<Z>
Part -13
ဝန်ထမ်း 3: အဲ့အဒေါ်ကြီးလည်း တစ်ခွန်းမှမပြောရဲဘူး ငြိမ်နေရတော့ဗျို့ သူမှားတာကိုး
Mean: တော်တော်တော့ ဒေါသူပုန်ထမယ်ဟေ့
ဝန်ထမ်း 3:ဟုတ်တာပေါ့ ဒါနဲ့ လလေးကသာနေတာပဲ
ပြောလည်းပြောချင်စရာပင်။ လပြည့်ရက်မို့ လမင်းက ထိန်ထိန်လင်းနေလေသည်။ ကြယ်တာရာတွေစုံစွာ ခစားနေတာမို့ လမင်းကြီးမှာ တစ်မျိုးကျက်သရေတိုးပြီး လေနုအေးကပါ ညှင်းညှင်းမျှဆော်သွေးနေရာ အလွန်ကြည်နူးစရာ လှပတဲ့ညချမ်းလေးပင်။
Mean :ဟုတ်ပ ခုလိုလသာသာမှာ လမ်းလျှောက်ရတဲ့ feelကလည်း တစ်မျိုးလေးကောင်းတယ် လမ်းမှားတာတောင် ကျေးဇူးတင်ရမလိုလို
Saint: ကဲကဲ ရောက်လည်းရောက်ခါနီးပါပြီ အားတင်းထားကြ ဟိုရှေ့ကျခဏနားလေ
Perth: အင်း ... ခဏနားကြတာပေါ့
Mean: ဟယ် ဟိုရှေ့မှာမုန့်ဆိုင်ပဲ သွားဝယ်ကြစို့
Perth: ဆာနေတာ ကြာသလားလို့ P' ကလည်း
ဝန်ထမ်း 1: ဗိုက်လည်းချောင်နေပြီ စားမယ်
သူတို့ရှေ့ဘက်ကို အားကြိုးမာန်တက် ပြေးကြရင်း မုန့်တွေအသီးသီးဝယ်ပြီးစားလိုက်ကြသည်။ Mean တို့က မုန့်ဝယ်ပြီး ရှေ့ကတစ်နေရာမှာစားနေပြီ
Saint : ညီ ဘာစားမလဲ ယူလေ
Perth: ဒိန်ချဉ်ရလားဟင်
shopkeeper:ဒိန်ချဉ်လား ရတယ်
Perth: ဒိန်ချဉ်နှစ်ဘူးပေးပါ
ဆိုင်ရှင်ပေးသော ဒိန်ချဉ်ဘူးကိုယူလိုက်ရင်း Saint ဆီသွားတော့ Perth ကိုကြည့်နေပေမယ့် ခပ်တွေတွေနှင့် တစ်စုံတစ်ခုကိုတွေးနေသလိုပါ
Perth: အစ်ကို ဘာတွေတွေးနေတာလဲ
Saint : ဟင် ညီ ဘာမှမတွေးပါဘူး
Perth: မလိမ်နဲ့ ဟွန့် အစ်ကို တစ်ခုခုတွေးနေတယ်
Saint:ဟုတ်ပါဘူး
Perth: မသိရင်ခက်မယ် ဘာလဲ ညီ့ ကိုမပြောချင်လို့ပေါ့
Saint :ဟို အာ ပြောရင် ညီကစိတ်ဆိုးမှာ
Perth: မဆိုးဘူး ပြောပါဆို ဘာလဲ ဟိုအရင်တစ်ယောက်နဲ့ပတ်သတ်တာလား ဟုတ်လား 😒
Saint: အမ် အင်း😔😪
Perth: မှန်မှန်ပြော ညီ စိတ်မဆိုးပါဘူး😌
Saint:တကယ်နော် 😪😥
Perth: omm😌
Saint: ဟိုတစ်ယောက်လည်း ဒိန်ချဉ်ကြိုက်တယ်လို့ အဲ့ဒါတွေးနေတာ တောင်းပန်ပါတယ် ညီ 😥😪
