FOD Extra 2 _Chapter _ 26 - Yu Cang Hai

6.1K 481 3
                                    

FOD Extra 2 _Chapter _ 26 - Yu Cang Hai

ကျိုးယွင်ရှန့်က ဖြည်းဖြည်းပဲ လျှောက်လှမ်းလာတယ်။ တစ်လအတွင်း သူတို့အကြောင်း သတင်းသုံးလေးခုကို ရရှိခဲ့တယ်။ ဒီလူသုံးယောက်က သူတို့အိမ်ကိုမရောက်သေးခင် သုံးကြိမ်လောက် ဓားပြတိုက်ခံရတယ်။ အခုတော့ တကယ့်အဓိကလူဆီမှာ ကုန်ပစ္စည်းတစ်ခုလို ရောက်ရှိသွားခဲ့ပြီ။ ကျိုးယွင်ရှန့်က ပျင်းရိတယ်လည်းမရှိ၊ ပျော်တာလည်းမရှိဘဲ လျစ်လျှူရှုထားလိုက်တယ်။ ဒီသုံးယောက်က တစ်ယောက်လက်ကနေ နောက်တစ်ယောက်လက်ကို ကူးပြောင်းခံနေရတယ်။ လက်ပြောင်းခံရလေ ဆင်းရဲဒုက္ခကို ပိုခံစားရလေဖြစ်တယ်။ အခုတော့ အကြိမ်ရာချီ နှိပ်စက်ခံနေရပြီ။

ပီကင်းဘုရင်က အဖွဲ့အစည်းတွေထဲမှာ အင်အားအကောင်းဆုံးဖြစ်လို့ သူ့လက်ထဲကနေ ဘယ်သူမှ လုလို့မရတော့ဘူး။ ဇီရွှမ်နဲ့ ကျိုးယွင်ရှန့်တို့ ရောက်တဲ့အထိ ဒီသုံးယောက်ကို ထိန်းသိမ်းထားနိုင်ခဲ့တယ်။

"ယွီဂိုဏ်းချုပ်.. ဘုန်းတော်ကြီးဇီရွှမ်.. ကျေးဇူးပြုပြီး ထိုင်ပါ.. အရှင်မင်းကြီးက အခု နန်းတော်ထဲမှာပါ.. ခဏနေရင် ရောက်လာပါတော့မယ်.. ခရီးပန်းရင်လည်း ခဏနားတော်မူကြပါ.. မင်းကြီးရောက်လာရင် ပစ္စည်းသုံးခုကို ချက်ချင်းပြပါ့မယ်.."

စစ်ဗိုလ်ချုပ်က ရိုသေစွာပြောလိုက်တယ်။

"ကောင်းပြီ.. ကျွန်တော်တို့ ခဏနားဦးမယ်.. စားစရာနဲ့ သောက်စရာ ပို့ပေးရင် ရပါပြီ.. ပြုစုဖို့ ဘာမှမစီစဉ်ပါနဲ့.. ကျွန်တော်တို့ ကိုယ့်ဘာသာလုပ်လိုက်ပါ့မယ်.."

စစ်ဗိုလ်ချုပ်ကြီးက တာဝန်ပေးခံထားရလို့ တောင်းဆိုတာကို ချက်ချင်းလုပ်ပေးလိုက်တယ်။ စစ်သားတွေက အရသာရှိတဲ့စားစရာတွေကို တစ်ခုပြီးတစ်ခု စားပွဲပေါ်ခင်းကျင်းပေးပြီး လာရောက်သုံးဆောင်ဖို့ ဧည့်သည်တော်တွေကို ဖိတ်ခေါ်လိုက်တယ်။

ကျိုးယွင်ရှန့်က တူနဲ့ညှပ်ထားတဲ့စားစရာကို ဇီရွှမ့်ပါးစပ်နား တေ့ပေးပြီး ပြောလိုက်တယ်။

"လာ.. ပါးစပ်ဟ.. အသားစားလိုက်ဦး.."

ကျိုးယွင်ရှန့်က ကျီစယ်လိုက်တယ်။

"ငါ အသားချက်ခဲ့တာ ထိပ်တန်းအဆင့်ကိုရောက်နေပြီ.. ဒီဘုရင် တည်ခင်းတဲ့အသားက သာမန်အဆင့်ပဲ.. တကယ်လို့ မင်း ကောင်းတာလေးစားချင်ရင် ငါ့ကို ဒါတွေမကျွေးနဲ့.."

ဇီရွှမ်က အလေးအနက်ပြောပေမယ့် သူ့စကားတွေက ဒီထက်ပိုတဲ့အဓိပ္ပါယ်ပါပြီး လူကို နှိုးဆွပေးနိုင်တယ်။

ကျိုးယွင်ရှန့်ရဲ့ ၀မ်းဗိုက်အောက်ပိုင်းက ပူလာလို့ ကြက်ပေါင်ကိုကိုက်ရင်း ပြောလိုက်တယ်။

"ကျွန်တော် အစာစားပြီးမှ ခင်ဗျားကို အသေသတ်မယ်.. ဒီရက်ပိုင်း ကျွန်တော် ငတ်နေတာဗျ.."

ဒီနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ပြင်းပြစွာကြည့်ပြီး အစားကို အလျှင်အမြန် စားလိုက်ကြတယ်။ ဗိုက်ဖြည့်ပြီးမှ အခြားဆာလောင်တာကို ဖြည့်နိုင်မှာဖြစ်တယ်။


ပီကင်းဘုရင်ရောက်လာချိန်မှာ ကျိုးယွင်ရှန့်တို့ အချစ်တိုက်ပွဲပြီးကာစဖြစ်တယ်။ ဇီရွှမ်က တည်ငြိမ်တဲ့ဘုန်းကြီးသွင်ပြင်ကို ပြန်ရနေပေမယ့် ကျိုးယွင်ရှန့်ရဲ့လည်ပင်းက နမ်းထားတဲ့ အနီမှတ်တွေပြည့်နေပြီး မျက်ဝန်းတစ်စုံက ချစ်ဆိပ်ရည်တွေနဲ့ လဲ့နေတယ်။ သူက ညောင်စောင်းမှာ ပျင်းရိစွာလဲလျောင်းနေပြီး ခြေထောက်တစ်ဖက်ကို ဇီရွှမ်ရဲ့လက်မောင်းပေါ်တင်ထားပြီး ခြေတစ်ဖက်ကို ကွေးထားတယ်။ ဒီပျင်းရိတဲ့ပုံလေးက လူ့ရဲ့စိတ်ကို ကြွအောင် လှုံ့ဆော်နိုင်လို့ ဘုရင့်မျက်လုံးထဲ ရမ္မက်စိတ်တွေ ထင်ဟပ်လာတယ်။ ဒါပေမယ့် သူက ရတနာမြေပုံကိုလိုချင်လို့ သူ့စိတ်ကို အချိန်မှီ ချိုးနှိမ်ထားလိုက်နိုင်တယ်။

ဘုရင်က သူတို့နှစ်ယောက်ကို ခြေလက်ဖြတ်ထားတဲ့ ကျန်းချန်ရန်နဲ့မုကျင့်ကောရှိရာကို ခေါ်လာခဲ့တယ်။ ဒီလူနှစ်ယောက်ကို လေးဘက်ထောက်စေပြီး ထမ်းပိုးတပ်လို့ နွားတင်းကုတ်ထဲမှာ လှောင်ထားတယ်။

"မင်းတို့ သူတို့တွေကို အနီးကပ်သွားကြည့်လို့ရတယ်.. ဒီနှစ်ယောက်ကို နေ့တိုင်းနှိပ်စက်ပြီး ခြေဖ၀ါး၊ လက်ဖ၀ါးတွေဖြတ်ပြီး အမျိုးသမီးတွေစီးဖို့ ထမ်းပိုးတပ်ထားပြီး တစ်နေ့နှစ်ကြိမ် ဆွဲခိုင်းတယ်.. တကယ်လို့ အခုနှိပ်စက်တာ မလုံလောက်သေးရင် သူတို့ကို ထပ်နှိပ်စက်လို့ရသေးတယ်.. နှိပ်စက်တဲ့နေရာမှာ ငါကိုယ်တော်ရဲ့လူတွေက အရမ်းတော်တယ်.. သူတို့နှိပ်စက်ခံရတာကို လက်တွေ့ကြည့်ချင်သေးလား.."

ကျိုးယွင်ရှန့်က သူတို့တွေကို အနီးကပ်ကြည့်ပြီး သူတို့ဆီက အနံ့ဆိုးတွေကို မရှူချင်ဘူး။ အခု ဒီနှစ်ယောက်က သူတို့တစ်သက် လမ်းမလျှောက်နိုင်တော့ဘဲ တိရိစ္ဆာန်တွေလို ၀မ်းလျားထိုးပဲ သွားနိုင်တော့မယ်။ သူတို့တစ်ကိုယ်လုံး အမာရွတ်တွေပြည့်နေတဲ့အပြင် သွေးတွေ၊ အညစ်အကြေးတွေက ယိုစီးကျနေသေးတယ်။

