Part 5

152 17 0
                                    

<Z>
Part -5
chairman : ဒါဆို ဒီ projectအကောင်အထည်ဖော်ဖို့အတွက် Manager Saint နဲ့ Assistant Manager Perth တို့ပဲ ဦးဆောင်ပြီး ပြီးဆုံးအောင်ဆက်ဆောင်ရွက်ပေးကြပေါ့ ဟုတ်လား
Saint : ဟုတ်ကဲ့ စိတ်ချပါ
chairman : ကဲ ဒါဆို project စတင်ဖြစ်တဲ့အထိမ်းမှတ်အနေနဲ့ ခုည6:30မှာစားပွဲတစ်ပွဲနဲ့ဧည့်ခံမယ် ဟုတ်လား မင်းတို့ကြိုက်တဲ့ restaurant ကိုသာရွေးထားလိုက်
Saint : ဟုတ်ကဲ့ ဥက္ကဋ္ဌကြီး
Perth : P'Mean ကိုပါလှမ်းပြောကြမလား
Saint : ဒါ အကောင်းဆုံးအကြံအစည်ပဲ
Perth : hello P'Mean လား
Mean : hello N'Perth လား ဘာလဲ ဥက္ကဋ္ဌကြီးက ဘာလိုလို့တဲ့လဲဟင် မနက်ဖြန်မှလာခဲ့မယ် ခုနေ့သိပ်မကောင်းလို့ ဒါပဲနော် ဖုန်းချလိုက်တော့မယ်
သူ့ကို အလုပ်တစ်ခုခုလိုနေသေးလို့ လှမ်းဆက်သည်ထင်ပြီး အကြောက်အကန်ငြင်းနေတာမို့ Perth ရယ်ရင်း
Perth : နေပါဦး P'Mean ကနေမကောင်းဘူးပေါ့
Mean : အင်း ခေါင်းနည်းနည်းကိုက် အ အာ
Perth အသံမထွက်အောင် ကြိတ်ရယ်ရင်းမှ
Perth : ဒါဆိုလည်း ဘယ်တတ်နိုင်မလဲ ခုည 6:30 မှာ ဥက္ကဋ္ဌကြီးက စားပွဲလုပ်ပေးမလို့တဲ့ နေမှမကောင်းတော့ လည်း ဘယ်တတ်နိုင်မလဲလေ နော်
Mean : အော် ... ဟုတ်လား အဲ့လိုဆိုတော့လည်း ငြင်းရမှာလည်း အားနာစရာကြီး😁 ပြီးတော့ ခံတွင်းနည်းနည်း ပျက်နေလို့ hotelကတောင် ဟင်းဝယ်စားမလို့ဖိတ်တယ်ဆိုတော့လည်း လာပေးမှပေါ့လေ နော်
(ဟုတ်ပ အားနာစရာကြီး ကိုတင်လှရယ်😛😝😜)
Perth : ဟို ခေါင်းကိုက်နေရင်လည်း----
Mean : အာ သက်သာသွားပြီ (မြန်လိုက်တာ😂) ရတယ် ဘယ် restaurant လဲသာပြော
Perth : အဲ့ဒါမရွေးရသေးဘူး P' ရဲ့ ပြင်သာထား အစ်ကို ကလာခေါ်လိမ့်မယ်
Mean : ဟာ N'Perth ဂျာကြီးကနေ ဘယ်တုန်းက အစ်ကို ဖြစ်သွားတာတုန်း ငါတောင်မသိလိုက်😂
Perth : ဟို ... ဟို ... အဲ့ဒါက ဒီအတိုင်းပဲ
Perth ပြောရင်း ဘေးကိုမလုံမလဲလေးကြည့်မိတော့ တော်သေးလို့ Saint က အနားမှာမရှိ။ သက်ပြင်း တိုးတိုးလေးချရင်း Perth မျက်နှာလေးကပြုံးလို့ပါ။
ထိုစဉ် ဖုန်းဝင်လာတာကြောင့် လန့်သွားကာ ရင်ဘက်ကလေးကို လက်ဖြင့်ဖိမိပြီးမှ ဖုန်းကိုင်လိုက်လေသည်။
Perth :hello dady
Perth Dady : အင်း ... ဒီနေ့ ငါ့သားလေးက project အကြီးကြီးကို သေချာတင်ပြနိုင်ခဲ့တယ်ဆို
Perth ဘေးဘီကိုကြည့်ရင်းမှ ဟုတ် Dady ဥက္ကဋ္ဌ အဲ ... လေးလေးပြောပြတာလား
