FOD _Extra _ Chapter (4) _Honeymoon on Beast-man Planet
ဂူေနလူမ်ိဳးစုေတြ ထြက္သြားၿပီးေတာ့မွ ေက်ာက္ရႊမ္က က်ိဳးယြင္ရွန္႔၀တ္ထားတဲ့ သားေရစကေန ကိုက္ခ်ီၿပီး သူ႔ေက်ာေပၚတင္လို႔ ေတာအုပ္ရွိရာကို ေအးေအးေဆးေဆးေလွ်ာက္လာခဲ့တယ္။ သူက ဒီၿဂိဳလ္တစ္ခုလံုးကို ေဖာက္ခြဲပစ္ႏိုင္တဲ့စြမ္းအားကို ပိုင္ဆိုင္ထားတာျဖစ္လို႔ ဘယ္သူ႔ကိုမွမေၾကာက္သလို ဒီမွာေနဖို႔ ဘယ္သူ႔ေပၚမွ အားကိုးစရာမလိုဘူး။
က်ိဳးယြင္ရွန္႔က ျခေသၤ့ႀကီးရဲ့ ရွည္လ်ားတဲ့လည္ဆံေမႊးကို ဆုပ္ကိုင္ၿပီး ေျပာလိုက္တယ္။
"ကၽြန္ေတာ္တို႔က အခ်ိန္မွားၿပီး ဒီၿဂိဳလ္ေပၚကို ဆင္းခဲ့မိတာပဲ.. ကၽြန္ေတာ္တို႔ မွန္ကန္တဲ့အခ်ိန္နဲ႔ေနရာကို ျပန္ရွာၿပီး သြားႏိုင္မွ စစ္တပ္က ကၽြန္ေတာ္တို႔ကိုေတြ႕ၿပီး ကယ္တင္ႏိုင္မွာျဖစ္တယ္.. စႀကၤ၀ဠာတြင္းနက္ႀကီးရဲ့ ေပါက္ကြဲမႈက ဒီၿဂိဳလ္ေပၚကို အႀကီးအက်ယ္သက္ေရာက္မႈျဖစ္ေစခဲ့ပံုရတယ္.. ဒါက ကၽြန္ေတာ္တို႔အတြက္ အေရးႀကီးတဲ့သဲလြန္စပဲ.."
ေက်ာက္ရႊမ္က ဟိန္းသံတိုးတိုးပဲေပးလိုက္ၿပီး ဘာထင္ျမင္ခ်က္မွ မေပးႏိုင္ဘူး။ တကယ္လို႔ သူ စကားေျပာႏိုင္တယ္ဆိုရင္ေတာင္ သူ႔ခ်စ္သူ အခုစစ္ေဆးေနတဲ့အရာကို ကူညီေပးဖို႔ တြန္႔ဆုတ္ေနတယ္။ တကယ္ေတာ့ ေက်ာက္ရႊမ္က က်ိဳးယြင္ရွန္႔နဲ႔ ႏွစ္ေယာက္တည္း အတူေနခ်င္တယ္။ ဒီၿဂိဳလ္မွာ ဘယ္သူမွမရွိရင္ေတာင္ သူတို႔ႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ မွီခိုၿပီးေနရရင္ေတာင္ ဘာမွမျဖစ္ဘူး။ ဒီလို အေႏွာင့္အယွက္ကင္းတဲ့ဘ၀က သူအၿမဲေတာင့္တေနတဲ့ ဘ၀မ်ိဳးျဖစ္တယ္။
က်ိဳးယြင္ရွန္႔က သူ႔ခ်စ္သူ ဘာေတြးေနသလဲဆိုတာသိလို႔ လည္ဆံေမႊးေတြကို စိတ္ဆိုးဆိုးနဲ႔ဆြဲလိုက္ၿပီး ေျပာလိုက္တယ္။
"ေပါက္ကြဲမႈေၾကာင့္ ထိခိုက္က်န္ရစ္ခဲ့တဲ့ေျမလႊာကို ေတြ႕ေအာင္ရွာေပးပါ.. ဒီေျမလႊာရဲ့သက္တမ္းကိုၾကည့္ၿပီး ခန္႔မွန္းေျခ ဘယ္ေလာက္ၾကာၿပီဆိုတာ ကၽြန္ေတာ္တြက္ခ်က္ႏိုင္တယ္.. ဒီတြက္ခ်က္မႈကေန ကၽြန္ေတာ္တို႔ျပန္ရမယ့္ အခ်ိန္နဲ႔ေနရာအတိအက်ကိုရရင္ စစ္တပ္ဆီကိုပို႔ဖို႔ လမ္းစရွာရမယ္.. တကယ္လို႔ ဒီၿဂိဳလ္မွာ စာအေရးအသားကို တီထြင္ထားခဲ့ၿပီဆိုရင္ ဟိုးအရင္က ဘာေတြျဖစ္ခဲ့တယ္ဆိုတာ မွတ္တမ္းတင္ထားမွာ ေသခ်ာတယ္.. ဒါေပမယ့္ ကၽြန္ေတာ္မွန္းၾကည့္ရသေလာက္ ဒီၿဂိဳလ္က ဒီေလာက္အဆင့္ထိ မဖြံ႕ၿဖိဳးေသးဘူး.. ဒါဆို သူတို႔ အရင္ကအေၾကာင္းအရာေတြကို သက္ႀကီးစကား သက္ငယ္ၾကားၿပီး လက္ဆင့္ကမ္းမွတ္သားထားမွာ ေသခ်ာတယ္.. ဒီလိုမွတ္ထားမယ္ဆိုရင္ ရွမာန္ကေတာ့ နည္းနည္းပါးပါး သိေလာက္တယ္.. ဒါေပမယ့္ သူတို႔က ကၽြန္ေတာ္တို႔ကို အရမ္းသတိထားလြန္းလို႔ ေျပာျပမွာမဟုတ္ဘူး.. အျခားမ်ိဳးႏြယ္စုေတြ ရွိဦးမလားမသိဘူး.. ရွာၾကည့္ၿပီး ေမးျမန္းၾကည့္ရမွာပဲ.."
ေက်ာက္ရႊမ္က ဘာမွမၾကားသလို ဟန္ေဆာင္လိုက္ၿပီး ဆက္လာခဲ့ေတာ့ ဂူတစ္ဂူကိုေတြ႕လိုက္တယ္။ ဒီမွာအေျခခ်ေနမယ္လို႔ စိတ္ကူးၿပီး ဂူထဲကသားရဲေတြကို ေျခာက္လွန္႔ေမာင္းထုတ္ဖို႔ သူ႔ကိုယ္ကို ထင္းထင္းႀကီးေပၚေအာင္ ဂူ၀မွာရပ္လိုက္တယ္။
"ခင္ဗ်ားက ျပန္မသြားခ်င္ဘူး မဟုတ္လား.."
က်ိဳးယြင္ရွန္႔က ျခေသၤ့ႀကီးရဲ့လည္ပင္းကို လက္ေမာင္းတစ္စံုနဲ႔ေပြ႕ဖက္ၿပီး ၿပံဳးၿပံဳးႀကီးေျပာလိုက္တယ္။ ျခေသၤ့ႀကီးက လည္ပင္းကိုေစာင္းငဲ့ၾကည့္လာၿပီး ေတာက္ပတဲ့မ်က္၀န္းနဲ႔ၾကည့္လို႔ ခပ္တိုးတိုးအသံျပဳလုိက္တယ္။ ဒီမ်က္၀န္းေတြေၾကာင့္ က်ိဳးယြင္ရွန္႔က စိတ္ေတြေပ်ာ့သြားၿပီး ျခေသၤ့ႀကီးရဲ့နားရြက္ေတြကို ဖြဖြကိုက္ၿပီးေျပာလိုက္တယ္။
"ေကာင္းၿပီ.. ခင္ဗ်ားဆႏၵအတိုင္း ေနၾကတာေပါ့.. ကၽြန္ေတာ္တို႔ပင္ပန္းၿပီး ၿငီးေငြ႕လာေတာ့မွ ျပန္ၾကတာေပါ့.."
