Part-15

6.2K 742 87
                                    

"ရော့..ပူတုန်းလေး သောက်လိုက်"

ကိုကိုပေးသည့် နွားနို့်ပူပူလေးကို ယူကာ သောက်နေတုန်း..

"အ.."

"ဘာဖြစ်လို့လဲ Babe"

"ဗိုက်ထဲက ကောင် ကန်နေလို့"

ကိုကိုက သူဗိုက်နားပေါ် မျက်နှာကပ်ကာ ဗိုက်လေးကို အသာပွတ်ရင်း..

"ကလေးလေး..ဘာလို့ ပါးပါးကို ကန်နေရတာလဲ..မဆိုးရဘူးလေ"

ကိုကို့စကားကို နားလည်နေသည့်အလား ဗိုက်ထဲက ဟာလေးက ငြိမ်သွား သည်..

"တွေ့လား..ကိုကို့ကလေးက ကိုကို့စကားပဲနားထောင်တာ..ငါပြောရင် ပိုကန်တယ်"

"Babeကတော့လေ..ကလေး အဖေပဲ ဖြစ်တော့မယ်.. စိတ်ကောက်နေပြန်ပြီ"

သူက ကိုကို့ လက်မောင်းကို​ခေါင်းမှီကာ..

"ကိုကို"

"ဗျာ."

"အရင်က ငါနဲ့ အခု ငါနဲ့ ဘယ်သူ့ကို ပိုချစ်လဲ"

"ဟမ်.Babeကလဲ..ဘယ်လိုတွေ မေးလိုက်တာလဲ"

"ငါမေးတာ ဖြေပါ ကိုကိုရာ"

"အင်း..အရင်က Babeက ဆိုးပေမယ့် ချစ်တယ်..ဒါပေမဲ့ အခု ပြောင်းလဲ လာတဲ့ Babeကို ပိုချစ်တယ်..အဲ့ဒါတွေထက် ပိုချစ်တဲ့ Babeလဲ ရှိတယ်"

"ဘာလဲ..,နောက်တစ်ယောက် ရှိနေတာလား"

"ပေါက်ကရတွေကွာ..မဟုတ်ပါဘူး..ကိုယ် စစတွေ့ခဲ့တဲ့ Babeကို ပိုချစ်တယ်..ဆံပင် အပြာရောင်လေးနဲ့Babeပုံစံလေးကို ပို ချစ်တယ်"

"ကိုကိုရာ.."

ရင်ခွင် ထဲကို တိုးဝင်မိတော့ ကိုကို က သူ့ကို အလိုက်တသိထွေးဖက်ကာ ဂုတ်ပိုး က မှဲ့လေးတွေကို နမ်းရင်း..

"Babe တစ်ကိုယ် လုံးမှာလဲ ဒီမှဲ့လေးတွေကို အကြိုက်ဆုံး ပဲ"

"တခြားနေရာတွေ မကြိုက်ဘူးလား.."

"ဟောဗျာ.. ရစ်ပြန်ပြီ..တခြား အကြိုက်ဆုံး နေရာကော ပြောပြရဦးမလား"

ကိုကို့ရဲ့ ပြီတီတီ အပြုံးကြောင့်သူက ရုန်းကာ

"ဟာ..ကိုကို..နှာဘူးကြီး"

Takecare of My Boyfriend (Completed )Where stories live. Discover now