ပီကင်းဘုရင်က ကွပ်မျက်သူတွေကို ခေါ်သွားခိုင်းတဲ့အခါ သူတို့က တုန်လှုပ်ပြီး ပါးစပ်ဟလို့ လျှာတစ်ဝက်ထွက်အောင် အော်ဟစ်ပြီး အသနားခံကြတယ်။ သူတို့ပုံစံကိုတွေ့ပြီး ကျိုးယွင်ရှန့်က သနားသဖြင့်နဲ့ သတ်ပေးတာကို လိုချင်ကြတယ်။ သွေးမျက်ရည်တွေက မျက်လုံးထဲက စီးကျလာခဲ့တယ်။ အခုတော့ သူတို့ဘ၀က ရှင်လို့မရ၊ သေလို့မရတဲ့ဘ၀နဲ့ ငရဲခံနေရတယ်။ ဒီအဖြစ်ဆိုးကိုတွေ့ပြီး ကျိုးယွင်ရှန့်ဆီက ကြင်နာသနားစိတ်လေးများပေါ်ပြီး သူတို့ဒုက္ခကို ငြိမ်းအောင်လုပ်ပေးဖို့ မျှော်လင့်နေကြတယ်။

ကျိုးယွင်ရှန့်က သူတို့တွေကိုစိုက်ကြည့်ပြီး လက်ယမ်းရင်း ပြောလိုက်တယ်။

"အရှင်မင်းကြီးရဲ့နည်းလမ်းတွေကို ကျွန်တော် လေးစားပါတယ်.. သူတို့ကို တတ်နိုင်သလောက် ရှင်အောင်ထားလိုက်ပါ.."

ဘုရင်က သဘောတူလိုက်ပြီး စိတ်ပျက်လက်ပျက်ငိုကြွေးနေတဲ့ နှစ်ယောက်ဘက်ကို လှည့်တောင်မကြည့်ဘူး။ သူက ကျိုးပဲ့နေတဲ့ တဲတွေဘက်ကိုညွှန်ပြပြီး ပြောလိုက်တယ်။

"ငါကိုယ်တော် မုလွေ့လင်ကို စစ်တပ်က ပြည့်တန်ဆာတန်းလျားမှာထားပြီး နေ့တိုင်း ဖျော်ဖြေစေတယ်.. မင်းတို့ကြည့်ဖို့ ခေါ်သွားပါရစေ.."

"စိတ်ပျက်စရာမြင်ကွင်းကို သွားမကြည့်ဘဲ မေ့လိုက်တော့.."

ဇီရွှမ်က ရုတ်တရက် ထပြောလိုက်တယ်။ ကျိုးယွင်ရှန့်က ပြုံးပြီး ခေါင်းညိတ်လိုက်တယ်။

ဘုရင်က အချိန်မဆွဲတော့ဘဲ ကျိုးယွင်ရှန့်တို့နှစ်ယောက်ကို စားစရာတွေနဲ့ ဧည့်ခံကျွေးမွေးရင်း ရတနာမြေပုံကို မေးလိုက်တယ်။ ကျိုးယွင်ရှန့်က သိုင်းကျမ်းနဲ့မြေပုံကို ပြလိုက်တော့မှ သူက စိတ်အေးသွားပြီး ရယ်မောလိုက်တယ်။

ကျိုးယွင်ရှန့်က ၀ိုင်တစ်ခွက်ကို အနံ့ခံကြည့်ပြီး ပြောလိုက်တယ်။

"ကျွန်တော်က ကတိတည်ပေမယ့် မင်းကြီးက လူဆိုးပဲ.. ဒီဝိုင်ထဲ အဆိပ်ခတ်ထားလို့ ကျွန်တော်မသောက်ဝံ့ဘူး.."

ဘုရင်က သူတို့ကို ကောင်းကောင်းထွက်သွားခွင့် မပြုနိုင်ဘူးဆိုတာ သူ မျှော်လင့်ထားပြီးဖြစ်တယ်။ ဘုရင်က သူတို့ကိုဖမ်းထားပြီး ရတနာတွေကိုရှာတွေ့တော့မှ သတ်ပစ်ဖို့စီစဉ်ထားတယ်။ ဒီနည်းနဲ့ သူ့အတွက် သေချာအောင် သေချာလက်စဖျောက်ဖို့ လုပ်ထားပြီးသား။

သူ့လက်ထဲရောက်လာတဲ့လူတွေကို အေးဆေးကိုင်တွယ်နိုင်မယ်လို့ သူက အပိုင်ပေါက်တွက်ထားခဲ့တယ်။ ဒီဘုရင်လိုလူမျိုးက အကူအညီတောင်းတိုင်း သံသယကြီးစွာ ဒီလိုလုပ်မယ်ဆိုတာ ကျိုးယွင်ရှန့်သိထားလို့ သက်ပြင်းရှိုက်ရင်း ခေါင်းယမ်းလိုက်တယ်။ သူက ဒီအကြောင်းပြောပြီးတာနဲ့ ဇီရွှမ်က ချက်ချင်း သူ့ကိုပွေ့ပြီး ရွက်ဖျင်တဲကိုထိုးဖောက်ကာ အဝေးကို ပျံသန်းထွက်ခွာသွားတယ်။ ထွက်မသွားခင် သိုင်းကျမ်းကိုလည်း ပြန်ယူဖို့မမေ့ဘူး။

