Part 9

127 15 0
                                    

<Z>

Part -9
ရေသန့်စက်ရုံအတွက် မည်သည့်နေရာတွင် မည်သည့်စက်ကိုထားမည်။ မည်သည့်အခန်းကို မည်သည့်ပုံ ဆောက်မည်စသည်ဖြင့် Saint နှင့် Perth တို့ အင်ဂျင်နီယာတွေနဲ့ တိုင်ပင်ကာ အတော်အလုပ်ရှုပ်နေကြသည်။ တစ်ယောက်နှင့် တစ်ယောက်လည်း အတော်ရင်းနှီးသွားကြလေသည်။ ဖြစ်ချင်တော့ တစ်နေ့မှာ
Perth ရဲ့ ကားလေး ကားပါကင်မှာ ဘီးပေါက်သွား၏။ ထိုနေ့သည် သူတို့အတွက် ဘယ်လိုမှမေ့မရနိုင်မည့် နေ့ လေးဖြစ်လာမည်ကို သူတို့်တွေးထင်ထားမည်မဟုတ် ...
Perth: ဟာ ... ဒုက္ခပါပဲ
Saint: ညီဘာဖြစ်လို့လဲ
Perth : ကားဘီးပေါက်သွားလို့ (မျက်နှာလေးမဲ့ပြီး😌😌😌)
Saint: အော် ... လာလေ အစ်ကို လိုက်ပို့မယ်
Perth: နေပါစေ ညီဝယ်စရာတွေလည်းရှိနေတာအားနာစရာ တက္ကစီပဲငှါးသွားလိုက်မယ်
Saint : မဟုတ်သေးပါဘူး ညီရယ် ရပါတယ် ရုံးဆင်းပြီပဲဟာ အစ်ကို လည်းအားပါတယ် လာပါ
Perthလည်း မငြင်းတော့ဘဲ car ကို workshop ဆီ ဖုန်းဆက်ပြီး Saint ကားနဲ့ပဲအတူပြန်ကြသည်။
At supermarket -------
Perth လည်း ပစ္စည်းအချို့ဝယ်ခြမ်းပြီး Saint နှင့်အတူ ပြန်အထွက် marketသို့ဝင်လာသောအတွဲတစ်တွဲ။ တစ်ယောက်လက်မောင်းကိုတစ်ယောက်တင်းတင်းဆုပ်ကာ အပြုံးတွေတဝေေ၀နှင့် အတော်ကြည် နူးနေပုံပါပင်။ ထိုအတွဲကိုကြည့်ရင်း Perth မျက်နှာ တစ်ချက်ပျက်သွားသည်ကို ပန်းသီးဝယ်ရင်း Saint မြင်လိုက်တာမို့ သတိ ထားကြည့်နေစဉ် ခုနက အတွဲမှ ကောင်မလေးက Perth ကို မြင်သွားပြီး----
Girl : Aww P'Perth နေကောင်းပါရဲ့နော် သရော်ပြုံးဖြင့်မေးလာ၏
Perth မျက်နှာတစ်ချက်တင်းသွားရင်းမှ ပြန်ပြုံးပြပြီး
Perth: ကိုယ်ကျန်းမာပြီး စိတ်ချမ်းသာနေပါရဲ့ Chompoo ရော နေကောင်းတယ်နော်
Chompoo : ကောင်းတယ် ကောင်းတယ် ဒါနဲ့လေသူက P'Thump တဲ့။ ကျွန်မရဲ့ အချစ်ဆုံးလေ
Perth: အော် ... ကျွန်တော်က Perth ပါ Chompoo ရဲ့ သူငယ်ချင်းပေါ့
Thump :ဟုတ်ကဲ့ပါခင်ဗျာ ... ညီက ခန့်ချောပဲ ... Chompoo လေးက ကိုယ့်ကိုလည်း အရမ်းချစ်တာ သူ့မိဘ တွေကလည်း အဆင့်မခွဲတတ်ဘူး သိလား ကိုယ်တို့ကိုသဘောတူထားတယ်
Perth မျက်နှာလေး အဆပေါင်းများစွာ ညှိးကျသွားပြီး ဘာပြောရမှန်းမသိဖြစ်နေလေသည်။ ထိုစဉ်
Saint: sorry ညီ ... ကိုယ် ... ညီဖို့မုန့်ရွေးနေတာ နောက်ကျသွားတယ် သိလား
Perth ပခုံးလေးကိုလှမ်းဖက်ရင်း ပြောလိုက်တော့ Chompoo အံ့ဩသလိုဖြစ်သွားရင်းမှ ပြန်ပြုံးပြီး---
Chompoo: သူကဘယ်သူလဲ P'Perth မိတ်ဆက်ပေးဦးလေ
Perth ပြန်ဖြေမည်အပြု Saint ကပင် သွက်လက်စွာ
Saint: ညီရဲ့ အသိထင်တယ် ကျွန်တော်တို့ကချစ်သူတွေပါ (အတင်းပဲနော် နဂါးလေး 🤪🤪🤪)
Chompoo : aww aww ဟုတ်လား
Perth : omm ဟုတ်တယ်လေ
ကားပေါ်တွင် -------
Perth: ကျေးဇူးပါပဲ အဲ့ဒီတစ်ယောက်က ညီ့ ရဲ့ အရင်က ချစ်သူလေ ပြတ်သွားတာကြာပြီ ညီ့ ရှေ့မှာသူ့အသစ်ကိုလာကြွားနေတာလေ အစ်ကိုက ညီ့ ရဲ့ချစ်သူလို့ပြောလိုက်တော့ သူ့မျက်နှာကြီးကိုမဲနေတာပဲ ရယ်ချင်လိုက်တာ ဟီးဟီး
Saint: အစ်ကိုလည်းတောင်းပန်တယ် ညီ့ကိုဘာမှမပြောဘဲ အရူးဇာတ်ရေးမိလို့
Perth: ရပါတယ် နို့မို့ဆို ခုနတုန်းက ညီရှုံးမှာအစ်ကို့ကြောင့် သူ့ကိုနိုင်သွားတယ် ခိခိ
Saint: ညီ့ကိုပြောစရာရှိတယ်
Perth: ပြောလေ အစ်ကို
Saint:ကိုယ် ညီ့ကိုအရမ်းချစ်တယ်
Perth: အစ္ကို!
