The Guys of Yangon,1930(Part 14)
အခန်း(၁၅)
...............
လမ်းမတော်ဖိုးတုတ်သည် အိတ်စပက်တော်ဦးဟုတ်ဂွမ် ကို ၀င်ခေါ်ပြီး အလုံပုလိပ်ဌာနသို့ လိုက်သွားကြသည်။
အလုံပုလိပ်ဌာနက ဂန္ဓမာသောင်းရီ၊ မသောင်း နှင့် ချိုက်ဟုန်တို့ကို စစ်ဆေးနေကြသည်။အိတ်စပက်တော်ဦးဟုတ်ဂွမ်ကောင်းမှုဖြင့် ဂန္ဓမာသောင်းရီတို့ကို ပြန်လည် ခေါ်ထုတ်လာနိုင်ခဲ့၏။
မသောင်းနှင့် ချိုက်ဟုန်တို့ကို အငှားကားတစ်စီးဖြင့် တင်ပေးပြီးနောက် လမ်းမတော်ဖိုးတုတ်၊ ဂန္ဓမာသောင်းရီ တို့ ကြည့်မြင်တိုင်ဘူတာရှေ့ရှိ ကြက်ကြား၏ နေအိမ်သို့ ထွက်လာကြသည်။
ဂန္ဓမာသောင်းရီ က တစ်လမ်းလုံး ဘာစကားမှ မပြောဘဲ တိတ်ဆိတ်နေ၏။
ဖိုးတုတ်က ကားကို လက်တစ်ဖက်ဖြင့် မောင်းရင်း စီးကရက်ဖွာလာသည်။"ဒီကောင်တွေ ငါ့ကို လုပ်တာ..ဖိုးတုတ်...ငါ့ကို လုပ်တာကွ..ငညွန့်က ငါ့အစား ခံလိုက်ရတာ..တောက်"
"ဘယ်သူ့လက်ချက်လို့ ထင်လဲ ဂန္ဓမာ".
"ဘယ်သူ့လက်ချက်ဖြစ်ဖြစ် ငါကိုယ်တိုင်သတ်မှာ..ဖိုးတုတ်"
"သတ်တာ နောက်ထားဦးကွ..အခုက မင်းကို သတ်ဖို့ကြံတယ်ဆိုတာ ငါ့ကိုပါ တစ်ခါတည်း သတိပေးလိုက်တဲ့သဘောပဲ..အန္တရာယ်က ငါတို့နောက်ကျောဘက်မှာ လိုက်နေပြီ..ဂန္ဓမာ..ဒီနေ့က စပြီး အစစအရာရသတိထားရတော့မယ်"
"ငါ့ကို ပစ်မှတ်ထားတာဆိုတော့..ပုဏ္ဍားဘထွန်းလူတွေလည်း ဖြစ်နိုင်တာပဲ..သူ့သားအာဠာ၀ကစိန်ကြီးကို ငါသတ်ခဲ့တာမဟုတ်လား"
"ပုဏ္ဍားဘထွန်းလူဆို ငါ့ဆီ ချက်ချင်းသတင်းရောက်မှာပဲ..ဂန္ဓမာ..မဖြစ်နိုင်ဘူး...နောက်ပြီး အခု သတ်သွားတဲ့ ကောင်ရဲ့ လက်ဆက ယဉ်တယ်ကွ။ တစ်ချက်တည်းနဲ့ သေကွက်ကို ထိုးသွားတာ။ ငါကတော့ အရှေ့ပိုင်းက ဟိုကုလားကြီးနှစ်ကောင်ကို မသင်္ကာဘူး..ပြီးတော့ အဲ့ဒီညက ငညွန့် အသတ်ခံရတဲ့အချိန်လောက်မှာ မသောင်းတို့ အိမ်ဘက်ကနေ ထွက်လာတဲ့ ကုလားတစ်ကောင်ကို ဖဲဝိုင်းကပြန်လာတဲ့ အုန်းဖေတပည့် နှစ်ယောက်က မြင်လိုက်တယ်တဲ့ကွ။ ဒီကောင်က အလုံဘက်ကို ခပ်သုတ်သုတ်လျှောက်သွားတာတဲ့"
YOU ARE READING
THE GUYS OF RANGOON 1930
ActionThe guys of rangoon1930 လေးကဆရာခက်ဇော်ရဲ့ အခုလတ်တလောမှာ အရမ်းကိုနာမည်ကြီးနေတဲ့ စာအုပ်လေးဆိုတာ စာဖတ်သူတို့သိကြပြီးဖြစ်မှာပါရှင့် ကေသီကအရမ်းကိုစာဖတ်ပျင်းပါတယ် ဒါပေမယ့် ဒီစာအုပ်လေးကိုဖတ်လိုက်တဲ့အချိန်မှာတော့ တကယ်ကို ၁၉၃၀ ရောက်သွားသလိုခံစားရပြီး တကယ်လည...