<Z>
Part -2
မိုးတွေက သည်းသည်းမည်းမည်းရွာနေလေသည်။ လျှပ်စီးများကတဝင်းဝင်း၊ မိုးချိန်းသံကတဂျုံးဂျုံးမြည်လျှက်။ မိုးနှင့်အပြိုင် Saint တစ်ယောက် တစ်ညလုံးအရက်တွေတစ်ခွက်ပြီးတစ်ခွက်သာသောက်ရင်း ဓာတ်ပုံလေးကို ကိုင်ပြီး Derli ဆိုသောအမည်ကိုသာတွင်တွင်ရေရွတ်ကာ ငိုယိုလျှက်သာနေလေသည်။ သူ့လက်ထဲမှာလည်း ရဲရဲနီနေသော နှင်းဆီပန်းစည်းတစ်စည်း၊ ယခုလိုပုံစံကိုသာ သူနှင့်သိကျွမ်းသော တစ်စုံတစ်ဦးမြင်သွားပါလျှင် အရက်ဆိုယောင်လို့ပင်တစ်စက်မှမသောက်ဖူးသော၊ မိန်းကလေးတိုင်းနှင့် အလွန်အမင်းရင်းနှီးမှုမရှိသော Saint နှင့် ရုပ်ချင်းဆင်သူဟုသာထင်ကြပေလိမ့်မည်။ မည်သူကမျှ Saint ဟု ထင်ကြမည်မဟုတ်။ သို့သော် မိန်းကလေးတစ်ဦးအမည်ကို အကြိမ်ကြိမ်ရေရွတ်ရင်း အရက်သောက်နေသူမှာ အမှန်ပင် Saint အစစ်ဖြစ်လေသည်။
At the next morning in perth home --------
🖤: သားရုံးသွားပြီ ဒယ်ဒီ
🖤 DaD: အေးအေး သား ဂရုစိုက်သွားနော်
🖤: ဟုတ် ဒယ်ဒီ စိတ်ချပါ
Perth company သို့ရောက်လာတော့ အခြားသူတွေ အားလုံးစုံနေပြီဖြစ်သော်လည်း တစ်ယောက်သောသူကတော့ဖြင့် ခုထိမရောက်သေး။ perth ထိုင်ခုံပေါ်မှာထိုင်လိုက်တော့ mean ရောက်လာပြီး
💙: ဂျာလေးရောက်နေပြီလား ဂျာကြီးရော
🖤: သူများတွေခေါ်သလို N'Perth လို့ပဲခေါ်ပါရပါတယ် ဟိုတစ်ယောက်မလာသေးဘူး
💙 : ဟုတ်ပါပြီ N'Perth ဒါနဲ့ ထူးဆန်းလိုက်တာ မနေ့ကလည်း ရုံးဆင်းတာနဲ့ စာရင်းတွေတောင်မပြီးသေးဘဲ တန်း ပြန်သွားတာအရင်ကဆို အလုပ်ပြီးမှပြန်နေကျကို ခုလည်းနောက်မကျစဖူးနောက်ကျနေပြန်ပါပြီ
🖤: အကြောင်းရှိလို့နေမှာပါ
💙:အရင်ဆို တစ်ခါမှနောက်မကျဖူးဘူးလေ နေမကောင်းလို့များလား နေမကောင်းရင်လည်း လှမ်းပြောနေကျပါ ဖုန်းဆက်ကြည့်ဦးမှပဲသူ့ဘာသာသူပြောရင်း အလုပ်တွေရှုပ်နေသော mean ကိုကြည့်ပြီး ဘာရယ်မဟုတ် perth ရယ်လိုက်မိ၏။

YOU ARE READING
🖤 Love ❤️
FanfictionIntro ✍️ PinSon Company မှ အလွန်ကြည့်ကောင်းပြီးမိန်းကလေးဝန်ထမ်းများ၊ ယေက်ျားလေး ဝန်ထမ်းများ အကြားရေပန်းစားသူ၊ စိတ်ထားကောင်းပြီးကူညီတတ်သူ၊ သို့သော် အချစ်ဦး Derli သေဆုံးသွားတာကြောင့် နာကျင်ခံစားနေရသူ လူငယ် Manager လေး Saint❤️ အလွန်ရုပ်ချောသွက်လက်ပြီး...