<Z>
Part -8တော်သေးလို့ Saint က ခါးနည်းနည်းပွန်းသွားရုံပင်။ ညာလက်ကောက်ဝတ်ကလည်း လဲရင်းမှ လက်ထောက်ကျမိရာ အဆစ်လွဲသွားလေသည်။ သူ့ကိုကြည့်ပြီး ပျာယာခပ်နေသော Perth ကိုကြည့်ုပြီး တစ်ယောက်သော သူကိုပါ သွားသတိရမိသလိုလို။ ဆင်းသည်နှင့်တန်းပြီး Perth ပါ ကိုယ်တိုင်လိုက်ပြီးဆေးထိုးရန်ခေါ်သွားပေးလေသည်။ Doctor က ဆေးတစ်လုံးထိုးပေးပြီး လက်ကိုလည်း ပတ်တီးစည်းပေးသည်။ ထို့နောက် သောက် ဆေး အချို့ပေးကာ ဆေးရုံတွင် ဓာတ်မှန်ရိုတ်ခိုင်းထားပြီး နောက်နေ့တွင် ဓာတ်မှန်ပါယူလာခဲ့ရန်မှာတာမို့ ဆေးရုံသွားပြီး ဓာတ်မှန်ရိုတ်လိုက်သည်။ ပြီးနောက် Satin အိမ်သို့ Perth ပြန်လိုက်ပို့ပေးတော့---
Plan: ဟာ P' ဘာဖြစ်လာတာလဲ
Perth: ဟိုလေ သံလုံး
Perth ပြောပြမည်ပြုတော့ သူကပင်
Saint: သံလုံးပြုတ်ကျလို့ပါ ကိစ္စမရှိပါဘူး
Plan: P'က ဘယ်တုန်းက နမော်နမဲ့ဖြစ်သွားတာတုန်း အမြဲသတိရှိနေတဲ့သူက
Saint: ဟို ... မတော်တဆပဲကွ မင်းကတစ်မျိုး
ဘာပဲဖြစ်ဖြစ် အမြဲသတိဖြင့်နိုးနိုးကြားကြားရှိတတ်သူက ဒဏ်ရာတွေရလာသည်။ ပြီးတော့ အခြားသူတွေရှိပါလျှက်နှင့် ဘာလို့ P'Perth ကိုယ်တိုင်လိုက်ပို့ပေးသည်ဆိုမှဖြင့် အရိပ်အကဲခပ်ပါးသော လူပါးလေး Plan က ရိပ်မိနေပါပြီ။
Saint က ခါးဒဏ်ရာကြောင့် နောက်နေ့တွင် ရုံးမတတ်နိုင်။ Perth ကတော့ သူ့ကြောင့်ဖြစ်ရခြင်းဆိုပြီး စိတ်အပူကြီးပူနေလေသည်။ ခါးကိုလည်း doctor က မနေ့က ဓာတ်မှန်ရိုတ်ခိုင်းထားတာဆိုတော့ အရိုးတွေဘာတွေ ပဲထိသွားလို့လား စသည်ဖြင့် သို့လော သို့လောမေးခွန်းတွေကစုံနေသည်။ ထို့ကြောင့်လည်း ရုံးဆင်းသည်နှင့် တစ်ပြိုင်နက် Company နားရှိသစ်သီးဆိုင်မှ အသီးအနှံအချို့ဝယ်ယူပြီး Saint အိမ်ဘက်ဆီ ကားလေးကို ခပ်သွက်သွက်လေး မောင်းသွားဖြစ်လိုက်သည်။
Plan: P'Perth လာတယ်
Perth: အင်း ... N'Plan ... P'Saint သက်သာလား
Plan :ဟုတ် သက်သာပါတယ် P' ... ထမင်းလည်း အတော်စားနိုင်တယ် ခါးပဲနည်းနည်းနာတာ
Perth: အင်း ... သူဆေးခန်းမပြရသေးဘူးမဟုတ်လား
Plan : ဟုတ် ခုပဲသွားပြမလို့ P'Perth
Perth: ဒါဆို P' ပဲလိုက်ပို့တော့မယ် သူရော
Plan : ခုနကပဲ အ၀တ်စားလဲနေတယ် P'
Perth : အင်း ဒါဆို P' ဒီမှာပဲစောင့်လိုက်မယ်
ခါးနာနေသည်မို့ တုတ်ချောင်းလေးကိုင်ကာ လက်တစ်ဖက်ကလည်း ပတ်တီးအဖွေးသားနှင့်မို့ သူ့ကိုကြည့်ပြီး Perth ငိုချင်လာသလိုလိုကြီးပါ။ Plan က သွားတွဲလိုက်ရင်း
