<Z>
Part -6
Perth : ထားပါလေ ဒါနဲ့ အစ်ကိုက ဘာလို့ဒီလောက်သောက်နေတာလဲ😏
Mean : မပြောတတ်ဘူး ဒါနဲ့ ဟိုဆုံးသွားတယ်ဆိုတဲ့ ဂျာကြီးချစ်သူနဲ့ ပတ်သတ်နေတယ်ထင်တာပဲ😔
Perth : P'Mean က ဘယ်လိုသိ😌
Mean : Derli ... Derli နဲ့ပြောနေတာကို
Perth : ဆုံးတဲ့နေ့လည်းမဟုတ်ဘူး ဘာပါလိမ့်😌
ပြောရင်းဆိုရင်း ခေတ်မီလှပတဲ့အိမ်လေးရှေ့မှာ Mean က ကားလေးကိုရပ်လိုက်တော့ Plan ထွက်လာပြီး လာတွဲလေသည်။ ငြင်းပေမယ့် Perth ကိုပါ ခေါ်နေတာမို့ သူပါလိုက်သွားရလေသည်။ Saint ကို အိပ်ခန်းထဲတွဲခေါ်သွားပြီး အပြင်ရောက်တော့
Plan : ကျွန်တော်ထင်တယ် ဖုန်းဆက်မလို့ကို ကျွန်တော့်ဖုန်းက battery ကုန်သွားလို့ အိမ်ဖုန်းတွေကလည်း လိုင်းဖြတ်ထားတယ် အဲ့ဒါကြောင့်
Mean: ဆိုင်မှာ P'ကိုတွေ့လို့ခေါ်လာတာ
Plan : ကျေးဇူးပါ P'
Mean : ရပါတယ်ကွာ
Plan : ဟိုလေ ခဏလေးထိုင်ပါဦး ကျွန်တော် အအေးဖျော်ပေးမယ် ဒါမှမဟုတ် coffee သောက်မလား
Perth: နေပါတော့ ဟို N'Plan ပြန်ကြတော့မှာ
Plan:မဟုတ်ပါဘူး ခဏမှခဏလေးစောင့်ပါ မပြန်ပါနဲ့ဦး တကယ်ခဏလေး
Mean: ကဲပါ N'Perth ရယ် ခဏနေလိုက်ပါ
Plan လည်း မီးဖိုဆောင်ဘက်ထွက်သွားပြီး
Plan: ဟာ Earth လာ လာ လာကြည့်
Earth : ဘာလဲ P' အရမ်းမူးနေလား ဒီမှာ ဟင်းချိုအိုးမကျက်သေးဘူးကွ
Plan: အဲ့ဒါအသာထားပါ ငါပြမယ် ဒီနားလေးခဏလာ မင်းတိတ်တိတ်နေနော် ကြားလား
Earth: ဘာလဲကွာ ရှုပ်ရှုပ်ရှက်ရှက်
Plan: လာ လာကြည့်ပါ
Earth သူပြရာကို သွားကြည့်လိုက်တော့
Earth: Derli P'Derli
Earth ပြောရင်း အံ့အားသင့်ပြီးမျက်လုံးတွေပြူးနေသည်။
Plan: ရှုး တိုးတိုး ကြားသွားမယ် အဲ့ဒါ မင်း P'Derli မဟုတ်ဘူးကွ ဟိုက ယောက်ျားလေး နာမည်က P'Perth တဲ့
Earth : တ တကယ်ကြီးလား P'Derli နဲ့ တူ တူလိုက်တာ
Plan :အေးပါကွာ ငါနားလည်ပါတယ် မင်းအစ်မအရင်းကြီးပဲကို ငါတို့တောင်သတိရသေးတာ😢
Earth: P'Derli ကို လွမ်း လွမ်းလိုက်တာ😢😭
Plan:မျက်နှာကိုပြင်လိုက် သွား သူတို့နဲ့ခဏစကားသွားပြောကြည့် အလွမ်းပြေပေါ့
Earth : ငါသွားရမလား😔
Plan : omm သွားကြည့်😥
Earth တရွေ့ရွေ့နဲ့ထွက်သွားတော့ Plan လည်း ကော်ဖီကိုအမြန်ဖျော်ပြီးထွက်သွားလိုက်သည်။
