FOD Extra 2 _Chapter _ 24 - Yu Cang Hai 🚫🚫🚫

5.2K 428 0
                                    

FOD Extra 2 _Chapter _ 24 - Yu Cang Hai 🚫🚫🚫

သူတို့က ဒီခြံဝင်းမှာ တစ်ညအိပ်လိုက်ကြပြီး နောက်တစ်နေ့မိုးလင်းတော့ အကြောပိတ်ထားတဲ့လူတွေကို အကြောပြန်ဖွင့်ပေးပြီး မြင်းနှစ်ကောင်နဲ့ တောင်ပိုင်းကိုခရီးနှင်ခဲ့ကြတယ်။ သူတို့ဘယ်ကိုသွားတယ်ဆိုတာကို ဖုံးကွယ်မထားတဲ့အတွက် လဝက်လည်းကြာရော သူတို့ကိုသတ်ပြီး သိုင်းကျမ်းလုချင်တဲ့ သိုင်းသမားအုပ်လိုက်ကြီးက နောက်ကလိုက်ပါလာခဲ့ကြတယ်။

ကျိုးယွင်ရှန့်က ဇီရွှမ့်ကို ဒီကိစ္စကိုကိုင်တွယ်ဖို့ပြောပြီး အေးဆေးပဲရှိနေတယ်။ တကယ်လို့ လူတွေက သူတို့ကိုလာတိုက်ခိုက်နေရင်တောင်မှ သူက ဘေးကပဲကြည့်နေလိုက်တယ်။ ဇီရွှမ်က တိုက်ပွဲရဲ့ဘက်ပေါင်းစုံကို သေချာအာရုံစိုက်ကြည့်နေရတယ်။ သူ့ကိုတိုက်လာတဲ့အခါ သူက လက်ဝါးနဲ့ရိုက်ပြီး အဝေးကိုလွင့်သွားစေတယ်။ ကျိုးယွင်ရှန့် သူ့ကိုပြုံးကြည့်နေတာကိုတွေ့တော့ ဇီရွှမ်က ကျိုးယွင်ရှန့် ရန်သူတွေကို ပြန်မခုခံဘူးဆိုတာသိလို့ သူ့ရင်ခွင်ထဲသိုင်းဖက်ထားပြီး ကာကွယ်ထားတယ်။

ဇီရွှမ်ရဲ့သိုင်းစွမ်းရည်က ရုတ်တရက်ကြီးတိုးသွားလို့ လူတစ်ယောက်ထက်ပိုပြီး အကာအကွယ်ပေးနေခဲ့ရရင်တောင်မှ တိုက်ခိုက်ရာမှာ သူ့ကို အနှောင့်အယှက်မဖြစ်စေဘူး။ ဒါကြောင့် မကြာခင်မှာပဲ တိုက်ပွဲက ပြီးသွားတော့တယ်။

ကျိုးယွင်ရှန့်က ပေါ့ပေါ့ပါးပါးပဲ အော်ပြောလိုက်တယ်။

"ငါတို့ကို သွားခွင့်ပြုပါ.. ရော့.. Wuji Xinjing ကို ယူသွားတော့.."

လူတိုင်းက ကျိုးယွင်ရှန့် ဒဏ်ရာအပြင်းအထန်ရထားတာကို သိတယ်။ သူက ကိုယ့်ကိုယ်ကို မကာကွယ်နိုင်ဘူး။ ပြီးတော့ သူက ဇီရွှမ့်ကို အရမ်းတွယ်တာပြီး ဘေးအန္တရာယ်မဖြစ်စေချင်လို့ ဒီသိုင်းကျမ်းကို ထုတ်ပေးလိုက်တာလို့ လူတိုင်းက ယုံကြည်ကြတယ်။ ဒါကြောင့် သံသယမဝင်ဘဲ လွင့်ပျံလာတဲ့ ပိုးသားစပေါ်ရေးထားတဲ့ သိုင်းကျမ်းကို ဖမ်းယူလိုက်ကြတယ်။

"သွားကြစို့.."

ကျိုးယွင်ရှန့်က ဇီရွှမ့်ကို တိုးတိုးပြောပြီး ငါးစာကိုချလိုက်တယ်။ ဒါပေမယ့် ကျိုးယွင်ရှန့် စိတ်သက်သာရာရတာ စောလွန်းနေတယ်။ ဇီရွှမ်က သူ့ကို ခပ်လှမ်းလှမ်းကမြင်းပေါ်ကို တင်ပေးလိုက်ပြီး မြင်းတင်ပါးကို လက်နဲ့ခပ်ဆတ်ဆတ်ရိုက်လိုက်ကာ မျက်လုံးတစ်ဖက် မှိတ်ပြလိုက်တယ်။

ကျိုးယွင်ရှန့်က မြင်းဇက်ကြိုးကိုကိုင်ပြီး နောက်ကိုလှည့်ကြည့်လိုက်တော့ ဇီရွှမ်က လေထဲဝဲပျံပြီး သိုင်းကျမ်းကို လုယူလိုက်တယ်။ သူက သူနဲ့အပြိုင် လေထဲပျံတက်လာတဲ့လူရဲ့ ဦးခေါင်းကို နင်းပြီး ပိုမြင့်အောင်ပျံတက်လိုက်တယ်။ အနင်းခံရတဲ့လူက အော်ဟစ်လိုက်ပြီး တစ်ကိုယ်လုံး အရိုးအသား တစ်စစီပေါက်ကွဲပြီး မြေပြင်ပေါ်မှာ သွေးအိုင်တစ်ခုဖြစ်သွားတော့တယ်။ လေထုထဲမှာလည်း ပုပ်စပ်တဲ့အနံ့တစ်ခု လွင့်ပျံလာစေတယ်။

ဒီလောက်ရက်စက်ကြမ်းကြုတ်တဲ့နည်းကို သိုင်းသမားတွေ မတွေ့ဖူးကြဘူး။ လေထဲပျံတက်ပြီး သိုင်းကျမ်းလုသူတိုင်း မြေပြင်ပေါ်သက်ဆင်းလာကြပြီး သွေးအိုင်နဲ့ဝေးရာကို အပြေးအလွှား ဆုတ်သွားကြတော့တယ်။

ဒီသိုင်းက ဘာသိုင်းလဲ..။ အရက်စက်ဆုံး အဆိပ်ဂိုဏ်းခေါင်းဆောင် ငါးယောက်က လူသတ်တာထက်တောင် ရက်စက်သေးတယ်။ ဒီလူက တကယ် ဘုန်းကြီးဇီရွှမ်မှ ဟုတ်ရဲ့လား။ ဘယ်နတ်ဆိုးက သူ့လိုပုံ ဟန်ဆောင်ထားတာလဲ..။

သူတို့က ရပ်တန့်လိုက်ပြီး ကြောင်ငေးနေကြတယ်။ သူတို့ ရုတ်တရက် နောက်က ဆက်မလိုက်ရဲကြတော့ဘူး။

ဇီရွှမ်က မြင်းပေါ်ဆင်းချလိုက်ပြီး လူငယ်လေးလက်ထဲကို သိုင်းကျမ်းပြန်ထည့်ပေးပြီး ပြောလိုက်တယ်။

"ပြန်ယူထားလိုက်.. ထပ်မပျောက်စေနဲ့.."

