လေယာဉ် ရဲ့ VIP Classမှာ ထိုင်နေရင်း ပြတင်းပေါက် ကို သာ ငေးနေတဲ့ Yiboကို Xiaozhan က နဖူးပေါ် လက်လေး တင်ကာ....
"Babe နေမကောင်း ဘူးလား"
"ကောင်းပါတယ် ကိုကို..ငါ ခေါင်းနည်းနည်းကိုက်နေလို့"
ဘာကြောင့်လဲ မသိ Yiboစိတ်တွေ လေးလံနေသည်..ရုတ်တရက် ကြီး Li Li လေးကို သတိရကာ လူက ငိုချင်သလို ဖြစ် လာသလို လို..
"လာ..ကိုယ့်ဆီလာခဲ့"
ပြတင်းပေါက် နား ကပ်နေသည့် Yiboကို ဆွဲပြီး Xiaozhan က သူ့ရင်ခွင်ထဲ ကို သွင်းကာ..Yiboခေါင်းလေးကို အသာ နှိပ်နယ် ပေးသည်..
"နည်းနည်းများ သက်သာ မလားလို့..တကယ် လို့ မသက်သာရင် အိပ်လိုက်နော် Babe...ဟိုရောက်မှ ကိုယ် နှိုးလိုက်မယ်.."
Xiaozhan ရဲ့ စကားကြောင့် Yiboက ပြုံးလိုက်မိသည်..ခဗျားဟာ အရမ်း နွေးထွေး လွန်းတယ် Xiaozhan.. Leo မရှိတဲ့ဒီလတွေမှာခဗျား နား နေပြီး ခဗျား အကြင်နာတွေနဲ့ အသားကျ ပြီး နောက် ငါ တစ်ယောက်ထဲ နေတဲ့ အချိန် ကျရင် ဘယ်လို လုပ်ရမလဲ ကိုကိုရာ..တွေး ရင်းနဲ့ မျက်ရည်က ဝဲလာသည်..
ငယ်ငယ်ထဲကနွေးထွေးကြင်နာမှု့တွေ မရခဲ့တဲ့ သူမို့ရလာတော့ အရမ်း ပျော်မိတယ်..
ဒါပေမဲ့ ဒါက Wang Yiboဆိုတဲ့ သူ့အတွက် မဟုတ်ပဲ Leoအတွက်သာ ဖြစ်တယ်..
အတိတ်ဘဝ က သူက တော်တော် မကောင်းခဲ့တဲ့သူ ဖြစ်ခဲ့ ပုံ ရတယ်..ဒီဘဝမှာ ငယ်ငယ်ထဲက မိဘတွေရဲ့ စွန့်ပစ်တာကို ခံခဲ့ရတဲ့ အပြင် ချစ်မိတဲ့ သူက လဲ ပိုင်ရှင် ရှိနေခဲ့တယ်..
ဒီဘဝမှာ ကုသိုလ်တွေ တက်နိုင်သမျှ လုပ်ပြီး နောက်ဘဝကျ ခဗျား ချစ်သူအဖြစ် ရှိပါရစေ လို့ ဆုတောင်းပါတယ် မယ် ကိုကို..
နောက်ဘဝ ရောက်ရင်တော့ ကျွန်တော်ဟာ ခဗျား ကောင်လေး Wang Yibo ဖြစ်ပါရစေ...ရင်ခွင်ထဲ မွာ ငြိမ်နေတဲ့ ကောင်လေးရဲ့ ဆံ ပင်တွေကို အသာ နမ်းရှိုက်ရင်း ကောင်လေးဂုတ်ပေါ်က မှဲ့လေးတွေဆီ အကြည့် က ရောက်သွားတယ်.
တကယ်ပဲ Xiaozhan က ဒီကောင်လေး ရဲ့ စီတန်းနေတဲ့ မှဲ့လေး တွေကို အရမ်း သဘောကျတယ်.."ပြွတ်"
ဂုတ်ပိုးက မှဲ့လေးတွေ ကိုစုပ်နမ်းနေတဲ့ Xiaozhan ကြောင့် Yiboကရုန်းကာ..
YOU ARE READING
Takecare of My Boyfriend (Completed )
FanfictionLeo is boyfriend of xiaozhan who suffer the liver cancer.For the happiness of his boyfriend, he replace wang yibo who is similar face with Leo.What will happen latter? Does Xiaozhan find out Wang Yibo is not his boyfriend Leo.