Part-3

6K 710 19
                                    

"မင်းကတိပေး နိုင်တယ်မလား"

စူးရဲစွာ စိုက်ကြည့်နေတဲ့ Leo မျက်လုံး တွေကို သူက ပြန် ကြည့်ကာ..

"ငါ ပေးနိုင်ပါတယ်"

"ကောင်းပြီ..ဒါဆို ဒီနေ့က စပြီး မင်းကို ငါ့ ရဲ့ အကျင့်စရိုက်နဲ့ နေပုံထိုင်ပုံတွေ ကို တစ်ခုချင်းဆီသင်ပေးမယ်..ဒါနဲ့. အလုပ်ကိစ္စ သာ ဖြစ်သွားတာ မင်းနာမည် ကို ငါ အခုထိ မသိရသေးဘူး"

"Wang Yibo."

"Ok..Wang Yibo..ဒါက မင်းနေရမယ့် တိုက်ခန်းသော့..ဒီတလောအတွင်း မင်းဒီမှာ နေပါ..နောက်တစ်ပတ်က စပြီး မင်း ငါ့အိမ်မှာ လာနေ ရလိမ့်မယ်..အင်း..နေ့တိုင်းတော့ မဟုတ်ဘူး..တချို့နေ့တွေပေါ့..အချိန်က တစ်ပတ်ပဲ ရှိတော့တယ်ဆိုတော့ မင်း ကို အမြန် သင်ပေးမှ ရမယ်..လောလောဆယ်တော့ မင်းရဲ့ ဆံ ပင် အပြာတွေကို အရင် ပြောင်းဖို့ လိုတယ်"

"ငါ ဒီဆံပင်ကို မပြောင်းလို့ မရဘူး လား"

"No...ငါက အဲ့လို အူကြောင်ကြား အရောင်တွေ ဘယ်တော့မှ မဆိုးဘူး..ပြီးတော့ ကိုကို ကလဲ မကြိုက်ဘူး"

Xiaozhan ဆိုသည့် လူက အူကြောင်ကြားဆံပင်အရောင်တွေကို မကြိုက်ဘူးတဲ့လား..

"ကောင်းပြီ..ငါ ပြောင်းပါမယ်.."

"အိုခေ..ဒါဆို..အခုပဲ. မင်းဆံပင် အရောင်ကို ပြောင်းမယ်..ပြီးတော့ မင်း လိုအပ်တဲ့ အဝတ်အစားတွေ ဝယ်ရမယ်..ငါတော့ ကိုယ်တိုင်မလိုက်တော့ဘူး..ငါတို့ နှစ်ယောက်တွဲသွားရင် ရှုပ်ကုန်မယ်..ငါ့ Cardကို ယူပြီး ငါပြောတဲ့ ဆိုင်တွေကို သွားလိုက် သူတို့ မင်းကို လိုအပ်တဲ့ အဝတ်အစားတွေအသုံးအဆောင်တွေကို ပေးလိမ့်မယ်"

"အရမ်း တွေ မမြန် လွန်နေဘူးလား"

"မမြန်ပါဘူး..နောက်တောင်ကျနေပြီ..နောက်တစ်ပတ်ဆို ငါနဲ့ ကိုကိုရဲ့ မင်္ဂလာပွဲ က ရောက်လာတော့မှာ"

"မင်္ဂလာပွဲ ဟုတ်လား.."

"အင်း..ခဏ "

Ph မြည်သံကြောင့် Leoက Phကို ကိုင် ကာ ပြောသည်..

"အင်း..ကိုကို..ငါအခု Seungyoun နဲ့...ထမင်းလား စား ပြီး ပါပြီ..ဆေးလဲ သောက်ပြီးပြီ..ဒီနေ့ ငါနေကောင်းပါတယ်..အင်း..အနွေးထည်လဲ ထူထူ ဝတ်ထားတယ်..အာ..ဟုတ်သားပဲ.မနက်ဖြန် ဝတ်စုံ သွားရွေးရမှာ..လာမခေါ်ပါနဲ့.ငါ ပဲ လာခဲ့မယ်...အင်း..ငါလဲ ကိုကို့ကို ချစ်တယ်"

Takecare of My Boyfriend (Completed )Dove le storie prendono vita. Scoprilo ora