ဇီရွှမ်က မိမိရဲ့အစီအစဉ်ကို ထပ်ဖျက်လိုက်လို့ သွေးအန်တော့မလိုဖြစ်နေတဲ့ ကျိုးယွင်ရှန့်က ဆူပူဖို့ နောက်ကိုလှည့်ကြည့်လိုက်ချိန် အနမ်းတစ်ခုနဲ့ ဖိပိတ်ခြင်းခံလိုက်ရတယ်။ သူက ဇီရွှမ်ရဲ့အနမ်းကို ငြင်းချင်ပေမယ့် အနမ်းက ပိုပိုပြင်းလာခဲ့တယ်။ နောက်ဆုံး မြင်းခွာသံနဲ့အပြိုင် ညည်းညူသံတွေ ပေါ်လာတော့တယ်။

လဝက်အတွင်း ဇီရွှမ်ရဲ့အနမ်းစွမ်းရည်တွေ တက်လာသလို သတ္တိလည်း ပိုပိုကောင်းလာတယ်။ သူက နမ်းချင်တာကို အကြောင်းပြချက်မပေးဘဲ နမ်းချင်တဲ့အချိန်တိုင်း နမ်းနေတော့တယ်။ ထမင်းစားရင်း၊ သွားလာရင်း၊ အိပ်နေရင်း၊ အသက်လုပြေးနေရင်းတောင် အတင်းကိုနမ်းတော့တယ်။ သူ့ကိုကြည့်ရတာ အနမ်းကို ရေငတ်သူလို စွဲလန်းနေပုံရတယ်။ ကျိုးယွင်ရှန့်ကိုမြင်တိုင်း နမ်းမယ်ဆိုတာချည်းပဲ။

ကျိုးယွင်ရှန့်က ဇီရွှမ်ရဲ့အနမ်းကြောင့် လေပြတ်ပြီး မူးနောက်နောက်ဖြစ်လာပေမယ့် သူ့ခေါင်းကိုဖိချုပ်ထားလို့ ရုန်းဖယ်လို့မရဘူး။ ဒါကြောင့် သူက ဇီရွှမ်စိတ်ကြိုက်နမ်းသမျှသာ ခံနေရတော့တယ်။ သူတို့နမ်းလို့ကောင်းနေတဲ့အချိန် စမ်းချောင်းလေးဘေးမှာ မြင်းကရပ်သွားပြီး မြက်စားနေတော့တယ်။ ကျိုးယွင်ရှန့်က ဇီရွှမ့်ကိုတွန်းလိုက်ပေမယ့် အားပြင်းလို့ သူပဲ မြင်းပေါ်ကပြုတ်ကျသွားတယ်။ ကျိုးယွင်ရှန့်က နှုတ်ခမ်းကတံတွေးတွေကို လက်နဲ့သုတ်ဖယ်ဖို့ လက်မြှောက်လိုက်တယ်။

ဇီရွှမ်က ကျိုးယွင်ရှန့်ရဲ့ မျက်ရည်တွေဝဲနေတဲ့ မျက်ဝန်းကိုတွေ့တော့ တုန်လှုပ်သွားပြီး အောက်ကိုဆင်းပြီး ဆယ့်ငါးမိနစ်လောက်ကြာအောင် ထပ်နမ်းလိုက်ပြန်တယ်။ ပြီးတော့မှ ဇီရွှမ်က ကျိုးယွင်ရှန့်ကို ခြောက်သွေးသပ်ရပ်တဲ့နေရာမှာ ချပေးပြီး အစားအစာကို ကျွမ်းကျင်စွာ ချက်ပြုတ်တော့တယ်။

ကျိုးယွင်ရှန့်က သိုင်းကျမ်းကိုကိုင်ပြီး ကြည့်နေလိုက်တယ်။ ကြည့်လေလေ ဒေါသထွက်လေလေဖြစ်တယ်။ ဒါကြောင့် သူက အေးစက်စွာမေးလိုက်တယ်။

"ဘုန်းကြီး ဘယ်သူက အစောဆုံး ဗုဒ္ဓဘာသာဝင်ဖြစ်လာသလဲ သိလား.. ဗုဒ္ဓဘာသာဝင်တွေထဲမှာ လူပေါင်းများစွာသတ်ဖြတ်ခဲ့တဲ့ အင်္ဂုလိမာလဆိုတဲ့ လူသတ်သမားရှိတယ်.. သူက ဓားကိုစွန့်လွှတ်ပြီး ရဟန္တာဖြစ်အောင် ကျင့်ကြံနိုင်တယ်.. တကယ်လို့ ခင်ဗျားက ဓားကိုင်ပြီး လူတစ်ရာကိုသတ်ခဲ့ရင်တောင်မှ ဓားကိုစွန့်လွှတ်ပြီး လက်အုပ်ချီလို့ 'အော်မီတော်ဖော်' လို့ ရွတ်လိုက်ရုံနဲ့ ခင်ဗျား ဗုဒ္ဓဘာသာဖြစ်အောင် ကျင့်ကြံနိုင်လိမ့်မယ်.. ခင်ဗျားက ရဟန်းဘဝမှာ နှစ်ပေါင်း ၂၀ ကျော် နေခဲ့တယ်လို့ပြောခဲ့တယ်မလား.. ဒါက အတော့်ကိုတုံးတာပဲ.."

ကျိုးယွင်ရှန့်က မျက်ခုံးပင့်ပြီး ကဲ့ရဲ့ပြစ်တင်လိုက်တယ်။

ဇီရွှမ်ရဲ့ မထုံတတ်တေးပုံစံက ကျိုးယွင်ရှန့်ကို ပိုပိုပြီးဒေါသထွက်လာစေတယ်။ သူက သိုင်းကျမ်းကို လက်ထဲတဖြတ်ဖြတ်ရိုက်လိုက်ပြီး ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းလိုက်တယ်။

"ခင်ဗျား အရူးပဲ.. အသုံးမကျတဲ့ဘုန်းကြီးပဲ.. ဦးနှောက်ထဲ ချီးနဲ့ပြည့်နေတဲ့လူပဲ.. ကျွန်တော် ထောင်ချောက်ဆင်ထားပါတယ်ဆိုတာ ခင်ဗျားသိတယ်.. ဒီလျှို့ဝှက်သိုင်းကျမ်းက ငါးစာဖြစ်တယ်ဆိုတာ ခင်ဗျားသိလျက်နဲ့ ဘာကြောင့်ပြန်ယူလာတာလဲ.. ပထမတစ်ခါက မသိလို့ပြန်ယူလာတာ ထားတော့.. အခုက သိသိကြီးနဲ့ ပြန်ယူလာတာ ကျွန်တော့်အစီအစဉ်ကို ဖျက်ချင်လို့လား.. ဒါဆို ရှောင်လင်ကျောင်းကိုပဲ ပြန်လိုက်တော့.."

ဇီရွှမ်က ခေါင်းငုံ့ပြီး ကျိုးယွင်ရှန့်ပြောသမျှကို ငုံ့ခံနေလိုက်တယ်။ ကျိုးယွင်ရှန့် မောလို့ရပ်သွားပြီဆိုတော့မှ ဆန်ပြုတ်ပန်းကန်ကို လက်ထဲထည့်ပေးပြီး ညင်သာစွာပြောလိုက်တယ်။

"ဒီသိုင်းကျမ်းက မင်းတို့ မျိုးရိုးစဉ်ဆက် ပိုင်တာဖြစ်လို့ သေချာထိန်းသိမ်းထားသင့်တယ်.. ဘာကြောင့် ဒီဟာကို ငါးစာအဖြစ်သုံးပြီး စွန့်ပစ်ရမှာလဲ.. ယွန်ခွန်ဖုန်းက မင်းကို အသုံးချနေတာ.. သူက နောက်ကွယ်ကစောင့်ကြည့်ပြီး မြားတစ်စင်းနဲ့ငှက်နှစ်ကောင်ပစ်ဖို့ စောင့်နေတာ.. နောင်အခါမှာ သူပဲ အကျိုးကျေးဇူးရသွားလိမ့်မယ်.. မင်းရန်သူတွေကို ကလဲ့စားချေချင်ရင် သူများကို အားကိုးစရာမလိုပါဘူး.. ငါ ကလဲ့စားချေပေးပါ့မယ်.. ဒါကြောင့် ယွန်ခွန်ဖုန်းနဲ့မပတ်သက်ဘဲ ဝေးဝေးနေတာ ပိုကောင်းတယ်.."

သူက ခဏနားပြီး ဆက်ပြောလိုက်တယ်။

"တခြားလူတွေ ဗုဒ္ဓဘာသာ ဘယ်လိုဖြစ်လာတယ်ဆိုတာ ငါမသိဘူး.. ဒါပေမယ့် မင်းက ငါ့နှလုံးသားထဲမှာတော့ တစ်ဆူတည်းသောဘုရားပဲ.. ငါက မင်းကို သက်ဝင်ယုံကြည်တဲ့သူဖြစ်တယ်။ မင်းက ငါ့ကို ဒီလူ့လောကထဲ ဆွဲခေါ်လာပြီးမှတော့ ဘယ်လိုလုပ် ငါ ပြန်သွားနိုင်တော့မှာလဲ.. မင်းနားမှာပဲ နေပါရစေ.."

ကျိုးယွင်ရှန့်က အံ့အားသင့်လွန်းလို့ ခြောက်သွေ့နေတဲ့နှုတ်ခမ်းကို လျှာနဲ့သပ်ပြီး မေးလိုက်တယ်။

"ခင်ဗျား ဘာကိုဆိုလိုတာလဲ.."

"ငါဆိုလိုတာက မင်းက ငါ့ရဲ့ကိုးကွယ်ရာပဲ.. မင်း သဘောမကျဘူးဆိုရင်တောင် မင်းဘေးကနေ ငါ ထွက်သွားမှာမဟုတ်ဘူး.."

ဇီရွှမ်က ဆန်ပြုတ်ကို အေးအောင်မှုတ်ပေးပြီး ကျိုးယွင်ရှန့်ကို ခွံ့ပေးတယ်။ ကျိုးယွင်ရှန့်က ဆွံ့အနေပြီး တွေဝေငေးမောနေရင်း အရသာတောင်မခံနိုင်ဘဲ ဇီရွှမ်ခွံ့ကျွေးသမျှကို မြိုချနေရတယ်။ ဒါပေမယ့် သူ့မျက်နှာပေါ်က ရွှင်လန်းမှုကိုတော့ မဖုံးကွယ်ထားနိုင်တော့ဘူး။ ကျိုးယွင်ရှန့်က ဒီစကားတွေကို သဘောကျတယ်ဆိုတာ ဝန်မခံဘဲ အေးစက်စက်ပဲ နေလိုက်တယ်။

ဇီရွှမ်က ကျိုးယွင်ရှန့်ရဲ့ မာနကြီးတဲ့ပုံပန်းသွင်ပြင်လေးကို ချစ်မြတ်နိုးတယ်။ သူက လက်ထဲမှာကိုင်ထားတဲ့ ခရမ်းနဲ့ရွှေရောင် ရောစပ်ထားတဲ့ ဆန်ပြုတ်ပန်းကန်လုံးကို ချလိုက်ပြီး နမ်းရှိုက်ဖို့ ကျိုးယွင်ရှန့်ကို ရင်ခွင်ထဲဆွဲယူလိုက်တယ်။ ကျိုးယွင်ရှန့်က ကန့်ကွက်ငြင်းဆန်ခြင်းမရှိ ပါလာပြီး သူ့လည်ပင်းကို ကျောက်စိမ်းလိုဖြူဖွေးတဲ့ လက်တစ်စုံနဲ့ သိုင်းဖက်လို့ အနမ်းကို နွေးထွေးစွာတုံ့ပြန်လိုက်တယ်။ ကျိုးယွင်ရှန့်ရဲ့ နီမြန်းတဲ့လျှာလေးက ဇီရွှမ်ရဲ့အာခံတွင်းထဲ တိုးဝင်လာပြီး စူးစမ်းလို့နေတယ်။

သူတို့နှစ်ယောက်ရဲ့ စိတ်ခံစားချက် အခြေအနေတွေ မြင့်တက်လာတဲ့အတွက် တစ်ယောက်ခန္ဓာကို တစ်ယောက် ပွတ်သပ်ရင်း အ၀တ်တွေကို အလုအယက်ချွတ်ပစ်လိုက်ကြတယ်။ ခါးပတ်တွေ၊ အပေါ်ဝတ်ရုံလွှာတွေ တစ်ခုပြီးတစ်ခု ချွတ်လိုက်ကြတယ်။ ဇီရွှမ်က လက်တစ်ဖက်နဲ့ သွယ်လျတဲ့ ကျိုးယွင်ရှန့်ရဲ့ခါးလေးကို သိုင်းဖက်ထားပြီး ကျန်လက်တစ်ဖက်က ခရမ်းနီရောင် ကြီးမားလှတဲ့ သူ့ရဲ့ကိုယ်ပိုင်ပစ္စည်းကြီးကို ကိုင်ထားတယ်။ သူက ကြောက်မက်ဖွယ် နဂါးကြီးရဲ့ခေါင်းနဲ့ တင်ပါးနှစ်မွှာကြားက အပေါက်လေးကို အကြိမ်ကြိမ် ထိပွတ်နေလိုက်တယ်။

ကျိုးယွင်ရှန့်က သူ့ချစ်သူရဲ့စိတ်ရင်းမှန်ကို သိရှိပြီးဖြစ်လို့ အခုလို ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ ချစ်တင်းနှောဖို့ပြင်နေတာကို လက်ခံလိုက်တယ်။ သူက အသက်ရှူဖို့ နှုတ်ခမ်းချင်းခွာလိုက်ချိန်ကို အလုအယက်ပြောလိုက်တယ်။

"ခင်ဗျား.. တစ်ခါတည်း ထိုးမထည့်လိုက်နဲ့.. ကျွန်တော် အရမ်းနာတယ်.. ကျွန်တော့်အပေါက်ကို လျော့လာအောင် လုပ်ပေးပါဦး.."