ေက်ာက္ရႊမ္ရဲ့ ငံု႔က်ေနတဲ့ေခါင္းက ေထာင္မတ္လာၿပီး ခ်က္ခ်င္း က်ိဳးယြင္ရွန္႔ကို ေျမေပၚလွဲခ်လိုက္တယ္။ ႀကီးမားတဲ့လက္ႀကီးႏွစ္ဖက္က က်ိဳးယြင္ရွန္႔ရဲ့ပုခံုးေတြကို ဖိထားၿပီး လွပတဲ့မ်က္ႏွာကို လွ်ာႀကီးနဲ႔လ်က္ေနတယ္။ သူက အရမ္းကိုေပ်ာ္သြားၿပီး အၿမီးႀကီးက ဟိုဟိုသည္သည္ယမ္းၿပီး ေက်ာက္ဂူနံရံကို တဘုတ္ဘုတ္႐ိုက္ခတ္ေနတယ္။
"ေတာ္ၿပီ.. ေတာ္ၿပီ.. ရပ္ေတာ့.. ဂူကိုသန္႔ရွင္းေရးလုပ္ၿပီး အမဲလိုက္ေတာ့.."
က်ိဳးယြင္ရွန္႔က သူ႔ပါးစပ္နဲ႔ႏွာေခါင္းကို လက္နဲ႔တြန္းဖယ္ရင္း ေျပာလိုက္တယ္။ သူ႔မ်က္၀န္းနဲ႔ႏႈတ္ခမ္းေတြကေတာ့ သေဘာက်ၿပီး ၿပံဳးေနမိတယ္။
ခပ္တိုးတိုးအသံျပဳလိုက္ၿပီး ေက်ာက္ရႊမ္က လိႈဏ္ဂူကို သန္႔ရွင္းေရးလုပ္လိုက္တယ္။ ျပင္ပကလူေတြ ၀င္မလာႏိုင္ေအာင္နဲ႔ သူတို႔အိပ္ဖို႔ေနရာအတြက္ ေက်ာက္ရႊမ္က စိတ္စြမ္းအင္ကိုသံုးၿပီး ေက်ာက္သားထုႀကီးကို ေက်ာက္ဖ်ာခ်ပ္လို ေခ်ာေမြ႕ညီညာေအာင္ လုပ္လိုက္ခ်င္တယ္။ ဒီလိုလုပ္ႏိုင္စြမ္းက ဌာေနသားရဲေတြထက္ သာလြန္တာေတာ့အမွန္ပဲ။ ဒါေပမယ့္ ဒီလိုလုပ္ရင္ စည္းကမ္းကို ခ်ိဳးေဖာက္ရာေရာက္သြားလိမ့္မယ္။ ဒါေၾကာင့္ ေက်ာက္တံုးတစ္တံုးကို မ်က္ႏွာျပင္ေတြကိုညီေအာင္ ျဖတ္ေတာက္တာပဲ လုပ္လိုက္ႏိုင္တယ္။ ၿပီးေတာ့ ေက်ာက္တံုးရဲ့မ်က္ႏွာျပင္ေပၚမွာ ႏူးညံ့တဲ့ေရညႇိပင္ေတြနဲ႔ ေမြ႕ယာလို ခင္းထားလိုက္တယ္။
က်ိဳးယြင္ရွန္႔က ဥမင္လိႈဏ္ေခါင္းထဲမွာ ခိုေအာင္းေနတဲ့အေကာင္ေတြ၊ ေျမြေတြကို ရွင္းထုတ္လိုက္တယ္။ ၿပီးေတာ့ လတ္ဆတ္တဲ့ပန္းေတြနဲ႔ လိႈဏ္ဂူထဲ တန္ဆာဆင္လိုက္ေတာ့ ပုပ္အက္အက္နဲ႔ အနံ႔အသက္မေကာင္းတဲ့ေနရာမွာ ေမႊးပ်ံ႕တဲ့ပန္းရနံ႔ေတြ အစားထိုးလာၿပီး လိႈဏ္ဂူက ေနခ်င္စဖြယ္ျဖစ္လာတယ္။
ေက်ာက္ရႊမ္က ဒီအတိုင္း အခ်ိန္ကို အလဟႆမျဖစ္ခ်င္ဘူး။ သူ႔ခ်စ္သူရဲ့တင္ပါးေလးထဲ သူ႔ရဲ့ႀကီးမားလွတဲ့ ကိုယ္ပိုင္ပစၥည္းနဲ႔ ထိုးေဖာက္၀င္ေရာက္ခ်င္ေနတယ္။ က်ိဳးယြင္ရွန္႔က ေက်ာက္ရႊမ္ကို ထု႐ိုက္လိုက္ၿပီး အမဲလိုက္ဖို႔ ေတာအုပ္ဘက္ကိုထြက္လာတယ္။
ေက်ာက္ရႊမ္က က်ိဳးယြင္ရွန္႔ေနာက္ကို ထပ္ခ်ပ္မကြာလိုက္ခ်င္ေပမယ့္ ေက်ာက္ဂူဘက္ကို ျပန္လွည့္လာတယ္။ ဒီေဆးက ေဘးထြက္ဆိုးက်ိဳးေတာ့ရွိတယ္။ ဒီေဆးေသာက္ၿပီး ဌာေနၿဂိဳလ္ကသားရဲလို ပံုသ႑ာန္အရ ေျပာင္းသြား႐ံုသာမက အမူအက်င့္ေတြပါ လိုက္ေျပာင္းလာတယ္။ သူက ျခေသၤ့ထီးေတြလို သူ႔ပိုင္နက္ကို နယ္နိမိတ္သတ္မွတ္လိုက္တယ္။
ဆီးသြားလိုက္ၿပီးေတာ့ ေက်ာက္ရႊမ္က ေက်နပ္ႏွစ္သိမ့္ေနတုန္း ေဘးမွာ သူ႔ခ်စ္သူရပ္ေနတာကို သတိထားလိုက္မိတယ္။ က်ိဳးယြင္ရွန္႔က သူ႔ပံုစံကိုၾကည့္ၿပီး ႏႈတ္ခမ္းေတြေတာင္တုန္ၿပီး ေက်ာက္တံုးလို မလႈပ္မယွက္ရပ္ေနမိတယ္။ ေက်ာက္ရႊမ္က သူ႔ရဲ့ႀကီးျမတ္တဲ့ သူရဲေကာင္းလိုပံုစံကို ခ်စ္သူေလးရဲ့ေရွ႕မွာ တိရစာၦန္တစ္ေကာင္လို ဆီးသြားၿပီး နယ္နိမိတ္သတ္မွတ္ျခင္းနဲ႔ ဖ်က္ဆီးလိုက္မိေတာ့တယ္။ ဒါက သူ႔ရဲ့ စၾကၤဝဠာသူရဲေကာင္းဆိုတဲ့ ပံုရိပ္ကို အစိတ္စိတ္အမႊာမႊာ ပ်က္စီးေစတာပဲ။
အခ်ိန္ေတြကို ေနာက္ျပန္ေရႊ႕လို႔ရရင္ ေရႊ႕လိုက္ခ်င္တယ္။ ေက်ာက္ရႊမ္က စိတ္ပ်က္လက္ပ်က္နဲ႔ ေခါင္းငိုက္စိုက္ခ်ၿပီး ေရွ႕ကိုသြားလိုက္တယ္။ မီတာနည္းနည္းသြားမိၿပီးမွ သူ႔ခ်စ္သူပါမလာတာ သတိထားမိၿပီး ေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ က်ိဳးယြင္ရွန္႔က အသံအက်ယ္ႀကီးနဲ႔ ေအာ္ရယ္လိုက္တာကို ေတြ႕လိုက္ရတယ္။ သူ႔မ်က္လံုးေတြက ေတာက္ပေနၿပီး ပါးျပင္က ရယ္ရလြန္းလို႔ နီျမန္းေနတယ္။ ဒီပံုစံနဲ႔ခ်စ္သူေလးက သိပ္ကိုလွပလြန္းေနတယ္။
ဒီဟာက ေက်ာက္ရႊမ္ အႏွစ္သက္ဆံုးအရာပဲျဖစ္တယ္။ တကယ္လို႔ သူ႔ခ်စ္သူေလးသာ ေပ်ာ္မယ္ဆိုရင္ ေန႔တိုင္း ဘယ္လိုအရာပဲျဖစ္ျဖစ္ သူလုပ္ျပေနမွာပဲ။ စိတ္ပ်က္ေနတဲ့ ေက်ာက္ရႊမ္ရဲ့အမူအယာေတြ ေပ်ာက္သြားၿပီး ေျခေလးေခ်ာင္း ကဆုန္ေပါက္လို႔ က်ိဳးယြင္ရွန္႔ေဘးကေန ခုန္ေပါက္ေနမိေတာ့တယ္။
အႀကိမ္တခ်ိဳ႕ လွည့္ပတ္ခုန္ေပါက္ၿပီး ေက်ာက္ရႊမ္က က်ိဳးယြင္ရွန္႔ရဲ့အ၀တ္ကေန ကိုက္ခ်ီလို႔ ေက်ာေပၚတင္လိုက္ၿပီး ဟိန္းသံေပးလိုက္တယ္။ ေလျပင္းတိုက္လို႔ သူ႔အေမႊးေတြကို ႐ႈပ္ပြေနေစေပမယ့္ သူ႔ခ်စ္သူရဲ့မ်က္၀န္းထဲက ေပ်ာ္ရႊင္ရိပ္ေတြက ေပ်ာက္မသြားခဲ့ဘူး။
"အား.. သား႐ိုင္းတိရစာၦန္ႀကီးလာေနၿပီ.. အားလံုး ပုန္းၾကေဟ့.."
