<Z>
Part -4
သူတို့projectကိုပြင်ဆင်ပြီးတော့ အချိန်က မနက်8နာရီပင်ထိုးလုနေလေပြီ။ night duty သမားတွေပင်
ပြန်သွားကြလေပြီ။ ခုမှပင် သူတို့လည်း အကျောတွေဘာတွေဆန့်ကာ ကုမ္ပဏီထောင့်ရှိရေချိုးခန်းသို့
ဝင်ပြီး မျက်နှာသစ်သွားတိုက်လိုက်ကြလေသည်။
(ကုမ္ပဏီအကြီးစားမို့ ၀န်ထမ်းများအတွက် ရေချိုးခန်း၊.
သန့်စင်ခန်းများကိုပါ ထည့်ဆောက်ထားသည်။)
Saint: ကဲ Mean နဲ့ Perth တာဝန်ကျေပါတယ် အေးအေးဆေးဆေးအိမ်ပြန်နားလိုက်တော့ ဟုတ်လား
Mean: ဟုတ်ကဲ့ ဂျာကြီး ကျေးဇူးပါ အရမ်းချစ်တယ်😍 (ကိုတင်လှ ဘာကြောင့် အိမ်အရမ်းပြန်ချင်ပါလိမ့်)
Perth: ဂျာကြီးကရော
Saint: အစ်ကို တော့ပြန်လို့မရသေးဘူး LA က ရှယ်ယာရှင်လာရင် projectကိုတင်ပြရဦးမယ်လေ လာတဲ့ရှယ်ယာရှင်တွေအတွက်လည်း main points တွေနည်းနည်းထုတ်ပြီး အစည်းဝေးကျဝေရမှာမို့လေ
Perth : ဟုတ်သားပဲ ညီ မေ့နေတာ ဒါဆို ညီလည်း မပြန်တော့ဘူး ညီပါနေခဲ့တော့မယ်
Saint : တစ်ယောက်တည်းအဆင်ပြေပါတယ် ညီ သာပြန်နားလိုက်တော့နော်(ဂရုစိုက်နေတာ😍)
Perth: အချက်တွေထုတ်ဖို့နဲ့ စာစီစာရိုတ်နဲ့ ပြီးရင်လည်း အဲ့စာရွက်တွေကို photocopy လုပ်ရမှာနဲ့ အရမ်း အလုပ်ရှုပ်နေမှာကို ဘယ်လိုပြန်ရမလဲ(ပူရှာတာ)
Saint : ကဲပါ ဒါဆိုလည်း ကျေးဇူးပါပဲ ခုလောလောဆယ် breakfast အတွက် ဘာစားမလဲ
Perth: ရပါတယ် ညီ ကော်ဖီဖျော်သောက်လိုက်မယ်
Saint: ဒါဆိုစာဖိုးဆောင်မှာ ရေနွေးသွားကြည့်လိုက်မယ်လေ ပေါင်မုန့်လည်းကင်ခဲ့မယ် အခုဝန်ထမ်းတွေမ ရောက်သေးဘူး ဒီတော့ ကိုယ်တိုင်လုပ် ကိုယ်တိုင်ယူစနစ်ပဲ
Perth : နေပါ ညီ ပဲသွားလိုက်မယ် ပေါင်မုန့်ကင်ပြီး ရေနွေးပါယူခဲ့မယ် ဒီကျမှcoffeeကိုစိတ်ကြိုက်ဖျော်ပေါ့
Perth က ပြောပြောဆိုဆို ထွက်သွားတာမို့ သူဘာမှမပြောလိုက်တော့။ main points ထုတ်ဖို့်ကိုပဲ ဦးတည်ပြီး computer တစ်လုံးနှင့် စာရိုတ်နေလေသည်။
