<Z>
ဒီလိုနဲ့ တစ်ပါတ်ခန့်ရှိလာတော့ သူတို့လည်း တဖြည်းဖြည်း ရင်းနှီးလာလေသည်။
One morning of the next week------
Perth ရုံးကိုစရောက်လျှင်ရောက်ချင်းပဲ
Mean: ဒီနေ့တော့ ပင်ပန်းပြီ်ပဲ N'Perth ရေ မနက်ဖြန်မနက် LA က ရှယ်ယာရှင်က ဘန်ကောက်ကိုအလည်လာရင်း တိုးတက်မှုနှုန်းတွေ အမြတ်ငွေနှုန်းစာရင်းတွေဘာတွေကြည့်ချင်ပါတယ်တဲ့ အဲ့ဒါက အရေးသိပ်မကြီး သေးဘူး အားလုံးအဆင်သင့်။ ခုက နောက်ထပ်ရေသန့်စက်လုပ်ငန်းတိုးချဲ့ချင်လို့ အဲ့ဒီအတွက် project တစ်ခုလောက်တင်ပြနိုင်ရင်လည်း ကြည့်ချင်ပါတယ်တဲ့။ သူနှစ်သက်ရင် ရှယ်ယာများများမြှုပ်နှံဖို့လည်းရှိတယ်လေ။ခုလောလောဆယ်မှာလည်း ဥက္ကဋ္ဌကြီးတို့ထည့်ထားတာထက်တောင် သူ့ရှယ်ယာကများနေတာလေ။ အဲ့ဒီတော့ ဥက္ကဋ္ဌကြီးက မနက်ဖြန် ဘန်ကောက်ကိုရောက်လို့ company ကိုလာရင် project ပါတစ်ခါတည်းပြပါမယ်လို့ ဖုန်းကနေပြန်ကတိပေးလိုက်တယ်တဲ့။ ခုတော့ project အတွက် ကျွန်တော်တို့ပဲ ညလုံး ပေါက် dutyဆင်းဖို့ဖြစ်လာပြီပေါ့။ စိတ်ပိန်တယ်။😢
Perth : ဘယ်တတ်နိုင်မလဲ P'Mean ရယ် ဒီလိုဆိုတော့လည်း အလုပ်ဆင်းရတော့မှာပေါ့😔😔😔
Saint : တွေ့လား Mean ... Perth တောင် မငြင်းဘူး
Mean: တွေ့ဘူး အိမ်က ကျွန်တော့်ကို မျှော်နေတော့မှာပဲ(ပူရှာတာ အိမ်ကို 😂😂😂)
Perth နှင် Saint တို့ Mean ကိုကြည့်ပြီး ဘာရယ်မဟုတ် ပြုံးမိလိုက်ကြလေသည်။
Saint : အိမ်ကို ဖုန်းဆက်ပြောပေါ့ကွာ အိမ်ကြီးရေ ကျွန်တော်ပြန်မလာဖြစ်ဘူးလို့ 😋😏😏😏 (စေးစေးနောက်တာ ကိုတင်လှကြီးကို)
Mean: မသိတော့ဘူးဗျာ မပြန်ရမှာစိတ်တိုတယ်😞😓
ပြောရင်း Mean က computer ပေါ်တွင် pattern ဆွဲဖို့ အချက်အလက်တွေစုဆောင်းရန် ဆောင့်ဆောင့် အောင့်အောင့်အမူယာလေးဖြင့်ပြင်ဆင်လိုက်သည်။
Perth နှင့် Saint လည်း project အတွက် အလုပ်ရှုပ်နေကြလေသည်။ အချိန်တွေပင် ဘယ်လိုကုန်သွားမှန်း မသိ။
Mean: ဟာ 12:30 ပဲ တော်ပြီ။ ဂျာကြီးနဲ့ N'Perth ထမင်းစား ချိန်တောင်ကျော်နေပြီ သွားကြစို့ ။ ဗိုက်လည်း ဆာနေပြီ
Saint : အင်း ပြီးမှလာခဲ့မယ် ဒါလေးလက်စသတ်
သူ့ စကားမဆုံးသေး။ Mean က Saint ရဲ့ computerကို အတင်းဆွဲပိတ်လိုက်ပြီး
