Part-9

5.7K 712 54
                                    

"သူက...သူက ငါပါ ကိုကို"

"ဟင်...Babe..ဘာတွေပြောနေတာလဲ.. Babe"

Xiaozhan မေးခွန်း ကို Yiboက ပြန်မဖြေနိုင်တော့..မျက်လုံး တွေမှိတ်ကာ အိပ်ပျော်သွား ပြီ..

"မူးနေလို့ ကယောင်ကတမ်း တွေပြောတာ နေပါလိမ့်မယ် လေ"

ရင်ခွင် ထဲက ကောင်လေးရဲ့ ချွေးစို နေတဲ့ ဆံပင်လေးတွေကို သပ်တင်ပေးကာ Xiaozhan က ဖြေသိမ့်လိုက်သည်..
ကောင်လေး ကို သန့်ရှင်းရေး လုပ်ပေးပြီး ညဝတ်အကျီင်္ဝတ်ပေးကာ ပါးဖောင်း ဖောင်း လေးကို နမ်းလိုက်ပြီး..

"Good Night..ချစ်တယ် Babe "

...

"ကို.....ကို"

ဆုပ်ကိုင်ထားတဲ့ လက်လေးက လှုပ်လာပြီး အသံတိုးတိုးလေး ထွက်လာတော့ Seungyoun အိပ်ပျော် နေရာမှ နိုးသွားသည်..

"Leo...Leo..သတိရလာပြီလား"

"Youn..ကို...ကို..သူ.."

"ကျွတ်..အခုချိန် မှာ Xiaozhan ကို စိတ်ပူမနေပဲ ကိုယ့်ကို ကိုယ်သာ စိတ်ပူစမ်းပါ Leo"

"ငါ..အခု..Americaကို ရောက်နေတာ လား"

"မင်း သတိမေ့သွားလို့ အခုထိ Chinaမှာပဲ ရှိတုန်း..ငါဘယ်လောက်စိတ်ပူနေရလား သိလား..မင်း..မင်းသာ တစ်ခု ခု ဖြစ်သွားရင်.. ငါ"

"ငါ..ငါ ဘာမှ မဖြစ် ဘူး..ငါ နေကောင်း အောင် လုပ်ပြီး ကိုကို့ အနား ပြန်သွား မှာ"

Seungyoun က သက်ပြင်းချကာ..

"မင်း အဆင်ပြေပြီဆို ငါတို့ Americaကိုသွား ကြမယ်"

"အင်း..Ph..ငါ့ Phလေး ပေးပါလား"

"ဘာလုပ်မလို့လဲ Leo"

"ပေးပါ..ငါ ကြည့်စရာရှိလို့"

Seungyoun ပေးတဲ့ Phကို ယူကာ ဖွင့်လိုက်တော့ မြောက်မြားစွာသော Message တွေက ဆီးကြိုနေသည်..
Honeymoon ထြက်သြား တဲ့ ကိုကို တို့နောက်ကို သူ လူလွှတ်ပြီး ဓာတ်ပုံ တွေ ရိုက်ခိုင်းခဲ့တာ..
ကြည့်လိုက်တာနဲ့တင် အပျော်တွေပါ ကူးစက်စေသည့် ကိုကို တို့ နှစ်ယောက် ပုံတွေက သူ့အတွက်တော့ မီးလို ပူလောင်သည်..
ကိုကို ဟာ မျက်ဝန်း တွေရော နှုတ်ခမ်း တွေပါ ပြုံးနေပြီး Wang Yiboကို ကြင်နာနေတာ..
Singapore မွာ အနမ်းခြွေ နေသည့် ပုံတွေ..
Wang Yiboကို ကုန်းပိုး ကာ ရယ်မောနေတဲ့ ပုံတွေ
Wang Yiboက ကိုကို့ပါးကို နမ်းကာ ရယ်နေတဲ့ကိုကို့ပုံတွေ..
မုန်းတယ်..မမြင်ချင်ဘူး.. နာကျင်တယ်..

Takecare of My Boyfriend (Completed )Where stories live. Discover now