🖤Love❤️
Part -10
<Z>
တစ်ဖွဲ့လုံးသွားကြမည်မို့ Perth လည်း တစ်ယောက်တည်းကျန်မနေလိုသဖြင့် လိုက်သွားဖြစ်လေသည်။ ထင် သည့်အတိုင်း လမ်းတစ်ဝက်မရောက်ခင်ပင် မူးရိပ်ရိပ်ကြီးဖြစ်နေလေသည်။ အခြားသူတွေကတော့ မြစ်ပြင်အလှ ကိုငေးကြည့်ရင်း ကြည်နူးနေကြသည်။ Perth ကတော့ သမ္ဗာန်မစီးခင်ကတည်းက အမူးပျောက်ဆေးသောက် ထားပေမယ့်မရ။ အတော်မူးလာတာမို့ သက်သာစေရန်သမ္ဗ္ဗာန်ဘောင်လေးကိုမီရင်း အသာငြိမ်နေလိုက်သည်။ ထိုစဉ် Saint ရောက်လာပြီး Perth ပခုံးလေးကိုထိန်းကာ
Saint : ညီ သက်သာရဲ့လား အရမ်းမူးနေလား
Perth: ဟုတ် ညီ အဆင်ပြေ
ပြောရင်း Perth တစ်ယောက် မထိန်းနိုင်တော့ဘဲအန်ချလိုက်သည်။ Saint က အိတ်ကလေးဖြင့် ခံပေးရင်း ကျောကိုအသာထုပေးနေသည်။
Perth: ဟို ... အားနာလိုက်တာ ဘယ်လိုလုပ်မလဲ
Saint : မဟုတ်တာ ညီ ... အဆင်ပြေသလိုနေနော် ညီကမူးတယ်ပြောသားနဲ့ အတင်းခေါ်လာတာကို ကိုတို့လွန်သွားတာ သက်သာသလိုသာနေပါ
Perth မူးနေတာမို့ သူအသာထိန်းပေးထားသည်။ ထိုစဉ် မျှော်လင့်မထားသော မိုးသက်လေကြောင့် ရုတ်တရက် သမ္ဗာန်လှုပ်ခါသွားလေသည်။ ရေလှိုင်းများစွာတို့သည်လည်း ဖွေးဖွေးလှုပ်ကာ ခုန်ကြမြူးကြသည်။ လေပြင်း တစ်ချက်ချက်တိုက်တိုင်း သမ္ဗာန်မှာဝဲယာသို့ယိမ်းထိုးသွားလေသည်။ မိုးသက်လေကား အငြိုးကြီးစွာ တိုက်ခက်ရင်း ခရီးသည်တို့ကို စမြူနေဟန်ပင်။ အရှိန်ပြင်းပြင်းတိုက်လာသောလေကြောင့် သမ္ဗာန်လေးမှာ သွက်သွက်ခါမျှလှုပ်နေလေသည်။ ၀န်ထမ်းအားလုံးမှာ မျက်လုံးများပြူးကာ ထိပ်လန့်ကြောက်လန့်ပြီး အော်ကြဟစ်ကြကုန်လေသည်။ အမိအဖတွေကို တကုန်ကြ၏။ ဘုရားတွေကို တမ်းတကန်တော့ကြကုန်၏။ သမ္ဗာန်အတွင်းသို့ပင် ရေများ တစ်စတစ်စ၀င်လာကြလေသည်။
Mean: ဒုက္ခပါပဲ P' သမ္ဗာန်မှောက်တော့မယ် ... ဘယ် ... ဘယ်လိုလုပ်ကြမလဲဟင်
Perth လည်း ထိုအခြေနေကြောင့် အမူးပင်ပြေသွားပြီး
Perth: ညီ ... ကြောက် ကြောက်တယ် ညီ ... ရေ ရေလည်း မ မကူးတတ်ဘူး ဘယ် ဘယ်လိုလုပ်မလဲ
Saint: မကြောက်ပါနဲ့ ညီရယ် ကိစ္စမရှိပါဘူး (Perth လက်ကလေးကို ဆုပ်ကိုင်ရင်း)