ဇီရွှမ်က ပြည့်တန်ဆာဂေဟာမှာ လိင်ဆက်ဆံတဲ့မြင်ကွင်းကိုသာ မြင်ယောင်လာတယ်။ ဒါပေမယ့် ဘယ်လိုလုပ်ရမယ်ဆိုတာ သူ အသေးစိတ်မသိနိုင်ဘူး။ တစ်ဖက်လူ မနာကျင်စေဘဲ တွင်းထဲ ဘယ်လိုဝင်ရမလဲမသိလို့ ကျိုးယွင်ရှန့်ရဲ့နားရွက်ဖျားက အဖုလေးကိုနမ်းရှိုက်ရင်း တောင်းပန်လိုက်တယ်။

"နောက်ဆုံးတစ်ခါတုန်းက မင်း ဒဏ်ရာရသွားလား.. မင်းကို နာအောင်လုပ်မိသွားလား.."

Code တွေကို လက်ခံလိုက်ရပြီးနောက် ကျိုးယွင်ရှန့်က ရမ္မက်တို့နဲ့တောက်လောင်နေတဲ့ မျက်ဝန်းနီနီကို စိုက်ကြည့်ရင်း ရီဝေေ၀အသံနဲ့ ပြောလိုက်တယ်။

"နီပြီ နည်းနည်းယောင်သွားရုံပါ.. ဘာမှအရေးမကြီးတော့ပါဘူး.. လာ.. ကျွန်တော် ခင်ဗျားကိုပြပေးမယ်.."

ကျိုးယွင်ရှန့်က ရှည်သွယ်တဲ့သူ့ခြေထောက်တွေကို ဆန့်ကားလိုက်ပြီး တွင်းပေါက်လေးကို ဇီရွှမ့်ကိုပြလိုက်တယ်။ သူက ဇီရွှမ်ရဲ့ နဂါးခေါင်းထိပ်ကို လက်ဖျားလေးနဲ့ တို့ထိလိုက်တယ်။ ဇီရွှမ်ရဲ့ပစ္စည်းထိပ်မှာ အရည်ကြည်တွေ စိမ့်ထွက်နေတယ်။ ကျိုးယွင်ရှန့်က အရည်တွေကို လက်နဲ့တို့ယူပြီး ချောဆီလိုသဘောထားပြီး သူ့တွင်းဝကို သုတ်လိုက်တယ်။ ပြီးတော့ ကျိုးယွင်ရှန့်က အရိုင်းဆန်ဆန်လေသံနဲ့ ပြင်းပြစွာပြောလိုက်တယ်။

"ဒါကိုကြည့်.. ခင်ဗျားလက်ချောင်းကိုသုံးပြီး အထဲကို လျှောဝင်လာလိုက်.. ဟုတ်ပြီလား.."

သူအချစ်ရဆုံးယောက်ျားက သူ့ရှေ့မှာရောက်နေပြီ။ ဒီယောက်ျားကို ခွင့်မပြုဘဲ သူ ဘယ်နေမလဲ။ သူနဲ့ချစ်တင်းမနှောဘဲ သူ ဘယ်နေမှာလဲ။

ဇီရွှမ်မြတ်နိုးရတဲ့ လူငယ်လေးရဲ့ အောက်ပိုင်းအ၀တ်တွေက မရှိတော့ဘူး။ အပေါ်ဝတ်ရုံအနက်ရောင်က လက်မောင်းအောက်ကို လျှောကျလို့ ဖြူဖွေးတဲ့အသားအရေနဲ့ လှပတဲ့ညှပ်ရိုးတို့ ပေါ်လွင်နေတယ်။ လှပတဲ့ အနီရောင်ပွင့်ဖတ်လေးက ရင်ဘတ်မှာ ပေါ်လွင်ထင်ရှားနေပြီး မြင်သူကို နမ်းစုပ်လှည့်ပါလို့ ဖိတ်ခေါ်နေသလို ဇီရွှမ်ရဲ့စိတ်ကို မရိုးမရွဖြစ်လာစေပြီး စိတ်တွေထကြွလာတော့တယ်။ ဇီရွှမ်က ဒီမြင်ကွင်းကို မျက်စိမလွှဲနိုင်အောင် ညှို့ငင်ခံထားရတော့တယ်။ လူငယ်လေးရဲ့ခန္ဓာကိုယ်က ချောမွေ့လှပလှပြီး ကျောက်စိမ်းလို တင့်တယ်လှတဲ့ ခြေအစုံက ချဲကားလို့ တင်ပါးကိုပင့်မြှောက်ရင်း ပန်းရောင်တွင်းဝလေးကို ကောင်းကောင်းမြင်နေရတယ်။

တွင်းဝလေးကို သဘာဝချောဆီနဲ့ စေးကပ်နေတဲ့လက်ချောင်းထိပ်နဲ့ အသာအယာထိတွေ့လိုက်ပြီး အထဲကိုထိုးထည့်လိုက်တဲ့အခါ နူးညံ့ပူပြင်းတဲ့ အတွင်းသားနံရံတွေက သူ့လက်ချောင်းကို ဆွဲစုပ်ပြီး ညှစ်လိုက်တာကို ဇီရွှမ်ခံစားလိုက်ရတယ်။ ဒီအထိအတွေ့ကြောင့် သူ့စိတ်ဝိညာဉ်တစ်ခုလုံးတောင် တုန်ခါသွားသလို ခံစားလိုက်ရတယ်။

ဇီရွှမ်ရဲ့မျက်ဝန်းနက်နက်တွေက နီရဲသွားတော့တယ်။ သူက ရုတ်တရက် လက်ကိုဆွဲထုတ်လိုက်ပြီး ငုံ့ကိုင်းလို့ မကောင်းဆိုးဝါးဆန်ဆန် လျှာကိုထုတ်လိုက်ပြီး တွင်းလေးထဲကို တိုးဝင်သွားတော့တယ်။ နူးညံ့တဲ့ ကျိုးယွင်ရှန့်ရဲ့ အတွင်းသားနံရံတွေက ညှစ်လိုက်ပြီး ပိုနက်နက်တိုးဝင်လာအောင် စုပ်ယူနေတော့တယ်။

ကျိုးယွင်ရှန့်က နောက်ကိုလှန်ချလိုက်ပြီး သူ့ကိုယ်လုံးကို လက်မောင်းနှစ်ဖက်နဲ့ ထောက်ထားလိုက်တယ်။ သူ့အသံတိုးတိုးက လှိုက်မောတုန်ရီစွာ ထွက်ပေါ်လာတယ်။

"ဟုတ်တယ်.. အဲ့ဒီနား.. နက်နက်လေး.. အထဲကိုပိုရောက်အောင် တိုးဝင်ပေးပါ.."

