"Hello..Babe နိုးပြီလား..ကိုယ် နောက်နာရီဝက်အတွင်း Babeဆီ ရောက်တော့ မှာနော်..အဆင်သင့် ပြင်ထား ဦး..."
"ဟင်....အင်း..အင်း.."
မူးဝေနေသော ခေါင်းကို ထိန်း ကာ ကြိုးစားပြီး ထ လိုက်ရသည်..ဒီနေ့ ဝတ်စုံ သွားရွေး မည်ဟု ပြောထားသည့်နေ့မလား..သွားမှ ရမယ်..
"ဝေါ့.."
ပျို့တက်လာတာနဲ့ သန့်စင်ခန်းကို ပြေးကာ အန် လိုက်ရသည်..ရေချိုးဖို့ အကျီင်္ ချွတ်လိုက်တော့ ညာဘက် နံရိုးအောက်နားက ဖောင်းနေသည် ကို မှန်ထဲ မြင်လိုက်ရသည်..အသည်းက အခြေအနေ ဆိုးနေ ပြီပဲ..
အဆက်မပြတ် ပျို့အန်ချင်တာကို ထိန်းချုပ်ကာ ရေမိုးချိုးပြီး အမြန် ပြင်ဆင်ရသည်..ကိုကို ရောက်လာပြီး အိမ်ထဲ ဝင် လာမှWang Yiboကို မြင်သွားရင်ပြသနာ တက်ကုန်ဦးမယ်..ကိုကို့ကို ခြံထဲ ဆင်းစောင့် နေမှ အဆင်ပြေ မယ်..
ခပ်ပွပွ Hoddie တစ်ထည်ကို ကောက်စွပ်ကာ အောက်ထပ်ကို ဆင်းခဲ့တော့ လှေကားအောက်မှာ ရပ်နေသည့် Wang Yiboကိုတွေ့လိုက်ရတော့.."ဘာလုပ်နေတာလဲ"
"ငါပြန်တော့မလို့.."
မနက်စောစော ပီကေ ကို တဖောက်ဖောက်နဲ့ ဝါးနေသည့် Yiboကို သူ မနှစ်မြို့သလို ကြည့်ကာ
"စောစောစီးစီး ပီကေတွေဝါးနေတာလား"
"မနက်စောစော အိပ်ရာနိုးတာနဲ့ မစားရရင် မနေနိုင်လို့"
"တစ်ခါမှ မကြားဖူးဘူး"
"မင်းဘယ်သွားမလို့လဲ"
"ကိုကိုနဲ့ ဝတ်စုံ သွားရွေးမလို့..မင်း မပြန်သေးနဲ့ဦး..ငါတို့ထွက်သွားမှ ပြန်..မနက်စာ စားသွားဦး"
"မင်းရော မစားတော့ဘူးလား "
"ကိုကိုနဲ့ မှ စားတော့မယ်"
"အင်း.."
Leo က Yiboကို ပြောပြီးတာနဲ့ ခြံထဲကို ဆင်းစောင့်နေလိုက်သည်..
ခဏနေတော့ ခြံရှေ့မှာ ကား အမည်းရောင် လေးရပ်လိုက်တာတွေ့တော့ ခြံ ပြင်ကို ထွက်ကာ ကားပေါ် မှ ဆင်းလာတဲ့ ကိုကို့ ဆီသွားကာ.."Morning ကိုကို"
"Morning Babe"
သူ့ခေါင်းက ဆံပင်လေးတွေကို ဖွကာ ပြုံးနေတဲ့ ကိုကို့ ပါးကို လှမ်းနမ်းလိုက်တော့ ကိုကို က ရယ် ကာ..
YOU ARE READING
Takecare of My Boyfriend (Completed )
FanfictionLeo is boyfriend of xiaozhan who suffer the liver cancer.For the happiness of his boyfriend, he replace wang yibo who is similar face with Leo.What will happen latter? Does Xiaozhan find out Wang Yibo is not his boyfriend Leo.