သမ္ဗာန်သိသိသာသာစောင်းသွားပြီး ရေတွေမှာတရဟောထိုးဝင်လာနေလေသည်။
Perth: ညီကြောက် ကြောက်တယ် ဟင့် ဟင့်😢😥 (ကျားလေးအတွက် မျက်ရည်နှစ်စက် )
Saint: အဆင်ပြေတယ် ညီ ဘာမှမဖြစ်ဘူးနော် ကို တစ်ယောက်လုံးရှိတယ် မကြောက်နဲ့လာ ရေကူးပြီး တစ် ဘက်ကမ်းကိုသွားမယ်
Perth: မသွားဘူး သမ္ဗာန်မှောက် မှောက်တော့မယ် ညီ ... အရမ်းကြောက်တယ် ဟင့် ဟင့်😭😭😭
Saint : ဘာ ဘာမှမဖြစ်ဘူးနော် မကြောက်နဲ့
သမ္ဗာန်မှာသိသာစွာစောင်းကျသွားပြီး မြုပ်လုနီးနီး။
Saint: လာ ညီ အချိန်မရှိဘူး
ပြောရင်း Perth လက်ကိုခပ်တင်းတင်းဆုပ်ကာ ရေထဲသို့ခုန်ပြီး တစ်ဘက်ကမ်းဆီမှန်း၍ ကူးလိုက်၏ Perth ကို လက်တစ်ဖက်ကတွဲရင်း လက်တစ်ဖက်က ရေကိုအပြင်းကူးနေလေသည်။ (နဂါးကွ😍😘)
Perth: အစ္ကို! 😱
Saint: ညီ ... မကြောက်နဲ့ ကို ... ညီ ... ကိုရအောင်ကယ်မယ် ဘာမှဖြစ်ဘူး ကို့ကိုယုံတယ်မဟုတ်လား
သူတရစပ်ပြောရင်း တစ်ဘက်ကမ်းဆီတစ်စတစ်စ မနားတမ်းကူးခက်လာနေရာမှ လက်တစ်ဖက်မှာ ဆက်မကူး နိုင်လောက်အောင်ဖြစ်သွားလေသည်။😱
လက်တစ်ဖက်ကတော့ Perth ကိုတင်းတင်းဆုပ်မြဲ။
Perth: အစ်ကို ... ညီ့ကို ... လွှတ်လိုက်တော့
Saint : မလွှတ်ဘူး လုံးဝမလွှတ်ဘူး
ပြောသာပြောနေသည်။ သူသိပ်မကူးနိုင်တော့။
Perth : အစ်ကို မြုပ်သွားလိမ့်မယ် လွှတ်လိုက်ပါတော့
Saint :မလွှတ်ဘူးကွာ ညီ့ကိုရအောင်ကယ်မယ်
Perth: ညီ ... တောင်းပန်ပါတယ် ညီ့ကိုလွှတ်လိုက်တော့ ညီ့ကြောင့် အစ်ကို ပါသေနေလိမ့်မယ် လွှတ်ပါတော့
Saint: မလွှတ်ဘူး မလွှတ်ဘူး
ပြောနေပေမယ့် သူ့လက်တစ်ဘက်က ပြုတ်ကျတော့မတတ်ပါ။ ဆက်မကူးနိုင်လောက်အောင်ပင်။ ဘာပဲဖြစ်ဖြစ် သူ ရအောင်ကူးမည်။ Perth ကိုမဖြစ်,ဖြစ် အောင်ကယ်ရမည် မကူးနိုင်သည့်အဆုံးမှ လက်လျှော့မည်ဟုပဲ သူနှလုံးပိုက်ထားသည်။ စိတ်အားတင်းရင်းသူဆက်လို့သာကြိုးစားပြီးကူးနေသည်။ လက်ကတော့ လှုပ်တောင်မလှုပ်ချင်တော့။ မဖြစ်ဘူးဟုသာအတန်တန်အားတင်းရင်း အံကြိတ်ပြီးသာ ဆက်လို့ကူးနေလေသည်။ လက်ကတော့ပြုတ်ကျမတတ်။ တချက်တစ်ချက် လက်တစ်ဘက်က ပြုတ်ပြုတ်သွားသလိုတောင် သူ့စိတ်မှာခံစားလိုက်မိသည်။ တစ်ခါတစ်ခါမျက်စိပင်ပြာသွားပြီး အသိပင်လွတ်သွားမတတ်။
