Part 12

124 11 0
                                    




Part -12

<Z>

Perth လည်း ဆက်မမေးတော့။ Saint ပခုံးလေးကိုသာ အသာမီရင်းလိုက်ပါလာသည်။ Perth ကို သ၀န်တို လွန်းသည်ထင်မှာလည်း Perth မလိုလား။ ဒီတော့ သူ့ပခုံးလေကိုအသာမီရင်းသာ ငြိမ်နေလိုက်တော့သည်။ သူတို့ကိုကြည့်ရသည်မှာ အတော်ချစ်နေကြသောစုံတွဲလေး တစ်တွဲအပန်းဖြေခရီးထွက်လာသကဲ့သို့ ထင်မှတ်ရလေသည်။ သူတို့ သမ္ဗာန်လေးလည်း ကမ်းစပ်ဆီတရွေ့ရွေ့နှင့်ရောက်သွားတော့-
ဝန်ထမ်း 1: ဟာ ဟိုမှာ ဂျာကြီးတို့လာပြီဟေ့ ဟိုမှာ
ဝန်ထမ်း 2: ဟုတ်တယ်ဟေ့ ဂျာလေးတို့ရောပါလာပြီ
သူတို့ကို ကမ်းစပ်မှပင် ကြိုနေကြလေသည်။
Saint: ဟူး တော်သေးလို့ ဒီဘက်ကမ်းကိုပြန်ရောက်တာ 😂
ဝန်ထမ်း 2:ဟိုလေ တကယ်တော့ ကျွန်တော် ကမ်းခြေအမည်မှားပြောတာ အမည်ချင်းကလည်းဆင်နေတာ
ကျွန်တော်တို့ရောက်တဲ့ကမ်းမှာ မဟုတ်ဘူး
Mean :ထင်သား အိမ်ရှင်တွေက သူတို့ကမ်းဘက်မှာ လည်စရာနေရာဆိုတာ သိပ်မရှိဘူးတဲ့
ဝန်ထမ်း: အဟီး ဟုတ်တယ် အဲ့ဒါကြောင့် ကျွန်တော်အိမ်ကိုလှမ်းမေးကြည့်တော့ အနောက်ဘက်ကမ်းဟုတ်ဘူး တောင်ဘက်ကမ်းမှာတဲ့ ညနေသွားကြစို့
Saint: ဟင် ... သွားချင်ရင် မင်းတို့ပဲသွား😞😣 ငါတော့လိုက်ဘူးနော် 😓😓😒😒 လန့်တယ်
Perth: ဟုတ်တယ် Perth လည်းလိုက်ဘူး😔😔
ဝန်ထမ်း2: ဒီလိုပါဂျာကြီး ကျွန်တော် အေးဆေးပြောပြမယ် အဲ့ကျွန်းကို ဒီကမ်းကနေဟိုတောင်ကို တွေ့လား အဲ့တောင်ကိုကျော်ပြီးသွားလို့ရပါတယ်
Saint : ရေခရီးမဟုတ်တော့ဘူးပေါ့😁
ဝန်ထမ်း1: ဟို ဂျာကြီးက ရေလမ်းနဲ့လည်းသွားရတယ်
Saint: အမလေး မလုပ်နဲ့  မသွားပါဘူး😂😂
ဝန်ထမ်း 1: လိုက်ခဲ့ပါဂျာကြီးရယ် ရေလမ်းနဲ့မသွားချင်ရင် တောင်တက်လမ်းကသွားမယ် လမ်းလျှောက်ပြီးပေါ့ ပျော်ဖို့တောင်ကောင်းမှာ
Mean: P' မပြန်နဲ့ဦး ဒီဘက်ကမ်းရောက်မှတော့ သွားလည်ကြတာပေါ့ ...