Earth သူတို့ဆီသွားတာ အဆင်ပြေပါ့မလားမသိ။ တော်သေးလို့ သူရောက်သွားတော့ အဆင်ပြေပြေ စကားတွေဘာတွေ ပြုံးပြုံးရွှင်ရွှင်ပြောလို့ပါ။ ဒီအခါမှသူလည်း စိတ်အေးရလေတော့သည်။ တကယ်တော့ Earth က Saint ၏ အရင်ကချစ်သူ Derli ရဲ့မောင်အရင်းပါ။ သူ့အစ်မ Derli နှင့် သူ့ P' မချစ်ခင်ကတည်းက Plan နှင့် Earth က ငယ်သူငယ်ချင်းတွေမို့ အတော်ခင်ကြပါသည်။ Earth က သူ့အစ်မ Derli ဆုံးတော့ နိုင်ငံခြားကိုထွက်သွားခဲ့သည်။ သူ့ Papa နှင့်အတူပြန်လိုက်သွားခြင်းပါ။ အရင်က ဒီမှာ မောင်နှမနှစ်ယောက်နေခဲ့ပေမယ့် အစ်မဆုံးသွားတော့ ဒီနိုင်ငံမှာဆွေမျိုးမရှိလို့ သူ့ Papaက နိုင်ငံခြားကိုအပြီးခေါ်သွားခဲ့သည်ပါ။ (Earthတို့ Mommy က ဆုံးသွားသည်မှာကြာပြီ။ သူတို့ Papa က နိုင်ငံခြားမှာ သံအမတ်ပါ။) ခုက သူ့အစ်မရဲ့မွေးနေ့မို့ သူ့ Papa ကို ခွင့်တောင်းပြီး ဘန်ကောက်သို့ ဒီနေ့အမီပြန်လာခဲ့ခြင်းပင်။ သူအတွေးတွေလွန်နေသည်ထင်သည်။
Mean: Plan လေး ဘာတွေငေးနေတာလဲကွ
Plan: aww ဟို ဟို P'
Mean : aww P' မူးနေလို့ စိတ်ပူနေတာလား အင်းလေ တစ်ခါမှလည်း မသောက်ဖူးဘဲနဲ့များ
Plan :ဟို ဒါက ဒီလိုရှိတယ်လေ ဒီနေ့က P' ရဲ့ ဆုံးသွားတဲ့ချစ်သူမွေးနေ့လေ😢😢
Mean: aww ဒီလိုလား P' ကလဲ အကြောင်းမရှိ အကြောင်းရှာပြီးသောက်တော့တာကိုး
Plan: ဟို အဲဒီလို မဟုတ်ဘူး တကယ်တော့ P'Derli က သူ့မွေးနေ့မတိုင်မီ တစ်ပတ်အလိုမှာ ဆုံးသွားခဲ့တာလေ မွေးနေ့ကျပေးဖို့ဆိုပြီး သူတို့အတူ ရင်ထိုးလေးဝယ်ခဲ့ကြတာလေ အဲ့ဒါလေးကို P'Derli ကသိပ်သဘောကျတာ တဲ့ မွေးနေ့ကျရင်ထိုးလေးကိုတပ်မယ်ဆိုပြီးတောင်ပြောနေတာတဲ့ ဒါပေမယ့် အဲ့'Dနေ့ပဲ သူဆုံးသွားတာလေ
Perth : aww အဲ့ဒီလိုတွေဖြစ်ခဲ့တာကိုး
Plan : ဟုတ်တယ် P'
Mean :အင်း စိတ်မကောင်းစရာပါပဲ ဒါနဲ့ P' တို့ပြန်ပြီ
Perth : ဟုတ်တယ် P' လဲပြန်ပြီ bye bye
Mean : bye P' တို့
Earth: မကြာခဏလာခဲ့ပါ P'Perth
Mean : P' ကျ မခေါ်ဘူးလားကွ
Earth: ခေါ်ပါတယ် P' လည်းလာခဲ့ပါ
Perth တို့ပြန်သွားပြီးနောက်-----
Plan: Earth ပျော်သွားပုံပဲ ပြုံးနေတာပဲရုပ်က
Earth: omm ငါ့အစ်မကိုတွေ့နေရသလိုပဲ တစ်ခုပဲ မမ၀တ်နေကျဦးထုတ်ကလေးနဲ့ ရှပ်အင်္ကျီနဲ့ ဘောင်းဘီပွပွ ကို မ၀တ်ထားတာကလွဲလိုပေါ့😢😢😢😥😥😥
Plan လည်း Earth ကိုပွေ့ဖက်လိုက်ရင်း လက်တစ်ဖက်က နှစ်သိမ့်သည့်သဘောဖြင့် ကိုယ်လုံးလေးကို ခပ်ဖွဖွ ပုတ်ပေးနေလေသည်။ 😓😓
Earth: ငါအဆင်ပြေပါတယ် ခု P' အသစ်ရလိုက်သလိုပဲ မဟုတ်ဘူး ငါ အစ်မအစစ်ကိုပြန်တွေ့တာ😢
Plan: အေးပါကွာ😥