Saint: ကို တကယ်ပြောတာပါ ညီ့ကို အရမ်းချစ်တယ် ကိုယ့်ကိုလက်ခံပေးပါ ယောက်ျားလေးချင်းမို့ ကိုယ့်ကို တစ်မျိုးမထင်စေချင်ဘူး .... ကိုယ် ဘယ်ယောက်ျားလေးမှ စိတ်မ၀င်စားဘူး ညီဖြစ်နေလို့ ညီမို့လို့ပါ ...
Perth: ဟို ဟို ညီ စဉ်းစားပါရစေ
Saint: ကို စောင့်နိုင်ပါတယ်
At the next month -------
Chairman: ကဲ ရေသန့်စက်ရုံလည်း ပြီးလုနီးဖြစ်နေပါပြီ။ အချောကိုင်ပြီးဆေးသုတ်တာလောက်ပဲ ကျန်တော့ တာမို့ အားလုံးပင်လည်းပင်ပန်းကုန်ကြပြီဆိုတော့ မနက်ဖြန်9နာရီမှာ စီမံခန့် ခွဲရေးဌာနတစ်ဖွဲ့လုံး Pattaya ကို အပန်းဖြေနှစ်ရက်ခရီးသွားကြဖို့ ခွင့်ပြုလိုက်ပါတယ် companyက ကားစီစဉ်ပေးပါ့မယ်။ တည်းခိုစရိတ်နဲ့ စားစ ရိတ်လည်း ကုမ္ပဏီကပဲ ကုန်ကျခံမှာပါ ခရီးစဉ်မှာ Manager Saint ကပဲ လမ်းတစ်လျောက် သေချာကြည့်ရှုပြီးခေါ်သွားပေးပါ
ဝန်ထမ်းများ: ဟုတ်ကဲ့ ... ကျေးဇူးတင်ပါတယ် ...
Saint : ဟုတ်ကဲ့
ဒီလိုနဲ့ နောက်တစ်နေ့နံနက်တွင် သူတို့တစ်ဖွဲ့လုံး Pattaya ဆီ တပျော်တပါး အပန်းဖြေခရီးထွက်ခဲ့ကြ သည်။ ထိုအထဲမှာ Mean ကဖြင့် အကဲဆုံး။ ခရီးတစ်လျှောက်လုံး သီချင်းတွေအော်ဟစ်ဆိုရင်း မုန့်တွေ လည်းအဆက်မပြတ်စားနေလေသည်။ ဓာတ်ပုံတွေ တဖျက်ဖျက်ရိုတ်ရင်း သူတို့ခရီးစဉ်ကို စခဲ့ကြသည်။ ၀န်ထမ်းတစ်ဖွဲ့လုံး သူငယ်ချင်းတွေလိုပင် စလိုက် နောက်လိုက်ဖြင့် Pattaya ကို ရောက်မှန်းမသိ ရောက်ရှိသွားကြလေသည်။ သူတို့ခရီးထွက်လာခဲ့သောကားမှာ အမိုးပွင့်ကားမို့ နေ့လယ်တွင် နေအလွန်ပူလာသဖြင့် စောင်များတဘက်များ ဖြင့် မိုးပြီးသွားကြသည်မှာ အမှတ်တရဖြစ်နေသည်။ နေ့လယ်တွင် စားသောက်ဆိုင်တစ်ဆိုင်ရှေ့၌ ကားလေးကို ရပ်ပြီး အတူတူ ထမင်းစားကြပြီး ဆက်ထွက်ခဲ့ကြသည်။ နေ့လယ် ၃နာရီခန့်တွင် Pattaya သို့ရောက်ရှိသွားကြ ပြီး Company မှ ကြိုပြောပြီးသားဖြစ်၍ တည်းခိုရန်နေရာကို အထွေအထူးရှာရန်မလိုချေ။ company မှပြော လိုက်သည့်အမည်ကိုသာရှာပြီး အခန်းများရသွားကြသည်မို့ ခေတ္တခဏနားနေကြလေသည်။ Pattaya အလွန်ကျယ်ပြောလှသော်လည်း တည်နေပုံအနေထား ရာသီဥတုနှင့် သဘာဝအလှတို့ကြောင့် နှစ်သက်ဖွယ် ချစ်စ ဖွယ် ကျွန်းလေးပင်ဖြစ်၏ ထို့ပြင်ကျွန်းတစ်လျှောက် ပွင့်နေသော