အခန်း ( ၂၅)

394 6 0
                                    

The Guys of Yangon,1930(Part 24)
..............
အခန်း(၂၅)

                                               ……………………….

ဗိုလ်မှူးကြီး ဆူဇူကီး ကေအိဂျိ။

၁၉၄၀ ခုနှစ်တွင် ဂျပန်သတင်းစာ ယူမိအုရီ ၏ သတင်းထောက်အဖြစ် အသွင်ယူကာ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သူ။

တရုတ်ကွန်မြူနစ်များနှင့် ဆက်သွယ်ပြီး မြန်မာပြည်လွတ်လပ်ရေးကြိုးပမ်းရန် ထွက်ခွာလာခဲ့သူ သခင်အောင်ဆန်း နှင့် သခင်လှမြိုင်တို့ သည်  တရုတ်ပြည်တောင်ပိုင်း အမွိုင်မြို့တွင် သောင်တင်နေစဉ် ၁၉၄၀ နိုဝင်ဘာလတွင် ဂျပန်ထောက်လှမ်းရေးမှ ဗိုလ်မှူးကန်ဒါက ဖော်မိုဆာကျွန်းရှိ ဂျပန်စစ်ဌာချုပ်သို့ ခေါ်ဆောင်လာခဲ့သည်။

ထိုမှတဆင့် တိုကျိုသို့ ရောက်သွားကြသည်။

တိုကျိုတွင် ဗိုလ်မှူးကြီးဆူဇူကီး နှင့် တွေ့ဆုံပြီး ဗိုလ်မှူးကြီးဆူဇူကီး က ဂျပန်စစ်ဘက်၊ အရပ်ဘက် ထောက်လှမ်းရေးများကို ရွေးချယ်ကာ မီနာမီကီကန်းအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

တောင်ဘက်အရပ် ဟု အဓိပ္ပါယ်ရသော မီနာမီကီးကန်းသည် အရှေ့တောင်အာရှသို့ သွင်းကုန်ကုမ္ပဏီတစ်ခု အဖြစ် အသွင်ပြောင်းကာ မြန်မာပြည်နယ်စပ်ဖြစ်သော ချင်းမိုင်၊ ရနောင်း၊ ကန်ချနာဘူရီတို့တွင် အဖွဲ့ငယ်များအဖြစ် ဝင်ရောက်နေရာယူလာကြတော့သည်။

ရဲဘော်သုံးကျိပ်အား ဟိုင်နန်တွင် စစ်ပညာသင်ပေးပြီးနောက် ထိုင်းနယ်စပ်မှ မီနာမီကီကန်းအဖွဲ့ငယ်များ အကူအညီဖြင့် ဗမာလွတ်လပ်ရေးတပ်မတော် (BIA) ကို စတင်ထူထောင်ပေးခဲ့သည်။

ဘီအိုင်အေတွင် ဗိုလ်မှူးကြီးဆူဇူကီး က ဗိုလ်မိုးကြိုးဘွဲ့ကို ခံယူပြီး စစ်သေနာပတိချုပ် ဖြစ်လာခဲ့သည်။

စစ်ဦးစီးအရာရှိအထက်တန်းအဖြစ် ဗိုလ်ချုပ်အောင်ဆန်း က တာဝန်ယူသည်။

ဗိုလ်မှူးကြီးနေဝင်း ၏ ဘီအိုင်အေရှေ့ပြေးတပ်အချို့နှင့် ဂျပန်အမှတ် (၃၃)တပ်မတို့ ရန်ကုန်ကို သိမ်းပိုက်ပြီးနောက် ဗိုလ်မှူးကြီး စူဇူကီးနှင့် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော အဖွဲ့သည် မတ်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။

THE GUYS OF RANGOON 1930Where stories live. Discover now