သူတို့ ပျံသန်းထွက်လာတဲ့လမ်းတလျှောက် စစ်သားတွေ လွင့်ထွက်သွားကြတယ်။ စစ်တပ်က သူတို့ကိုဝိုင်းဖမ်းဖို့ ရွက်ဖျင်တဲကိုရောက်လာတော့ ပုလ္လင်ပေါ်မှာထိုင်ရင်း မျက်နှာက သွေးတွေယိုစီးကျရင်း သေဆုံးနေတဲ့ သူတို့ဘုရင်ကို တွေ့လိုက်ရတယ်။ ကြည့်နေရင်း ဘုရင့်ကိုယ်က အသားတွေပဲ့ကျပြီး သွေးအိုင်ထဲ သေဆုံးသွားတော့တယ်။ သူ့ကို ဘယ်လိုနည်းနဲ့ သတ်သွားတယ်ဆိုတာ ဘယ်သူမှမတွေ့လိုက်ကြဘူး။

"၀မ်ရယ်.."

ကျိုးယွင်ရှန့်က မိုင်ပေါင်းများစွာအဝေးကနေ လှမ်းပြီး လှောင်ပြောင်အော်ဟစ်လိုက်တယ်။

"သူသာ ကတိတည်ရင် ဒီလိုထိဖြစ်လာစရာမရှိဘူး.. မင်းရဲ့အသက်က ရှည်ရှည်နေရဦးမယ်လို့ စဉ်းစားနေသေးရင် သူများတွေရဲ့လုပ်ရပ်က ရက်စက်တယ်လို့ မတွေးလိုက်နဲ့.. ဒီလိုကတိမတည်၊ လောဘကြီးတဲ့လူမျိုးက ဒီကမ္ဘာပေါ်မှာ အသက်ရှင်ဖို့ မထိုက်တန်ဘူး.."

စစ်တပ်ထဲမှာ ရှုပ်ယှက်ခတ်သွားတော့တယ်။ လူသတ်သမားကို လိုက်ဖမ်းဖို့ အချိန်လည်းမရှိတော့ဘူး။ ယွန်ခွန်ဖုန်းက ပီကင်းဘုရင် အပိုင်းပိုင်းပြတ်သေသွားတယ်ကြားတော့ ရာဇပလ္လင်အတွက် သူ့ကို တားဆီးနိုင်သူ မရှိတော့ဘူးဆိုတာသိလို့ ကျေနပ်စွာ ရယ်မောလိုက်တယ်။

အဲ့ဒီနောက်တော့ သူတို့နှစ်ယောက်အကြောင်းကို လူတွေမေ့လျော့လာကြတယ်။ Wuji Xinjing နဲ့ ရတနာသိုက်မြေပုံက ဒဏ္ဍာရီလိုဖြစ်လာပြီး လူတချို့က ဇီရွှမ့်ကို သွေးဆာတဲ့ဘုန်းကြီးလို့ ခေါ်ဝေါ်ကြတယ်။ ကလေးတွေ ညဘက်ငိုရင် ဒီနာမည်ပြောလိုက်တာနဲ့ ကလေးတွေ ချက်ချင်း အငိုတိတ်တဲ့အထိ ကြောက်လန့်စရာလူသား ဖြစ်လာတယ်။

••••••••••••••••••••••••••••••

ငါးနှစ်ကြာတော့ DaXia တရှာပြည်ကြီးနေရာမှာ တလုံပြည်ရဲ့မင်းဆက်က အစားထိုးလာကြပြီး တိုင်းပြည်သစ်ဖြစ်လာတယ်။ လူတွေလည်း တဖြည်းဖြည်း စစ်ပွဲရဲ့အရိပ်အောက်က လွတ်လာပြီး တည်ငြိမ်လာကြတယ်။

ကျိုတိုမြို့က နာမည်အကြီးဆုံးလက်ဖက်ရည်ဆိုင်မှာ အားချီက ဧည့်သည်တွေကို ဧည့်ခံနေတယ်။ သူက အခု အဆင့်တန်းမြင့်တဲ့လူတစ်ယောက် ဖြစ်နေပြီ။ ဒီတစ်ကြိမ် သူက အနက်ရောင်ဝတ်ထားတဲ့ လူတစ်ယောက်ဘေးမှာ မတ်တပ်ရပ်နေပြီး ရေနွေးငှဲ့ပေးပြီး တရိုတသေကမ်းပေးလိုက်တယ်။ အားချီရဲ့အမူအယာက ဒီလူကို အရမ်းလေးစားပုံရတယ်။