သူ့ခြေထောက်တွေက ဇီရွှမ်ရဲ့ကျောပေါ်ကို တင်ထားပြီး ခြေချောင်းလေးတွေက ပြင်းထန်တဲ့ဇောဟုန်ကြောင့် ကုတ်ကွေးနေပြီး တုန်ယင်နေတယ်။ ကျိုးယွင်ရှန့်က အသံတိုးတိုးနဲ့ လှိုက်မောစွာညည်းနေတယ်။ ဇီရွှမ်ရဲ့လျှာက သူ့ခန္ဓာကိုယ်ထဲက တစ်နေရာကိုထိမိတိုင်း ခံစားချက်ကောင်းလွန်းလို့ အကျယ်ကြီး ထုတ်ညည်းနေမိတယ်။ ဒီညည်းတွားသံက ဇီရွှမ်ရဲ့နားထဲမှာတော့ အသာယာဆုံးဖြစ်ပြီး သူ့တစ်ကိုယ်လုံးကို ကျောက်မီးသွေးခဲရဲရဲတွေပေါ်မှာ ဖုတ်ကင်ခံထားရသလို၊ ရေနွေးကျိုက်ကျိုက်ဆူနဲ့ လောင်းချခံရသလို တစ်ကိုယ်လုံးကသွေးတွေကို ပွက်ပွက်ဆူသွားစေတော့တယ်။

ဇီရွှမ်က ကောင်လေးရဲ့တင်ပါးကို လက်နှစ်ဖက်နဲ့ပင့်မထားပြီး ခြေထောက်ကြားခေါင်းတိုးလို့ လျှာကို ဟိုးအထဲထိ ပိုနက်နက်တိုးဝင်နိုင်အောင် အားကြိုးမာန်တက်လုပ်နေတော့တယ်။ သူက လျှာကိုဆွဲထုတ်လိုက်ပြီး အပေါက်ဝလေးကို အသံမြည်အောင် နမ်းစုပ်လိုက်တယ်။

ကျိုးယွင်ရှန့်က အရမ်းကို သက်တောင့်သက်သာရှိတယ်လို့ ခံစားနေရပြီး ဒီထက်ကိုပိုလိုချင်လို့ သူ့ချစ်သူရဲ့ကျောပြင်ကို ခြေထောက်နဲ့တို့ထိပြီး တောင်းပန်လိုက်တယ်။

"မရသေးဘူး.. နက်နက်လေး.."

သူက မရိုးမရွဖြစ်လာပြီး ခေါင်းကို ဘယ်ညာခါယမ်းလို့နေတယ်။ ရှည်လျားတဲ့ အနက်ရောင်ဆံနွယ်တွေက ပင်လယ်ထဲက ရေညှိရေမှော်တွေလို ပြန့်ကျဲလို့နေတယ်။ ဆံပင်ရင်းတွေဆီကနေ ချွေးတွေစိုလာပြီး ကျိုးယွင်ရှန့်ရဲ့ လည်ပင်းဖြူဖြူမှာရော သူ့ပါးပြင်မှာပါ ချွေးတွေစို့လာတယ်။

နွေဦးရာသီလို ဆွဲမက်ဖွယ်မျက်နှာလေးက ချစ်ရမ္မက်တို့ ထုံလွှမ်းနေပြီး ချွေးတွေစို့နေတဲ့မြင်ကွင်းက ဇီရွှမ့်ကို ရူးခါသွားမတတ် ဖြစ်လာစေတယ်။ ဇီရွှမ်ရဲ့စိတ်တွေ ပိုမိုတက်ကြွလာပြီး သူ့လှုပ်ရှားမှုတွေက ပိုမြန်လာတယ်။ သူက သင်ကြားပေးစရာမလိုဘဲ အလိုလိုသိစိတ်နဲ့ လက်ချောင်းကို ပါးစပ်ထဲထည့်၊ တံတွေးတွေနဲ့စိုလူးစေပြီး ကျိုးယွင်ရှန့်ရဲ့တင်ပါးကြားက တွင်းဝလေးထဲကို ထည့်လိုက်တယ်။ လက်ကို တစ်ချောင်းပြီးတစ်ချောင်းတိုးလို့ ခပ်သွက်သွက်လှုပ်ရှားလိုက်တော့ အသံဗလံတွေ တစွပ်စွပ်မြည်လာခဲ့တယ်။

တစ်နေရာကိုထိမိတော့ ကျိုးယွင်ရှန့်က တောင့်ခနဲဖြစ်သွားလို့ သူ နည်းနည်းလန့်သွားတယ်။ ဒါပေမယ့် ပါးစပ်ဟလို့ လှိုက်မောစွာ အသက်ရှူနေတာကိုတွေ့တော့ ဇီရွှမ် စိတ်အေးသွားတယ်။ ကျိုးယွင်ရှန့်က ပျော့ခွေစွာ မြက်ခင်းပေါ်လှဲလိုက်ပြီး သူ့လက်တစ်ဖက်က ကျောက်စိမ်းလိုသွယ်လျတဲ့ အငယ်ကောင်ကိုဆုပ်ကိုင်ကာ ခပ်သွက်သွက် အထက်အောက်လှုပ်ရှားနေတာတွေ့တော့ ဇီရွှမ် ပိုပြီးအားတက်လာခဲ့တယ်။

"ဒီနေရာလား.."

ဇီရွှမ်ကမေးလိုက်တယ်။

ကျိုးယွင်ရှန့်ရဲ့တစ်ကိုယ်လုံး ချွေးတွေနဲ့စိုစွတ်နေပြီး ခံစားချက်တို့ အထွတ်အထိပ်ရောက်လို့ တုန်ယင်နေတယ်။ သူ့မက်မုံပွင့်မျက်ဝန်းထောင့်ကနေ မျက်ရည်စတို့စီးကျနေပြီး နာကျင်ခံစားနေရတယ်ထင်ရပေမယ့် တကယ်တော့ သာယာမှုကို ခံစားနေရတာပဲဖြစ်တယ်။ ဒီမြင်ကွင်းက ဇီရွှမ့်ကို အသက်ရှူရပ်မတတ် ဖြစ်စေတယ်။

ကျိုးယွင်ရှန့်ရဲ့အမူအယာကြောင့် ဇီရွှမ်ရဲ့ကိုယ်ပိုင်ပစ္စည်းက ပေါက်ကွဲထွက်မတတ် ကြီးလာပြီး နာကျင်တဲ့အထိ ခံစားလာရတယ်။ ဒါပေမယ့် အချိန်မတိုင်ခင်ထည့်လိုက်ရင် ကျိုးယွင်ရှန့် နာကျင်သွားမှာစိုးလို့ ကြိတ်မှိတ်ပြီး တောင့်ခံထားတယ်။ ဇီရွှမ်က လက်ချောင်းအရေအတွက်ကို တိုးလိုက်ပြီး ကျိုးယွင်ရှန့်ရဲ့ သာယာမှုကိုပေးနိုင်တဲ့နေရာကို ထပ်ခါထပ်ခါ တို့ထိလိုက်တယ်။

ကျိုးယွင်ရှန့်က စိတ်လှုပ်ရှားမှု အမြင့်ဆုံးကို ရောက်နေတဲ့အတွက် ရူးသွားမလို ခံစားနေရတယ်။ သူ့လက်တစ်ဖက်နဲ့ ဇီရွှမ့်ရဲ့ခေါင်းကို ပွတ်သပ်ပေးနေမိတယ်။ သူက ထထိုင်လိုက်ပြီး ဇီရွှမ်ရဲ့ခေါင်းပေါ်မှာ ရေးထိုးထားတဲ့ စုတ်ချက်ကို နမ်းရင်း ပြောလိုက်တယ်။

"အဲ့ဒီနေရာပဲ.. လက်နဲ့မလုပ်နဲ့တော့.. ခင်ဗျားဟာနဲ့ ထည့်လိုက်တော့.. မြန်မြန်.."