Mean: လာပါ အစာစားချိန်အရမ်းနောက်ကျနေမယ်
ပြောရင်း အတင်းဆွဲထူလိုက်တာမို့ Saint လည်း မနိုင်ဘူးဆိုသည့်ပုံစံလေးဖြင့်ခေါင်းလေးခါရင်း ထရပ်လိုက်သည်။ Perth ကတော့ သူတို့ကိုကြည့်ပြီးပြုံးရင်း။
Mean : ကဲ N'Perth လည်းထ ထမင်းစားရအောင်
Perth လည်းခေါင်းလေးငြိမ့်ပြပြီး computerလေးကို ပိတ်ခဲ့ပြီး သူတို့နှင့်အတူထထွက်ခဲ့ကြလေသည်။
At dining room ----------
Mean : ကဲ ဘာစားမလဲ(ဒီစားသောက်ဆိုင်က companyက ၀န်ထမ်းတွေအတွက် အထူးဖွင့်ပေးထားတာဖြစ်ပြီး စားစရာအားလုံးရသည်။)
Perth: ခေါက်ဆွဲပြုတ်🍜 ပုဇွန်ထုတ်ကြော်နဲ့🍤 ထမင်းလိပ်ပေးပါ ပြီးတော့ Green Tea (ပုဇွန်ကြိုက်တဲ့ သနပ်ပွန်)
Mean: N'Perth အချိန်ပိုဆင်းရမှာမို့စိတ်ညစ်သွားပုံပဲ ဘာမှမစားတော့ဘူးချည်းလုပ်နေတာ😂(ဟုတ်မှာ😝)
Saint : သူအစားသောက်တွေပျက်နေပုံပဲ😝
(၀ိုင်းစနေကြတာ ကျားဇိုးလေးကို😂)
Perth: ဟာ ကျွန်တော့်ကို ၀ိုင်းစနေကြတာလား 😔😔😔
Saint : ကဲပါ ဒါနဲ့ Perth ခုအားတုန်းအိမ်ကိုလှမ်းပြောထားလိုက်ဦးလေ ခုညdutyရှိတယ်လို့
Perth: ဟုတ် ပြောထားလိုက်မယ်
🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃
About 11PM at PinSon company --------
company တစ်ခုလုံး မီးတွေထိန်ထိန်လင်းနေသည်။ ၀န်ထမ်းအချို့ကပြန်သွားကြလေပြီ။ night dutyကျသည့် ၀န်ထမ်းအချို့နှင့် Saint တို့သာ ကျန်တော့သည်။ Saint တို့ရုံးခန်းတွင် Perth, Saint တို့အပြင် Mean ကပါ သူ့အလုပ်စားပွဲလေးကိုရွှေ့ပြီး projectအတွက် တိုင်ပင်ရင်းရေးဆွဲ နေကြလေသည်။ ထိုစဉ် ရုတ်တရက် fuse ပျက်သွားပြီး companyတစ်ခုလုံး မှောင်ကျသွားသည်။ အနားမှာကလည်း ဓာတ်မီး၊ မီးခြစ်စသည်မရှိ။ လကွယ်ရက်မို့ ဖိုးလမင်းကလည်းမသာ။ သတ္တိခဲလေးဖြစ်သော်လည်း ညကြီးမှောင်မည်းမည်းမို့ Perth အတော်လေးကြောက်သွားပြီး ဒူးပင်တုန်လာလေသည်။ ထိုစဉ် သူ့ခြေထောက်နားသို့ တိုးလာနေသော အကောင်တစ်ကောင်။ မီးလင်းနေလျှင်သိပ်ကြောက်မည်မဟုတ်သော်လည်း မမြင်ရသောထိုအကောင်ကိုကြောက်နေမိသည်။အော်လည်း မအော်ရဲ။ မြွေဖြစ်နေလျှင် အော်လိုက်မှပေါက်လိုက် လျှင်ဒုက္ခ။(ကြံဖန်တွေးပူတတ်တဲ့ မားသားငယ် လေး မားနဲ့တူလို့ထင်တယ် ကြောက်တတ်တာ) ထိုအကောင်ကိုcomputerအလင်းဖြင့် ကြည့်ဖို့လည်းမလွယ်တာမို့ Perth ကိုယ်လေးမှာ တဆက်ဆက်တုန်ယင်နေလေသည်။ တစ်ဘက်၌---
