Extra

5.2K 357 4
                                    

နေရောင်ဖျော့ဖျော့က မျက်နှာကို လာထိုးတော့ Xiaozhan မျက်လုံး တွေ ပွင့်လာသည်..ရင်ခွင်ထဲ က လူသားလေးရဲ့ မျက်နှာကို မြတ်နိုးစွာ ငုံ့ကြည့်စွာ ပါးဖောင်းဖောင်းလေးတွေကို ဖိနမ်း ပစ်သည်..
အိပ်ပုတ်လေးက မနှိုးပဲ သူ့ခါးကို တင်းကျပ်စွာ ပွေ့ဖက်လာကာ ရင်ခွင်ထဲ အတင်း တိုးဝင်လာသည်..ဆံနွယ်လေးတွေ ကို အသာနမ်းရှိုက်ရင်း နှုတ်ခမ်းလေး ပေါ် နမ်း မည် အလုပ်..

ဖတ်ဆိုပြီး Xiaozhan မျက်နှာ အပေါ်ကျလာသည့် လက်သေးသေးလေး..Xiaozhan နောက်ကို လှည့်ကြည့်လိုက်တော့ နှစ်နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ Xiao Wang Yan လေး က ငုတ်တုတ်ထိုင်ကာ သူ့ကိုရိုက်နေတာ..

"သားသား..နိုးပြီလား..ရှူးတိုးတိုး."

Xiaozhan ကို ကြည့်ပြီး ငြိမ်သွားတဲ့ သားကြောင့် Yiboဘက် ပြန်လှည့်ပြီး နမ်း မည်အလုပ်..

"ပါး...ပါး."

သူ့ကိုယ်ပေါ်ကနေခွကျော်ကာ Yibo ကိုယ်ပေါ်တက်ပြီး သူ့ပါးပါး မျက်နှာကို ကွယ်ထားသည့် သားတော်မောင်ကြောင့် Xiaozhan နှုတ်ခမ်းထော်ကာ

"Wang Yan.မင်းက အရမ်း တွန့်တိုတာပဲ..ဒယ်ဒီ ပါးပါးကို နမ်းလို့ မရဘူးဘူး"

"ရဝူး..ဒယ်ဒီ..လူချိုး"

"တော်ပြီ..သားကို မချစ်တော့ဘူး "

"ကလေးနဲ့ ဘာလို့ ရန်ဖြစ်နေရတာလဲ ကိုကိုရာ."

"Babe နိုးနေတာလား"

"သား ကျွန်တော့် အပေါ် တက်လာထဲက နိုးနေတာ."

"Wang Yan က တကယ် Babeကို တွန့်တိုတာပဲ..ကိုယ်တောင် ထိလို့မရဘူး"

အခုထိ Yibo ကိုယ်ပေါ် ဖားပျံလို ကပ်ကာ တွယ်နေသည့် သားကို မျက်စောင်းထိုးကာ ပြောတော့ Yiboက ရယ်ကာ..

"ဒါ ကိုကို သားပဲလေ..ကိုကိုနဲ့ တူမှာပေါ့"

ထိုစဉ်..

"Zhan Ge..Yibo Ge နိုးပြီလား"

တဒုန်းဒုန်းတံခါးခေါက်သံကြောင့် Xiaozhan က အိပ်ရာမှ ထကာ သားကို ချီပြီး တံခါးကို ဖွင့် လိုက်တော့..

"ဟော..Yan Yan လေး နိုးနေပြီလား..ကယ်လေး ဆီ လာပါဦး"

Xiaozhan က Leo လက်ထဲ ကလေးကို ထိုးထည့်ကာ..

Takecare of My Boyfriend (Completed )Where stories live. Discover now