အနက်ရောင်ဝတ်စုံဝတ်ထားတဲ့လူရဲ့ နှာတံက ပေါ်လွင်နေပြီး မျက်ခုံးက ဓားတစ်စင်းလို ပြတ်သားတယ်။ မျက်ဝန်းက မက်မုံပွင့်တွေလို လှပပြီး ဆွဲဆောင်မှုရှိတယ်။ သူ့ကိုစိုက်ကြည့်မိရင် ခေါင်းတွေမူး၊ ရင်တွေခုန်လာအောင် သူ့အလှက တစ်ဖက်သားကို လွှမ်းမိုးနိုင်လှတယ်။

သူက အားချီကို ထိုင်ဖို့ လက်ဝှေ့ယမ်းပြပြီး ရေနွေးပူပူကို မှုတ်သောက်ရင်း ပြတင်းအပြင်ကကောင်းကင်ကို ကျေနပ်စွာပြုံးပြီး ကြည့်လိုက်တယ်။

အားချီက သူကြည့်တဲ့ဘက်ကို လိုက်ကြည့်တော့ လမ်းတစ်ဖက်က သစ်ပင်ပေါ်မှာ ဘုန်းကြီးဇီရွှမ်က မတ်တပ်ရပ်နေပြီး လက်ညှိုးညွှန်ရင်း စကားလှမ်းပြောနေတယ်။

"ကြက်ကြော်ကို တန်းစီဝယ်ဖို့ ဘုန်းကြီးကိုခိုင်းလိုက်တာ သူ အရှက်မရနိုင်ဘူးလား.. လူတွေကဲ့ရဲ့လို့ တံတွေးခွက် ပက်လက်မျောမှာကို ကျွန်တော်စိုးရိမ်မိတယ်.."

အားချီက လှမ်းပြောလိုက်ပေမယ့် ကျိုးယွင်ရှန့်က ငွေထုပ်ကိုလှမ်းပစ်ပေးပြီး ခပ်မြန်မြန်သွားဖို့ လက်ယမ်းပြလိုက်တယ်။

ဇီရွှမ်က ငွေအိတ်ကိုဖမ်းပြီး သူ့ချစ်သူကို ချစ်မြတ်နိုးစွာကြည့်ပြီး ထွက်သွားတယ်။ သူပြန်လာတော့ ကြက်ကြော်ကို လက်မှာကိုင်ပြီး လက်ဖက်ရည်ဆိုင်ဆီလျှောက်လာတော့ အဒေါ်ကြီးတွေက သူ့နောက်မှာ တံတွေးထွေးချပြီး ကဲ့ရဲ့ပြောဆိုနေကြတယ်။

ဇီရွှမ်က သိုင်းကျွမ်းတဲ့သူပဲ။ လူတွေပြောဆိုနေတာ ကြားပေမယ့် သူ့ချစ်သူကိုတွေ့ရတာ ကျေနပ်နေပုံနဲ့ ဘာကိုမှ ဂရုမစိုက်ဘူး။ ကျိုးယွင်ရှန့်က ပြတင်းပေါက်ဘောင်မှာထိုင်ရင်း သူ့ချစ်သူ သွားလာနေတာကြည့်ရင်း ရယ်နေတယ်။ သူ့ချစ်သူရဲ့ဦးခေါင်းပေါ်က အစက်ခြောက်စက်က ထင်ရှားနေတာကိုး။

အားချီက ကူကယ်ရာမဲ့တဲ့ သူ့အမူအယာကို ဖုံးကွယ်ဖို့ လက်ဖက်ရည်ခွက်အဖုံးနဲ့ မျက်နှာကိုကာလိုက်ပြီး မပီမသပြောလိုက်တယ်။

"အချိန်ကုန်တာအရမ်းမြန်ပြီး လူတွေက ပြောင်းလဲကုန်ပြီ.. ဒါပေမယ့် တချို့လူတွေကတော့ အတိတ်ကအတိုင်းပဲ မပြောင်းလဲဘူး.. ကောင်းလိုက်တာ.."

••••••••••••••••••••••••••••••

ကျိုးယွင်ရှန့်က သူ့ဂိုဏ်းက အသက်ရှင်ကျန်ရစ်တဲ့ တပည့်တွေအတွက် အတည်တကျလုပ်ငန်းနေရာ စီစဉ်ပြီးတဲ့နောက် ဇီရွှမ့်နောက်ကိုလိုက်ပြီး နေရာအနှံ့ ခြေဆန့်ခဲ့ကြတယ်။ နောက်ဆုံး ခရီးဆက်ဖို့ အားမရှိအောင် အိုမင်းလာတဲ့အခါမှ သားတပည့်တွေရှိတဲ့နေရာကို ပြန်လာခဲ့ကြတယ်။ သူတို့နှစ်ယောက်က အခေါင်းထဲမှာ အတူတကွလဲလျောင်းနေပြီး မျက်လုံးကို စုံမှိတ်ထားလိုက်ကြတယ်။

အမြဲတမ်းလုပ်ပေးခဲ့သလို ဇီရွှမ်က ကျိုးယွင်ရှန့်ရဲ့နားရွက်ဖျားလေးကို နှုတ်ခမ်းနဲ့ထိကပ်နမ်းရှိုက်ပြီး data တွေကို ဆက်တိုက်လွှဲပြောင်းပေးရင်း ပြောလိုက်တယ်။

"မင်းပေးထားတဲ့ကတိကို မှတ်မိသေးရဲ့လား.. ငါတို့ ဒီဘ၀ပြီး နောက်ဘ၀ဆက်တိုင်း အတူတကွနေကြမယ်နော်.. မင်း ငါ့ကိုစောင့်ပါ.. သေချာပေါက် မင်းကိုတွေ့အောင်လာရှာမယ်.."

