Part-18

6.5K 737 101
                                    

ကုတင်ပေါ် မှာ ဖြူဖျော့စွာနဲ့ လှဲနေသည့် Leo ကို ကြည့်ကာ Xiaozhan စိတ်မကောင်း..Leo စခဲ့တဲ့ ဇာတ်လမ်းဟာ လူသုံးယောက်ကို နာကျင် စေ သည့် ဇာတ်လမ်း တစ်ပုဒ် ဖြစ်နေခဲ့သည်..

"ကိုယ်တောင်းပန်ပါတယ်.. မင်း အကြောင်းတွေသေချာမသိပဲ အပြစ်တင်ခဲ့မိလို့..ဒါပေမဲ့.. အစောကြီးထဲကသာ မင်းကိုယ့်ကို ဖွင့်ပြောခဲ့ရင် ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး.အခုတော့ ကိုယ်တို့နှစ်ယောက်ကြောင့် ကြားထဲက Yiboက နာကျင်နေရပြီ"

Leo ဆံနွယ်လေးတွေ ကို သပ်တင်ပေးနေသည့် သူ့လက်တွေကြောင့်လားထင်သည်..Leoမျက်လုံးတွေ ပွင့်လာကာ..

"ကိုကို...ကိုကို ဟုတ်ပါတယ် နော်"

သူ့လက်ကို ဆုပ်ကိုင်လာကာ မျက်ရည် တွေဝဲ ပြီး ပြောလာတာကြောင့် သူ ခေါင်းညိမ့်ပြကာ..

"အင်း.".

"ငါ့ကို..စိတ်ဆိုး ပြေသွားပြီမလားဟင်..မထားခဲ့တော့ ဘူးမလားဟင်"

"ကိုယ် တောင်းပန်ပါတယ်..မင်းရောဂါ အကြောင်းကို မသိခဲ့ပဲ မင်းကို အထင်လွဲမိတဲ့အတွက်."

"ဟင့်အင်း..မလိုပါဘူး..ကိုကို..ဒါတွေအားလုံးက ငါ့အမှားတွေပါ..ကိုကို တောင်းပန်စရာ မလိုပါဘူး"

"ဘာလို့. ဘာလို့ ဒီလိုတွေလုပ်ခဲ့ရတာလဲ..Leoရာ..မင်းသာ ကိုယ့်ကို ဖွင့်ပြောခဲ့တယ်ဆို ဒီလိုတွေ ဖြစ်လာခဲ့မှာ မဟုတ်ဘူး".

"ငါ...ကိုကို့ကို ငါ့ကြောင့် မခံစား စေချင်လို့..မနာကျင်စေချင်လို့ပါ."

"ဒါပေမဲ့.. အခု ကိုယ်နာကျင်နေရပြီလေ Leo ရယ်."

"ကိုကို.. ငါတောင်းပန်ပါတယ်.. ငါမှားပါတယ်နော်..ငါ့ကို ခွင့်လွှတ် ပါနော်."

"......."

Leo က Xiaozhan ရင်ခွင် ထဲကို ဝင်ကာ..

"ငါ့ကို မထားခဲ့ဘူးမလားဟင်..ငါတို့ တစ်သက်လုံး တူတူနေသွားကြမှာမလား.."

"Leo...ကိုယ်.."

"ငါ Wang Yiboကို ဘာမှ မလုပ်တော့ပါဘူး..ကလေးကလဲ ကိုကို့သွေးသားပဲ ငါချစ်ပါတယ်..ငါတို့ နှစ်ယောက် အဲ့ကလေးလေးကို တူတူ စောင့်ရှောက်ကြမယ် လေနော်."

Takecare of My Boyfriend (Completed )Tempat cerita menjadi hidup. Temukan sekarang