Saint : အာ ဒုက္ခပါပဲ အရေးထဲ fuse ပျက်သွားပြီထင်တယ် ဖုန်းဘယ်မှာလဲ
သူဖုန်းကိုလိုက်စမ်းရင်း တဆက်ဆက်တုန်နေသော အေးစက်နေသည့် Perth လက်ကလေးများကို အမှတ်မထင် စမ်းမိလေသည်။
Saint : Perth လား Perth ကြောက်နေတာလား
Perth: ဘယ် ဘယ်သူလဲ ဂျာ ဂျာကြီးလား (အသံကခပ်အုပ်အုပ်နှင့် တုန်ရီလျှက်😨😨😨)
Saint : ဟုတ်တယ် ကိုယ် Saint ပါ မီးခဏပြတ်တာပါ မကြောက်ပါနဲ့
Perth: ဟို ... ဟို ... မဟုတ်ဘူး ခြေထောက်နားမှာ
Saint : အော် ခြေထောက်နာတာငိုစရာလား
(ကပ်သီးကပ်သပ်နားကြားလွဲတတ်ပါသော စေးစေး😂)
Perth : ခြေထောက်နာတာမဟုတ်ဘူး ခြေထောက်နားမှာ အကောင်ကြီး ဟင့် ဟင့် 😢😥😥😰
Saint : မကြောက်ပါနဲ့ အန္တရာယ်မပြု လောက်ပါဘူး ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး
Saint ၀န်ထမ်းကို fuse လဲဖို့ဖုန်းဆက်မည့်အတွေးပင်ဘယ်ရောက်သွားသည်မသိ။ တဆက်ဆက် တုန်နေသည့် Perth လက်ကလေးတွေကို မကြောက်နှင့်ဟူသောသဘောဖြင့် ဆုပ်ကိုင်ဖျစ်ညှစ်လျှက်။ Perth လည်း သူ ရောက်လာတော့ နည်းနည်းအားရှိပြီး အကြောက်ပြေသွားပုံရပါသည်။ လက်မတုန်တော့။
ထိုစဉ်ရုတ်တရက်မီးပြန်လာလေသည်။ သူလည်း Perth ခြေထောက်ပေါ်က အကောင်ဆိုတာကိုကြည့်တော့ လားလား အခြားဟုတ်ရိုးလား။ ချစ်စရာအလွန်ကောင်းသော ကြောင်ဖြူဖြူစွပ်စွပ်လေးတစ်ကောင်😂။
Saint : ဘာမှမဟုတ်ဘူး ကြောင်လေးပါ
Perth လည်း ထိုအခါမှ ကြောင်လေးကိုကောက်ချီလိုက်ပြီးရယ်နေလေသည်။
Perth : သူလည်းကြောက်လို့ထင်တယ်
Saint : ဟုတ်မှာ ဒါနဲ့ အရင်က ဒီမှာကြောင်မရှိပါဘူး ဘယ်ကဘယ်လိုရောက်နေပါလိမ့်
Perth : ကြွက်ခုပ်ရင်းရောက်လာတာနေမှာ မီးကရုတ်တရက်ပျက်သွားတော့ လာမိလာရာ ညီ့ခြေထောက်နား လာတိုးတာနေမှာ သနားစရာလေး
Saint :ဟုတ်မယ် ဒါနဲ့ Mean အသံမကြားပါလား
Perth : ဟိုမှာ 👉👉👉
Perth ညွှန်ပြရာ👉ကြည့်လိုက်တော့ လက်စသတ်တော့ ဒင်းကအိပ်ပျော်နေတာကိုး 😴😴😴 မီးပြတ်သွားတာပင်သိဟန်မတူ။ အတော်အိပ်ပျော်နေပုံပင်။
Saint : Mean ထထ ထေတာ့ Mean
ထိုအခါမှ အိပ်မှုန်စုံဖွားဖြင့် Mean နိုးလာပြီး