လိႈဏ္ဂူအနီးအနားမွာေနတဲ့ အုပ္စုေတြက ေတာထဲကို သစ္သီး႐ိုင္းေတြခူးဖို႔လာရင္း ျခေသၤ့သံကိုၾကားလို႔ ေၾကာက္လန္႔တၾကားေအာ္ေျပာရင္း ေျပးထြက္သြားၾကတယ္။ သူတို႔က လွံကိုကိုင္ထားၿပီး သစ္ပင္ျမင့္ေပၚတြယ္တက္လို႔ တိုက္ခိုက္ဖို႔ျပင္ထားၾကတယ္။ သူတို႔ကိုေစာင့္ေရွာက္ေနတဲ့ သားရဲတိရစာၦန္အထီးေတြက ၿခံဳပုတ္ထဲမွာ ၿငိမ္သက္စြာနဲ႔ ေခ်ာင္းေျမာင္းေနၾကတယ္။
သစ္ပင္ေတြကို တိုးေ၀ွ႔လာတဲ့အသံက တျဖည္းျဖည္းနီးလာၿပီး ရယ္ေမာသံက ေလထဲလြင့္ပ်ံလာမွ လူေတြက စိတ္သက္သာရာရသြားၾကတယ္။
"ဒါက သားရဲမဟုတ္ပါဘူး.. အမ်ိဳးသမီးနဲ႔ သူ႔အေဖာ္ရဲ့အသံပါ.."
ခုနက ေၾကာက္ရြံ႕သြားမိတဲ့တစ္ေယာက္က ေျပာလိုက္တယ္။
"ေရွာင္အန္းခၽြမ္.. မင္း ဘယ္လိုသိတာလဲ.."
သစ္ပင္ေပၚ သူနဲ႔တူတူပုန္းေနတဲ့ အမ်ိဳးသမီးက ေမးလိုက္တယ္။ ေရွာင္အန္းခၽြမ္ဆိုတာ က်ိဳးယြင္ရွန္႔ကိုကူေျပာေပးတဲ့ အမသတၱ၀ါျဖစ္တယ္။ သူက ဒီမ်ိဳးႏြယ္ထဲမွာ သူ႔အဆင့္ကနိမ့္က်လို႔ သူ႔နာမည္အရင္းကိုေတာင္ ေမ့သြားၿပီး ေရွာင္အန္းခၽြမ္ဆိုတဲ့ နာမည္ေျပာင္ပဲ က်န္ရစ္ေတာ့တယ္။
ေရွာင္အန္းခၽြမ္က သူ႔ကိုေမးလိုက္တဲ့လူကို ေဒါသနဲ႔စိုက္ၾကည့္ၿပီး ေျပာလိုက္တယ္။
"သူ႔အသံကို ငါမွတ္မိေနတာ.."
သူတို႔ရဲ့နားေတြက အသံကိုၾကား႐ံုနဲ႔ ဘယ္သူဆိုတာ ခြဲေပးႏိုင္စြမ္းမရွိၾကဘူး။ ဒီလူအုပ္က စိတ္သက္သာရာရသြားၾကတယ္။ ခဏလည္းၾကာေရာ ေရႊေရာင္ျခေသၤ့ႀကီးက ေကာင္းကင္ေပၚကခုန္ဆင္းလာၿပီး ေတာနက္ထဲ ေျပး၀င္သြားတာကို ေတြ႕လိုက္ရတယ္။
တစ္ေယာက္ေယာက္ကအဲဒီမွာေခ်ာင္းေျမာင္းေနတုန္းေတာင္မွ ေက်ာက္႐ႊမ္က သူတို႔ကို အၾကည့္ တစ္ခ်က္ေတာင္ မေပးခဲ့ဘူး။ သူ႔ရဲ႕ရွည္လ်ားၿပီး တုတ္တဲ့ အၿမီးႀကီးက အလ်ား ၂ မီတာေလာက္ရွည္တယ္။ ေက်ာက္႐ႊမ္က အၿမီးနဲ႔ယမ္းလိုက္ၿပီး အမသတၱဝါပုန္းေနတဲ့ သစ္ပင္ ပင္စည္ကို ႐ိုက္လိုက္တယ္။ ပင္စည္တုတ္တုတ္ႀကီးက အၿမီး႐ိုက္ခ်က္ေၾကာင့္ အသံျမည္ၿပီး က်ိဳးက်သြားေတာ့တယ္။ အပင္ေပၚပုန္းေနတဲ့သူေတြက အသက္ေဘးကို လြတ္ေအာင္ ခုန္ခ်ၿပီး ဆန႔္က်င္ဘက္ အရပ္ကို တဟုန္ထိုး ထြက္ေျပးသြားေတာ့တယ္။
Xiao An Chun ေရွာင္အန္းခြၽမ္ေလးဟာ အရင္းေလးပဲ က်န္ေတာ့တဲ့ သစ္ငုတ္ ကို ခ်ဳံထဲ့ေန စိုက္ၾကည့္လိုက္ၿပီး ေရ႐ြတ္လိုက္မိတယ္။
" Fuck ... တခါတည္း တစ္စစီျဖစ္သြားတာဟ "
အဲ့ဒီအခ်ိန္မွာ ေတာ႐ိုင္းတိရိစာၦန္ေတြရဲ႕ ေအာ္ျမည္သံက ေတာနက္ထဲမွထြက္လာၿပီးသစ္ပင္မ်ားၿပိဳလဲသြားေတာ့တယ္။ က်ိဳးယြင္ရွန႔္နဲ႔ေက်ာက္႐ႊမ္က သူတို႔နားကို ကပ္လာတဲ့ ဝက္ဝံအႀကီးႀကီးကို ေတြ႕လိုက္တယ္။ ေက်ာက္႐ႊမ္က ခ်က္ခ်င္း ေရွ႕ကေန ကာဆီးၿပီး ဝက္ဝံႀကီးကို ဆီးႀကိဳတိုက္ခိုက္လိုက္တယ္။ ျခေသၤ့အထီးက ၂ မီတာရွည္ၿပီးအလြန္ႀကီးမားေသာ္လည္းသူ၏ၿပိဳင္ဘက္သည္ပိုမိုအားေကာင္းဟန္ရွိသည္။ လူသားတစ္ ဦး ကဲ့သို႔မတ္တပ္ရပ္ႏိုင္တဲ့အတြက္ အျမင့္ ၄-၅ မီတာရွိတယ္။ ဝက္ဝံႀကီးရဲ႕ ႂကြက္သားမ်ားႏွင့္ၾကမ္းတမ္းသားေမြးျဖင့္တကိုယ္လုံးကို ဖုံးလႊမ္းထားတယ္။
သတၱဝါႏွစ္ေကာင္သည္နပန္းလုံးေနေတဲ့အတြက္ သူတို႔ ပတ္ဝန္းက်င္က သစ္ပင္ေတြက ခုတ္လွဲခံရသလို ၿပိဳလဲကုန္ေတာ့တယ္။ ဒီလဲၿပိဳသံေၾကာင့္ အသံေတြ ဆူညံေနၿပီး မေရမတြက္ႏိုင္ေသာငွက္ေတြက ကာင္းကင္သို႔ေၾကာက္႐ြံ႕ထိတ္လန႔္ စြာ ပ်ံတက္သြားၿပီး အနီးအနားရွိလွည့္လည္ေနေသာ႐ိုင္းတိရိစာၦန္မ်ားထြက္ေျပးခဲ့ၾကတယ္။ က်ိဳးယြက္ရွန႔္တစ္ေယာက္တည္းသာ အလွမ္းေဝးကြာေသာေက်ာက္ေဆာင္ႀကီးေပၚတြင္ေျခလက္ေခ်ာင္းျဖင့္ထိုင္လ်က္ မေၾကာက္႐ြံ႕ပြဲ တိုက္ပြဲကိုၾကည့္ေနရင္း လက္မ်ားျဖင့္ မ်က္ႏွာကို ေထာက္ထားတယ္။