Earth: omm ဒါနဲ့ P'Saint ရော
Plan : P' အိပ်ခန်းထဲမှာ မူးနေလို့ P'Derli အတွက် မွေးနေ့လုပ်ဖို့ သွားနှိုးရအောင်
Earth: နေပါတော့ကွာ အိပ်ပါစေ ဒေါ်လေးတို့လည်း နိုးသွားဦးမယ် တို့ပဲလုပ်ကြတာပေါ့
🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃
Saint: ကဲ ချစ်လေး ကိုယ့်ကိုကိတ်မုန့်ခွံ့
Derli: ommပါ ကဲ ဟ
သူ့ကို မွေးနေ့ကိတ်လေးခွံ့လိုက်တော့ သူငယ်ချင်းတွေက လက်ခုပ်တွေတီးကြလေသည်။ သူတို့နှစ်ယောက်က တော့ ပျားရည်ပေါ်သကာလောင်းသည့်မျက်နှာနှင့်ပေါ့။ သူမွေးနေ့လက်ဆောင်လေးကိုထုတ်ပြတော့
Derli: oh! ချစ်စရာကောင်းလိုက်တာ ဆွဲကြိုးလေးကလှလိုက်တာအရမ်းပဲ
Saint : ကိုယ့် ချစ်လေးသဘောကျရင်ပြီးတာပဲ
Derli : ကိုကလည်း သဘောကျတာပေါ့ဆို ဒီလော့ကပ်သီးလေးက D တဲ့ ချစ်အမည်ပေါ့ ဟုတ်လား
Saint : ဒါပေါ့လို့ ကို့ချစ်လေးအမည်ပါတဲ့ဗျာ
Derli : အဲ့ဒါကြောင့် ကို့ကို ချစ်ကချစ်နေရတာ
Saint : ကိုယ်လည်း ချစ်ကိုအရမ်းချစ်တယ်
ထိုစဉ် Derli က ရုတ်တရက် Saint ပါးကို ကိတ်ဖြင့်လှမ်းသုတ်လိုက်သည်။
Derli: တို့ရဲ့ကို လှသွားပြီကွ😝
Saimt : ကိုယ့်ချစ်လည်းလှမှဖြစ်မယ်😜
Derli: Saint နော် မညစ်နဲ့ကွာ😁
Saint : မရဘူး မရဘူး ချစ်အရင်စတာနော်
Derli : မသိဘူး မသိဘူး မသုတ်နဲ့
ပြောရင်း Derli ထွက်ပြေးလို့ သူလိုက်မည်အပြု
ရုတ်တရက် အရာအားလုံးက မှောင်ကျသွားသည်။
Derli ရေ ချစ်လေး သူအော်ရင်းရှာ
နေလေသည်။ Derli ကိုကားမတွေ့။
ချစ်လေး ချစ်လေး ချစ်လေးရေ --------------------
သူအော်ဟစ်ရင်းနိုးလာသည်။ အိပ်ယာမှထကာ
ယောင်ပြီး Derli ဟုခေါ်မည်ပြုပြီးမှ--------
Saint : ချစ်လေးမှ မရှိတော့ပဲ သူဆုံးပြီပဲဟာ
သူကြေကွဲစွာ တိုးတိုးလေးရေရွတ်လိုက်သည်။
မှန်သည်။ Derli မဆုံးခင် လွန်ခဲ့သောသုံးနှစ်က Derli ရဲ့မွေးနေ့ကိုသူအိပ်မက်ပြန်မက်နေခြင်းသာ။
သူအိပ်မက်မက်နေခြင်းသာ။ (ဟွန့် အိပ်မက်မို့ပဲ ချစ်နေလိုက်တာ သိပ်မပြောချင်ဘူး😢😥😥😥 )
ကျားလေးအတွက် မျက်ရည် နှစ်စက် 😂😂😂
=======
<U>
ESTÁS LEYENDO
🖤 Love ❤️
FanficIntro ✍️ PinSon Company မှ အလွန်ကြည့်ကောင်းပြီးမိန်းကလေးဝန်ထမ်းများ၊ ယေက်ျားလေး ဝန်ထမ်းများ အကြားရေပန်းစားသူ၊ စိတ်ထားကောင်းပြီးကူညီတတ်သူ၊ သို့သော် အချစ်ဦး Derli သေဆုံးသွားတာကြောင့် နာကျင်ခံစားနေရသူ လူငယ် Manager လေး Saint❤️ အလွန်ရုပ်ချောသွက်လက်ပြီး...