Perth Dady : ဟုတ်တယ် ... သူကတော့ သားကို သိပ်ချီကျူးနေပါလား သားကတားလို့တဲ့။ ကြွားချင်တာ ပါးစပ်ကို ယားနေတာပဲတဲ့ အဲ့တော့ Dady ကိုပဲပြန်ကြွားတာ
Perth :ကျွတ် လေးလေးကတော့လုပ်မယ်
သူပြောနေတုန်း တစ်ယောက်ယောက်ကြားသွားသိသွားရင် မခက်လား တကယ်ပါပဲ 😕😕😏
😕What is Perth true life?😕--------------
အမှန်တော့ Perth သည် PinSon Company ဥက္ကဋ္ဌကြီး၏ တူအရင်းဖြစ်လေသည်။ ဥက္ကဋ္ဌကြီးမှာ Perth Dady ၏ တစ်ဦးတည်းသောညီလူပျိုကြီးဖြစ်ပြီး Perth တို့နှင့်တော့ အိမ်ခွဲနေသည်။ ယခုcompany က Perth Dady နှင့် ဦးလေးစပ်တူပိုင်သောကုမ္ပဏီပင်။ ဦးလေးဖြစ်သူက လူပျိုကြီးမို့ ဒီကုမ္ပဏီကို ဆက်ခံဖို့က Dady ၏ တစ်ဦးတည်းသောသားလေး Perth သာရှိလေသည်။ Perth ကတော့ ကုမ္ပဏီအလုပ်တွေကို ၀ါသနာမပါဘဲ tutor တစ်ဦးသာဖြစ်ချင်လေသည်။ စာရေးဆရာတစ်ဦးလည်းဖြစ်လိုခဲ့လေသည်။ သို့သော်တစ်ဦးတည်းသော သား အလိမ္မာတို့၏သွားရာလမ်းအတိုင်း ဖခင်နှင့် လေးလေးဖြစ်သူစီစဉ်သည့်အတိုင်း စီးပွားရေးတက္ကသိုလ်တွင် စီးပွားရေးမဟာဘွဲ့နှင့် ကျောင်းပြီးခဲ့သည်။ ထို့နောက် သူတို့ဆန္ဒအတိုင်း PinSon companyတွင် အလုပ်ဝင်ရန်သဘောတူခဲ့ရသည်။ သို့သော် မိမိဝါသနာကိုပိတ်သည့် Dady နှင့် Uncle ကို နည်းနည်းလေးပညာပြချင်သေးသည်ဖြစ်ရာ အကယ်၍ company တွင်အလုပ်ဝင်စေလိုပါက ဥက္ကဋ္ဌ တူဟု မည်သည်တစ်ဦးတစ်ယောက်အားမျှမပြောရန်နှင့် အကယ်၍ပြောခဲ့သည်ရှိသော် နောက်နေ့အလုပ်ထွက်မည်ဖြစ်ကြောင်းနှင့် ဘန်ကောက်မှ ပင် ထွက်သွားမည်ဟု ခြောက်ထားသည်။ ထို့ပြင် အလုပ်ဝင်ရာ၌လည်း အခြားသူများနည်းတူ company လစ်လပ်သည့်နေရာတွင်ခေါ်သောအခါမှသာ အခြားသူများနည်းတူ အစစ်ဆေးခံပြီး အလုပ်ခန့်သောအဖြစ်ဖြင့်သာ ၀င်မည်ဖြစ်ကြောင်းနှင့် အလုပ်ခန့်ရာတွင် လုံးဝအကူညီမပေးရန်၊ အကယ်၍ အကူအညီအနည်းငယ်ပင်ပေးစေ ကာမူ အလုပ်မ၀င်နိုင်ကြောင်း ယတိပြတ်ပြောခဲ့လေ၏ ဦးလေးနှင့်အဖေဖြစ်သူတို့မှာ ငယ်စဉ်ကပင် မိတဆိုး တစ်ဦးတည်းသော သား၊ တစ်ဦးတည်းသော တူဖြစ် လေရာ အလုပ်ဝင်မည်ဆိုရုံမျှဖြင့်ပင် ကျေကျေနပ်နပ်ပင် Perth စကားအတိုင်းကတိပြုရလေသည်။ ကတိကိုလည်း မဖောက်ဝံ့ကျလေ။ ယခု Assistant Manager ရာထူးသည်ပင် ထိုသို့ပြောပြီး ခြောက်လခွဲရှိမှ ရာထူးပိုင်ရှင်က Singapore သို့ ပညာတော်သင်သွားရ၍ လပ်သဖြင့် လျှောက်ကြည့်ရာရခြင်းပါ။
(သနပ်ပွန်တို့ အာဏာပြင်းချက်က9+++++😋)
🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃
At 6:30PM in R restaurant -----
Chairman: ကဲ ကဲ အားလုံးကိုယ်ကြိုက်တဲ့ ဟင်းလျာကိုမှာနိုင်တယ် သို့သော် မိန်းကလေးဝန်ထမ်းတွေရော ပါတာမို့ အရက်သောက်ဖို့တားတယ် ဟုတ်ပြီနော်
All: ဟုတ်ကဲ့ chairman
ဥက္ကဋ္ဌကြီးက ၀န်ထမ်းအားလုံးကို ပြောဆိုမှာထားပြီး Saint တို့သုံးယောက်ကိုမူ အထူးခန်းတွင် အထူး တလည်ကျွေးမွေးလေသည်။ ထမင်းစားရန်ပြင်စဉ်----
chairman📱: hello အော် ဟုတ်လား ကောင်းပါပြီ အခုလာခဲ့ပေးပါ့မယ် စိတ်ချပါ
ဖုန်းချလိုက်ပြီး သူတို့ဘက်သို့လှည့်လျှက်---
chairman: အားနာတယ်ဗျာ smile company ဥက္ကဋ္ဌ accident ဖြစ်လို့တဲ့ သိပ်တော့မထိခိုက်ပါဘူးတဲ့ ဘာပဲ ဖြစ်ဖြစ် အရမ်းခင်ကြတော့ ခုသွားမေးမှဖြစ်မယ် အေးအေးဆေးဆေးပဲ စားသောက်လိုက်ကြပါ ကျွန်တော်တော့  သွားလိုက်ဦးမယ်ဗျို့
Saint : ဟုတ်ကဲ့ ရပါတယ်ဗျ
Mean: စိတ်အေးအေးထားသွားပါ ဥက္ကဋ္ဌကြီး
မကြာမီ ဟင်းလျာများရောက်လာပြီး သူတို့အတူတူ စားသောက်လိုက်ကြသည်။ ထိုစဉ် Saint 📱 မှ Alarm တစ်ချက်မြည်လာတာမို့ သူတစ်ချက်လှမ်းကြည့် လိုက်လေသည်။ alarmကိုကြည့်ပြီးသည်နှင့်တစ်ပြိုင်နက် သူ့ မျက်နှာသိသိသာသာညှိုးကျသွားသည်ကို သတိထားလိုက်မိသည်။ ပြီးတော့မှ ဟန်မပျက်ဆက်စားနေပြီး သူတို့ အားလုံးစားပြီးသွားချိန်တွင်
Saint : ကိစ္စလေးရှိလို့ အရင်ပြန်နှင့်ပါမယ်
Mean : ဂျာကြီးကလည်း အစောကြီး
သူပြောသည်ကို Saint မကြားတော့။ restaurant အပြင်သို့သာ ခြေလှမ်းကြဲများဖြင့် ထွက်ခွာသွားလေ၏။
Mean : ဂျာကြီးက တစ်မျိုးကြီးပဲ ဘာဖြစ်တာပါလိမ့်
Perth : ဟုတ်တယ် N' လည်း အဲ့လိုပဲထင်တယ်
Mean :လိုက်သွားကြည့်ရင်ကောင်းမလား
Perth : အဲ့ဒါကောင်းတယ် let go!
သူတို့ အလျင်အမြန်ထပြီး Saint ကားနောက်သို့ မသိမသာလိုက်သွားကြလေသည်။ bar တစ်နေရာသို့ရောက်သောအခါ Saint ကားရပ်လိုက်သည် မို့ သူတို့ပါရပ်လိုက်ရင်း----
Mean : ဘာလဲ ဂျာကြီးကအရက်သောက်မလို့လား ဘယ်တုန်းကမှ အရက်မသောက်တဲ့သူကများ
Perth : ဟုတ်လောက်မလားမသိဘူး
ဆိုင်ရှေ့မှန်မှတစ်ဆင့် Saint ကို အပြင်ကလှမ်းမြင်နေရသည်။ တကယ်ပင် အရက်တစ်လံုးမှာလိုက်ပြီး သောက်နေသည်ကို အထင်းသားတွေ့နေရသည်။ တစ်ခွက်ပြီးတစ်ခွက်မော့သောက်နေသည်မှာ မြန်လိုက်သည့်ဖြစ်ခြင်း။
Mean : မဖြစ်တော့ဘူး အတော်မူးနေရင်ဒုက္ခ P' လိုက်သွားလိုက်မယ် N'Perth ပြန်တော့
Perth : ဟုတ် အာ့ဆို ကျွန်တော်ပြန်ပြီ