ဒီစကားသံကိုလည်းကြားရော ဇီရွှမ်က ဘယ်လိုမှ တောင့်မခံထားနိုင်တော့ဘူး။ သူ့လက်ချောင်းတွေကို ဆွဲထုတ်ပြီး ထွားကျိုင်းလှတဲ့နဂါးခေါင်းကို ကျိုးယွင်ရှန့်မနာအောင် ပန်းရောင်အပေါက်ဝလေးမှာတေ့ပြီး ဖြည်းဖြည်းချင်း ထိုးထည့်လိုက်တယ်။

ကျိုးယွင်ရှန့်ရဲ့ခန္ဓာကိုယ်က ပျော့ပြောင်းနေပြီး ဗလာဟင်းလင်းဖြစ်နေတယ်လို့ ခံစားရတယ်။ သူ့ခြေထောက်တွေက ဇီရွှမ်ရဲ့ခါးမှာ သိုင်းဖက်ထားပြီး နဂါးခေါင်းကြီးကို တံတွေးတွေနဲ့ စိုစွတ်ချောမွေ့နေတဲ့တွင်းထဲ ပိုဝင်အောင် ဆွဲသွင်းနေတယ်။

"ရှူး"ဆိုတဲ့အသံနဲ့ လိင်တံတစ်ချောင်းလုံး ကျိုးယွင်ရှန့်ကိုယ်ထဲဝင်သွားတော့ ယောက်ျားသားနှစ်ယောက်လုံး ခေါင်းတွေမော့ပြီး သာယာမှုအပြည့်နဲ့ ညည်းညူလိုက်ကြတယ်။

"ကျွန်တော်က သတ်သတ်လွတ်စားထားရလို့ လှုပ်ရှားဖို့ အားမရှိဘူး.. တကယ်လို့ ခင်ဗျားက မလှုပ်ရှားနိုင်ဘူးဆိုရင် ကျွန်တော့်ကိုယ်ပေါ်က ဆင်းသွားတော့.."

ဇီရွှမ် သူ့ကိုယ်ပေါ် အကြာကြီးလဲလျောင်းနေတာတွေ့လို့ ကျိုးယွင်ရှန့်က ဇီရွှမ်ရဲ့နားရွက်ကို ကိုက်ဝါးရင်း ပြောလိုက်တယ်။

ဇီရွှမ်က မျက်ဝန်းနီနီတွေနဲ့ ကျိုးယွင်ရှန့်ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ပြီး တင်ပါးအိအိလေးတွေကို လက်နဲ့ပင့်ကိုင်ဆုပ်နယ်ပြီး 'pa pa' မြည်အောင် သူ့လိင်တံကို ခပ်ကြမ်းကြမ်း အသွင်းအထုတ်လုပ်တော့တယ်။ ဇီရွှမ်ရဲ့နဂါးကြီးက အရင်းတုတ်တုတ်နဲ့ဖြစ်လို့ အဆုံးထိတိုးဝင်လာတဲ့အခါ ကျိုးယွင်ရှန့်ရဲ့ တွင်းဝလေးကကြွက်သားတွေက တင်းနေအောင် ဆုပ်ညှစ်ထားတော့တယ်။ ဇီရွှမ်က သူ့နဂါးကြီးကို ပြန်ဆွဲထုတ်လိုက်ပြီးတာနဲ့ နက်နက်ရှိုင်းရှိုင်းဖြစ်အောင် ထိုးသွင်းတော့တယ်။ ကျိုးယွင်ရှန့်က ဇီရွှမ်ရဲ့လက်ဖျံတွေကို ဆုပ်ကိုင်ထားပြီး အနက်ဆုံးတိုးဝင်လာအောင် လှုံ့ဆော်နေတော့တယ်။

ကျိုးယွင်ရှန့်က စကားတစ်ခွန်းမှ မပြောနိုင်တော့ဘဲ သာယာစွာ ညည်းညူနေတော့တယ်။ သူက ဇီရွှမ်ရဲ့လည်ပင်းကို သိုင်းဖက်ပြီး ခြေအစုံက ခါးကိုဖက်တွယ်ထားပြီး ဇီရွှမ်ရဲ့နားရွက်ဘေးမှာ ဆက်တိုက် ညည်းတွားနေတယ်။ ဇီရွှမ်နဲ့သူ တစ်ကိုယ်တည်းအဖြစ် တွယ်စပ်ပေါင်းစည်းထားချင်စိတ်တွေ ဖြစ်နေတော့တယ်။ ဆက်တိုက်ထိုးသွင်းနေလို့ အပေါက်ဝလေးမှာ နာကျင်လာသလိုခံစားရပေမယ့် အတွင်းသားနံရံတွေကို ခပ်ကြမ်းကြမ်းပွတ်တိုက်နေလို့ ကျိုးယွင်ရှန့်ရဲ့ လိင်စိတ်သာယာမှုကို ဆက်တိုက်ထိုးဆွနေသလို ခံစားနေရတယ်။

ကျိုးယွင်ရှန့်ရဲ့မျက်လုံးတွေထဲမှာ အဖြူပျောက်တွေမြင်နေရပြီး ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရတော့ဘူး။

"မင်း.. ဒီထက်ပြင်းပြင်းလေး လိုချင်သေးလား.. ဟမ်.."

ဇီရွှမ်က ကျိုးယွင်ရှန့်ရဲ့ နားရွက်ဖျားက အသီးလေးနားကိုကပ်ပြီး လှိုက်ဖိုမောသံနဲ့ မေးလိုက်တယ်။ သူ့ကို အထင်သေးတဲ့အတွက် ဇီရွှမ်က ခပ်ကြမ်းကြမ်းလေး ဆက်ဆံနေလိုက်တာဖြစ်တယ်။

ရုတ်တရက် 008 ရဲ့မှတ်ဥာဏ်တွေထဲမှာ code အသစ်တွေ အတွဲလိုက်အပြည့် ၀င်ရောက်လာပေမယ့် ကျိုးယွင်ရှန့်က ဒါတွေကိုစစ်ဆေးဖို့ အာရုံမရှိသေးဘူး။ ကျိုးယွင်ရှန့်ရဲ့လက်ချောင်းတွေက ဇီရွှမ်ရဲ့ကြွက်သားတွေရှိတဲ့ ကျောပြင်ကို ကုတ်ခြစ်ပြီး သွေးစို့ရာတွေဖြစ်စေတယ်။

"ခင်ဗျား အားရှိသလောက် ဆောင့်သွင်းစမ်းပါ.. အားလုံးကို ကျွန်တော့်ကိုယ်ထဲ ထည့်လိုက်စမ်းပါ.. ခင်ဗျားက ကျွန်တော် ဒီလောက်လေးမှ ခံနိုင်ရည်မရှိမှာကို စိုးရိမ်နေတုန်းလား.."