တိုက္ပြဲတစ္နာရီနီးပါးၾကာခဲ့တယ္။ ေက်ာက္႐ႊမ္က တခ်က္ကိုက္တာနဲ႔ သူ႔သားေကာင္ကို ကိုက္သတ္ႏိုင္ေပမယ့္ အခုေတာ့ အခ်ိန္ဆြဲၿပီး ဘာလုပ္ေနမွန္းကို က်ိဳးယြင္ရွန႔္ နားမလည္ေတာ့ဘူး။ သူက တိုက္ပြဲကို ၾကည့္ရင္း ၿငီးေငြ႕ၿပီး အိပ္ခ်င္လာေတာ့တယ္။ ေနာက္ငါးမိနစ္ၾကာလို႔မွ ေက်ာက္႐ႊမ္က ဝက္ဝံႀကီးကို မသတ္ႏိုင္ရင္ သူကိုယ္တိုင္ ဆင္းသတ္ေတာ့မယ္။
ေက်ာက္႐ႊမ္ က တမင္အခ်ိန္ဆြဲတိုက္ခိုက္ျပေနတာက သူ႔ခ်စ္ခ်စ္ကို ပိုးပန္းေနတာပဲ ျဖစ္တယ္။ သူ ဘယ္ေလာက္သန္မာတယ္ ဆိုတာ တမင္ျပခ်င္လို႔ ခ်က္ခ်င္း မသတ္ပဲ ကစားေနတာျဖစ္တယ္။ ကိုယ့္ရဲ႕ အမဲလိုက္ စြမ္းရည္ကို ျပသျခင္းက ဒီ သားရဲကမာၻမွာ အမ်ိဳးသမီးမ်ားကိုဆြဲေဆာင္ႏိုင္သည့္အသိအမွတ္ျပဳခံရဆုံးနည္းလမ္းျဖစ္တယ္။ ဒါေၾကာင့္ ေက်ာက္႐ႊမ္က ဧရာမသတၱဝါႀကီးကိုခ်က္ခ်င္းမသတ္ပဲ စြမ္းရည္ျပ ေနတာပဲ ျဖစ္တယ္။
က်ိဳးယြက္ရွန႔္က မိုက္မဲတဲ့ ျခေသၤ့ႀကီး ဘာလုပ္ခ်င္ေနတယ္ဆိုတာ မိနစ္ပိုင္းအတြင္း သတိျပဳမိလာၿပီး ပ်င္းေနတဲ့ စိတ္က လႈပ္ရွားၿပီး ၿပဳံးလာခဲ့တယ္။ က်ိဳးယြက္ရွန႔္ၿပဳံးေနတာကိုေတြ႕ေတာ့မွာ ေက်ာက္႐ႊမ္က ဝက္ဝံႀကီးရဲ႕ ေက်ာေပၚ့ို ခုန္တက္လိုက္ၿပီး လည္ကုတ္ကို သြားနဲ႔ခဲၿပီး လက္သည္းေတြက မာေက်ာထူထဲတဲ့ အေရးျပားကို ထိုးေဖာက္သြားတယ္။ သူက ဝက္ဝံကို ကိုက္ခဲၿပီး အၿမီးရွည္ႀကီးနဲ႔ အသာေလး ယမ္းလိုက္တာနဲ႔ ဝက္ဝံႀကီးက အေဝးကိုလြင့္သြားၿပီး လူဆယ္ေယာက္ဖက္ရေလာက္တဲ့ သစ္ပင္ႀကီးကို ဝင္ေဆာင့္မိေတာ့မွ ရပ္သြားေတာ့တယ္။
ဒီေတာ့မွ ေက်ာက္႐ႊမ္က တိုက္ခိုက္တာကို ရပ္တန႔္လိုကေတာ့တယ္။ ဝက္ဝံႀကီးက တကိုယ္လုံး ဒဏ္ရာရၿပီး ႐ုတ္တရက္ မထႏိုင္ေတာ့ဘူး။ ေက်ာက္႐ႊမ္က ေနာက္ထပ္ တိုက္ခိုက္ဖို႔ ဝက္ဝံႀကီးထအလာကို ေစာင့္ေနေပမယ့္ ဝက္ဝံႀကီးက ထဖို႔ႀကံလိုက္ လဲက်သြားလိုက္ အႀကိမ္ႀကိမ္ျဖစ္ေနလို႔ ေက်ာက္႐ႊမ္ စိတ္မရွည္ေတာ့ဘူး။ ဝက္ဝံႀကီးက ေနာက္ထပ္ တိုက္ခိုက္ဖို႔ေနေေနသာသာ အခုေတာင္ ေၾကာက္လန႔္လြန္းလို႔ အသံက်ယ္ႀကီး ေအာ္ညည္းၿပီး အသက္ခ်မ္းသာေရေပးဖို႔ ေက်ာက္႐ႊမ္ကို ေတာင္းပန္လို႔ေနတယ္။
သူသာ လူစကားေျပာႏိုင္မယ္ဆိုရင္ သတ္ခ်င္ရင္ သူ႔ကို တခါတည္းသာ ကိုက္သတ္လိုက္ပါေတ့ာ။ ဒီလို ကစားေနတာ မလုပ္ပါနဲ႔ေတာ့။ သူတို႔ သားရဲေတြမွာလည္း ခံစားခ်က္ဆိုတာ ရွိပါေတယ္။ ခုလို ေၾကာင္က ႂကြက္ကို ကစားသလို ကစားေနတာ သူ ဘယ္လိုမွ မခံႏိုင္ေတာ့ပါဘူး။ ျမန္ျမန္သာ ကိုက္သတ္လိုက္ပါေတာ့လို႔ အႏူးအၫြတ္ေတာင္းပန္ေနတာကို ေက်ာက္႐ႊမ္ၾကားသိရမွာ ျဖစ္တယ္။ အခုေတာ့ သူက ဘာမွ နားမလည္လို႔ ဒီဝက္ဝံ ဆူဆူညံညံေအာ္ဟစ္ေနတာကို ပထမ သည္းခံေနရာကေန ဆက္တိုက္ ေအာ္ေနလို႔ သည္းမခံႏိုင္ျဖစ္ၿပီး အသံအက်ယ္ႀကီးနဲ႔ ဟိန္းလိုက္ ေတာ့တယ္။ ဒီသားရဲၿဂိဳလ္က အေကာင္ေတြက ေပ်ာ့လြန္းတယ္။ ဘာမွေတာင္ မတိုက္ရေသးဘူး။ ေသမလို ေအာ္ဟစ္ေနေတာ့တယ္။ သူ႔ခ်စ္ခ်စ္ကို သူ႔အစြမ္း ဘယ္ျပလို႔ရေတာ့မွာလဲ။
ဝက္ဝံႀကီးက ျပင္းျပင္းထန္ထန္ အသာနားခံေနေပမယ့္ ေက်ာက္႐ႊမ္က နည္းနည္းေလးမွ သနားစိတ္မဝင္ဘူး။ ဒီေကာင္ေတြက ေပ်ာ့လြန္းလို႔ ခ်က္ခ်င္း မသတ္မိေအာင္ သူ႔မွာ မနည္းေတာင္ ထိန္းထားရတယ္။ အခု သူ႔ကို ေတာင္းပန္ေနေပမယ့္ သူ စိတ္မရွည္ေတာ့ပဲ ထပ္ဟိန္းလိုက္ေတာ့တယ္။
ေက်ာက္႐ႊမ္ရဲ႕ဟိန္းသံေၾကာင့္ ဝက္ဝံႀကီးက ေသမလို ေၾကာက္လန႔္ၿပီး စိတ္ထဲမွာ ေတြးေနမိတယ္။
ငါ ဘယ္လိုမွ မထႏိုင္ေတာ့တာ တကိုယ္လုံး အ႐ိုးေတြလည္း က်ိဳးကုန္ၿပီ။ ဘယ္လို ထပ္တိုက္ႏိုင္ဦးမွာလဲ။ ငါ့ကို အႏိုင္မက်င့္ပါနဲ႔ေတာ့။ ခ်က္ခ်င္းသာ ကိုက္သတ္လိုက္ပါေတာ့...လို႔ ေတာင္းပန္ေနေတာ့တယ္။