Perth : အစ်ကို ... ညီ့ကိုလွှတ်ပါ ညီ ... နားလည်နိုင်ပါတယ် ခုထိ ခုလိုကယ်တာကိုပဲကျေးဇူးအရမ်းတင်ပါတယ်
Saint: မဟုတ်ဘူး ညီ့ကိုသေတောင်မလွှတ်ဘူး
Perth: လွှတ်ပါတော့ ညီ့ကြောင့် အစ်ကို ... သေနေမယ်
Saint :မလွှတ်ဘူး သေတောင်မလွှတ်ဘူး
သူ့လက်ကျန်အင်အားလေးဖြင့် အတတ်နိုင်ဆုံးကြိုးစားပြီး ဆက်ကူးနေလေသည်။ လူကဖြင့် နွမ်းလျနေသော်လည်း ဇွဲကိုတော့လုံးဝမလျှော့။ သို့သော် သူ့လက်က ရေကူးနေပေမယ့် ရွေ့ပင်မရွေ့ချင်တော့။ ဘယ်လောက်ပင်အားစိုက်စိုက် လှုပ်ရုံသာလှုပ်တော့သည်။ သူတို့ မြုပ်မှာပဲဟုတွေးထားမိချိန်တွင် သူတို့နားမျောပါလာသော ၀ါးဖောင်ကြီးတစ်ခု။
Perth: ဟို ဟိုမှာ ဖောင်မဟုတ်လား
Saint: ဟာ ဟုတ်တယ် ဟုတ်တယ်
ဝါးဖောင်က သူတို့ဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်။ Perth ၀ါးဖောင်အစွန်းကိုမြဲမြဲဆုပ်ကာ အားယူပြီး ၀ါးဖောင်ပေါ်တတ်လိုက်သည်။
Perth: အစ်ကို တတ်ခဲ့လေ လာ
Saint အားတင်းပြီး အစွန်းကိုမြဲမြဲကိုင်ကာတတ်လိုက်ပေမယ့်မရ။ ဖောင်ပင်မနည်းရွေ့နေပြီ။
Perth: အစ်ကို ... အစ်ကို ... တတ်မရတော့ဘူးလား
Perth ရေကို Saint ဘက်ဆီလက်ဖြင့်အတင်းယပ်သွားရင်း Saint လက်ကိုအတင်းဆွဲပြီး မနည်းကြီးမတင်နေလေသည်။ သို့သော် မနိုင်။
Saint:မရဘူး ညီ ... သွားတော့ ဟိုဘက်ကမ်းဆီအားတင်းပြီးလှော်သွား သိလား
Perth: ဟင့်အင်း ဟင့်အင်း အစ်ကို ... မပါဘဲမသွားဘူး
Saint: ညီ ... သွားတော့လို့ပြောနေတယ်
Perth : မသွားဘူး အစ်ကိုကို ထားမသွားဘူး
Perth အံကိုတင်းတင်းကြိတ်ရင်း ဆွဲတင်လိုက်ပြန်၏မရသေး။ နောက်တစ်ခေါက် ရှိသမျှအားကုန်သုံးပြီး အ တင်း ဆွဲတင်လိုက်ရာ Saint ဖောင်ဆီမနည်းပါလာလေသည်။ (ကျားဇိုးလေးကွ fighting 😘)
Perth: အစ်ကို ... နည်းနည်းပဲထပ်တောင့်ခံထားပါ ... ကျေးဇူးပြုပြီး ခဏလေးပါ ကျေးဇူးပြုပြီး
Saint: ညီ ... မရနိုင်တာကို
Perth : မသိဘူး ... ညီ ... မသိဘူး