ပန်းရနံ့၊ ပုတိုတိုလေးများနှင့်သီးနေသော အုန်း ပုပင်လေးများ၊ သာယာငြိမ့်ညောင်းချိုအေးသော ဥဩလေးတို့၏ တေးဆိုသံများ၊ ညနေနေ၀င်ဆည်းဆာတွင် ပတ္တမြားရောင်သန်းနေသောမြစ်ပြင်အလှ၊ အိပ်တန်းတတ်ငှက်ကလေးတို့ပျံသန်းနေသော ကျွန်း၏နေ၀င်ဆည်း ဆာအလှ၊ မြစ်ပြင်ကိုဖြတ်၍တိုက်ခတ်လာသော လေပြေညင်းတို့စုပေါင်းလိုက်သောအခါ ပန်းချီဆရာတို့ငိုယူ လောက်၏။ ကဗျာဆရာတို့ လက်မှိုင်ချရလောက်၏။ ထိုသဘာဝအလှတို့အပေါ် ဟိုတယ်ကြီးများ၊ ပန်းခြံလေး များနှင့် ကစားကွင်းစသော ပကာသနအလှများကို လူတို့ကဖန်တီးလိုက်သောအခါ အလွန့်အလွန်ကို လှပပြီး ပြည့်စုံသော၊ လူတို့အပန်းဖြေလာရန်သင့်သော ကျွန်းလေးတစ်ကျွန်းဖြစ်လာလေသည်။ ထို့ကြောင့် လူလည်းအတော်စည်ကားပြီး foreigners များကိုပင် ထိုကျွန်းလေးက ဆွဲဆောင်နိုင်ခဲ့သည်။ (မရောက်ဘူးလို့ ... ကိုယ် ဖြစ်ချင်တာ ကိုယ်ရေး ... 🤫🤫🤫)
ကျွန်းပေါ်ရှိအအေးဆိုင်တွင်ထိုင်ရင်း----
Mean : wow ကျွန်းလေးက သာယာလိုက်တာ
Perth: ဟုတ်တယ်နော် ကျွန်းလေးကနေချင်စရာ
Saint: အင်း ဒီလို လှလို့သာယာလို့လည်း Pattaya က နာမည်ကြီးနေတာပေါ့
ဝန်ထမ်း :ဟုတ်တယ်နော် ဒီကျွန်းလေးနံမည်ကြားကတည်းက ကျွန်မလည်းရောက်ဖူးချင်နေတာကြာပြီ
အအေးသောက်ပြီးနောက် သူတို့ကျွန်းလေးပေါ်ရှိသောင်ပြင်တွင် လမ်းလျှောက်ရင်း ------
ဝန်ထမ်း 1: ဟိုဘက်ကမ်းကိုကူးကြမလား
Mean : ဟုတ်တယ် သွားကြစို့ 
Saint: အရမ်းမှောင်နေမယ် မနက်မှသွားစို့
Mean : P' ကလည်း မမှောင်ပါဘူး ကမ်းမှာသမ္ဗာန်တွေလည်း အမြဲဆွဲနေတာကို သွားရအောင်ပါ
ဝန်ထမ်း 2: ဟုတ်ပါတယ် သွားရအောင်ပါ
Mean: P' ရေ လုပ်ပါ သွားချင်တယ်
Mean က ခုဆိုခုမှ ပူဆာနေလေသည်။ ၀န်ထမ်းတွေကလည်း အရမ်းသွားချင်နေကြလေသည်။
Saint: ကဲ ဒါဆိုလည်း သွားလေ ဒါပေမယ့် အဲ့ကမ်းဘက်မှာ တည်းစရာနေရာလည်းမရှိဘူး
Perth: ဟိုလေ ကျွန်တော် မလိုက်တော့ဘူး ကျွန်တော် ကလှိုင်းမူးတတ်တယ် ဒီမှာပဲကျန်ခဲ့တော့မယ်
Mean : N'Perth ကလည်း လိုက်ခဲ့ပါ
ဝန်ထမ်း 2: ဂျာလေးရယ် လိုက်ခဲ့ပါ
Saint: ဟုတ်သားပဲ ဒီမှာ ညီ ပဲကျန်နေမှာပေါ့
Perth: ကောင်းပါပြီ ညီလိုက်ခဲ့ပါ့မယ်

🖤 Love ❤️Where stories live. Discover now