ေက်ာက္႐ႊမ္ရဲ႕သည္းခံႏိုင္စြမ္းေတြ ေပ်ာက္သြားလို႔ အသံကုန္ ေအာ္လိုက္ေတာ့ ဝက္ဝံႀကီးသာ မက ဒီေတာထဲကသားရဲအားလုံး ေၾကာက္လန႔္ကုန္ၾကတယ္။ ဒီ ပတ္ဝန္းက်င္က အစတုန္းက ဝက္ဝံႀကီးရဲ႕ပိုင္နက္ျဖစ္ေပမယ့္ အခုေတာ့ ပိုင္ရွင္ေျပာင္းသြားၿပီလို႔ အားလုံးက မွတ္ယူၾကတယ္။
က်ိဳးယြက္ရွန႔္က မိုက္မဲတဲ့ ျခေသြၤ့ႀကီးက ဝက္ဝံႀကီးကို ထပ္တိုက္ဖို႔ ေျပာေနတာ ေတြ႕ေတာ့ အဲ့နားကို ေလွ်ာက္လာရင္း တားလိုက္တယ္။
" အိုေက၊ ဒီေကာင္ႀကီးကို သားခြင့္ျပဳလိုက္ပါ။ ကြၽန္ေတာ္တို႔ ေနာက္ထပ္ အေကာင္ လိုက္ရွာၾကတာေပါ့"
ဒီကမာၻၿဂိဳဟ္၌သားရဲမ်ားရွိတယ္။ သူတို႔က ေမြးလာကၿပီးေနာက္ပိုင္း သူတို႔ မိသားစုကို စြန႔္ခြာၿပီး လွည့္လည္သြားလာၾကတယ္။ နည္းနည္းပိုဉာဏ္ေကာင္းတဲ့ေကာင္းေတြက သူတို႔ မိသားစုကို လြမ္းရမွန္း၊ သူတို႔နဲ႔ မ်ိဳးမတူတဲ့ သားရဲကို မုန္းတီးရမွန္းသိလာၾကတယ္။ တခ်ိဳ႕ကေတာ့ ဒီလို တေကာင္းတည္း လွည့္လည္ေနရင္း ပိုပို႐ိုင္းလာၾကတယ္။ အခု က်ိဳးယြင္ရွန႔္တို႔ ေတြ႕ေနတဲ့ ဝက္ဝံႀကီးက ဒီသားရဲ႕ၿဂိဳလ္က ေရွးဦးသားရဲပဲလား။ ဒီက ဆင္းသက္လာတဲ့ သားရဲ႕ အ႐ိုင္းေကာင္လားဆိုတာ သူတို႔ မသိႏိုင္ဘူး။ တကယ္လို႔ ဝက္ဝံကို သတ္လိုက္ရင္ ဒီသားရဲေတြရဲ႕ေျပာင္းလဲမႈ ျဖစ္စဥ္ကို သူတို႔ ေႏွာက္ယွက္မိသလိုျဖစ္ၿပီး ေနာင္အခါမွာ ရွိမယ့္ မ်ိဳးစိတ္ကို ကေမာက္ကမ ျဖစ္ကုန္မွာ လည္းစိုးတယ္။
ၿပီးေတာ့ ဒီေကာင္ႀကီးကို အစာအျဖစ္လည္း မစားခ်င္ဘူး။ ဒီေကာင္ကို စားမိရင္ သူ အစားေသာက္ပ်က္သြားမွာေသခ်ာတယ္။ ဒီေကာင္ႀကီးက က်ိဳးယြင္ရွန႔္ ေျပာတာကို နားလည္ဟန္တူတယ္။ သူ႔ရဲ႕ေအာ္သံက ပိုသနားစရာ ေကာင္းလာၿပီး ႏူးညံ့သိမ္ေမြ႕စြာနဲ႔ က်ိဳးယြင္ရွန႔္ကို စိုက္ၾကည့္ၿပီး သူ႔ရဲ႕ႀကီးမားတဲ့ လက္ကို ကမ္းၿပီး မ်က္ရည္ေတြ က်လာတယ္။
က်ိဳးယြင္ရွန႔္က ရယ္ေမာလိုက္ၿပီး ေျခေသၤ့ႀကီးကို လက္ေဝ့ယမ္းျပၿပီး ေျပာလိုက္တယ္။
" ကြၽန္ေတာ္တို႔ သြားၾကစို႔... "
က်ိဳးယြင္ရွန႔္က ဝက္ဝံႀကီးရဲ႕ ေခါင္းကို ဖြဖြပြတ္ေပးၿပီး ေျပာလိုက္တယ္။
ေျခေသၤ့ႀကီးက ႏွာမႈတ္လိုက္ၿပီး သူ႔ခ်စ္သူရဲ႕ ဆက္စီက်တဲ့ တင္ပါးပိုင္းကို သူ႔ ေခါင္းႀကီးရဲ႕ကာလိုက္တယ္။
က်ိဳးယြင္ရွန႔္က ရယ္ေမာရင္း ေက်ာက္႐ႊမ္ကို ေျပာလိုက္တယ္။
Zhou Yun Sheng ကသူ႕ရဲ႕ နားရြက္စြန္းကိုဆြဲလ်က္၊
" ကြ်န္ေတာ့္ခ်စ္သူက အရမ္းကို အင္အားႀကီးတယ္။ ဒီဝက္ဝံဟာခင္ဗ်ားရဲ႕ၿပိဳင္ဘက္မဟုတ္ဘူး။ "
မိုက္မဲေသာျခေသၤ့သည္သူ၏ ဦး ေခါင္းႏွင့္ရင္ဘတ္ကိုစိတ္ဓာတ္တက္ႂကြစြာခ်က္ခ်င္းျမႇင့္လိုက္သည္ကိုေတြ႕လိုက္ရတယ္။
" အေသအေႀက ဘယ္လို တိုက္ခုိက္ရမယ္။ ဘယ္လိုက႐ုဏာသက္စရာေကာင္းေအာင္ ေတာင္းပန္ရမယ္။ ဘယ္လိုခ်စ္စရာေကာင္းေအာင္လုပ္ရမယ္ဆိုတာ ဒီေကာင္ႀကီးက သိတယ္။ ဒါဟာအရမ္းကိုဉာဏ္ေကာင္းတယ္။ တကယ္ေတာ့ဒါဟာဘိုးဘြားသားဒါမွမဟုတ္သားစဥ္ေျမးဆက္တစ္ေယာက္ျဖစ္တယ္ဆိုတာကြၽန္ေတာ္သံသယမရွိပါဘူး။ သူ႕ကို ကြ်န္ေတာ္ မစားခ်င္ဘူး။ သူ႕ကိုစားလိုက္ရင္ လူကို သတ္စားတာနဲ႕ ဘာမွ ထူးမွာ မဟုတ္ဘူး။ အျခား အမဲလိုက္လို႕ရတာ ဘာရွိလဲ ႀကည့္ရေအာင္။ "
ေက်ာက္ရႊမ္က ေဟာက္သံႏွင့္ေခါင္းကိုခါလိုက္တယ္။ သူ ေျပာခ်င္တာက ေရွးဦး သားရဲေတြနဲ႕ တကယ့္ သားရဲေတြကိ ုခြြဲဖို႕ ခက္တယ္ဆိုတာ ေျပာခ်င္ေနတယ္။
က်ိဳးယြင္ရွန္႕က သူ႕ေက်ာေပၚ တက္ထိုင္ျပီး ေပါ့ေပါ့ပါးပါး ေျပာလုိက္တယ္။
