Part 14

5.8K 704 58
                                    

နေ့ရက်တွေကတော့ ပုံမှန်အတိုင်းပါပဲ..ရက်တွေတိုင်းမှာ Yiboက Xiaozhan သူ့ကို ပို ချစ်လာအောင် နည်းမျိုးစုံ ကြိုးစားတယ်..
မကြာခင် မှာ အကြီးအကျယ် ပြိုင်ဆိုင်ရမယ့် ပြိုင်ပွဲမှာသူအနိုင်ရဖို့ လိုအပ်ပါတယ်..
ည ခုနှစ်နာရီကျော်နေပြီ Xiaozhan အခုထိ ရောက်မလာသေးဘူး..

"ဝုတ် ဝုတ်"

ပျင်းပျင်းနဲ့ လမ်းလျှောက်နေရင်း အိပ်နေသည့် Jackie ခေါင်းကို ပွတ်လိုက်တော့ အိပ်ရေးပျက်သွားလို့ဒေါသထွက်ကာ သူ့ကို ဟောင်သည်..Yiboက ရယ်ကာ..

"မင်းDaddy ပြန် မလာသေးဘူး..ဘာလို့နောက်ကျနေလဲ မသိဘူး"

Phဆက်ပြန်တော့လဲစက်က ပိတ်ထားသည်..ညရှစ်နာရီထိုးသွားပြီ..အခုထိ ပြန်မရောက်သေးဘူး..သူစိတ်တွေ ပူလာခဲ့ ပြီ..

"အား"

ရုတ်တရက် တစ်အိမ်လုံး အမှောင် ကျသွားတာကြောင့် သူ လန့်ကာ အော်လိုက်မိသည်..သူ အမှောင်ကို အရမ်း ကြောက်သည်..ငယ်ငယ်က လေ လွင့်နေတဲ့ ကလေးဘဝနဲ့ စားသောက်ဆိုင်က ပေါက်စီတွေ ခိုးစားမိလို့ သူ့ကို ဆိုင်ရှင်က စိတ်တိုပြီး မှောင်မဲနေတဲ့ မြေအောက်ခန်းထဲ ထည့်ထားခဲ့သည်..ငါးရက်လောက် အမှောင်ခန်းထဲ ကြွက်တွေနဲ့ ဖြတ်သန်းခဲ့ရတာ..အဲ့ အချိန်ထဲက သူအမှောင်ကို ကြောက်ခဲ့တာ..

"Happy Birthday to you Babe"

ရုတ်တရက် ပေါ်လာတဲ့ ဖယောင်းတိုင်မီးရောင်နဲ့ ကိတ်မုန့်ကိုင်ထားတဲ့ ကိုကိုကြောင့် သူ ပြေးဖက်လိုက်သည်.

"ကိုကို..ဟင့်... ငါကြောက်တယ်.. မီးဖွင့်ပေးပါ"

"Babe..ဘာဖြစ်နေတာလဲ.. နေဦး..ကိုယ့်ကိုလွှတ်ဦး..ကိတ်မုန့် ပြုတ်ကျတော့မယ်"

"မီးအရင် ဖွင့်ပါ..ငါကြောက်လို့ပါ"

အသံတွေကော လူပါတုန်လာသည့် Yiboကြောင့် Xiaozhan က လက်ထဲက ကိတ်မုန့်ကို နီးရာ ပေါ်တင်ပြီး Yiboကို ဖက်ရက်သားနဲ့ပင် မီးခလုတ်ဆီသွားပြီး ဖွင့်လိုက်ရသည်..

"ကိုကို..ဟင့်..ဘာ..ဘာလို့ နောက်ကျနေတာလဲ "

"Babe..ဘာလို့ငိုနေတာလဲ..မငိုနဲ့လေ..ကိုယ်က ဒီနေ့ Babe Birthday မို့လို့ တမင်နောက်ကျအောင် နေပြီး Suprise လုပ်မလို့.."

Takecare of My Boyfriend (Completed )Where stories live. Discover now