ့..ဒီကောင့်လက်သီးတစ်ချက်မိတာ ငါလွင့်ထွက်သွားတယ်..တော်သေးတယ်ဟ.. ဂန္ဓမာကြီး ပါပေလို့…ပြီးတာနဲ့ ဟိုကောင့်ကို ဆရာဖိုးတုတ်ဆီပို့..သူမေးစရာရှိတာမေးနေတုန်းလည်း ငါပဲ တချိန်လုံးထိုင်စောင့်ရ..သတ်တော့လည်းငါပဲ..ခု အလောင်းလာဖျောက်တော့လည်း ငါပဲ မင်းတို့ကိုလိုက်ပို့ပေးရတာ..တရေးမှ မအိပ်ရသေးဘူးဟ ’’
“အခု ဘယ်သွားမှာလဲ’’
“ဂန္ဓမာကြီးကို မသောင်းအိမ်မှာသွားခေါ်ပြီး ဆရာဖိုးတုတ်ဆီ သွားရမယ်..ထွန်းတင်ရေ..ပုဏ္ဍားကြီးကတော့ အခုလောက်ဆို ငါတို့ကို သတ်ဖို့ လူစုနေလောက်ပြီ’’
YOU ARE READING
THE GUYS OF RANGOON 1930
AcciónThe guys of rangoon1930 လေးကဆရာခက်ဇော်ရဲ့ အခုလတ်တလောမှာ အရမ်းကိုနာမည်ကြီးနေတဲ့ စာအုပ်လေးဆိုတာ စာဖတ်သူတို့သိကြပြီးဖြစ်မှာပါရှင့် ကေသီကအရမ်းကိုစာဖတ်ပျင်းပါတယ် ဒါပေမယ့် ဒီစာအုပ်လေးကိုဖတ်လိုက်တဲ့အချိန်မှာတော့ တကယ်ကို ၁၉၃၀ ရောက်သွားသလိုခံစားရပြီး တကယ်လည...