" ကြ်န္ေတာ္ေျပာျပီးသား၊ ဒီမွာ သားေကာင္ေတြကို မစားခ်င္ဘူး။ ငါးပဲ ရွာစားရေအာင္။ ဟိုးဘက္မွာ ေရအုိင္တအိုင္ကို ေတြ႕တယ္။ ငါးသြားရွာရေအာင္ "
ေက်ာက္ရႊမ္ကသူ၏ေခါင္းကိုလွည့္ကာ က်ိဳးယြင္ရွန္႕ရဲ႕ ေျခက်င္းဝတ္ကို လွ်ာနဲ႕လ်က္ျပီး အေရွ႕ေျမာက္အရပ္ ေရကန္ရွိရာဘက္ကို ဦးတည္ေျပးလာလိုက္တယ္။ သူ႕ခ်စ္သူနဲ႕ အတူရွိေနရရင္ ငါး မကလုိ႕ ျမက္စားရလည္း သူ ေက်နပ္တယ္။
==========================
FOD _Extra _ Chapter (4) _Honeymoon on Beast-man Planet
ဂူနေလူမျိုးစုတွေ ထွက်သွားပြီးတော့မှ ကျောက်ရွှမ်က ကျိုးယွင်ရှန့်ဝတ်ထားတဲ့ သားရေစကနေ ကိုက်ချီပြီး သူ့ကျောပေါ်တင်လို့ တောအုပ်ရှိရာကို အေးအေးဆေးဆေးလျှောက်လာခဲ့တယ်။ သူက ဒီဂြိုလ်တစ်ခုလုံးကို ဖောက်ခွဲပစ်နိုင်တဲ့စွမ်းအားကို ပိုင်ဆိုင်ထားတာဖြစ်လို့ ဘယ်သူ့ကိုမှမကြောက်သလို ဒီမှာနေဖို့ ဘယ်သူ့ပေါ်မှ အားကိုးစရာမလိုဘူး။
ကျိုးယွင်ရှန့်က ခြင်္သေ့ကြီးရဲ့ ရှည်လျားတဲ့လည်ဆံမွှေးကို ဆုပ်ကိုင်ပြီး ပြောလိုက်တယ်။
"ကျွန်တော်တို့က အချိန်မှားပြီး ဒီဂြိုလ်ပေါ်ကို ဆင်းခဲ့မိတာပဲ.. ကျွန်တော်တို့ မှန်ကန်တဲ့အချိန်နဲ့နေရာကို ပြန်ရှာပြီး သွားနိုင်မှ စစ်တပ်က ကျွန်တော်တို့ကိုတွေ့ပြီး ကယ်တင်နိုင်မှာဖြစ်တယ်.. စင်္ကြဝဠာတွင်းနက်ကြီးရဲ့ ပေါက်ကွဲမှုက ဒီဂြိုလ်ပေါ်ကို အကြီးအကျယ်သက်ရောက်မှုဖြစ်စေခဲ့ပုံရတယ်.. ဒါက ကျွန်တော်တို့အတွက် အရေးကြီးတဲ့သဲလွန်စပဲ.."
ကျောက်ရွှမ်က ဟိန်းသံတိုးတိုးပဲပေးလိုက်ပြီး ဘာထင်မြင်ချက်မှ မပေးနိုင်ဘူး။ တကယ်လို့ သူ စကားပြောနိုင်တယ်ဆိုရင်တောင် သူ့ချစ်သူ အခုစစ်ဆေးနေတဲ့အရာကို ကူညီပေးဖို့ တွန့်ဆုတ်နေတယ်။ တကယ်တော့ ကျောက်ရွှမ်က ကျိုးယွင်ရှန့်နဲ့ နှစ်ယောက်တည်း အတူနေချင်တယ်။ ဒီဂြိုလ်မှာ ဘယ်သူမှမရှိရင်တောင် သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မှီခိုပြီးနေရရင်တောင် ဘာမှမဖြစ်ဘူး။ ဒီလို အနှောင့်အယှက်ကင်းတဲ့ဘဝက သူအမြဲတောင့်တနေတဲ့ ဘဝမျိုးဖြစ်တယ်။
ကျိုးယွင်ရှန့်က သူ့ချစ်သူ ဘာတွေးနေသလဲဆိုတာသိလို့ လည်ဆံမွှေးတွေကို စိတ်ဆိုးဆိုးနဲ့ဆွဲလိုက်ပြီး ပြောလိုက်တယ်။
"ပေါက်ကွဲမှုကြောင့် ထိခိုက်ကျန်ရစ်ခဲ့တဲ့မြေလွှာကို တွေ့အောင်ရှာပေးပါ.. ဒီမြေလွှာရဲ့သက်တမ်းကိုကြည့်ပြီး ခန့်မှန်းခြေ ဘယ်လောက်ကြာပြီဆိုတာ ကျွန်တော်တွက်ချက်နိုင်တယ်.. ဒီတွက်ချက်မှုကနေ ကျွန်တော်တို့ပြန်ရမယ့် အချိန်နဲ့နေရာအတိအကျကိုရရင် စစ်တပ်ဆီကိုပို့ဖို့ လမ်းစရှာရမယ်.. တကယ်လို့ ဒီဂြိုလ်မှာ စာအရေးအသားကို တီထွင်ထားခဲ့ပြီဆိုရင် ဟိုးအရင်က ဘာတွေဖြစ်ခဲ့တယ်ဆိုတာ မှတ်တမ်းတင်ထားမှာ သေချာတယ်.. ဒါပေမယ့် ကျွန်တော်မှန်းကြည့်ရသလောက် ဒီဂြိုလ်က ဒီလောက်အဆင့်ထိ မဖွံ့ဖြိုးသေးဘူး.. ဒါဆို သူတို့ အရင်ကအကြောင်းအရာတွေကို သက်ကြီးစကား သက်ငယ်ကြားပြီး လက်ဆင့်ကမ်းမှတ်သားထားမှာ သေချာတယ်.. ဒီလိုမှတ်ထားမယ်ဆိုရင် ရှမာန်ကတော့ နည်းနည်းပါးပါး သိလောက်တယ်.. ဒါပေမယ့် သူတို့က ကျွန်တော်တို့ကို အရမ်းသတိထားလွန်းလို့ ပြောပြမှာမဟုတ်ဘူး.. အခြားမျိုးနွယ်စုတွေ ရှိဦးမလားမသိဘူး.. ရှာကြည့်ပြီး မေးမြန်းကြည့်ရမှာပဲ.."
ကျောက်ရွှမ်က ဘာမှမကြားသလို ဟန်ဆောင်လိုက်ပြီး ဆက်လာခဲ့တော့ ဂူတစ်ဂူကိုတွေ့လိုက်တယ်။ ဒီမှာအခြေချနေမယ်လို့ စိတ်ကူးပြီး ဂူထဲကသားရဲတွေကို ခြောက်လှန့်မောင်းထုတ်ဖို့ သူ့ကိုယ်ကို ထင်းထင်းကြီးပေါ်အောင် ဂူဝမှာရပ်လိုက်တယ်။
"ခင်ဗျားက ပြန်မသွားချင်ဘူး မဟုတ်လား.."