After about 25minutes later---------
Main point ထုတ်သည်မှာမနည်းပြီးသွားပြီမို့ နာရီကိုတစ်ချက်ကြည့်မိတော့ Perth ခုထိမရောက်သေး။ ဘာဖြစ် လို့ပါလိမ့်။ တကယ်ဆို ကော်ဖီနှစ်ခွက်စာအတွက်ရေနွေးကျိုတာ 10မိနစ်,15မိနစ်ထက်မကြာပါဘူး။ ပေါင်မုန့်ကင်တာကလည်း ရေနွေးတည်ထားတုန်း တစ်ဘက်ကနေကင်လိုက်ရင် ဘာမှမကြာ။ စားဖိုဆောင်ကလည်း အရမ်းမဝေး။ နီးနီးလေးပါ။ ခုချိန်ဆိုပြန်ရောက်သင့်ပါလျှက် ပြန်မလာသေးတာမို့ သူလိုက်သွားတော့ စားဖိုဆောင်အနားရောက်ကတည်းက ညှော်နံ့လိုလိုဘာလိုလိုရတာမို့ သူစိတ်ပူသွားပြီးအပြေးအလွှားရောက်သွားတော့ လားလား အစ်ကိုလေးကရေနွေးကျိုရင်းငိုက်နေတာကိုး။ ညှော်နံ့ကတခြားမဟုတ်။ ပေါင်မုန့်မီးကင်ခြစ်သွားသည့်ရလာဒ်လေး😂😂😂😂😂။ ကျိုထားသည့်ရေနွေးတွေပင် ခမ်းလုနေလေပြီ😂😂😂။ ( ကိုယ့်သားငယ်ရဲ့ အအိပ်skillsတွေ)။ သူနိုးမည်ကြံမိပေမယ့် မနိုးရက်တော့။ ညလုံးပေါက် projectအတွက် မအိပ်ရသေးတာမို့ ခဏတော့ မနိုးဘဲထားဦးမည်။ ရေနွေးကျက်မှနိုးတော့မည်ဟုတွေးပြီး ရေထပ်ဖြည့်ကာ ရေနွေးပြန်ကျိုလိုက်သည်။ ပေါင်မုန့် ကအကျက်ပင်လွန်နေပြီမို့ ချထားလိုက်ပြီး နောက်ထပ်ကင်ဖို့ပေါင်မုန့်ရှာတော့တစ်ချပ်မှမတွေ့တော့။ တော်သေးလို့ ကင်ထားသည့်ပေါင်မုန့်တွေက စားမရလောက်အောင်အဆိုးကြီးတော့မဟုတ်သေး။ မီးမပြင်းတာမို့ သိပ်မခြစ်သွား။ ဒါပဲစားရတော့မည်။ ကျေးဇူးရှင်မလေး Perth ကိုလှမ်းကြည့်မိတော့ သူကဖြင့်သူရောက်လာတာကို သိပုံမပေါ်။ နံရံလေးကိုမှီရင်း အိပ်ပျော်နေသည်။ ရေနွေးရ၍ရေနွေးအိုးချမှ အသံကြားသွားသည်ထင်ပါ သည်။ မျက်လုံးလေးတွေကိုပွတ်သတ်ရင်း အိပ်မှုန်စုံဖွားဖြင့် ထလာလေသည်။
Perth: ဟာ အစ်ကို အဲ ဂျာကြီးရောက်နေတာလား
