Part 11

131 12 2
                                    




Part -11

<Z>
ထိုညမှာ Perth, Saint နှင့် Mean တို့က အိမ်အောက်ထပ်တွင် အိပ်ကြသည်။ အိပ်ယာအပြောင်းမို့ Saint အိပ်မပျော်။ ထိုအိမ်မှကြောင်လေးကလည်း သူ့ဘေးတွင်လာပြီး သူ့ခြေထောက်ကို လက်ကလေးဖြင့် လာ,လာပုတ်နေသဖြင့် ကြောင်လေးကိုချီပြီး အနားရှိသေတ္တာပေါ်တင်သိပ်လိုက်သည်။ ထိုစဉ် ခြေသံခပ်ဖွဖွအသံကြောင့် သူကြည့်လိုက်တော့ အိမ်ရှေ့တံခါးပေါက်ကိုဖွင့်နေသော Perth
Saint: ညီ ... ဘယ်ကိုလဲ
Perth: အော် ... အစ်ကိုလည်းနိုးနေတာလား ညီ ... အိပ်မရဘူး အဲ့ဒါနဲ့ အိမ်ရှေ့ကွပ်ပြစ်မှာထွက်ထိုင်မလို့
Saint: ခုမှည10နာရီ အစောကြီးရှိသေးတာ ညီရယ် ကြိုးစားပြီး လှဲနေကြည့်ပါလား
Perth: ဟင့်အင်း ညီသိတယ် အိပ်မရဘူး ဘယ်လိုမှလှဲမနေနိုင်ဘူး အဒေါ်ကြီးကလည်း ဟောက်အိပ်နေတာ ခေါခလူးနဲ့ အသံကိုအကျယ်ကြီး
Perth ပြောမှ သူသတိထားမိသည်။ ဟုတ်ပေတာပဲ။ အပေါ်ထပ်က အဒေါ်ကြီး ဟောက်သံကို ကြားရ၏
Saint: အင်းနော် ဟုတ်သား ဟောက်လိုက်တာ
Perth ကရယ်ရင်း
Perth: ဟုတ်တယ် ပြီးတော့ ညီက မှောင်ရင် မအိပ်တတ်ဘူး သူ မဟောက်လဲအိမ်မပျော်ပါဘူး အသာလှဲနေမလို့ပဲ ခုကျတော့ လှဲလည်းမနေနိုင်ဘူး
Saint : ညီက အမှောင်ကြောက်တာလား
Perth: ဟုတ် ညီကမီးနဲ့မှအိပ်ပျော်တာ နို့မို့ဆို အိပ်မရဘူး ငယ်ငယ်ကတည်းက အကျင့်ဖြစ်နေတာ
Saint: အင်း ... ကိုယ်လည်း အိပ်မပျော်ဘူး အိပ်ယာပြောင်းလို့နေမှာ လာလေ ဒါဆိုလည်း အိမ်ရှေ့က လရောင်အောက်မှာထိုင်ရင်း စကားပြောကြတာပေါ့
Perth: အတော်ပဲ ညီအဖော်ရတာပေါ့
Mean ကိုကြည့်တော့ အိပ်မောကျနေတာမို့ မနိုးတော့ဘဲ သူတို့နှစ်ယောက် အပြင်ဘက်ကကွပ်ပြစ်မှာ ထိုင်ပြီး စကားတွေပြောနေရင်းမှ မိုးစင်စင်လင်းသွားလေသည်။ (ဟယ် ... မိုးလင်းအထိ ဒီကလေးနှစ်ယောက် ဘာတွေ ပြောနေပါလိမ့် ... ဘာမှမသိဘူးနော် )
မိုးလင်းတော့ အဒေါ်ကြီးကနိုးလာပြီး
အဒေါ်ကြီး: ဟယ် မအိပ်ကြဘူးလား စောစောထလား
Perth လည်း အားနာတာမို့
Perth: ဟိုလေ ကျွန်တော်တို့က အစောကြီးထနေကြမို့ပါ စောစောနိုးနေတာနဲ့ထတာ