ကျိုးယွင်ရှန့်က သူ့ချစ်သူရဲ့လက်ချောင်းတွေကို တင်းတင်းကျပ်ကျပ် ယှက်ကာဆုပ်ကိုင်ရင်း ခေါင်းညိတ်လိုက်တယ်။

သူသတိရလာတော့ ပြန်လည်တည်ဆောက်ရေးဖန်ပြွန်ထဲကို ရောက်နေပြီဖြစ်တယ်။ သူနာပြုနှစ်ယောက်က သူရှိရာကို ချက်ချင်းပြေးလာပြီး ဖန်ပြွန်ရဲ့တံခါးကိုဖွင့်ပြီး အာဟာရဖြည့်တင်းပေးတဲ့ပြွန်ကို ဖယ်ရှားလိုက်တယ်။ ပြီးတော့ သူ့ကိုလဲလှယ်ဖို့ အ၀တ်တစ်စုံကို ထုတ်ပေးလိုက်တယ်။

"ဗိုလ်ချုပ်သြ.. ဘယ်လိုနေလဲ.."

ကျိုးယွင်ရှန့်က သူ့ကိုယ်ပေါ်မှာ စမ်းသပ်ရေးကိရိယာ တန်ဆာပလာတွေကို ချိတ်ဆက်ပြီး အခြေအနေစစ်ဆေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို လျစ်လျှူရှုပြီး မေးမြန်းရင်း သြအက်စ်ဆိုင်းရဲ့အခြေအနေကို သိရဖို့ တစ်ဖက်ခန်းကို ကူးလာခဲ့တယ်။

သူထွက်သွားတုန်းကလိုပဲ ဦးနှောက်အလုပ်လုပ်ပုံကိုပြတဲ့ ကွန်ပျူတာထဲမှာ လိမ္မော်ရောင်အ၀ိုင်းသေးသေးလေးကပဲ သက်ဝင်လှုပ်ရှားနေပြီး ကျန်အပိုင်းအများစုက မီးခိုးရောင်ဖြစ်ပြီး တုံ့ပြန်မှုမရှိဘူး။ နှလုံးကတော့ ဖြည်းညှင်းစွာနဲ့ အင်အားအပြည့် ဆက်ခုန်နေတယ်။

"ဗိုလ်ချုပ်သြရဲ့အခြေအနေက တည်ငြိမ်သွားပြီဆိုပေမယ့် ဆက်လက်ကောင်းမွန်လာတဲ့လက္ခဏာတော့ မပြသေးဘူး.. ကျွန်တော်တို့ပေးထားတဲ့ ကတိအတိုင်း သေချာစောင့်ရှောက်ပေးမှာဖြစ်လို့ စိတ်ချလက်ချ အနားယူလိုက်ပါဦးခင်ဗျာ.. ဒီဆေးရုံကြီး တည်ရှိနေသေးသရွေ့ ဗိုလ်ချုပ်သြရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ဦးစားပေးအဆင့်မှာ ထားမှာပါ.."

ဆေးရုံအုပ်ကြီးက ကျိုးယွင်ရှန့်နဲ့ မာရှယ်ကြီးလုပ်ထားတဲ့ ကတိက၀တ်ကိုသိလို့ အခိုင်အမာအာမခံပြီး ပြောလိုက်တယ်။

"ကျေးဇူးတင်ပါတယ်ခင်ဗျာ.."

ကျိုးယွင်ရှန့်က ဆေးရုံအုပ်လက်ကို ဆွဲခါနှုတ်ဆက်ပြီး သူ့ကိုယ်ခန္ဓာရဲ့ အချက်အလက်တွေကို စစ်ဆေးခွင့်ပြုလိုက်တယ်။ ဒါတွေပြီးတော့မှ ရလိုက်တဲ့ data တွေကို ခွဲခြမ်းစိတ်ဖြာဖို့ သုတေသနဓာတ်ခွဲခန်းထဲဝင်သွားပြီး နောက်ဆုံးကမ္ဘာရဲ့ စွမ်းအားတွေကို တွက်ချက်ကြတယ်။

