Part-10

6K 703 34
                                    

"ငါ..ငါ..Toilet ခဏ သွားလိုက်ဦးမယ် ကိုကို "

Xiaozhan ရှေ့မှာ ရှိနေရင် ငိုမိမှာစိုးလို့ Yiboက Toliet ထဲကို ပြေးဝင်ကာ အားရပါးရ ငိုမိသည်..
ဘာလို့လဲ.. သူက ဘာလို့ ဒီလောက်ကံဆိုးရတာလဲ..ကိုကို ချစ်ခဲ့တဲ့ သူက သူ ဖြစ်နေပေမယ့် တကယ်တန်း ကိုကို့ကို ပိုင်ဆိုင် ခွင့်ရတာက Leoတဲ့..လောက ကြီးက သူ့အပေါ် မှာ မတရားလိုက်တာ..
ဝဋ်ကြွေးတွေပဲ ထင်ပါတယ်..ဘာပဲ ဖြစ် ဖြစ် ခုချိန်မှာ အားလုံး က နောက်ကျခဲ့ပြီ..ကိုကို တရားဝင် လက်ထပ်ထားတဲ့ သူက Leoပဲ..Leoကလဲ ကိုကို့ ကို အရမ်းချစ်တာ.. ချစ်လွန်းလို့ တောင် သူ့ကို အစားထိုးခိုင်း ပြီး ကိုကို့ အနားနေခိုင်းခဲ့တာပဲ..
ပြီးတော့ ကိုကို့ လို စိတ်သဘောထား ကောင်းပြီး ပညာတက်တဲ့ သူတစ်ယောက်က သူ့လို တလေ ဂျပိုး တစ်ယောက်နဲ့ မထိုက်တန်ပါဘူး..
အစစအရာရာ ပြည့်စုံတဲ့ Leoလို သူငှေး သားလေးနဲ့ပဲ ထိုက်တန်ပါတယ်..
အနားမှာ နေခွင့်ရတုန်း ချစ်နိုင်သလောက် ချစ်ပေးခဲ့မယ် ကိုကို
ပိုင်ရှင် ပြန်ရောက်လာတဲ့ အခါ တစ်ဘဝလုံး ဝေး ကြတာပေါ့..

...
အိပ်ရာက နိုးလာတဲ့ အခါနွေးထွေးတဲ့ ခံစားချက်နဲ့ နှိုးထလာရတာ အရမ်း ကြည်နူးဖို့ ကောင်းတယ်..သူ့ခါးကို တင်းကျပ်စွာ ဖက်ကာ ရင်ခွင် ထဲ ထည့်ထားပြီး နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ ကိုကို ဟာ ခန့်ညား လွန်းတယ်..ကိုကို့ ရင်ဘတ် လေးကို ဖွဖွ နမ်းပြီး နှုတ်ခမ်းအောက်က မှဲ့နက်လေးကို ပါ နမ်းလိုက်တယ်..ခါးပေါ်မှာ ဖက်ထားတဲ့ လက်တွေကို အသာဖယ်ကာ ကိုကို မနိုးအောင် ခြေသံဖွဖွ နဲ့ အောက်ထပ်ကို ဆင်းလာခဲ့တယ်..

"ဟင်..သခင်လေး..နိုးလာပြီလား..မနက်စာ မပြင်ရသေးဘူး"

သူ့ကို Leoလို့ ထင်ပြီး ထိတ်ထိတ်ပြာပြာ ဖြစ်သွားတဲ့ အိမ်ဖော်ကောင်မလေးကို ကြည့်ကာ သူက ပြုံးပြ လိုက်ပြီး..

"ကျွန်တော် ဘာသာ ကျွန်တော် လုပ်လိုက်ပါမယ်"

"မ..မဟုတ်တာ သခင်လေး ကလဲ"

"ကိုကို အတွက် ကျွန်တော် ပြင်ပေး ချင်လို့ပါ..နေရခက်နေရင် ဒီနေ့ ခွင့်ယူပြီး မနက်ဖြန် မှ ပြန်လါလိုက်ပါ"

Leoက အိမ်ကိစ္စလုပ်ပေးတဲ့ ကောင်မလေး တွေကြိ အိမ်မှာ မထားပဲ.မနက်လာ ညပြန်အနေနဲ့ ထားတာမို့ သူက ပြန်လွှတ်လိုက်တယ်..
သူ့ကို တအံ့ တသြ ကြည့်ပြီး ကောင်မလေး က ခေါင်းကို ညိတ်ကာ ပြန်သွားသည်..
ရေခဲသေတ္တာထဲက အသီးအရွက်တွေ ကြက်ဥတွေယူပြီး ထမင်းကြော်ဖို့ ပြင်သည်..
ကြက်ဥချောင်းတွေ အသီးအရွက်တွေ နဲ့ ထမင်းကို ရောကြော်ကာ အပေါ်က ငရုတ်ကောင်းမှုန့်လေး ဖြူးလိုက်သည်..
ကြက်ဥကို မကျက်တကျက်ကြော်ကာ အဆုံးသတ်အနေဖြင့် ကော်ဖီ နှပ်ပြီး ခရားထဲ ထည့်နေတုန်း နောက်ကနေ ခါးကို လာဖက်သည့် လက်တစ်စုံကြောင့် ပြုံးလိုက်မိသည်..

Takecare of My Boyfriend (Completed )Where stories live. Discover now