Mean : sorry ကျွန်တော်အိပ်ပျော်သွားတယ်
Saint : အိပ်ချိန်ပဲဟာ အိပ်ချင်တာအပြစ်မဟုတ်ပါဘူး ခုတော့အလုပ်ြပီးအောင်ကြိုးစားလိုက်ဦး မနက်ကျ ဥက္ကဋ္ဌကြီးကို မင်းအတွက်နားရက်ပေးဖို့ ပြောပေးမယ် မနက်ကျအိမ်ပြန်ြပီးနားလိုက်ပေါ့ ခုcoffeeဖျော်ပေးမယ် သောက်ပြီးကြိုးစားလိုက်
Mean : Yes ဂျာကြီးကိုချစ်လိုက်တာ
ပြောပြောဆိုဆို သုးံယောက်စာ coffee ကို ဖျော်ပြီး လာပေးသော coffee ကိုသောက်ကြည့်ရင်း
Perth : ဂျာကြီးက coffee ကောင်းကောင်းဖျော် တတ်တာပဲ ကျွမ်းကျင်ပုံပဲ အရသာလည်းရှိတယ်
Saint : အင်း သူသင်ပေးထားတာလေ သူက Coffee သိပ်ကြိုက်တာ
လွှတ်ကနဲပြောလိုက်ပြီးမှရပ်လိုက်ရသည်။
Mean : သူကဘယ်သူလဲ ဂျာကြီး ချစ်သူလား
သူခေါင်းညိမ့်ပြလိုက်တော့ Perth စိတ်ထဲမှ အလိုလိုနေရင်း ထိုမိန်းကလေးကိုအူတိုနေမိသည်။ ဟင် ... ဘာ ဆိုင်လို့လဲ ဘာကြောင့် မိန်းကလေးတစ်ယောက်ကို မသိတော့ဘူးကွာ ခေါင်းကိုအသာခါရမ်းလိုက်သည်။
Mean : ဂျာကြီး ဆီလဲ တစ်ခါမှမလာဖူးပါလား
Saint : သူဆုံးပြီ
Mean :တောင်းပန်ပါတယ် ကျွန်တော့တကယ်မသိလို့
Saint :ရပါတယ် သူဆုံးတာ တကယ်တော့ လွန်ခဲ့တဲ့တစ်ပါတ်က နှစ်နှစ်ပြည့်ပြီလေ
ဒီလိုဆိုတော့လည်း Perth စိတ်ထဲတကယ်မကောင်း စောနကစိတ်ထဲက အူတိုမိတဲ့မိန်းကလေးကို ပြန်တောင်းပန်နေမိသည်။
Mean : ဟိုတစ်နေ့က ဂျာကြီး ရုံးစောစောဆင်းတဲ့နေ့လား
Saint : အင်း ဟုတ်တယ်
Mean : အဲ့ဒီနေ့က မှတ်မှတ်ရရ N'Perth အလုပ်စဆင်းတဲ့နေ့
Saint : အင်း
ထိုစဉ်ဝန်ထမ်းတစ်ဦးဝင်လာပြီး ဂျာကြီးတို့ အဆင်ပြေ ရဲ့လား project file တွေမပျောက်ပါဘူးနော်
Saint : မပျောက်ပါဘူး fuse လဲတာကြာလိုက်တာ
Staff : အရေးထဲ အသင့်ဝယ်ထားတဲ့fuseက အသိမ်းလွန်နေလို့ ပြန်ရှာနေရလို့ပါဂျာကြီး
Saint : ဟုတ်ပြီ သွားလို့ရပါပြီ
ESTÁS LEYENDO
🖤 Love ❤️
FanficIntro ✍️ PinSon Company မှ အလွန်ကြည့်ကောင်းပြီးမိန်းကလေးဝန်ထမ်းများ၊ ယေက်ျားလေး ဝန်ထမ်းများ အကြားရေပန်းစားသူ၊ စိတ်ထားကောင်းပြီးကူညီတတ်သူ၊ သို့သော် အချစ်ဦး Derli သေဆုံးသွားတာကြောင့် နာကျင်ခံစားနေရသူ လူငယ် Manager လေး Saint❤️ အလွန်ရုပ်ချောသွက်လက်ပြီး...