Saint :ဟင်း(သက်ပြင်းချရင်း) ညီရော သွားမလား
Perth: အင်းလေ ရောက်မှတော့သွားတာပေါ့ လှေမစီးရတော့ဘူးမဟုတ်လား
Mean: မစီးရဘူးလေ N'Perth ကမ်းစပ်မှာ လမ်းလျှောက်သွားရုံပဲ ခြေတော့ညောင်းမယ် လိုက်ခဲ့နော် N'Perth
Saint: သိပ်မကြာနဲ့နော် တည်းစရာမရှိရင်ဒုက္ခ
Mean:မကြာပါဘူး အသွားအပြန် 2နာရီတောင်မကြာဘူး ညစာထမင်းဟိုမှာစားပြီးပြန်လို့ရတယ်လေ ဓာတ်မီးတွေလည်း အသင့်ပါ။
Saint: ကဲ ကဲ သဘော သဘော ဒါနဲ့ လမ်းပြမြေပုံရောရှိလား တော်ကြာလမ်းမှားနေမှ
Perth: ဟုတ်တယ်နော် အဲ့ဒါအရေးကြီးတယ်
ဝန်ထမ်း 2: ဒီကမ်းခြေက ထမင်းဆိုင်မှာ အဲ့ဒီကျွန်းဆီသွားတဲ့ လမ်းပြမြေပုံရောင်းလို့ ၀ယ်ထားတယ်
Saint:ကဲလေ ဒါဆိုလည်း ပြီးတာပဲ ဒီလောက်သွားချင်နေကြတာ သွားကြတာပေါ့
Mean:ရောက်တုန်းရောက်ခိုက်မို့ပါ P'ကလည်း
နေ့လယ်စာစားကြပြီး အေးအေးဆေးဆေးခဏနားနေကြကာ ရေမိုးချိုးပြီးမှ ညနေလေးနာရီခွဲခန့်မှာ သူတို့အဖွဲ့ ကမ်းခြေတစ်လျှောက်စကားပြော ရင်း လမ်းလျှောက်သွားကြရာ 15မိနစ်ပင်မပြည့်မီ တောင်ထိပ်သို့ရောက်သွား ကြသည်။ တောင်အဆင်းလမ်းကား အနည်းငယ်မတ်စောက်၍ သတိဖြင့် တစ်ယောက်လက်ကိုတစ်ယောက်ဆွဲပြီး သေသေချာချာ ထိန်းကာ ဖြေးဖြေးချင်းလျှောက်သွားကြရာ တောင်အဆင်းလမ်းမှာ မိနစ် 30ခန့်ပင်ကြာ သွားသည်။ တောင်အောက်ရောက်ပြီး အရှေ့စူးစူးသို့ခရီးဆက်ကြရာ ဆယ်မိနစ်ခန့်အကြာ သူတို့လည်ချင်သော ကျွန်းသို့ရောက်သွားကြသည်။
Mean: ကဲ အဝေးကြီးတွေ မသွားကြနဲ့နော် ... လူစုကွဲမယ် ... နာရီဝက်လျှောက်လည်ကြပါ ... ပြီးရင် ... ဒီမှာပဲ ပြန်စုကြမယ်နော် ...
Saint တစ်ယောက် မျက်စိမှိတ်ပြီး ခဏစိတ်အပန်းဖြေနေရင်း ... ခဏနေ ... မျက်လုံးဖွင့်ကြည့်တော့ Perth ကိုမတွေ့ ဟိုဟိုဒီဒီလျှောက်ကြည့်မှ အသစ်စက်စက် ချစ်သူကောင်ချောလေးက ကမ်းခြေအနားက အရိပ်ရသစ် ပင်နားမှာ selfieဆွဲနေတာကိုး။
Perth : အစ်ကို ... လာ လာ အတော်ပဲ
ပြောရင်း သူ့ကိုအတင်းဆွဲခေါ်ကာ အပင်အောက်မှာ selfie stick နဲ့ အပီအပြင်ကိုရိုတ်နေသည်။