Plan : P' ကလည်းကျွန်တော့်ကိုလှမ်းခေါ်လိုက်တာ မဟုတ်ဘူး
Saint : ရပါတယ်ကွ ငါလည်းသွားနိုင်ပါတယ်
ပြောလိုက်ရင်း အောက်ထပ်ကိုတစ်ချက်လှမ်းအကြည့် သူ့ကိုကြည့်နေသော Perth ကိုမြင်သွားပြီး
Saint : အော် ... ညီ ရောက်နေတာလား
Perth : ဟုတ် အစ်ကို ဒီနေ့ဓာတ်မှန်ပြရမယ်လေ
Saint: အားနာစရာ ညီ ရယ် ဆေးခန်းပြဖို့က Plan ကိုပို့ခိုင်းလို့ရပါတယ် အဆင်ပြေပါတယ်
Perth: မဟုတ်သေးဘူးလေ ညီ့ ကြောင့်
Perth လွှတ်ခနဲပြောမည်ပြုလိုက်တော့
Saint : ကဲ ကဲ လာ သွားကြစို့ 
ကားဘက်ဆီထွက်သွားလိုက်တာမို့ Perth လည်း ပြေးသွားပြီး ကားတံခါးဖွင့်ပေးလိုက်သည်။ သူတို့ဆေးခန်းရောက်ပြီးသိပ်မကြာ။ nurse က အမည်ခေါ်လိုက်တာမို့ doctor ဆီဝင်သွားကြပြီး ဓာတ်မှန်ကိုထုတ်ပြတော့ သေချာကြည့်လိုက်ရင်း
Doctor: တော်သေးလို့ ဘာမှမဖြစ်သွားပါဘူး အရိုးထိသွားလားစိုးရိမ်တာ သာမာန်ပါပဲ အရိုးကိုမထိဘူး ကျတဲ့ ပစ္စည်းနဲ့ ကျတဲ့အရှိန်ကြောင့် နည်းနည်းနာတာ ဒါပေမဲ့ တစ်ပါတ်လောက်တော့အနားယူရမယ်
Perth: ဟုတ်ကဲ့ တော်သေးတာပေါ့
Saint : ဟာ ... ဘာတော်ရမှာလဲ ရုံးမှာ အစ်ကို မရှိလို့ မဖြစ်ဘူးလေ မတော်ပါဘူး
Perth: ရုံးအတွက်ကိုမပူပါနဲ့ ညီတို့ရှိနေတာကို ဒီလိုဖြစ်တုန်း အေးအေးဆေးဆေးနားလိုက်ပါ
Doctor: aww ညီလေးတို့စုံတွဲက တစ်ရုံးထဲလားအတော်လိုက်ဖက်ညီတယ်နော် နှစ်ယောက်က တမျိုးမထင်နဲ့ နော် တော်တော်လိုက်ဖက်လို့ပါ ဒီခေတ်မှာ ဒီလိုယောက်ျားချင်းအတွဲတွေကလည်း များနေလို့ မေးကြည့်တာပါ (တော်တော်လျှာရှည်တယ်နော် 😜😜😜ဟွန့် ... မပြောချင်ဘူး ငါ့သားနှစ်ယောက်ကို စပ်စုနေတာ ... သားတို့ရေ ဟုတ် တယ်လို့ ဖြေလို့ ... 🤣🤣🤣)
အရေးထဲ ဒေါက်တာမလေးကစပ်စုပြန်သည်။
Perth : ဟာ ... မဟုတ်ဘူး ဒေါက်တာရဲ့ ကျွန်တော်တို့က တစ်ရုံးတည်းတော့တစ်ရုံးတည်း ချစ်သူမဟုတ်ပါဘူး
Doctor: အော် ... မသိလို့ပါ sorry
🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃
သူတို့အိမ်ပြန်ရောက်တော့---
Saint : N'Plan ရေ Plan
ထိုစဉ် အိမ်မှအိမ်စောင့်ရောက်လာပြီး --
Man: အစ်ကိုကြီး ဘာလို့လဲဗျ
Saint :ဗိုက်ဆာလာတယ်ကွာ Plan ကိုသွားပြော ထမင်းယူလာခဲ့ပါလို့ ဘာလုပ်နေမှန်းသိဘူး
Man: ဟိုလေ အစ်ကိုကြီး ကိုလေးအပြင်ထွက်သွား
Saint : အရေးထဲဆိုလုပ်ပြီကွာ ဆာတယ်ဆိုမှ
ထိုစဉ် ကားသော့ကျန်ခဲ့၍ပြန်လာယူသော Perth ကြားသွားပြီး အပေါ်ကိုတတ်သွားကာ