Perth: ဒါများ စိတ်ဆိုးစရာမှတ်လို့ သေသွားပြီးသူကိုပါလိုက်ပြီး သ၀န်တိုနေရင် ညီ လွန်မှာပေါ့လို့ ပြီးတော့ သူနဲ့ အစ်ကို က ညီနဲ့ဟိုတစ်ယောက်လို တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်လို့ မုန်းလို့ဖြစ်သွားတာမှမဟုတ်ဘဲ တစ်ခါတစ်ရံတိုက်ဆိုင်မှုတွေရှိရင် သတိရနိုင်ပါတယ် ဒါပေမယ့် အမြဲတမ်းတော့မရဘူးနော် ညီရှိတာသတိထား😒
Saint: ဟွန့် ဟုတ်ပါပြီတဲ့ သိပ်သဘောထားကြီးနေတယ်ပေါ့ ကို့ ရဲ့ ညီလေးက😍
Perth: သူလည်း အစ်ကို့အပေါ် အရမ်းကောင်းပြီးအရမ်းချစ်ပေးတာဆို ပြီးတော့ အစ်ကို့ရဲ့ first love ပဲကို တစ်ခါတစ်လေ သတိရတာတော့ ညီကခွင့်လွှတ်မှာပေါ့ (ဒါပေမဲ့ ... ညီက ယောက်ျားလေးဖြစ်နေတော့ အားငယ်မိ တယ် ... အစ်ကို)
Saint: ညီ့ကိုပိုချစ်သွားပြီ အစ်ကို့ကိုနားလည်ပေး တာကျေးဇူးပါ ကိုယ့်ရဲ့နတ်ဘုရားလေး ဒါနဲ့လေ သူက အစ်ကို့ကို အရမ်းချစ်တယ်ဆိုတာဘယ်လိုသိ
Perth: အစ်ကို မူးနေတဲ့နေ့တုန်းက N'Plan က နည်းနည်းပြောပြပါတယ် သေတာနှစ်နှစ်ရှိတဲ့သူရဲ့ မွေးနေ့လို အမှတ်တရတွေအထိသိမ်းထားတာ သူကိုအရမ်းချစ်ခဲ့လို့နေမှာပေါ့ ပြီးတော့ သူကလည်း အရမ်းကောင်းပြီးချစ်ပေးခဲ့လို့နေမှာပေါ့ ဟုတ်တယ်ဟုတ်
Saint: ကိုယ့်ရဲ့နတ်သားက သိပ်လည်းစကားတတ်တာပဲ သိပ်လည်း ပါးနပ်တယ် ☺
သူတို့ပြောနေစဉ် Mean တို့က ဆက်သွားကြရန် လက်ပြသဖြင့် သူတို့လည်း ခရီးဆက်ကြပြန်သည်။ ဒီလိုနဲ့ စကားတွေတပြောပြောဖြင့် ရယ်ကြမောကြရင်း သူတို့အဖွဲ့စခန်းချရာ ကမ်းခြေဆီ ည9နာရီခန့်တွင်ရောက်ရှိ သွားကြလေသည်။ ခရီးလည်းပန်းလာပြီမို့သူတို့အခန်းကိုယ်စီသို့ဝင်သွားကြပြီးအိပ်ကြလေသည်
🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃
At the next morning -----------
Saint အိပ်ယာမှနိုးတော့ မျက်နှာသစ် သွားတိုက်ရင်းရေချိုးလိုက်သည်။ ထို့နောက် အဖြူရောင် ဘောင်းဘီရှည် ကို အ၀ါနုရောင် အင်္ကျီလက်တိုနှင့်တွဲဝတ်ကာ ကိုယ်လုံးပေါ်မှန်ရှေ့တွင် ခေါင်းတစ်ချက်ဖြီးလိုက်ပြီး Mean ကို အခန်းရှေ့မှခေါ်လိုက်ြပီး hotel အပေါ်ထပ်ရှိ စားသောက်ခန်းသို့အတူတတ်သွားတော့ သူတို့ကို စောင့်နေသော Perth ကိုတွေ့လိုက်ရသည်။ ထူးဆန်းသည်မှာ Jihyo ကလည်း အ၀ါရောင်ပေါ်တွင် အဖြူနှင့် အ၀ါရင့်ရောင်ကန့် လန့်စင်းများပါသော ဘောင်းဘီတိုကို အဖြူရောင်လက်ရှည်ချည်သားအင်္ကျီလေးကို ၀တ်ထားခြင်း။ Mean က သူတို့နှစ်ယောက်ကိုကြည့်ပြီး ဘာလဲ ဒီနှစ်ယောက်က opposite coupleလား ဘာလားပဲ အဖြူနဲ့အ၀ါကို အင်္ကျီ နဲ့ ဘောင်းဘီလဲထားတာလား