ကျိုးယွင်ရှန့်ရဲ့မျက်ဝန်းတွေက မျက်ရည်စတွေနဲ့လက်နေပြီး နှုတ်ခမ်းထောင့်တွေက တံတွေးကြောင့် စိုလက်နူးညံ့နေတယ်။ ပါးပြင်နှစ်ဖက်က ချစ်သွေးကြွလို့ မက်မုံပွင့်လိုနီမြန်းပြီး သူ့သွင်ပြင်က ဇီရွှမ်ရဲ့ရမ္မက်ကို နှိုးဆွပေးနေတယ်။ ဒီပုံစံက ကျိုးယွင်ရှန့်အတွက် ရှက်စရာကောင်းတယ်ဆိုပေမယ့် သူက အရှုံးကိုဝန်မခံဘဲ ထပ်ခါထပ်ခါနဲ့ စိတ်ပြင်းပြစွာ တောင်းဆိုလို့နေတယ်။

ဇီရွှမ်က ဒီသေးသွယ်ပြီး ချစ်စရာကောင်းတဲ့ လူငယ်လေးရဲ့သွင်ပြင်အားလုံးကို ချစ်တယ်။ သူက တိတ်တဆိတ် မရယ်ဘဲမနေနိုင်တော့ဘူး။ ဇီရွှမ်က ပီတိအပြည့်နဲ့ ရယ်မောလိုက်ပြီး ကျိုးယွင်ရှန့်ရဲ့ခြေထောက်တွေကို သူ့ခါးဆီကနေ ဖြေလျှော့လိုက်တယ်။ ပြီးတော့ ခါးသေးသေးလေးကို လက်တစ်စုံနဲ့ပင့်မ,ပြီး သူ့ချစ်သူလေးကို သူ့ပုခုံးပေါ်မှီအောင် ပင့်တင်လိုက်တယ်။ ကျိုးယွင်ရှန့်က အလိုက်တသိ လက်တစ်စုံနဲ့ သူ့လည်ပင်းကို သိုင်းဖက်ပြီး ပုခုံးပေါ် မျက်နှာမှောက်လိုက်ချိန် ခရမ်းနီရောင်တောက်နေတဲ့ အကြောပြိုင်းပြိုင်းနဲ့နဂါးကြီးက နီမြန်းနေတဲ့တွင်းပေါက်လေးထဲ တစ်ခါတိုးဝင်သွားပြန်တယ်။ ဇီရွှမ်က ထိုးသွင်းမှုမှာအာရုံစိုက်ပြီး ကောင်လေးကိုယ်ထဲ အောက်ကနေပင့်ပြီး ထက်သန်စွာ အကြိမ်ကြိမ်ထိုးသွင်းနှီးနှောနေတော့တယ်။ အကြိမ်ရေများလာတော့ အရင်ကပြီးထားတဲ့ အရည်ဖြူဖြူတွေက တင်ပါးကြားကနေစိမ့်ကျလာပြီး မြက်ခင်းပေါ်ကို ကျဆင်းလာတယ်။

ပတ်ဝန်းကျင်တစ်ခုလုံး စူးရှတဲ့အနံ့ပြင်းပြင်းက ဖုံးလွှမ်းသွားတော့တယ်။ တင်ပါးနဲ့ပေါင်က အသားချင်းရိုက်မိတဲ့ တဖတ်ဖတ်အသံက ဆူညံနေပြီး ဒီမြင်ကွင်းက မြင်ရသူကို ရှက်သွေးဖြာသွားရလောက်အောင် အရမ်းကို ရမ္မက်ကြွစေလွန်းတယ်။

သူတို့က တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာပွေ့ဖက်ပြီး ပူနွေးတဲ့ထွက်သက်တွေဖလှယ်ရင်း တစ်ကိုယ်လုံး ချွေးတွေစီးကျနေပေမယ့် စိတ်ဝိညာဉ်နှစ်ခုက အရမ်းကို သက်တောင့်သက်သာ ရှိလွန်းလှတယ်။

"ကျွန်တော့်ကို သန့်ရှင်းရေးလုပ်ပေးတော့.. ခင်ဗျား အထဲမှာချည်း စိမ်မနေနဲ့.."

ကျိုးယွင်ရှန့်က ဇီရွှမ်ရဲ့ကတုံးပြောင်ကို ပွတ်သပ်ရင်း ပြောလိုက်တယ်။ အရင်ကတော့ ဒီလိုပြောင်အောင်ရိတ်ထားတဲ့ဦးခေါင်းကို မုန်းပေမယ့် အခုတော့ ပိုပိုသဘောကျလာခဲ့တယ်။

ဇီရွှမ်က အသံတိုးတိုးနဲ့ ကတိပေးပြီး ကျိုးယွင်ရှန့်ကို တင်ပါးကနေပင့်မ,ပြီး စမ်းချောင်းလေးဆီကို သယ်သွားပေးတယ်။

"မင်း ဒဏ်ရာရသွားသလား ကြည့်ပါရစေ.."

စမ်းချောင်းအစပ်ရောက်တော့ သူက လူငယ်လေးရဲ့ ခြေထောက်နှစ်ချောင်းကို ချဲကားပြီး နီမြန်းတဲ့တွင်းဝကို ဂရုတစိုက်နဲ့ စစ်ဆေးကြည့်လိုက်တယ်။ တွင်းဝလေးက ပြင်းထန်တဲ့ထိုးသွင်းချက်တွေကြောင့် ဇီရွှမ်ရဲ့နဂါးကြီးက ထွက်သွားပေမယ့် ရုတ်တရက်ချက်ချင်း စေ့ပိတ်မသွားနိုင်သေးဘူး။ ဒါကြောင့် ခြေထောက်ကို ချဲကားပြီးကြည့်ချိန် ပွင့်ဟနေတဲ့အပေါက်ငယ်လေးကနေ ဇီရွှမ်ရဲ့မျိုးမြတ်ရည်တွေက မြက်ခင်းပေါ် တသွင်သွင်စီးကျနေဆဲဖြစ်တယ်။ ဒီမျိုးမြတ်ရည်တွေက စမ်းချောင်းလေးထဲ စီးကျသွားတယ်။ ဒီမြင်ကွင်းကိုတွေ့တော့ ဇီရွှမ်ရဲ့နဂါးကြီးက ချက်ချင်း ခေါင်းထောင်ထလာတော့တယ်။

"ကျွန်တော် နားပါရစေဦး.."