အဒေါ်ကြီး: aww အေးအေး ဒါဆို ဒီမှာ မျက်နှာသစ် သွားတိုက်လေ သွားပွတ်တံအသစ်တွေရှိတယ် တည်း သည့်အိမ်က ဆိုင်ဖွင့်ထားတာမို့ သူတို့ သွားတိုက် မျက်နှာသစ်ဖို့ အဆင်ပြေသွားလေသည်။ သူတို့လည်း အဒေါ် ကြီးပေးသော တံပွတ်တံနှင့် ဆပ်ပြာကိုယူပြီး အိမ်ဘေးရှိ ကျောက်စည်ပိုင်းနားတွင် မျက်နှာသစ် သွားတိုက် လိုက်သည်။ Saint မျက်နှာသစ်ပြီးပြန်လာချိန်တွင် ကွပ်ပြစ်ပေါ်တွင် Perth မေ့ကျန်ခဲ့သော ဟန်းဖုန်းလေးက ဖုန်းဝင်နေသည်။ Perth ကိုမတွေ့တာမို့ သူအော်ခေါ်ရင်း ဖုန်းကကျတော့မည်မို့ ကိုင်လိုက်မိတော့ တစ်ဘက်မှ သား Perth နေကောင်းလား ဟိုမှာပျော်ရဲ့လား အဆင်ရောပြေရဲ့လား Saint အတွေးထဲမှ ဟာ ဒါ ဥက္ကဋ္ဌကြီး အသံပဲ သူပြန်ပြောမည်အပြု တစ်ဘက်မှ အသံကြောင့် သူ့နှုတ်တွေ ရုတ်တရက်ဆွံ့အသွားခဲ့ရသည်။
တစ်ဘက်မှ -- ငါ့တူလေး တယ်ငြိမ်နေပါ့လား အရင်ကဆို ကြက်တူရွေးလိုစကားများတဲ့ တို့မင်းသားလေး ငြိမ်နေတယ် နေမကောင်းဘူးလား
သူကျောက်ရုပ်တစ်ရုပ်လိုငြိမ်နေမိသည်။ ဖုန်းကိုင်ပြီးကြောင်နေသောသူ့ကိုမြင်တော့ Perth ပြေးဝင်လာပြီး
Perth: hello
Chairman: မင်းသားလေး တို့ကြက်တူရွေးလေး စကားပြောပြီပဲ ဟားဟား နေကောင်းလား တို့နတ်သားလေး
Perth: ဟိုလေ သားနေကောင်းပါတယ် လေးလေး ခုထမင်းစားနေလို့ နောက်မှပြောမယ်နော် တာ့တာ
Perth တမင် စကားဖြတ်ပြီး ဖုန်းချလိုက်သည်။
Saint: ညီ ... မင်း မင်းက
Perth: ဟုတ်တယ် အစ်ကို ... ညီက ဥက္ကဋ္ဌ ရဲ့ တူအရင်းပါ ညီ ... တမင်မပြောတာမဟုတ်ရပါဘူး
Saint :မသိဘူး ညီ ... မင်း မင်းက ငါတို့ကို ညာပြီး ကွယ်ရာမှာတော့ သူတို့ အညာမိနေပြီဆိုပြီး လှောင်နေ မှာပေါ့ အင်းလေ ဟုတ်မှာပါ ငါတို့ကညံ့တာပါ ညီရာ မင်းညာတာကိုမသိတာ ကို့အပြစ်တွေပါ
Perth: အစ်ကို မဟုတ်ဘူး မဟုတ်ပါဘူး
Saint: ဟင့်အင်း မင်းကိုမယုံရဲတော့ဘူး ညီ ... အေးလေ ကို ... ချစ်တယ်ပြောတာတောင် မင်း မင်းက ကွယ်ရာ မှာ ဟားတိုက်နေရင်နေမှာ