ကျိုးယွင်ရှန့်က ခြင်္သေ့ကြီးရဲ့လည်ပင်းကို လက်မောင်းတစ်စုံနဲ့ပွေ့ဖက်ပြီး ပြုံးပြုံးကြီးပြောလိုက်တယ်။ ခြင်္သေ့ကြီးက လည်ပင်းကိုစောင်းငဲ့ကြည့်လာပြီး တောက်ပတဲ့မျက်ဝန်းနဲ့ကြည့်လို့ ခပ်တိုးတိုးအသံပြုလိုက်တယ်။ ဒီမျက်ဝန်းတွေကြောင့် ကျိုးယွင်ရှန့်က စိတ်တွေပျော့သွားပြီး ခြင်္သေ့ကြီးရဲ့နားရွက်တွေကို ဖွဖွကိုက်ပြီးပြောလိုက်တယ်။
"ကောင်းပြီ.. ခင်ဗျားဆန္ဒအတိုင်း နေကြတာပေါ့.. ကျွန်တော်တို့ပင်ပန်းပြီး ငြီးငွေ့လာတော့မှ ပြန်ကြတာပေါ့.."
ကျောက်ရွှမ်ရဲ့ ငုံ့ကျနေတဲ့ခေါင်းက ထောင်မတ်လာပြီး ချက်ချင်း ကျိုးယွင်ရှန့်ကို မြေပေါ်လှဲချလိုက်တယ်။ ကြီးမားတဲ့လက်ကြီးနှစ်ဖက်က ကျိုးယွင်ရှန့်ရဲ့ပုခုံးတွေကို ဖိထားပြီး လှပတဲ့မျက်နှာကို လျှာကြီးနဲ့လျက်နေတယ်။ သူက အရမ်းကိုပျော်သွားပြီး အမြီးကြီးက ဟိုဟိုသည်သည်ယမ်းပြီး ကျောက်ဂူနံရံကို တဘုတ်ဘုတ်ရိုက်ခတ်နေတယ်။
"တော်ပြီ.. တော်ပြီ.. ရပ်တော့.. ဂူကိုသန့်ရှင်းရေးလုပ်ပြီး အမဲလိုက်တော့.."
ကျိုးယွင်ရှန့်က သူ့ပါးစပ်နဲ့နှာခေါင်းကို လက်နဲ့တွန်းဖယ်ရင်း ပြောလိုက်တယ်။ သူ့မျက်ဝန်းနဲ့နှုတ်ခမ်းတွေကတော့ သဘောကျပြီး ပြုံးနေမိတယ်။
ခပ်တိုးတိုးအသံပြုလိုက်ပြီး ကျောက်ရွှမ်က လှိုဏ်ဂူကို သန့်ရှင်းရေးလုပ်လိုက်တယ်။ ပြင်ပကလူတွေ ဝင်မလာနိုင်အောင်နဲ့ သူတို့အိပ်ဖို့နေရာအတွက် ကျောက်ရွှမ်က စိတ်စွမ်းအင်ကိုသုံးပြီး ကျောက်သားထုကြီးကို ကျောက်ဖျာချပ်လို ချောမွေ့ညီညာအောင် လုပ်လိုက်ချင်တယ်။ ဒီလိုလုပ်နိုင်စွမ်းက ဌာနေသားရဲတွေထက် သာလွန်တာတော့အမှန်ပဲ။ ဒါပေမယ့် ဒီလိုလုပ်ရင် စည်းကမ်းကို ချိုးဖောက်ရာရောက်သွားလိမ့်မယ်။ ဒါကြောင့် ကျောက်တုံးတစ်တုံးကို မျက်နှာပြင်တွေကိုညီအောင် ဖြတ်တောက်တာပဲ လုပ်လိုက်နိုင်တယ်။ ပြီးတော့ ကျောက်တုံးရဲ့မျက်နှာပြင်ပေါ်မှာ နူးညံ့တဲ့ရေညှိပင်တွေနဲ့ မွေ့ယာလို ခင်းထားလိုက်တယ်။
ကျိုးယွင်ရှန့်က ဥမင်လှိုဏ်ခေါင်းထဲမှာ ခိုအောင်းနေတဲ့အကောင်တွေ၊ မြွေတွေကို ရှင်းထုတ်လိုက်တယ်။ ပြီးတော့ လတ်ဆတ်တဲ့ပန်းတွေနဲ့ လှိုဏ်ဂူထဲ တန်ဆာဆင်လိုက်တော့ ပုပ်အက်အက်နဲ့ အနံ့အသက်မကောင်းတဲ့နေရာမှာ မွှေးပျံ့တဲ့ပန်းရနံ့တွေ အစားထိုးလာပြီး လှိုဏ်ဂူက နေချင်စဖွယ်ဖြစ်လာတယ်။
ကျောက်ရွှမ်က ဒီအတိုင်း အချိန်ကို အလဟဿမဖြစ်ချင်ဘူး။ သူ့ချစ်သူရဲ့တင်ပါးလေးထဲ သူ့ရဲ့ကြီးမားလှတဲ့ ကိုယ်ပိုင်ပစ္စည်းနဲ့ ထိုးဖောက်ဝင်ရောက်ချင်နေတယ်။ ကျိုးယွင်ရှန့်က ကျောက်ရွှမ်ကို ထုရိုက်လိုက်ပြီး အမဲလိုက်ဖို့ တောအုပ်ဘက်ကိုထွက်လာတယ်။
ကျောက်ရွှမ်က ကျိုးယွင်ရှန့်နောက်ကို ထပ်ချပ်မကွာလိုက်ချင်ပေမယ့် ကျောက်ဂူဘက်ကို ပြန်လှည့်လာတယ်။ ဒီဆေးက ဘေးထွက်ဆိုးကျိုးတော့ရှိတယ်။ ဒီဆေးသောက်ပြီး ဌာနေဂြိုလ်ကသားရဲလို ပုံသဏ္ဍာန်အရ ပြောင်းသွားရုံသာမက အမူအကျင့်တွေပါ လိုက်ပြောင်းလာတယ်။ သူက ခြင်္သေ့ထီးတွေလို သူ့ပိုင်နက်ကို နယ်နိမိတ်သတ်မှတ်လိုက်တယ်။
ဆီးသွားလိုက်ပြီးတော့ ကျောက်ရွှမ်က ကျေနပ်နှစ်သိမ့်နေတုန်း ဘေးမှာ သူ့ချစ်သူရပ်နေတာကို သတိထားလိုက်မိတယ်။ ကျိုးယွင်ရှန့်က သူ့ပုံစံကိုကြည့်ပြီး နှုတ်ခမ်းတွေတောင်တုန်ပြီး ကျောက်တုံးလို မလှုပ်မယှက်ရပ်နေမိတယ်။ ကျောက်ရွှမ်က သူ့ရဲ့ကြီးမြတ်တဲ့ သူရဲကောင်းလိုပုံစံကို ချစ်သူလေးရဲ့ရှေ့မှာ တိရစ္ဆာန်တစ်ကောင်လို ဆီးသွားပြီး နယ်နိမိတ်သတ်မှတ်ခြင်းနဲ့ ဖျက်ဆီးလိုက်မိတော့တယ်။ ဒါက သူ့ရဲ့ စင်္ကဝြဠာသူရဲကောင်းဆိုတဲ့ ပုံရိပ်ကို အစိတ်စိတ်အမွှာမွှာ ပျက်စီးစေတာပဲ။
အချိန်တွေကို နောက်ပြန်ရွှေ့လို့ရရင် ရွှေ့လိုက်ချင်တယ်။ ကျောက်ရွှမ်က စိတ်ပျက်လက်ပျက်နဲ့ ခေါင်းငိုက်စိုက်ချပြီး ရှေ့ကိုသွားလိုက်တယ်။ မီတာနည်းနည်းသွားမိပြီးမှ သူ့ချစ်သူပါမလာတာ သတိထားမိပြီး နောက်ကိုလှည့်ကြည့်လိုက်တော့ ကျိုးယွင်ရှန့်က အသံအကျယ်ကြီးနဲ့ အော်ရယ်လိုက်တာကို တွေ့လိုက်ရတယ်။ သူ့မျက်လုံးတွေက တောက်ပနေပြီး ပါးပြင်က ရယ်ရလွန်းလို့ နီမြန်းနေတယ်။ ဒီပုံစံနဲ့ချစ်သူလေးက သိပ်ကိုလှပလွန်းနေတယ်။
ဒီဟာက ကျောက်ရွှမ် အနှစ်သက်ဆုံးအရာပဲဖြစ်တယ်။ တကယ်လို့ သူ့ချစ်သူလေးသာ ပျော်မယ်ဆိုရင် နေ့တိုင်း ဘယ်လိုအရာပဲဖြစ်ဖြစ် သူလုပ်ပြနေမှာပဲ။ စိတ်ပျက်နေတဲ့ ကျောက်ရွှမ်ရဲ့အမူအယာတွေ ပျောက်သွားပြီး ခြေလေးချောင်း ကဆုန်ပေါက်လို့ ကျိုးယွင်ရှန့်ဘေးကနေ ခုန်ပေါက်နေမိတော့တယ်။
အကြိမ်တချို့ လှည့်ပတ်ခုန်ပေါက်ပြီး ကျောက်ရွှမ်က ကျိုးယွင်ရှန့်ရဲ့အဝတ်ကနေ ကိုက်ချီလို့ ကျောပေါ်တင်လိုက်ပြီး ဟိန်းသံပေးလိုက်တယ်။ လေပြင်းတိုက်လို့ သူ့အမွှေးတွေကို ရှုပ်ပွနေစေပေမယ့် သူ့ချစ်သူရဲ့မျက်ဝန်းထဲက ပျော်ရွှင်ရိပ်တွေက ပျောက်မသွားခဲ့ဘူး။
"အား.. သားရိုင်းတိရစ္ဆာန်ကြီးလာနေပြီ.. အားလုံး ပုန်းကြဟေ့.."