Saint : omm နိုးပြီလား မင်းကိုနိုးတော့မလို့ပဲ ရေနွေးကျိုသွားတာ ရေနွေးများဖြစ်သွားလားလို့ ဟွန့် ရင်းရင်း နှီးနှီး အစ်ကိုလို့ပဲခေါ်ပါ ရပါတယ် (စေးစေး လမ်းဖောက်နေတာ)
Perth : sorry ညီ အိပ်ငိုက်သွားတယ်😀😀😀😄😁
Saint: ကဲပါ ဒီမှာပေါင်မုန့်တွေယူခဲ့ လာ
Perth ပေါင်မုန့်ပန်းကန်လေးကိုလှမ်းယူလိုက်ရင်း အယ် ဘယ်လိုလုပ်ရပါ့ ပေါင်မုန့်တွေခြစ်ကုန်ပြီ😵😕
Saint: မတတ်နိုင်ဘူး ဒါပဲစားရမှာပဲ😃😃😃
Perth: ညီ အိပ်ငိုက်မိသွားလို့ပါ တောင်းပန်ပါတယ် ဟို ပေါင်မုန့်သွားဝယ်လိုက်ရမလား
Saint: နေပါတော့ ဒီအနားပေါင်မုန့်ဆိုင်မရှိဘူး ညီ မစားနိုင်လို့လား ဟိုမှာ ခေါက်ဆွဲထုတ်ရှိတယ် ပြုတ်သောက်လိုက်လေ ရေနွေးလည်းရပြီ
Perth: ညီ က အစ်ကို့ ကို အားနာလို့ပါ
Saint: ကိစ္စမရှိပါဘူး ရပါတယ်
ထိုနေ့ကတော့ဖြင့် သူတို့ breakfast အတွက် ကော်ဖီပူပူတစ်ခွက်နှင့်☕ ပေါင်မုန့်ုခြစ်ခြစ်🍞သာပါ။
Saint : မဆိုးရှာပါဘူး ပေါင်မုန့်ခြစ်နံ့လေးက တော်တော်သင်းသားပဲ ကော်ဖီခါးခါးနဲ့လိုက်မှလိုက်
ဟုတ်တော့လည်း ဟုတ်ပါသည်။ ပေါင်မုန့်ခြစ်ခါစမို့အရသာလည်းသိပ်မပျက်ဘဲ အနံ့လေးကသင်းနေ၏။ သို့သော် Perth ကတော့ အားနာမှုများစွာဖြင့်ပါ။ ဘာပဲဖြစ်ဖြစ် ထိုနေ့ကကော်ဖီပူပူနှင့် ပေါင်မုန့်မီးကင်ခြစ်ခြစ်လေး သည် သူတို့အတွက် အမှတ်တရလေးတစ်ခုဖြစ်သွားသည်မှာတော့အမှန်ပင်။
🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃
Projectအတွက် အားလုံးပြင်ဆင်ပြီးတော့ 10 နာရီထိုးလုနီးနေလေပြီ။ ထိုစဉ် ဥက္ကဋ္ဌကြီးဝင်လာပြီး
Chairman: ပင်ပန်းသွားကြပြီ အဆင်ပြေရဲ့လား
Saint: အားလုံး အဆင်သင့်ပါဥက္ကဋ္ဌကြီး
Chairman: ယုံကြည်ပါတယ်ဗျာ ဒါဆို အခုရှယ်ယာရှင်ကို လေဆိပ်သွားကြိုဦးမယ် ခု10နာရီဆိုတော့ အိမ်ပြန် ပြီး ရေမိုးချိုး စားသောက်ပြီး နားလိုက်ကြဦးဗျာ ရှယ်ယာရှင်အစည်းအဝေးက နေ့လယ် 1:30မှပါ။ 1နာရီမခွဲခင် ရောက်လာရင်ရပါပြီ။ good luck.