Perth: ကြည့်ရအောင် ဟာ ဒီပုံကြီးက အစ်ကိုကျကောင်းတယ် ညီကျမလှဘူးကွာ ဖျက်တယ်(ကိုယ့် အသဲနှစ်ယောက်လံုးက ဒီလောက်ကြည့်ကောင်းနေတာ လှမှာအသေချာပဲ ကျားဇိုးလေးကစိတ်တိုင်းမကျတာနေမှာ) ဟယ် ဒါလေးကျ ညီ့ ပုံလေးရုပ်ထွက်ကောင်းချက် ဟိဟိ အစ်ကို ကရုပ်တည်ကြီးနဲ့တော့ ဘာပဲဖြစ်ဖြစ် လှတယ် ဒီအတိုင်းပဲ ထားမယ်နော်
Saint: ဟင် 😢😂
Perth: တော်ပါပြီ ဒီရေသူမရုပ်နားမှာပဲနည်းနည်း
Perth က ပြောပြောဆိုဆို ရေသူမရုပ်နားပြေးပြန်တော့ သူပါလိုက်ြပီး ဓာတ်ပုံရိုက်ပေးရပြန်သည်။ ညနေစောင်း ဆည်းဆာအလှကြောင့် မြစ်ပြင်စပ်မှာနီရွှေရောင်လှိုင်းကြက်ခွပ်လေးတို့ဖြင် ယောက်ျားလေးတစ်ယောက်ပေမယ့် ညီပါရပ်နေလိုက်သောအခါ အလှဆုံးပန်းချီကားတစ်ချပ်ဖြစ်သွားလေသည်။ သူ့စိတ်ထဲမှာတော့ ပြာညိုညိုကောင်းကင်နောက်ခံနှင့် နီဝါရွှေရောင်သန်းပြီးလေတိုက်တိုင်းကနေဟန်တိမ်စိုင်တို့ထက်၊ နီရင့်ရင့်ရောင်အသွေး ရှိပြီး ကမ်းစပ်တွင်ဆော့ကစားနေသော လှိုင်းကြက်ခွပ်လေးတို့ထက် ပြုံးချိုချိုမျက်နှာပေးလေးနှင့် ညီက အဆထောင်သောင်းသိန်းမက အရမ်းကြည့်ကောင်းနေလေသည်။
သူတို့ဓာတ်ပုံရိုတ်ပြီးကြတော့ ထိုကမ်းစမ်ရှိထမင်းဆိုင်မှာပဲ ပုဇွန်ချဉ်စပ်ခေါက်ဆွဲတို့ဖြင့် ၀မ်းမီးကြိုငိမ်းစေပြီး ခရီး ဆက်ခဲ့ကြသည်။ သို့သော် စကားတပြောပြောဖြင့်လာကြရင်း တောင်ပေါ်တက်ပြီးနောက် သူတို့လမ်းမှားသွား ကြလေသည်။
ဝန်ထမ်း 2: အာ ဒုက္ခပဲ တို့လမ်းမှားကုန်ပြီ ဟိုဘက် လမ်းခွဲက ဆင်းရမှာ မှားဆင်းလာတာ
Mean :ဟာ ဘယ်လိုလုပ်မလဲ
Perth: ညီကြောက်တယ် ဘယ်လိုလုပ်ကြမလဲ
Saint:ရပါတယ် နည်းနည်းနောက်ကျရုံပေါ့ ဓာတ်မီးတွေလည်း ပါနေတာကို
Mean :ခြေထောက်ကလေးတွေတော့ ညောင်းပြီပဲ သူတို့ခရီးဆက်လိုက်၊ ညောင်းရင်နားလိုက်နှင့် အပြန်လမ်း ကို ခရီးဆက်ခဲ့ကြသည်။ ရယ်စရာပြောတတ်သော ၀န်ထမ်းတစ်ဦးကြောင့် သူတို့အပြန်လမ်းမှာ ပါးစပ်ပင်မပိတ်ရ။
ဝန်ထမ်း 3: ကျွန်တော့်သူငယ်ချင်းက သိပ်စကားတတ်သကိုးဗျ။ သူမကျေနပ်ရင်လည်း တစ်ခွန်းမကျန်ပြန်ချေ တတ်တဲ့ဝသီလေးကလည်းရှိတယ် နောက်လည်းနောက်တတ်တယ်
Mean: ဆက်ဆက်ကြဲစကားတတ်အနောက်သန်ပေါ့
