<Z>
At the kitchen of Perth home -----
Saint📱 : hello ညီလား
Perth 📱: ဟုတ် အစ်ကို ... ညီပါ ပြောလေ
Saint📱: ညီ့ အသံက တစ်မျိုးပဲ အားမရှိသလိုပဲ နေမကောင်းဘူးလားဟင်
Perth 📱: ညီ .. ဘာမှမဖြစ်ပါဘူး နေကောင်းပါတယ်
Saint📱: aww တော်သေးတာပေါ့ ညီ ... နေမကောင်းလားလို့ ဒီနေ့က ရုံးပိတ်တယ်လေ အဲ့ဒါ ညီ့ကို သတိရလို့ ခုနေ့လည်အားရင် ရုပ်ရှင်ကြည့်ကြစို့
Perth📱: ဟိုလေ ... အစ်ကို
Saint📱: omm ပြောလေ ညီ
Perth 📱: နောက်နေ့မှသွားမယ်နော် တကယ်တော့ ခုနေ့က မားမား နှစ်ပတ်လည်လေ အဲ့ဒါကြောင့်
Saint📱: အာ ... တောင်းပန်ပါတယ် ညီ .. အစ်ကိုတကယ်မသိလိုက်ဘူး ... ညီ ... ၀မ်းနည်းနေမှာပဲ အစ်ကို ညံ့တယ် ဒါလေးတောင်မသိထားဘူး ညီဘယ်မှာလဲ အစ်ကိုခုလာခဲ့မယ်
Perth 📱: ရပါတယ်အစ်ကို ... ညီကလည်း ပြောပြမထားမိတာပါ ညီခု မီးဖိုဆောင်မှာ အစ်ကို နှစ်ပတ်လည်ပွဲအတွက် ချက်ပြုတ်ပြင်ဆင်နေတာ (သေချာတယ် အပြင်မှာဆို မီးဖိုခန်းက မားတွေ တွေးကြည့်ဦး 🤣😜)
Saint 📱: အာ ... အစ်ကို ညံ့ပြန်ပြီ ဟုတ်သားပဲ ညီ့ မားမားနှစ်ပတ်လည်အတွက် ညီ အလုပ်ရှုပ်နေမှာပေါ့ ညီ့ကိုနှစ်သိမ့်ပေးချင်တာနဲ့ အစ်ကိုစိတ်လောသွားတယ် မစဉ်းစားမိဘူး အနှောင့်ယှက်ဖြစ်သွားရင် တကယ်ကိုတောင်းပန်တယ် နောက်နေ့မှတွေ့မယ်နော် ညီ ... ခုတော့မိသားစုတွေအတူနေကြပါ
Perth 📱: မဟုတ်တာ ရပါတယ် အစ်ကို ... ညီ့ကိုစိတ်ပူပေးတာ ညီနားလည်ပါတယ် ပြီးတော့ အစ်ကိုက ဖုန်းဆက်တော့ ညီပျော်ပါတယ်
Saint📱: ဟုတ်ပါပြီ ညီရယ် ညီ့အနားမှာနေမပေးနိုင်တာ sorryပါ မိသားစုဝင်မဟုတ်သေးတော့ လာဖို့ အဆင်မပြေဘူးလေ ညီသိတယ်မဟုတ်လား
Perth 📱: ညီနားလည်ပါတယ် အစ်ကို ... မနက်ဖြန်မှတွေ့မယ်နော် ညီလည်း အစ်ကို့ကိုသတိရပါတယ်
Saint📱: အင်း ... ညီ ဒါပဲနော်
Perth📱: ဟုတ် ... အစ်ကို
Saint📱:ညနေမှ ဖုန်းထပ်ဆက်မယ်နော်
Perth 📱:ဟုတ်
YOU ARE READING
🖤 Love ❤️
FanfictionIntro ✍️ PinSon Company မှ အလွန်ကြည့်ကောင်းပြီးမိန်းကလေးဝန်ထမ်းများ၊ ယေက်ျားလေး ဝန်ထမ်းများ အကြားရေပန်းစားသူ၊ စိတ်ထားကောင်းပြီးကူညီတတ်သူ၊ သို့သော် အချစ်ဦး Derli သေဆုံးသွားတာကြောင့် နာကျင်ခံစားနေရသူ လူငယ် Manager လေး Saint❤️ အလွန်ရုပ်ချောသွက်လက်ပြီး...