Saint: ကြံကြံဖန်ဖန်ပြောတာ opposite couple လို့ပဲ Mean ရာ ညီ ... အစ်ကိုတို့ကိုစောင့်နေတာလား
Perth: ဟုတ် ညီလည်းခုပဲထွက်လာတာ
ထိုစဉ် စားသောက်ဆိုင်မှ ၀န်ထမ်းတစ်ဦးလာပြီး ဘာများ သုံးဆာင်ကြမလဲဗျ
Saint က menu ကိုကြည့်လိုက်ပြီး ဂဏန်း အစာသွပ်နဲ့ တူနာငါးချဉ်စပ်တစ်ပွဲ
Perth: ပုဇွန်ချဉ်စပ်နဲ့ ပြည်ကြီးငါးအစာသွပ်ကြော်တစ်ပွဲ
Mean: ဂျာကြီးနဲ့ ဂျာလေးကလည်း မမှာတတ်လိုက်တာ ဒီhotelက ဒီမှာနာမည်အကြီးဆုံးလေ နာမည်ကြီးတဲ့အကြောင်းရင်းက ပုဇွန်ထုတ်မီးကင်နဲ့ ရေဘ၀ဲအစိမ်းသုပ်ပေါ့ ပုဇွန်ထုတ်မီးကင်နဲ့ ရေဘ၀ဲအစိမ်းသုပ်တစ်ပွဲပေးပါ
Perth & Saint: ရေဘ၀ဲ allergic ရှိတယ် (မသိဘူး ... ကိုယ်နဲ့မတည့်တာ ကိုယ်ရေး ...)
Saint: ညီလည်း ရေဘ၀ဲနဲ့မတည့်ဘူးလား
Perth: ဟုတ်တယ် အစ်ကို ဒါနဲ့ မဟုတ်မှလွဲရော ဟိုတစ်ယောက်ရောလားဟင်
Saint: No လုံးဝကွဲသွားပြီ သူကပင်လယ်စာမှာရေဘ၀ဲနဲ့ချက်တာအကုန်အကြိုက်ဆုံး
Mean : ဘာလဲကွာ နှစ်ယောက်လုံးက ရေဘ၀ဲ Allergic ဖြစ်တာခြင်းတူနေတာ ပြီးတော့ ဟိုတစ်ယောက်ဆို တာဘာလဲဟင်
Saint: ဒီလိုပါပဲ ကလေးတွေသိလို့မရဘူး😝
Mean: P' တို့နော် ရိုးကိုမရိုးသားဘူး😒😞
(Perth က သူတို့ကိုကြည့်ရင်း ရယ်လျက် )
ထိုစဉ် သူတို့မှာထားသော ဟင်းလျာများရောက်လာတာမို့ သူတို့ ဆက်မပြောဖြစ်တော့ဘဲ စားလိုက်ကြသည်။ ထို့နောက် မကြာမီ ၀န်ထမ်းများနှင့်အတူ ကျွန်းတွင်လျှောက်လည်ကျလေသည်။ တကယ့်ကို ပျော်ရွှင်မှုအပြည့်ဖြင့် တစ်နေ့တာကုန်ဆုံးသွားလေသည်။

YOU ARE READING
🖤 Love ❤️
FanfictionIntro ✍️ PinSon Company မှ အလွန်ကြည့်ကောင်းပြီးမိန်းကလေးဝန်ထမ်းများ၊ ယေက်ျားလေး ဝန်ထမ်းများ အကြားရေပန်းစားသူ၊ စိတ်ထားကောင်းပြီးကူညီတတ်သူ၊ သို့သော် အချစ်ဦး Derli သေဆုံးသွားတာကြောင့် နာကျင်ခံစားနေရသူ လူငယ် Manager လေး Saint❤️ အလွန်ရုပ်ချောသွက်လက်ပြီး...