Perth : အစ်ကို ... လွန်လာပြီ ညီက အစ်ကို့တစ်ယောက်တည်းကို ညာနေတာမဟုတ်ဘူး ညီ ... မပြောမိတာ အဲ့ဒီလောက်အပြစ်ကြီးသလား ညီသာ ဥက္ကဋ္ဌရဲ့တူ နောက်ဒီကုမ္ပဏီကို ဆက်ခံမယ့်သူဆိုတာသိရင် ညီ့ကိုခုလို ၀န်ထမ်းတွေနဲ့ရင်းရင်းနှီးနှီးနေခွင့်ရမှာ မဟုတ်ဘူး ညီ့အပေါ်ကို ခုလိုစိတ်ရင်းနဲ့ခေါ်တဲ့ သူငယ်ချင်းရှိမှာ မဟုတ် ဘူး
Saint: မဆိုင်တာတွေ
Perth: အစ်ကို့အတွက်တော့မသိပေမယ့် ညီ့ ... အတွက်တော့ အများကြီးဆိုင်တယ် ကျောင်းတုန်းက Daddy တို့နဲ့ ရန်ဘက်အပြိုင်ကုမ္ပဏီက လူမှားပြီးခိုင်းလို့ ညီ့ရဲ့အချစ်ဆုံး Mommy ဆုံးခဲ့ရတယ် ညီ့ကို သူဌေးသားဆိုပြီး ချဉ်းကပ်ခဲ့တဲ့ Chompoo လိုလူတွေကိုလည်း တွေ့ရတယ်
Perth အသံက ဒေါသတို့ဖြင့် အနည်းငယ်တုန်ခါလျှက်
Saint : အဲ့ဒီလိုတွေတောင်ဖြစ်ခဲ့တာလား ညီ့ Mommy အတွက်စိတ်မကောင်းပါဘူး တောင်းပန်ပါတယ်
Perth: ရပါတယ် ပြီးတော့ တကယ်တော့ ညီ့ ၀ါသနာက စာသင်တာနဲ့စာရေးတာပါ ဒါပေမယ့် Daddy တို့က အတင်းပဲ ကုမ္ပဏီမှာပဲ အလုပ်လုပ်စေချင်တယ် အဲ့ဒီတော့ ညီ သူတို့ကိုရွဲ့ပြီး ဥက္ကဋ္ဌတူမှန်း အသိမပေးရဘူးလို့ ပြောလိုက်တာ ဒါပေမဲ့ ညီ နောင်တမရဘူးသိလား ဘာလို့ဆို ဥက္ကဋ္ဌတူဆိုပြီး မ၀ံ့မရဲပုံစံတွေရယ် မျက်စိဒေါက် ထောက်ကြည့်တာတွေရယ် စကားမပြောရဲတာတွေ တစ်ခုမှ ညီမရခဲ့ဘူး အားလုံးနဲ့ ဆိုးတိုင်ပင်ကောင်းတိုင်ပင် တရင်းတနှီးနဲ့ အရမ်းပျော်ခဲ့ရလို့ပဲ အစ်ကိုလိုပေါ့ အဖေက hotel 3ခုပိုင်ပါလျှက်နဲ့ အဲ့ဒီမှာမလုပ်ချင်လို့ နိုင်ငံခြား ကိုတောင် ပြေးဖူးသေးတာပဲ ညီ့ ကိုနားလည်မှာပါ
Saint: ညီ ... ဘယ်လိုသိ😱
Perth: ဒီမှာ မနက်က အစ်ကို ... ထွက်ကျတဲ့ဓာတ်ပုံ မိသားစုဓာတ်ပုံပဲ ဒါကသူဌေး Son မဟုတ်လား
Saint: ညီ ... သိသွားပြီပေါ့ ဟုတ်ပါတယ်
Perth: အစ်ကိုတို့အိမ်ကိုသုံးခေါက်လောက်ရောက်ပေမယ့် မိဘတွေကိုမတွေ့လို့ ဓာတ်ပုံတွေမတွေ့လို့ ထူးဆန်း နေတာ အဲ့ဒါအပန်းဖြေစံအိမ်မဟုတ်လား
Saint : အင်း ... ညီက အားလုံးသိကုန်မှကိုး ဟုတ်တယ် အဲ့အိမ်မှာ ... အစ်ကိုနဲ့ Plan ပဲနေတာ အိမ်စောင့် တစ်ယောက် ထမင်းချက်တစ်ယောက်နဲ့ပေါ့ အဖေနဲ့ အမေက တစ်ပါတ်တစ်ခါပုံမှန်လာတယ်
Perth : အော် ... အင်း ...