Saint: ကောင်းပါပြီ ကဲ ညီ လိုက်ပို့ပေးရမလား
Perth: ရပါတယ် ညီ့ မှာ ကားပါလာတယ်
At 1:30PM in Running company -----------
Perth: ဒါကတော့ လူကြီးမင်းတို့အတွက် ဒီ project နဲ့ ဆိုင်တဲ့ စာရွက်စာတမ်းတွေပါ အသေးစိတ်ကတော့ ဟောဒီ့ screen ပေါ်မှာ ပြသပေးပါ့မယ်။ ဒီ project ရဲ့ထူးခြားချက်ကတော့ အခြေခံလူတန်းစားပါမကျန်သုံးစွဲ နိုင်မယ့် သောက်ရေသန့်ထုတ်ဖို့ ဦးတည်ထားပါတယ်။ ဈေးနှုန်းချိုသာပေမယ့် qualityအပြည့်နဲ့ရေသန့်ကိုထုတ်နိုင်မှာပါ။ အခုသုံးစွဲမယ့်နည်းပညာကြောင့် စရိတ်တွေကိုအများကြီးလျှော့ချနိုင်မှာမို့ ဈေးချိုချိုနဲ့ဖြန့်ချိနိုင်မှာပါ။ ဒါ့ကြောင့် companyအနေနဲ့လည်း ဈေးချိုချိုနဲ့ရောင်းနိုင်ပေမယ့် အမြတ်တွေရမှာအသေအချာပါ။ အခြေခံလူတန်း စားပါမကျန် သောက်လာလေလေ ပစ္စည်းထုတ်ရလေလေမို့ ရေရှည်မှာပိုလို့အဆင်ပြေမှာပါ။ ဒါ့ပြင် &$%*!@ #$*&^%@ .... projectရဲ့ အခြေခံကုန်ကျနှုန်းနဲ့ လိုအပ်မယ့်ဝန်ထမ်းအရေတွက် အားလုံးနဲ့တင်သွင်းမယ့် စနစ်အကြောင်းကို ကျွန်တော်တို့ မန်နေဂျာ Saint က ဆက်ရှင်းပြသွားမှာပါ
ဖြောင်း ဖြောင်း ဖြောင်း 👏👏👏👏👏👏👏
Saint: ဟုတ်ကဲ့ ကျွန်တော်က မန်နေဂျာ Saint ပါ အခု project အတွက် အသေးစိတ်တွက်ချက်ထားတဲ့စာရင်းတွေကိုပါ လူကြီးမင်းတို့ကို ဝေငှထားပါတယ် တစ်ချက်ကြည့်ပေးပါ။ အခုကျွန်တော်တို့မရှိမဖြစ်လိုအပ်မယ့် ကုန်ကြမ်းနဲ့ဝန်ထမ်းအရေအတွက်ကို အရင်ပြောလိုပါတယ် အခုဆို @#$&!%&*!#&% ... ဟုတ်ကဲ့ ဒါကတော့ အခုလက်ရှိ Project အတွက် စရိတ်နဲ့ရမယ့်အမြတ်ငွေစာရင်းပါ projectကြီး အောင်အောင်မြင်မြင်နဲ့ မြန်မြန်ဆန်ဆန် အကောင်ထည်ဖော်နိုင်ဖို့မျှော်လင့်ပါတယ်
ဖြောင်း ဖြောင်း ဖြောင်း 👏👏👏👏
ရှယ်ယာရှင်: သဘောကျတယ်ဗျာ ကျွန်တော်တို့ ဥက္ကဋ္ဌကြီးက တကယ့်ကိုလူတော်တွေရထားတာကိုးဗျ အား လုံးအပြစ်တစ်ကွက်မှမရှိဘူးဗျာ တစ်နေ့တည်းနဲ့ ဆွဲထားတဲ့ project လို့တောင် မထင်ရပေဘူး လိုအပ်တာတစ်ချက်မှမပါဘဲ ပြီးပြည့်စုံနေပြီ project ကို အကောင်အထည်ဖော်ဖို့သာ ခင်ဗျားကစီမံပါ ငွေကြေး အတွက်က ကျုပ်တာဝန်ထားပါ
Chairman: ဟုတ်ကဲ့ပါ ကျွန်တော်ကလည်း အခုလိုကိုယ်စားလှယ်ကိုယ်တိုင်အားပေးနေတော့လည်း အင်တိုက်အားတိုက်ဆောင်ရွက်ရသပေါ့ဗျာ
Saint နှင့် Perth ကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးပြုံးပြမိလျှက်။ (အဲ့အပြုံးတွေ သိနေသလိုပဲ)

YOU ARE READING
🖤 Love ❤️
FanfictionIntro ✍️ PinSon Company မှ အလွန်ကြည့်ကောင်းပြီးမိန်းကလေးဝန်ထမ်းများ၊ ယေက်ျားလေး ဝန်ထမ်းများ အကြားရေပန်းစားသူ၊ စိတ်ထားကောင်းပြီးကူညီတတ်သူ၊ သို့သော် အချစ်ဦး Derli သေဆုံးသွားတာကြောင့် နာကျင်ခံစားနေရသူ လူငယ် Manager လေး Saint❤️ အလွန်ရုပ်ချောသွက်လက်ပြီး...