Perth ကားတံခါးကိုဖွင့်လိုက်ပြီးမှ အတွေးထဲ P'Mean သည် အစ်ကို့ကို တွဲခေါ်နိုင်မည်မဟုတ်၊ ထို့ပြင် တစ်ခါမှအရက်မသောက်ဖူးသော အစ်ကိုက အဘယ့်ကြောင့် အရက်လာသောက်ပါသနည်း ဖုန်းမှ Alarm ကား မည် သည်နည်းဟု သိချင်လာသည်။ သို့သော် သိလည်းသိလိုသည်။ ၀င်လည်းမ၀င်ရဲ။ အချိန်အတော်ကြာကြာ တွေတွေလေးရပ်ရင်း စဉ်းစားနေရာမှ အကြံတစ်ခုရလာပြီး အနားရှိ shopping centre တစ်ခုသို့ဝင်ရောက်သွားလေသည်။ ၁၀မိနစ်ခန့်ကြာသောအခါ bar ရှိ Saint တို့ထိုင်နေသောဝိုင်းသို့ သူဌေးသားခပ်လန်းလန်းစတိုင်ဖြင့် ကောင်လေးတစ်ဦးဝင်လာပြီး Mean ဘေး၌၀င်ထိုင်လိုက်သည်။ Saint ကား အတော်ပင်မူးနေလေပြီ Mean မှာ အကြံအိုက်နေဟန်ဖြင့် ခေါင်းသာတွင်တွင်ယမ်းရင်း အကူအညီရှာနေဟန်ရှိလေသည်။ သူ့ဘေးတွင်လာထိုင်သောသူငယ်ကို အမှတ်မထင် Mean လှည့်ကြည့်လိုက်သောအခါ သူငယ်ကမျက်မှန်ချွတ်လျှက်လျှာ ထုတ်ပြီးရယ်ပြလိုက်လေသည်။
Mean : ဟာ N'Perth
Perth: ရှူး တိုးတိုး အတော်မူးနေပြီပဲ လာ သူ့ကိုတွဲပြီး ကားပေါ်တင် အိမ်ပြန်ပို့ရအောင်
Mean: အေးအေး
သူတို့နှစ်ယောက် မနိုင်မနင်းဖြင့်ကားပေါ်တွဲတင်ပြီး
Perth: အစ်ကို့ အိမ်ကိုသိတယ်မဟုတ်လား P' မောင်း တကယ်ပဲ တားဖို့လိုက်သွားပေလို့သာပေါ့
Mean : အာ အဲ့ဒီလိုမပြောနဲ့လေ ငါရောက်ကတည်းက မနည်းမူးနေပြီ သောက်နေမကျတဲ့ထုံးစံအတိုင်း သုံး ခွက်လောက်နဲ့အတော်မူးနေပြီ ငါမှန်းတော့မှတ်မိတယ် ငါတားတာလည်း ဘယ်လိုမှတားမရဘူး.
Perth: သိတယ် သိနေတယ်လေ (ရယ်ကြဲကြဲဖြင့်)
Mean : P' လည်း တားမရလို့ကြည့်နေရင်းက နောက်နှစ်ခွက်လည်းသောက်ပြီးရော မှောက်ရောဟေ့ အဲ့ဒါနဲ့  N'Plan ဆီဖုန်းဆက်မလို့ သူ့ဖုန်းကိုလှမ်းယူတော့ lockချထားပြန်ရော င့ါမှာ N'Plan ဖုန်းနံပါတ်လည်းမရှိ၊ ငါ့ သူငယ်ချင်း တွေကလည်း ဘန်ကောက်မှာမဟုတ်၊ ၀န်ထမ်း တစ်ချို့ ph noရှိပေမယ့် သူတို့ကျတော့လည်း ဂျာကြီး နာမည်ကရှိသေးတယ်လေ
Perth: တယ် လိမ္မာပေတဲ့ညီလေးပဲ
Mean :အဲ့လို မပြောပါနဲ့ N'Plan အိမ်ကိုသွားမလို့ပဲ P' ကားကိုစီးပြီးသွားလို့ရတယ်
Perth : P'Mean မှာ ကားမောင်းလိုင်စင်မပါဘူးဆိုပါတော့ ကားလမ်းမရောက်ဖို့ကလည်း အဝေးကြီး လမ်း လျှောက်ရမှာ P'Saint ကိုထားခဲ့ဖို့လည်း သိပ်စိတ်မချဘူးဆိုပါတော့
Mean : အင်း N'Perth ဘယ်လိုသိ
Perth: ပညာရှိ တွေးကြည့်ရင်ပြေးကြည့်တာထက် သိနိုင်ပါတယ်လေ
Mean:အမလေးနော် 😕

🖤 Love ❤️Where stories live. Discover now