Part-1

10.9K 796 27
                                    

အိမ် အပြင် မှာ ကျနေသည့် မိုးရေစက်တွေနဲ့ သူ့မျက်ဝန်းထဲက မျက်ရည်တွေက လဲ ကျနေသည်..ရာသီဥတုက အေးစက်နေပေမယ့် သူ့ရင်ထဲမှာတော့ မီးလို ပူလောင်နေရသည်..အဝတ်စင်မှာ ချိတ်ထား သည့် အပြာနုရောင် သတို့သားဝတ်စုံကို ကြည့် လိုက်မိတော့ စိတ်တွေက ပိုမွန်း ကြပ်သွားသည်..စွန့်လွှတ် လိုက်ရမလား..ဟင့် အင်း..မစွန့်လွှတ်နိုင်ဘူး..နောက်ဆုံး အချိန်ထိ ကိုကို့နားမှာ ကြောင်လေး လို ကပ်တွယ် နေချင်သေးတယ်.

"Babe.."

ရင်းနှီးနေကြ အသံနဲ့အတူ နှာခေါင်းထဲကို ကိုကို စွတ်နေကြ Chanel Blue D ရေမွှေးနံ့ က တိုးဝင်လာသည်..သူ ဒီ အနံ့ ကို မကြိုက်ဘူး..ကုတ် အကျီင်္ ကို လက်က ကိုင်ကာ အပြေးအလွှား လာပုံရတဲ့ ကိုကိုက နဖူးမှာ ချွေးလေးတွေတောင် စို့နေသည်..သူလှဲနေသည့် အိပ်ရာ ဘေးကို ဘေး စောင်းထိုင်ကာ သူ့နဖူးလေးကို ဖွဖွ စမ်းကာ..

"နေမကောင်းဘူးဆို.."

"နည်းနည်းပါ..ဘာလို့ လာတာလဲ ကိုကိုရဲ့.. ငါက ဖြစ်နေကြပဲလေ"

"ကိုယ် စိတ်ပူလို့..Babeနေမကောင်းသေးဘူးဆို ကိုယ်တို့ မင်္ဂလာပွဲကို ရက်ရွေ့ လိုက်ရမလား"

"ဟင့်အင်း.. မရွေ့ပါနဲ့..ငါ ဒီအချိန် ရောက်ဖို့ အများ ကြီးမျှော်လင့်ထား တာ ကိုကို သိတာပဲ"

"မင်္ဂလာပွဲ မလုပ်လဲ..ကိုယ်က Babeဘေးမှာ ရဗိနေတာပဲ..မလုပ်လဲ ရပါတယ်.."

"ဟင့်အင်း..လုပ်မယ်..ကိုကို့ကို ငါ လူသိရှင်ကြား ပိုက်ဆိုင် ချင်တာ"

"အခုလဲ ကိုယ့်ကို မင်းလူသိရှင်ကြား ပိုင်ဆိုင်နေရတာပဲလေ"

"မသိသေးတဲ့သူတွေ ရှိပါသေးတယ်..ကိုကိုက ငါ့အပိုင်ဆိုတာ လူတိုင်း ကို သိစေချင်လို့".

Xiaozhan က ဘေးမှာ ဝင်လှဲကာ သူ့ကို ရင်ခွင်ထဲ ထည့်လိုက်ပြီး..

"လူတိုင်း သိဖို့ မလိုပါဘူး..ကိုယ့် နှလုံးသားမှာ Babeရှိနေတာပဲ..ကျန်တာတွေ မလိုပါဘူး"

ကိုကို့ ရင်ဘတ်ပေါ် မျက်နှာ အပ်မိရင်း..

"ကိုကို..ဒီရေမွှေးကို မစွတ်ပါနဲ့လား..ငါမကြိုက်ဘူး..ငါ အနံ့ ပြင်းပြင်းတွေ မခံ နိုင်ဘူး.."

Takecare of My Boyfriend (Completed )Where stories live. Discover now