ကျိုးယွင်ရှန့်က သူ့အမူအယာ ပြောင်းသွားတာတွေ့လို့ ခြေထောက်စေ့ပိတ်ဖို့ကြိုးစားရင်း ပြောလိုက်တယ်။ ဒါပေမယ့် သူ့စကားမဆုံးခင် နဂါးကြီးက သူ့တွင်းလေးထဲ တရကြမ်းတိုးဝင်လာလို့ အသံတိုးတိုးနဲ့ ညည်းညူလိုက်မိတယ်။ အဲ့ဒီနောက် ဇီရွှမ်က မရပ်မနားကို တောက်လျှောက် ထိုးသွင်းမှုကို ပြုတော့တယ်။

"ခင်ဗျားက တကယ့်ကို သောက်ကျင့် နည်းနည်းလေးမှကို မပြောင်းဘူးပဲ.. ဘုန်းကြီးဘ၀ရောက်နေတာတောင် နှာဘူးဘုန်းကြီး ဖြစ်နေသေးတယ်.."

ကျိုးယွင်ရှန့်က သူ့ကို ဆူပူပြောဆိုနေပေမယ့် ရိုးသားတဲ့ကိုယ်ခန္ဓာကတော့ ရှေ့ကိုကော့တင်ပြီး နဂါးကြီးကို တုံ့ပြန်နေတယ်။

ဇီရွှမ်က ကျိုးယွင်ရှန့်ကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်ကတည်းက code တွေကို ဆက်တိုက်ပို့လွှတ်နေတယ်။ သူ့ရဲ့ ဆက်တိုက်လှုပ်ရှားမှုကြောင့် ရေထဲမှာ နေရာတိုင်း ရေစက်တွေလွင့်ပျံနေတယ်။ တစ်ချီပြီးတော့ ကျိုးယွင်ရှန့်ကိုချပေးပြီး နောက်ကျောဘက်ကနေ နေရာယူပြီး ခရီးဆက်ပြန်တယ်။

သူတို့ရပ်တန့်လိုက်ချိန်က ညသန်းခေါင်တောင်ရောက်နေပြီး ရေထဲ ချစ်တင်းနှောနေတဲ့အတွက် ချောင်းကမ်းပါး,စပ်တစ်ခုလုံး ရေတွေစင်လို့ ရွှဲရွှဲစိုကုန်တယ်။ သူတို့ ရေထဲဆေးကြောပြီးတော့မှ အ၀တ်လဲဖို့ ကမ်းစပ်ကိုလာခဲ့ကြတယ်။

ဆန်ပြုတ်ပန်းကန်က အေးစက်လို့နေပြီ။ ဇီရွှမ်က မီးပုံထဲထင်းပစ်ထည့်လိုက်ပြီး ရေနွေးကျိုလိုက်တယ်။ ပြီးတော့ လူငယ်လေးကို ညင်ညင်သာသာပွေ့ယူလိုက်ပြီး သူ့ရင်ခွင်ထဲ ထည့်ထားလိုက်တယ်။ စိုစွတ်နေတဲ့ဆံနွယ်ရှည်တွေကို အတွင်းအားနဲ့ ခြောက်အောင်လုပ်ပေးလိုက်တယ်။

"ကျွန်တော်တို့ ကလဲ့စားချေပြီးသွားရင် ကျွန်တော့်လူတွေကိုပါခေါ်ပြီး မဟာတံတိုင်းရဲ့အပြင်ဘက်မှာ သွားနေကြမယ်ဆိုရင် ဘယ်လိုသဘောရလဲ.."

ကျိုးယွင်ရှန့်က ပျင်းတိပျင်းတွဲနဲ့ ပြောလိုက်တယ်။ ဇီရွှမ်က ကျိုးယွင်ရှန့်ရဲ့ခါးလေးကို လက်မောင်းနဲ့သိုင်းဖက်ထားပြီး ကျန်လက်တစ်ဖက်က ဆန်ပြုတ်ကို ဇွန်းနဲ့မွှေရင်း ပြောလိုက်တယ်။

"ငါ မင်းစကားကို နားထောင်မှာပေါ့.. မင်း ဘယ်ကိုပဲသွားသွား ငါ လိုက်နေမှာပဲ.."

"တကယ်လို့ ဒီသိုင်းကျမ်းကို ခင်ဗျား နောက်တစ်ခါပြန်လုရင်တော့ ကလဲ့စားချေဖို့ ခက်သွားပြီဗျ.."

"မင်းရဲ့လက်တွေကို ညစ်ပတ်ခံစရာ မလိုပါဘူး.."

ဇီရွှမ်က ရှည်သွယ်ဖြူဖွေးတဲ့ ကျိုးယွင်ရှန့်ရဲ့လက်ချောင်းတွေကို တစ်ချောင်းချင်း နှုတ်ခမ်းနဲ့နမ်းရှိုက်ရင်း ပြောလိုက်တယ်။

"မင်းရန်သူတော်တွေရဲ့စာရင်းကို ငါ့ကိုပေးလိုက်လေ.. သုံးရက်ကြာရင် သူတို့ခေါင်းတွေကိုယူပြီး ပြန်လာခဲ့မယ်.."

"ကြင်နာသနားတတ်တဲ့ ဘုန်းကြီးတစ်ပါး မဖြစ်ချင်တော့ဘူးလား.."

ကျိုးယွင်ရှန့်က မျက်ခုံးကိုပင့်ရင်း ရင်ထဲကနေ တိတ်တခိုးပြောလိုက်တယ်။ ဒီလူက အရင်တုန်းကတော့ သူ့ကို လူမသတ်ဖို့ပြောခဲ့တာပဲ မဟုတ်လား။ အခုတော့ သူကိုယ်တိုင်တောင် သတ်ပါမယ်ပြောနေပြန်ပြီ။

"မင်းပဲ အကြင်နာကြီးတဲ့ ဘုန်းကြီး လုပ်တော့.. ငါကတော့ မင်းရဲ့ ဒေါသကြီးတဲ့ သားရဲဘုရင်လုပ်မယ်.."

ဇီရွှမ်က နူးနူးညံ့ညံ့ပြုံးရင်း ပါးပြင်လေးကိုနမ်းပြီး ပြောလိုက်တယ်။ သူ့လက်တွေက ချစ်သူလေးရဲ့နားရွက်ဖျားကို ပွတ်သပ်နေတယ်။ ကျိုးယွင်ရှန့်က သူ့ရဲ့ ချောမွေ့တဲ့နဖူးကို အသာအယာရိုက်လိုက်ပြီး ရယ်မောလိုက်တယ်။ သူ့ကိုချစ်ပြီး ဘယ်တော့မှမခွဲဘဲ အတူတူနေမယ့်ချစ်သူ ရှိနေပြီဖြစ်လို့ ကျိုးယွင်ရှန့်ရဲ့စိတ်က အရင်ကထက် အများကြီး ပိုစိတ်ချမ်းသာလာခဲ့တယ်။

🌵🌵🌵🌵🌵🌵🌵🌵

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Où les histoires vivent. Découvrez maintenant