Part-20 (Final)

10.3K 851 82
                                    

ဆေးရုံရောက်တော့ တစ်ချိန်လုံး ရေချိုးခန်းထဲက မထွက်တဲ့ Leoက Xiaozhan အသံ ကြားတော့ အပြင်ကို ထွက်လာတယ်..
Leo ကို အဝတ်လဲပေး ဆေးတိုက် ပေးကာ..

"ဘာလို့ လျှောက်လုပ်ရတာလဲ"

"တောင်းပန်ပါတယ် ကိုကို..ငါ့စိတ်ငါ မထိန်းနိုင် လို့ပါ"

"Leo သိလား..မင်းဒီလိုတွေ လုပ်နေတာ ကိုယ် အဆင်မပြေဘူး.ကိုယ် စိတ်တွေရှုပ်ထွေးလွန်းလို့ ရူးတောင် ရူးချင်တယ်"

"ကိုကို.."

"နောက်ဆို ဒါမျိုးတွေ ထပ်မလုပ်ပါနဲ့"

တံခါးခေါက်သံကြောင့် Xiaozhan က ထ ဖွင့်ပေးလိုက်ပြီး Nurseမ လက်ထဲမှ ကလေး ငယ်ကြောင့် သူ အံ့ သြ သွားသည်..

"သား."

"ဒီအခန်းက Leo Yang ရဲ့ အခန်းမလား
ကောင်လေး တစ်ယောက်က ဒီ ကလေးနဲ့ စာလေးကို ပေးပေးပါ ပြောလို့"

ကလေးရဲ့ တအဲ့အဲ့ အသံကြောင့် Leo က အနားရောက်လာကာ..

"ကိုကို..သူ..သူက ကိုကို့ ကလေး"

ကလေးကို လက်လှမ်းနေသည့် Leo ကို ပေးမချီတော့ Leo က အနှီး ကြားထဲက စာရွက်လေး ကို ထုတ်လိုက်သည်..

"Leo

ငါ့သားလေးကို မင်းသားလေး လိုပဲ ပြုစု စောင့်ရှောက်ပေးပါ.. မင်းတို့ရှေ့ လုံးဝ ပြန် မပေါ် လာပါဘူး လို့ ငါ ကတိပေးပါတယ်..ဖြစ်ခဲ့သမျှ တွေ အတွက် လဲ ငါတောင်းပန်ပါတယ်.. ငါ့ရဲ့ အထင် လွဲ မှု့တွေ ကြောင့် မင်း ခံစားခဲ့ရတာ ငါ စိတ်မကောင်း ပါဘူး..ဒီအတွက် ပေးဆပ်တဲ့ အနေနဲ့ ငါ့ သားလေးကို မင်းဆီမှာ အပ်ခဲ့ပါတယ်..သားလေးကို မေတ္တာ အပြည့်နဲ့ စောင့်ရှောက်ပေးပါ..Xiaozhan ကိုလဲ တောင်းပန်တယ် လို့ ပြောပေးပါ..

Wang Yibo"

Leo လက်ထဲက စာကို ဖတ်နေရင်း Xiaozhan က မျက်ရည်တွေ ကျလာတယ်..

"Yibo..ဟင့်အင်း."

"ကိုကို.."

နောက်က အော်ခေါ်နေသည့် Leo ကို ဂရုမစိုက်ပဲ သားကို ချီကာ တိုက်ခန်းလေးဆီ ပြေးခဲ့သည်..ပိုင်ရှင်မဲ့ နေသည့် တိုက်ခန်း လေးက အထီးကျန်စွာ နဲ့ စောင့် ကြိုနေသည်..
ကုတင်ဘေးက စားပွဲ ပေါ်မှာတော့ စာလေး တစ်စောင်က ရှိနေသည်..Xiaozhan တုန်ရီစွာနဲ့ ဖွင့်ဖတ်လိုက်တော့..

Takecare of My Boyfriend (Completed )Donde viven las historias. Descúbrelo ahora