Perth : ဟို အစ်ကို ဗိုက်ဆာရင် ဘာနဲ့စားမလဲ ညီ ခူးလာပြီး လာကျွေးမယ်လေ
Saint : ညီ နေပါစေ မစားသေးပါဘူး
Perth: မဟုတ်ပါဘူး အစ်ကိုကလည်း ဆာနေတာကို သိသားနဲ့ ညီက ဘယ်လိုသွားမလဲ ပြီးတော့ ခုက ညီ ကြောင့်ဖြစ်တာလို့ပြောလို့ရနေတာကို
Saint : အဲ့ အဲ့ဒီလိုမဟုတ်ပါဘူး အဲ့ဒီလိုမတွေးပါနဲ့
Perth : ဒါပေမယ့်လည်း ဟုတ်နေတာကို ညီ က ဘယ်စိတ်ကောင်းမှာလဲ ကဲပါဗျာ ဘာနဲ့စားမလဲသာပြောပါ (ကဲ ကလေးက စိတ်မကောင်းဖြစ်ပြီ)😆😆😆
Saint လည်း ဗိုက်ကလည်းတအားဆာနေပြီး ညီ ကလည်းဘယ်လိုမှတားမရတာမို့ အားနာနာနှင့်ပင် ဟို ထမင်း စားခန်း စားပွဲခုံပေါ်ကကြွေအုပ်လေးထဲမှာ ကြက်သားကြော်ထားတယ်တဲ့ အဲ့ဒါနဲ့ပဲစားတော့မယ်
Perth လည်း ထမင်းစားခန်းထဲမှ ကြက်သားကြော်ကိုယူလာပြီး မွှပေးကာ ထမင်းနှင့်ကြက်သားကြော်ကို
ဇွန်းနှင့်တစ်လုပ်ချင်းစိတ်ရှည်ရှည်ခွံ့ပေးနေလေသည်
(အားကျလိုက်တာ ကျားဇိုးလေး ဂရုစိုက်ချက်9+++)
Perth : ဟိုလေ ဆီလေးထပ်ဆမ်းရဦးမလား အစ်ကို
Saint : ဟင့်အင်း တော်ပြီ အစ်ကို က ဆီမစားဘူး
Perth: ဟုတ်လား ညီ ထင်သားပဲ ကြက်သားကြော်တုံးတွေကို တမင်ဆီစစ်ထားတာတွေ့ကတည်းက ဒါ့ကြောင့် ဆီနည်းနည်းပဲဆမ်းလာတာ
ဒီလိုဆိုတော့လည်း ဒီကောင်လေးက အတော်စေ့စပ်သေချာသားပဲဟု သူ့စိတ်ထဲမှတွေးဖြစ်သည်။
Saint တစ်ယောက် Perth သူ့ကို ထမင်းခွံ့နေသည်ကိုကြည့်ရင်း---
Saint လည်း ထမင်းစားနေရင်းမှ တစ်စုံတစ်ဦးကို သူခွံ့ကျွေးနေသည့်ပုံရိပ်အချို့ကို မြင်ယောင်မိလျှက်။
(ဟွ့န် ဘယ်သူ့ကိုပါလိမ့် နာလိုဘူး😑😑😑😬)
ဒီလိုနဲ့ Saint နှင့် Perth လည်း တဖြည်းဖြည်းပို၍ရင်းနှီးလာလေသည်။ Saint ရုံးမတတ်နိုင်သော တစ်ပါတ်လံုး Saint ဆီ ရုံးဆင်းတိုင်း ခဏ၀င်လေ့ရှိပြီး လူမမာကြည့်ရင်း ရုံးမှတာဝန်ပေးလိုက်သောအချို့တွင် မရှင်းသည် များကိုပါ မေးလေ့ရှိလေသည် ထို့ပြင်ဆေးခန်းသို့သွားတိုင်းလိုလိုတွင် Perth ကပင် အမြဲလိုလိုလိုက်ပို့ပေးလေ့ရှိလေသည်။
နောက်တစ်ပါတ်မှာတော့ Saint ရုံးပြန်တတ်နိုင်လေသည်။ ရေသန့်စက်ရုံလည်း အတော်ပင်ပြီးဆုံးလုနေလေပြီ ဖြစ်သည်။
KAMU SEDANG MEMBACA
🖤 Love ❤️
Fiksi PenggemarIntro ✍️ PinSon Company မှ အလွန်ကြည့်ကောင်းပြီးမိန်းကလေးဝန်ထမ်းများ၊ ယေက်ျားလေး ဝန်ထမ်းများ အကြားရေပန်းစားသူ၊ စိတ်ထားကောင်းပြီးကူညီတတ်သူ၊ သို့သော် အချစ်ဦး Derli သေဆုံးသွားတာကြောင့် နာကျင်ခံစားနေရသူ လူငယ် Manager လေး Saint❤️ အလွန်ရုပ်ချောသွက်လက်ပြီး...