သုံးရက်သုံးညတိတိ အလုပ်လုပ်ပြီးနောက် ကျိုးယွင်ရှန့်က ဖရိုဖရဲဖြစ်တဲ့ဆံပင်၊ နီရဲနေတဲ့မျက်ဝန်းတစ်စုံနဲ့ ဆေးရုံထဲကအဆောင်ကို ပြန်ရောက်လာခဲ့တယ်။

ဩအက်စ်ဆိုင်းက အရင်တစ်ခါက သူတွေ့ခဲ့တာထက် ပိုပိုပိန်ပါးလာပြီး သူသာ ဂရုတစိုက်မပြုစုရင် အချိန်မရွေးပြိုလဲသွားတော့မလို ထင်ရတယ်။ ကျိုးယွင်ရှန့်က သြအက်စ်ဆိုင်း လဲလျောင်းနေတဲ့ ခုတင်ရှိရာကို ဖြည်းညင်းစွာလျှောက်လာပြီး သူနဲ့စိမ်းသက်နေတဲ့ ချောမောခန့်ညားတဲ့မျက်နှာကို ငေးမောကြည့်နေတယ်။ ကျိုးယွင်ရှန့်က သူ့နှာခေါင်းနဲ့ သြအက်စ်ဆိုင်းရဲ့နှာခေါင်း ထိလုနီးပါးထိ ငုံ့ကြည့်လိုက်တယ်။

ဒီအနေအထားက သူတို့နှစ်ယောက် နမ်းနေတဲ့ပုံပေါ်လို့ အစောင့်စစ်သားတွေက အမျှော်အမြင်ရှိစွာ မျက်နှာကို လွှဲထားလိုက်ကြတယ်။ CCTV ထဲမှာတော့ သူတို့ရဲ့ခေါင်းအနောက်ဘက်ကိုပဲ မြင်တွေ့ရလို့ သူတို့ဘာလုပ်နေတယ်ဆိုတာ သေချာမသိကြဘူး။ ကျိုးယွင်ရှန့်က သူ့နားရွက်ဖျားမှာ နားကပ်အသွင်ပြောင်းထားတဲ့ 008 ကို လက်နဲ့ထိလိုက်ပြီး စွမ်းအင်တွေကို ထိကပ်ထားတဲ့နှုတ်ခမ်းကနေတစ်ဆင့် သြအက်စ်ဆိုင်းဆီကို လွှဲပြောင်းပေးနေတယ်။ ငါးမိနစ်လောက်ကြာတော့ 'ကလစ်' ဆိုတဲ့အသံကို ကျိုးယွင်ရှန့်ကြားလိုက်ရပြီး သူ့စွမ်းအင် 60%ပဲကျန်တော့တာကို သိလိုက်ရမှ စွမ်းအင်လွှဲပြောင်းပေးတာကို ရပ်ဆိုင်းလိုက်တယ်။

အင်တာနက်ချိတ်ဆက်ထားတဲ့ online ကွန်ယက်ကြီးက အခုချိန်မှာ အင်မတန်ကို အန္တရာယ်ကြီးမားတဲ့နေရာ ဖြစ်နေတယ်။ တကယ်လို့ ကိုယ်သာ အမှတ်တမဲ့နေလိုက်မိရင် Queen ရဲ့ ထိုးဖောက်ဝင်ရောက်မှုကိုခံရပြီး ကိုယ့်ကို ချုပ်ကိုင်သွားနိုင်တယ်။ ဒါကြောင့် ကိုယ့်ရဲ့စွမ်းအင်ကို အပိုတော့ ဆောင်ထားမှဖြစ်မယ်။

ကျိုးယွင်ရှန့်လွှဲပြောင်းပေးတဲ့စွမ်းအင်တွေကြောင့် သြအက်စ်ဆိုင်းရဲ့ဦးနှောက်ထဲက ရှင်သန်လှုပ်ရှားတဲ့အပိုင်းက ပိုများပြားလာပေမယ့် ဒါက ဖြည်းဖြည်းချင်းပဲ ပြောင်းလဲတိုးတက်နေတာဖြစ်တယ်။

ကွန်ပျူတာ Screen ကို အတော်ကြာစိုက်ကြည့်ပြီးတော့မှ ကျိုးယွင်ရှန့်က မတ်တပ်ရပ်လိုက်ပြီး လက်အစုံကိုပူးကပ်လို့ သူ့တစ်ဘ၀လုံး ဇီရွှမ်ရွတ်ဖတ်ပေးခဲ့တဲ့ တရားစာကို ရွတ်ဖတ်လိုက်ပြီး ဆုတောင်းပေးလိုက်တယ်။ ဇီရွှမ်က ဗုဒ္ဓကို သက်ဝင်ယုံကြည်မှုကို ဘယ်တော့မှ မချိုးဖောက်ခဲ့ဘူး။ ကျိုးယွင်ရှန့်က ဇီရွှမ်ရွတ်ဖတ်ပြတဲ့ တရားသံကြားမှာ အိပ်မောကျသွားပြီး ဒီတရားသံနဲ့ နိုးထလာခဲ့စမြဲဖြစ်တယ်။ သူမျက်လုံးဖွင့်ကြည့်လိုက်တိုင်း တရားတော်တွေကို ရွတ်ဖတ်ပေးရင်း သူ့ကိုချစ်မြတ်နိုးတဲ့ မျက်ဝန်းတွေနဲ့ကြည့်နေတဲ့ ဇီရွှမ်ရဲ့မျက်ဝန်းတွေကို တွေ့ရစမြဲဖြစ်တယ်။