Saint : ညီကလည်း ကိုယ့်ကို စိတ်ဆိုးနေတုန်းလား မျက်နှာလေးက ချစ်ဖို့ကောင်းရက်နဲ့ကွာ ပြုံးစမ်းပါ
Perth: စိတ်ဆိုးပါဘူး အစ်ကိုက ညီ့အပေါ်ကောင်းပြီး ညီ့ကိုနားလည်တယ်ထင်ထားတာ ညီ့စိတ်ကို နားမလည် တာကိုပဲ စိတ်မကောင်းဖြစ်တာ
Saint: တောင်းပန်ပါတယ် ညီ
Perth: ကြည့်ပါလား ခုရောပဲ ပြောရက်တာ ညီကပဲ သူ့ကိုဟားတိုက်ရယ်နေကြောင်းတဲ့ တကယ်ဆို ညီလည်း အစ်ကို့ကိုချစ်နေတာ နည်းနည်းလေးမှမရိပ်မိဘူးလား (မားသိတယ်လေ ... သားငယ်ရဲ့ )
Saint: ဟာ ... ညီ ... တကယ်ပြောတာ
Perth: မသိဘူး ဟိုမှာ ထမင်းစားတဲ့ ခေါ်ခိုင်းနေတယ်
Saint က Perth လက်ကလေးကို လှမ်းဆွဲလိုက်ပြီး Perth ကိုယ်လေးကိုဆွဲဖက်လိုက်သည်။(iczzz!)
Perth: လွှတ်ပါ တော်ကြာသမ္ဗာန်လာတော့မယ်ထမင်းစားခေါ်နေပြီ သွားစားကြစို့
🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃
သူတို့ထမင်းစားကြပြီး အိမ်ရှင်များကိုနှုတ်ဆက်ကာ ကမ်းစပ်ဆီသွားပြီးသမ္ဗာန်စီးကြလေသည်။ သမ္ဗာန်တစ်စင်း လုံး စီးသူက သူတို့သုံးယောက်သာ။ Mean က သမ္ဗာန်ရှေ့တွင် မောင်းသူနားထိုင်ရင်း သမ္ဗာန်မောင်းသူကို မောင်းပုံမောင်းနည်းတွေ စပ်စုနေလေသည်။ Perth က မူးနေသည်မို့ သမ္ဗာန်အနောက်ဘက်ထောင့်လေးတွင် အမူးသက်သာရန် အသာမီပြီးငြိမ်နေလေသည်။
Saint : ညီ သက်သာရဲ့လား
Perth: ရပါတယ် ... အစ်ကို
Saint : လာ မူးရင် ကိုယ့်ကိုမှီနေ
အနားမှာ ထိုင်လိုက်တာမို့ Perth လည်း သူ့ပခံုးပေါ် ခေါင်းလေးမီရင်းငြိမ်နေလိုက်သည်။
Perth: အစ်ကို
Saint :ပြောလေ ညီ
Perth: အစ်ကိုက ညီ့ပေါ် အရမ်းကောင်းတာပဲ
Saint :ချစ်တာကိုးလို့
Perth: မယုံဘူး
Saint :တကယ်ပြောတာ အရမ်းချစ်တာပဲ
ဟိုတစ်ယောက်ကိုလည်း အဲ့လိုပဲ ပြောခဲ့မှာပဲနော်ဟု မေးမည်ပြုပြီးမှ သေသူကိုသ၀န်တိုသလိုဖြစ်မည်စိုး၍ မမေးတော့ဘဲ
Perth: ဟိုတစ်ယောက်ကချောလားဟင်
Saint:ဘယ်သူ့ကိုပြောတာ
Perth: အစ်ကို့ ... အရင်တစ်ယောက်လေ
Saint :အမှန်တိုင်းပြောရမလား
Perth: ပြောပါ ညီ ... စိတ်မဆိုးပါဘူး
Saint : သူက(အသံအနည်းငယ်တိမိသွားပြီး) အရမ်းအရမ်း ချောတယ်
Perth စိတ်ထဲမှ အရမ်းအရမ်း လှတယ်တဲ့လား ညီ့ ရှေ့မှာတောင်ဒီလိုပြောတော့ သူကအရမ်းကို လှပခဲ့သူမို့ နေမှာလို့တွေးရင်း Perth စိတ်ထဲမနာလိုသလိုလို။ oh! သူကသေသွားပြီလေ ခု အစ်ကိုက ငါ့ကိုချစ်နေတာပဲ လို့တွေးမိပြန်တော့ သူ့ရင်မှာကြည်နူးသွားပြီး မျက်နှာပေါ်တွင်အပြုံးလေးတို့နေရာယူလာသည်။

🖤 Love ❤️Where stories live. Discover now