အခန်း ( ၂၀)

399 11 0
                                    

The Guys of Yangon,1930 (Part 19)

အခန်း(၂၀)
.....….........

ထိုနေ့ညက မိုးရွာနေသည်။

လမ်းတော်ဖိုးတုတ် သည် တပည့်ဖြစ်သူ အုန်းဖေ၊ ထွန်းတင်တို့နှင့်အတူ ချိုင်းနားစတန်းဟိုတယ်တွင် ထိုင်နေကြလေသည်။

အုန်းဖေ ၏ မိခင်ကြီးမှာ လွန်ခဲ့သည့် လ က ကွယ်လွန်သွားခဲ့သည်။ အုန်းဖေ မှာ မယားအလွန်ပွေသော်လည်း မိခင်ကြီးကိုမူ အလွန်ချစ်သူဖြစ်သည်။

မိခင်ကြီးဆုံးပြီးကတည်းက နေ့ဘက်ရော ၊ ညဘက်ပါ အရက်သောက်နေခဲ့သည်။

ယခုညတော့ လမ်းမတော်ဖိုးတုတ်သည် ဇာတ်မင်းသားရွှေကျီးညိုနှင့် ချိန်းထားသဖြင့် စောင့်နေရင်း တပည့်များကို ခေါ်ကာ အရက်သောက်နေခြင်းပင်။

ငမိုး၏ သူငယ်ချင်းဖြစ်သည့်  အလိန် က မိုင်ဒါကွင်းတွင် သူသွင်းမည့် သီတင်းကျွတ်အာဝါဒေးပွဲအတွက် ဇာတ်မင်းသားရွှေကျီးညို ပွဲကို သွင်းချင်သဖြင့် ဖိုးတုတ်ကို အကူအညီတောင်းထားသည်။

ဖိုးတုတ်က ကြားဝင်ကူညီပေးလျှင် နှစ်ဖက်လုံးထံမှ ပွဲခမြိုးမြိုးမြက်မြက်ရတတ်၏။

သို့သော်…ဝီစကီတစ်လုံးကုန်ချိန်ကျသည်အထိ ရွှေကျီးညိုကား ပေါ်မလာ။

ရန်ကုန်မိုးကား သဲသဲမဲမဲရွာချလိုက်၊ ခပ်ဖွဲဖွဲရွာလိုက်ဖြင့် ။

ဖိုးတုတ်တို့ ဆရာတပည့်သုံးယောက် ရေချိန်ကိုက်နေလေပြီ။

“ဇာတ်မင်းသား က ဒီနေ့မှ ဘာဖြစ်တယ် မသိဘူးကွာ..အရေးကြီးပါတယ်ဆိုမှ..ကဲ..ကြာတယ်..အုန်းဖေ သူ့အိမ်ကို ငါတို့လိုက်သွားကြမယ်ကွာ”

“ဆရာ့မှ ကားမပါလာဘူးလေဆရာ..ဘယ်လိုသွားမှာလဲ”

“ဟေ့.ထွန်းတင်..မင်းတပည့် တက္ကစီသမားတွေ လမ်းမတော်ထိပ်မှာရှိတယ်..မဟုတ်လား..တစ်စီးသွား ယူမောင်းခဲ့ကွာ”

ထွန်းတင်က အောက်သို့ ဆင်းသွားသည်။

“ဆရာဖိုးတုတ်..မိုးကလည်း အေးတယ်ဗျာ..တစ်ယောက် နှစ်ပက်လောက် အချမ်းပြေ ထပ်ချကြဦးမလား”

“အုန်းဖေ..မင်းက တကယ့်ကြွက်တွင်းပဲကွ..မင်းများနေပြီ..ဟေ့ကောင်”

THE GUYS OF RANGOON 1930Where stories live. Discover now