Perth နောက်တစ်ခေါက် အပြင်းအထန်ဆွဲလိုက်ရာ Saint ပါဖောင်ပေါ်ရောက်သွားလေသည်။ Perth လက်လေးနှစ်ဖက်မှာလည်း တင်းတင်းအုပ်ပြီးအားပြုထားသဖြင့် သွေးရောင်လေးပင်လွှမ်းနေရှာသည်။ မျက်နှာမှာတော့ အပြုံးတို့ပင်ပွင့်နေလေသည်။
Saint: ညီ ... ပင်ပန်းသွားရပြီ ကျေးဇူးပါပဲ
ပြောရင်း Perth ကိုလှမ်းဖက်လိုက်သည်။
Perth: အရူး အစ်ကိုက ... ညီ့ကို ဒီအထိသယ်လာတာကို ... တကယ်ဆို ညီကကျေးဇူးတင်ရမှာ ကျေးဇူးပါပဲ
ပြောရင်း မျက်ရည်တွေကျလာပြန်သည်။
Saint :မငိုနဲ့ ညီ ... ကိုယ်တို့မသေတော့ဘူး
Perth: ဟုတ်တယ်နော် မျက်ရည်တွေက ဘာလို့ကျနေပါလိမ့် ရယ်ရမှာနော်
အလွမ်းသယ်နေသော နှစ်ယောက်ကို ဖောင်လေးကတော့ အလိုက်တသိ ဟိုဘက်ကမ်းဆီရွေ့လျှက်။
At other side of the shore----
Mean: P' တို့လည်း မရောက်သေးဘူး ဒုက္ခပဲ ဟိုလူတွေတောင် ဒီဘက်ကမ်းကလှေတွေနဲ့ ဟိုဘက်ကမ်းကို ပြန်ကုန်ကြပြီ P' တို့များ တစ်ခုခုဖြစ် .. အာ မဟုတ်တာ P' တို့ ဘာမှမဖြစ်ဘူး မဖြစ်ရဘူး
အတွေးများစွာတို့ဖြင့် ကမ်းကိုသာမျှော်ကြည့်နေ၏။
Mean :ဟာ ဟိုမှာ ဟိုမှာ P' နဲ့ N'
တရွေ့ရွေ့လာနေသော ဖောင်လေးကိုကြည့်ရင်း ကလေးတစ်ယောက်နှယ် Mean အော်ဟစ်နေမိ၏
Mean: P' ... N' ...
Saint: ဘယ်လိုဖြစ်နေတာလဲ N'Mean
Mean :ကျွန်တော် P' တို့ကိုမျှော်နေတာဗျ
Perth : ကျေးဇူးပါ P'Mean
Mean: ကိစ္စမရှိဘူး လူတွေမြင်ရုံနဲ့ဝမ်းသာလှပါပြီဒါနဲ့ ဟိုဘက်ကမ်းဆီ ပြန်ကူးလို့မရတော့ဘူး သမ္ဗာန်တွေဖြုတ်ကုန်ပြီ ဟိုဘက်ခပ်လှမ်းလှမ်းမှာတော့ လူနေအိမ်တွေမြင်မိတယ် အကူအညီရမှာပဲ
Mean ပြောသလိုပါပင်။ နည်းနည်းထပ်လျှောက်မိတော့ အိမ်ခြေနှစ်ဆယ်ခန့်တွေ့ရပြီး အကျိုးအကြောင်းပြော ကာ အကူအညီတောင်းတော့ အိမ်တစ်အိမ်မှာ တစ်ညတည်းလိုက်ကြသည်။
YOU ARE READING
🖤 Love ❤️
FanfictionIntro ✍️ PinSon Company မှ အလွန်ကြည့်ကောင်းပြီးမိန်းကလေးဝန်ထမ်းများ၊ ယေက်ျားလေး ဝန်ထမ်းများ အကြားရေပန်းစားသူ၊ စိတ်ထားကောင်းပြီးကူညီတတ်သူ၊ သို့သော် အချစ်ဦး Derli သေဆုံးသွားတာကြောင့် နာကျင်ခံစားနေရသူ လူငယ် Manager လေး Saint❤️ အလွန်ရုပ်ချောသွက်လက်ပြီး...