<Z>
Part -14
သူတို့ အတူတူ ပျော်ပျော်ရွှင်ရွှင် လမ်းလျှောက်သွားရင်းငါးကင်ဆိုင်သို့ရောက်သွားကြပြီး ငါးကင်နှစ်ကောင်နှင့် ငါးအသားလွှာတို့ကိုရွေးချယ်ဝယ်ယူလိုက်ကြသည်။ အပြန်လမ်းတစ်လျှောက်လည်း Perth က ကလေးတစ်ဦး ပမာပျော်ရွှင်စွာဖြင့် စကားတွေတွတ်ထိုးနေလေသည်။ ထိုစဉ် သူတို့ဘေးနားသို့ အုန်းသီးတစ်လုံးကြွေကျလာ လေသည်။ ပြဿနာက ဒီမှာ စတော့သည်။ သူတို့ဖြတ်သွားသောအနားတွင် အိပ်ပျော်နေသော ခွေးဘီလူး နှစ်ကောင် အုန်းသီးကြွေသံကြောင့် လန့်နိုးသွားပြီး လန့်အားဖြင့် သူတို့ကိုကိုက်ရန် လိုက်တာမို့ တစ်ယောက်လက်တစ်ယောက်ဆွဲကာ အတင်းပြေးရတော့သည်။ နောက်ကျခြေထောက်သစ္စာဖောက်ပေကိုးသူတို့ကို မီရန်သီသီလေးအလိုတွင် ခွေးပိုင်ရှင်ရောက်လာပြီး ခွေးတွေကိုပြန်ခေါ်တာမို့ တော်ပါသေးသည်။ခွေးပိုင်ရှင်: ဟိုလေ တောင်းပန်ပါတယ်နော် ကိုက်မိသွားသေးလားဟင်Saint: ရပါတယ် မကိုက်မိပါဘူးခွေးပိုင်ရှင်: ဟုတ် ဒါဆိုခွင့်ပြုပါဦးSaint: ဟုတ်ကဲ့ပါ ညီ ... အဆင်ပြေလား လာ ဟိုနားကဆိုင်မှာ ရေသန့်ဗူးအေးအေးဝယ်ပေးမယ်နော်Perth: ဟူး ရပါတယ် သွားဝယ်ကြစို့သူတို့ရေခဲစိမ်ရေသန့်တစ်ဗူးဝယ်လိုက်ရင်းPerth: အစ်ကို သောက်လေSaint : ညီ အရင်သောက်ပါPerth: အစ်ကို ... သောက်ပါဆို(ဟွင်း ဒီနှစ်ယောက်နော်) Saint: ညီသောက်ပါပြောပြောဆိုဆို ရေဗူးကို Perth ပါးစပ်ဆီ အတင်းတေ့ပေးလိုက်တာမို့ Perth မငြင်းတော့ဘဲ သောက်လိုက် သည်။ ပြီးနောက် Saint ဆီလှမ်းပေးရင်းPerth: ပြောလို့ကိုမရပါလား ဒီတစ်ယောက်တော့ Saint ရယ်လိုက်ရင်း ရေသောက်လိုက်သည်။Perth မျက်နှာလေး အပြုံးတွေဝေနေတော့ Saintပါ အလိုလိုပြုံးမိလာသည်။ ကျွန်းပေါ်ရှိ ထိုင်ခုံလေးတွင် ၀င်ထိုင်ကြရင်း Perth က ငါးအသားလွှာပြားတစ်ခုကို တူဖြင့်ညှပ်ရင်းရော့ အစ်ကို ဟSaint: အာ နေပါ ညီ စားပါPerth: မြန်မြန်ဟ အစ်ကို ... လက်ညောင်းတယ်Saint : ommပါ ပေးပေးSaint စားလိုက်မှ Perth မျက်နှာလေး ပြုံးသွားပြီး ဒီလိုမှပေါ့ အစ်ကိုကလည်း ရယ်လိုက်သောအခါ အရမ်း တောက်သွားတဲ့ မျက်လုံးလေးတွေမှာ ပို၍ကြည့်ကောင်းနေတာမို့ သူငေးနေမိပြန်သည်။ထိုစဉ် Mean ရောက်လာပြီး ဟိတ် ဒီနှစ်ယောက်တော့ ရိုးကိုမရိုးသားဘူး တွဲနေကြတာလား ဘာတွေလဲ ဒီဘက်ကိုလာတာ ပြောတောင်မပြောဘူးSaint: တိုးတိုးပြောပါ N'Mean ရဲ့ Mean: ပြောပြ ပြောမပြရင်နော် ဟွင်းဟွင်း Saint: အေးပါကွာ ဟီး ဟုတ်တယ် ငါနဲ့ ညီတွဲနေတာ ဟဲ သိပ်မကြာသေးပါဘူးMean: wow ထင်သားပဲ တကယ်Saint: ရှူး တိုးတိုးပြောပါ ... ငါတို့နှစ်ယောက်ကို ယောက်ျားလေးချင်းကြိုက်တယ်ဆိုပြီး မင်း ... အထင်သေး သွားပြီလား ... Mean :ပျော်လို့ပါ အစ်ကိုတို့အရမ်းလိုက်တယ် Plan တို့သိရင် တော်တော်ပျော်နေမှာ ခုတောင် P' ... P' နဲ့ဖြစ်နေတာလေ ဖုန်းတွေလည်းတဂွမ်ဂွမ်Saint :ဟုတ်လား ညီPerth: ဟုတ် တစ်ပါတ်နှစ်ခါလောက်ဆက်ကြတယ် Earth ရော နှစ်ယောက်အတူတူဆက်ကြတာMean :ဟုတ်တယ် P'ရေ N'Perth ကို သူတို့နှစ်ယောက်က အရမ်းခင်နေကြတာလေPerth: ဟုတ်တယ် အစ်ကို ... မနေ့ကတောင် သူတို့ ဖုန်းဆက်တယ် နေကောင်းလားတဲ့ ညီလည်း သူတို့ကို ခင်ပါတယ် သူတို့က သဘောလည်းကောင်းတယ်နော်Saint : aww inn🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃ဒီလိုနဲ့ သူတို့ရဲ့အားလပ်ရက်ကကုန်ဆုံးလာတာမို့ကမ်းခြေမှ ဘန်ကောက်သို့ပြန်လာခဲ့ကြသည်။ Perth တို့အ ကြောင်းကိုလည်း လူကြီးတွေသိသွားပြီး သဘောတူထားကြတာမို့ သူတို့မှာပျော်တပြုံးပြုံး။ အုတ်ဂူတစ်နေရာ တွင် လူတစ်ယောက် ပန်းစည်းလေးကိုကိုင်ပြီး တစ်လှမ်းခြင်းဝင်လာသည်။ တစ်နေရာတွင်ရပ်လိုက်ပြီး ပန်းစည်းလေးကိုတင်လိုက်ကာ Derli အစ်ကို လာတယ် တောင်းပန်အောင်လာတယ်ပဲပြောပါတော့ တကယ်တောင်းပန်ပါတယ် အများကြီး တောင်းပန်ပါတယ် အစ်ကိုလေ ခု ချစ်သူတစ်ယောက်ရသွားခဲ့ပြန်ြပီ တကယ်ကို တောင်းပန်ပါတယ် Derli တစ်ယောက်တည်းကိုပဲချစ်မယ်လို့ဆုံးဖြတ်ထားခဲ့ပေမယ့် သူ့ကို အရမ်းချစ်မိသွားတယ် Derli လောက် မဟုတ်ဘူး Derli ထက် ပိုချစ်မိသွားတယ် တကယ်တောင်းပန်ပါတယ် သူ့အမည်က Perth တဲ့ အစ်ကို သူ့ကိုတမင်ခေါ်မလာတာပါ။ Derliလည်းတွေ့ချင်မှာမဟုတ်ဘူးလေ ပြီးတော့ သူက သူကလေ Derli နဲ့ ချွတ်စွပ်တူနေတာ သိလား Derli အံ့ဩသွားလား အစ်ကိုရောအံ့အားသင့်နေတာပါ ဒါပေမယ့် Derli ရေ သူ့ကို Derli နဲ့တူလို့ချစ်ခဲ့တာမဟုတ်ဘူး ပြီးတော့ သူကယောက်ျားလေးတစ်ယောက် ... သူမို့ချစ်ခဲ့တာပါရယ်စရာကောင်း တယ်နော် ယုံစရာလည်းမကောင်းပေမယ့် အဲ့ဒါ တကယ်အမှန်ပါ။သူကဒူးထောက်လိုက်ရင်း တကယ်တောင်းပန်ပါတယ် Derli သူ့ကို အရမ်းချစ်မိသွားလို့ သူကကိုယ့်အတွက် အချစ်ဆုံးပါ မင်းကိုဆုံးရှုံးတုန်းက ကိုယ်ရူးမတတ်ဖြစ်ခဲ့တာ သူ့ကိုသာ ဆုံးရှုံးရရင် တကယ်ရှူးမလားပဲ မဟုတ်ဘူး သေတောင်သေသွားမလားဘဲ ခွင့်လွှတ်ပေးဖို့မပြောချင်ပါဘူး ဒါပေမယ့် Derli လည်း ကိုယ့်ကိုနားလည်ပေးမယ်ဆိုတာ ကိုယ်ယုံတယ် နောက်မှထပ်လာခဲ့ပါ့မယ် ခုသွားပြီ Derli နာရီဝက်ခန့်စကားတွေပြောပြီး သူပြန်ထွက်သွားလေသည်။ သူထွက်သွားပြီး တစ်နာရီခန့်အကြာ ယောက်ျား လေးတစ်ဦး ရဲရဲနီသောနှင်းဆီပန်းစည်းလေးကိုကိုင်ကာ ၀င်လာသည်။ Saint လာပြီး နှင်းဆီပန်းစည်းချသွားသော အုတ်ဂူနှင့် မျက်နှာချင်းဆိုင်ခန့်နားရှိ အုတ်ဂူရှေ့တွင် နှင်းဆီပန်းစည်းလေးကိုချလိုက်သည် အုတ်ဂူ ရှေ့ရှိ ပန်းခြောက်လေးတစ်စနှစ်စကို လက်ဖြင့်တယုတယကောက်ပြီးရှင်းလိုက်သေးသည်။ ပြီးမှ Mommy ... Perth လာပါတယ် ဒီနေ့ Mommy ရဲ့နှစ်ပတ်လည်နေ့နော် ဟိုမှာ အဆင်ပြေရဲ့လား အရမ်းအေးနေလားPerthတို့ကိုရော ကြည့်နေလား Perth ကိုစိတ်မပူပါနဲ့ Mommy ... Daddy က Perth ကိုအရမ်းချစ်တာ Mommy သိသားပဲလေ လေးလေး လူပျိုကြီးကလည်း Daddy လောက်ကို ချစ်ပေးတာမို့ Perth တကယ်ပျော်ပါတယ်။ ပြီးတော့ အဆင်လည်းပြေပါတယ် ဂရုစိုက်ပေးတဲ့ Mommy မရှိတာကလွဲလို့ပေါ့ တောင်းပန်ပါတယ် Perth ဘာတွေပြောနေမှန်းမသိဘူးနော် Perth ပြောချင်တာက Perth အဆင်ပြေနေပါတယ်လို့ ပျော်လည်း ပျော်နေတာမို့ Mommy လည်း စိတ်ချလက်ချနေပါနော် Perth အတွက် မပူပါနဲ့ပြောနေရင်း မျက်ရည်စ အချို့လိမ့်ဆင်းလာတာမို့ လက်ဖ၀ါးလေးဖြင့် အသာပွတ်လိုက်ရင်း မျက်ရည်က ဘာလို့ကျလာပါလိမ့် Mommy ဆီလာတော့ပျော်လို့ဖြစ်မယ်နော် Perth လာတာ Mommyလည်း ပျော်တယ်မဟုတ်လား