တရားတော်တွေကိုရွတ်ဖတ်တိုင်း ကျိုးယွင်ရှန့်က ဇီရွှမ်ရဲ့နောက်ကနေသိုင်းဖက်ပြီး ရင်ဘတ်ကိုသိုင်းဖက်လို့ လက်တွေက ရင်အုပ်တွေကိုပွတ်သပ်ရင်း သူ့ချစ်သူရဲ့ တဖြည်းဖြည်းနီလာတဲ့ နားရွက်တွေကို စိုက်ကြည့်နေလေ့ရှိတယ်။ သူဒီလိုလုပ်တိုင်း ဇီရွှမ်ရဲ့မျက်ဝန်းတွေထဲ တပ်မက်မှုတွေတိုးတိုးလာပြီး နောက်ဆုံး သူ့ကိုဆွဲပွေ့ပြီး နမ်းရှိုက်လေ့ရှိတယ်။

အမှတ်တရတွေကို သတိရချိန်မှာ ကျိုးယွင်ရှန့်ရဲ့မျက်ဝန်းထဲမှာ မျက်ရည်ကြည်တွေပြည့်လာခဲ့တယ်။ ကျိုးယွင်ရှန့်က လက်အုပ်ချီရာကနေ ချလိုက်ပြီး မျက်ရည်တွေစီးမကျအောင် ခေါင်းမော့ထားလိုက်တယ်။ ပြီးတော့မှ အိပ်ယာထက်မှာတပ်ထားတဲ့ ဖုန်းကို နှိပ်ပြီး ပြောလိုက်တယ်။

"ကျွန်တော် အသင့်ဖြစ်ပြီ.. star network ထဲ ပြန်သွားတော့မယ်.. အသင့်ပြင်ထားပေးပါ.."

"ဒါပေမယ့် ခင်ဗျားက တစ်နာရီပဲ နားရသေးတယ်.. အဆင်ပြေပါ့မလား.."

ဆေးအဖွဲ့ဝင်တွေက ချက်ချင်းရောက်ရှိလာကြပြီး သူ့ရဲ့အကြောက်ရွံ့ကင်းတဲ့စိတ်ဓာတ်ကို လေးစားအံ့အားသင့်စွာ ငေးကြည့်နေကြတယ်။ ဒီလူငယ်လေးက ခုမှ ၁၆ နှစ်ပဲရှိသေးပေမယ့် ဒီကမ္ဘာကလူတွေကို ကယ်တင်ဖို့ သူ့ကိုယ်သူ အတင်းတွန်းအားပေးနေတယ်။

"အချိန်က အသက်ပဲ.. ကျွန်တော်စောင့်နိုင်ပေမယ့် ဒီကမ္ဘာကလူတွေက စောင့်လို့မရဘူး.."

ကျိုးယွင်ရှန့်က အမှန်တရားကို ပြောလိုက်တယ်။ တကယ့်အဖြစ်မှန်ကတော့ သူ ဒီကမ္ဘာကို နည်းနည်းမှ မတွယ်တာဘူး။ သူ့ချစ်သူမရှိဘဲ တစ်စက္ကန့်လေးတောင် သူမနေနိုင်ဘူး။

ဆေးအဖွဲ့ဝင်တွေက ကိရိယာတန်ဆာပလာတွေကိုတောင် သေချာမချိန်ညှိရသေးဘူး။ ဒီလူငယ်လေးက ပြန်လည်ထွက်ခွာတော့မယ်ဆိုလို့ သူ့ကို ဖန်ပြွန်ထဲလဲလျောင်းနိုင်ဖို့ ကူညီပေးလိုက်ကြတယ်။ အပြာရောင်အရည်တွေထဲ လူငယ်လေး နစ်မြုပ်သွားတာကိုကြည့်ပြီး သူတို့အားလုံးက လူငယ်လေးရဲ့ စွန့်လွှတ်အနစ်နာခံတဲ့စိတ်ဓာတ်ကို လေးစားလွန်းလို့ သူအဆင်ပြေစေဖို့ ၀ိုင်းဆုအောင်းပေးနေကြတယ်။

End of FOD extra_2
(ဖတ်ရှုအားပေးတာ ကျေးဇူးတင်ပါတယ်)
👑👑👑👑👑👑👑

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now