ဝန်ထမ်း 3: ဆိုပါတော့ P' ရယ် အဲ့တုန်းကသူက သူ့ရည်းစားနဲ့က ရန်ဖြစ်ထားတာလည်း ပူပူနွေးနွေး သုံးရက်ရှိသေးတာဗျ သူတို့လမ်းထိပ်မှာကလည်း နေရာတစ်ကာ စပ်စပ်စပ်စပ်နဲ့ အာလည်းကျယ် အတင်းတုပ်လည်းသိပ်ကောင်းတဲ့ အဒေါ်ကြီးကလည်းရှိသဗျ တွေ့တိုင်းလိုလို ဘယ်နေ့စားရမလဲပဲ မေးနေတာတဲ့ကိုးဗျ ကြာတော့ အမြင်ကပ်လာဆိုပဲ
Mean: ဟုတ်တယ် အဲ့ဒါမျိုးက အမြင်ကပ်စရာ
ဝန်ထမ်း 3: ဟုတ်တယ် အဲ အဲ့နေ့တော့ အဲ့အဒေါ်ကြီးဆိုင်ရှေ့ကဖြတ်သွားတော့ သူ့ကိုထပ်မေးပြန်ရောဆိုပဲ ကြည့်လိုက်တော့ ဆိုင်မှာလည်းလူမရှိဘူးဆိုပဲ ဒေါသကလည်းထွက်စရှိနေ အမြင်ကပ်ခံလည်းရှိနေတော့ ဆိုင်ထဲကိုဝင်သွားပြီး
Mean: ရိုတ်ပစ်တာလား
ဝန်ထမ်း 3: အားကြီးကြီး ကျွန်တော့်သူငယ်ချင်းက လက်တော့မရဲဘူးဗျ သတ္တိလည်းနည်းတယ် သူဘာလုပ်တယ်မှတ်တုန်း အဒေါ်ကြီးနားတိုးတိုးလေးကပ်ပြီး အဒေါ့်ကိုတိုင်ပင်ရဦးမယ်တဲ့ ဟိုကလည်း ဒေါ်စပ်စုပဲ သိချင်တာပေါ့ ဖြစ်ချင်တော့ အဲ့လကဖေဖော်ဝါရီလဗျ သူက သူ့အိမ်က အဖိုးကြီးတစ်ယောက်နဲ့ March လကျ ပေးစားတော့မှာမို့ February 30ရက်နေ့ကျ အိမ်ကထွက်ပြေးမလို့တဲ့ အဲ့ဒါအဒေါ့်အိမ်က လမ်းထိပ်မှာမို့ထွက်ပြေးရင် နည်းနည်းကူဖို့တောင် အကူညီတောင်းသေးဆိုပဲ အခြားသူတွေကိုကူပေးဖို့တောင် တိုးတိုးတိတ်တိတ်ပြောပေးဖို့ သူကမှာသေးဆိုပဲ
Mean: ဆေးထိုးကြမ်းတာ February 30😂
ဝန်ထမ်း 3: ဟုတ်ပ ရုတ်တရက်ဆိုတော့ အတည်ထင်သွားတာ ဟိုကဘယ်နေမလဲ သူလည်း ကွယ်ရော အတင်း တုပ်ပြီပေါ့ ကောင်မလေး ၃ယောက်လာတော့ သမီးအပျိုလေးကိုငွေမက်လို့အဖိုးကြီးနဲ့ပေးစားမယ်ပြောလို့ ထွက်ပြေးရမှာပေါ့ သူများကို ပုတ်ခက်ပြီးအတင်းကအရင်တုပ်တာ အဲ့ဒါကြောင့် february30ကျ မနက်သူရုံးသွားဟန်ဆောင်ပြီးလာရင် ကားပေါ်အထုပ်တင်ပေးဖို့အရင် February 30 မနက်လာခဲ့ဖို့ပြောတာ
သူလည်း အဲ့ဒီလိုပြောရော ၀ိုင်းရယ်ပြီး အဒေါ်ကြီးရယ် February 30လို့မှမရှိဘဲဆိုတော့မှ သူခံလိုက်ရမှန်း သိသွားတယ်ဆိုပဲ အကြောင်းသိသွားတဲ့လူတွေက ဖေဖေါ်ဝါရီ ၃၀လို့ပြောလိုက်ရင် မျက်နှာကို တန်းမဲသွားတာ ပဲဗျို့ ဟားဟား
Mean : ဟားဟား ဟား

🖤 Love ❤️Where stories live. Discover now