ဒါနဲ့လေ Mommyကို Perth တစ်ခုပြောရဦးမယ် Perthလေ ချစ်သူရနေပြီ သိလား Daddyတို့လည်းသိတယ် သူတို့လည်း သ ဘောတူထားတယ် Mommy လည်း သူ့ကိုမြင်ရင် သဘောကျမှာပါ သူကစိတ်ထားလည်းကောင်းတယ် Mommy သူက ယောက်ျားလေးဖြစ်နေလို့ Mommy Perth ကို စိတ်မဆိုးဘူးမို့လား ... သူက နည်းနည်းလည်းချောတယ် Perth လောက်တော့ ချောမှာဟုတ်ပါဘူး Perth က သူ့ထက်ချောတယ် ဟုတ်တယ်နော် Mommy ဟုတ်တယ်မဟုတ်လား နောက်ရက်မှ သူ့ကိုပါခေါ်လာပြီး Mommy ကိုမိတ်ဆက်ပေးပါ့မယ် Perth ပြန်တော့ မယ် Mommy ဒီနေ့က Mommy နှစ်ပတ်လည်နေ့မို့ Mommyကိုခဏလာတွေ့တာ Mommy နှစ်ပတ်လည်အတွက် ကန်တော့ပွဲကိုပြင်ဖို့ဆင်ဖို့ Perth ကူချက်လိုက်ဦးမယ် ခုလိုတဲ့ပစ္စည်းလေးတွေလာဝယ်ရင်း Mommy ဆီခဏလာတွေ့တာ Mommy နှစ်ပတ်လည်အတွက် Perth ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်မှာဆိုတော့ Mommy ကျေနပ်နေမှာပါ ပြီးတော့ Perth လက်ရာကို Mommy သဘောကျမှာပါ Perth ပြန်ပြီ အရမ်းအရမ်းချစ်တယ် Perth လှည့်ထွက်မည်အပြု အုတ်ဂူတစ်ခုမှ ပိုင်ရှင်ဓာတ်ပုံကိုအမှတ်မထင်ကြည့်မိသော တခဏ တဆက်ဆက် တုန်ယင်လာပြီး ကြက်သီးများပင်ထသွားကာ မတ်တပ်ရပ်နေရာမှ ထိုင်ကျသွားပြီး Perth နှင့် ရုပ်ချင်းဆင်သူ အမည်ကိုဖတ်ကြည့်မိတော့ Derli တဲ့။ ကြားဖူးသလိုရှိပေမယ့် ဘယ်မှာကြားဖူးမှန်းမသိ သိပ်မရင်းနှီးသလို သိပ်မစိမ်းသောအမည်တစ်ခု။ (ဟယ် ... ကျားဇိုးလေးကတော့ ... မေ့တတ်တာ လွန်ရော ... 😞😔)Mommy နှစ်ပတ်လည်အတွက် ပြင်ဆင်ရဦးမည်မို့ Perth လည်း ခုနတုန်းက အဖြစ်ကိုတွေးရင်းပြုံးပြီးထွက်သွားသည်။ အကယ်၍ ထို Derli ဆိုသောမိန်းကလေးသည် Saintအချစ်ဦးမှန်းသိခဲ့ပါလျှင်။
ŞİMDİ OKUDUĞUN
🖤 Love ❤️
Hayran KurguIntro ✍️ PinSon Company မှ အလွန်ကြည့်ကောင်းပြီးမိန်းကလေးဝန်ထမ်းများ၊ ယေက်ျားလေး ဝန်ထမ်းများ အကြားရေပန်းစားသူ၊ စိတ်ထားကောင်းပြီးကူညီတတ်သူ၊ သို့သော် အချစ်ဦး Derli သေဆုံးသွားတာကြောင့် နာကျင်ခံစားနေရသူ လူငယ် Manager လေး Saint❤️ အလွန်ရုပ်ချောသွက်လက်ပြီး...