လှိုဏ်ဂူအနီးအနားမှာနေတဲ့ အုပ်စုတွေက တောထဲကို သစ်သီးရိုင်းတွေခူးဖို့လာရင်း ခြင်္သေ့သံကိုကြားလို့ ကြောက်လန့်တကြားအော်ပြောရင်း ပြေးထွက်သွားကြတယ်။ သူတို့က လှံကိုကိုင်ထားပြီး သစ်ပင်မြင့်ပေါ်တွယ်တက်လို့ တိုက်ခိုက်ဖို့ပြင်ထားကြတယ်။ သူတို့ကိုစောင့်ရှောက်နေတဲ့ သားရဲတိရစ္ဆာန်အထီးတွေက ခြုံပုတ်ထဲမှာ ငြိမ်သက်စွာနဲ့ ချောင်းမြောင်းနေကြတယ်။
သစ်ပင်တွေကို တိုးဝှေ့လာတဲ့အသံက တဖြည်းဖြည်းနီးလာပြီး ရယ်မောသံက လေထဲလွင့်ပျံလာမှ လူတွေက စိတ်သက်သာရာရသွားကြတယ်။
"ဒါက သားရဲမဟုတ်ပါဘူး.. အမျိုးသမီးနဲ့ သူ့အဖော်ရဲ့အသံပါ.."
ခုနက ကြောက်ရွံ့သွားမိတဲ့တစ်ယောက်က ပြောလိုက်တယ်။
"ရှောင်အန်းချွမ်.. မင်း ဘယ်လိုသိတာလဲ.."
သစ်ပင်ပေါ် သူနဲ့တူတူပုန်းနေတဲ့ အမျိုးသမီးက မေးလိုက်တယ်။ ရှောင်အန်းချွမ်ဆိုတာ ကျိုးယွင်ရှန့်ကိုကူပြောပေးတဲ့ အမသတ္တဝါဖြစ်တယ်။ သူက ဒီမျိုးနွယ်ထဲမှာ သူ့အဆင့်ကနိမ့်ကျလို့ သူ့နာမည်အရင်းကိုတောင် မေ့သွားပြီး ရှောင်အန်းချွမ်ဆိုတဲ့ နာမည်ပြောင်ပဲ ကျန်ရစ်တော့တယ်။
ရှောင်အန်းချွမ်က သူ့ကိုမေးလိုက်တဲ့လူကို ဒေါသနဲ့စိုက်ကြည့်ပြီး ပြောလိုက်တယ်။
"သူ့အသံကို ငါမှတ်မိနေတာ.."
သူတို့ရဲ့နားတွေက အသံကိုကြားရုံနဲ့ ဘယ်သူဆိုတာ ခွဲပေးနိုင်စွမ်းမရှိကြဘူး။ ဒီလူအုပ်က စိတ်သက်သာရာရသွားကြတယ်။ ခဏလည်းကြာရော ရွှေရောင်ခြင်္သေ့ကြီးက ကောင်းကင်ပေါ်ကခုန်ဆင်းလာပြီး တောနက်ထဲ ပြေးဝင်သွားတာကို တွေ့လိုက်ရတယ်။
တစ်ယောက်ယောက်ကအဲဒီမှာချောင်းမြောင်းနေတုန်းတောင်မှ ကျောက်ရွှမ်က သူတို့ကို အကြည့် တစ်ချက်တောင် မပေးခဲ့ဘူး။ သူ့ရဲ့ရှည်လျားပြီး တုတ်တဲ့ အမြီးကြီးက အလျား ၂ မီတာလောက်ရှည်တယ်။ ကျောက်ရွှမ်က အမြီးနဲ့ယမ်းလိုက်ပြီး အမသတ္တဝါပုန်းနေတဲ့ သစ်ပင် ပင်စည်ကို ရိုက်လိုက်တယ်။ ပင်စည်တုတ်တုတ်ကြီးက အမြီးရိုက်ချက်ကြောင့် အသံမြည်ပြီး ကျိုးကျသွားတော့တယ်။ အပင်ပေါ်ပုန်းနေတဲ့သူတွေက အသက်ဘေးကို လွတ်အောင် ခုန်ချပြီး ဆန့်ကျင်ဘက် အရပ်ကို တဟုန်ထိုး ထွက်ပြေးသွားတော့တယ်။
Xiao An Chun ရှောင်အန်းချွမ်လေးဟာ အရင်းလေးပဲ ကျန်တော့တဲ့ သစ်ငုတ် ကို ချုံထဲ့နေ စိုက်ကြည့်လိုက်ပြီး ရေရွတ်လိုက်မိတယ်။
" Fuck ... တခါတည်း တစ်စစီဖြစ်သွားတာဟ "
အဲ့ဒီအချိန်မှာ တောရိုင်းတိရိစ္ဆာန်တွေရဲ့ အော်မြည်သံက တောနက်ထဲမှထွက်လာပြီးသစ်ပင်များပြိုလဲသွားတော့တယ်။ ကျိုးယွင်ရှန့်နဲ့ကျောက်ရွှမ်က သူတို့နားကို ကပ်လာတဲ့ ဝက်ဝံအကြီးကြီးကို တွေ့လိုက်တယ်။ ကျောက်ရွှမ်က ချက်ချင်း ရှေ့ကနေ ကာဆီးပြီး ဝက်ဝံကြီးကို ဆီးကြိုတိုက်ခိုက်လိုက်တယ်။ ခြင်္သေ့အထီးက ၂ မီတာရှည်ပြီးအလွန်ကြီးမားသော်လည်းသူ၏ပြိုင်ဘက်သည်ပိုမိုအားကောင်းဟန်ရှိသည်။ လူသားတစ် ဦး ကဲ့သို့မတ်တပ်ရပ်နိုင်တဲ့အတွက် အမြင့် ၄-၅ မီတာရှိတယ်။ ဝက်ဝံကြီးရဲ့ ကြွက်သားများနှင့်ကြမ်းတမ်းသားမွေးဖြင့်တကိုယ်လုံးကို ဖုံးလွှမ်းထားတယ်။
သတ္တဝါနှစ်ကောင်သည်နပန်းလုံးနေတေဲ့အတွက် သူတို့ ပတ်ဝန်းကျင်က သစ်ပင်တွေက ခုတ်လှဲခံရသလို ပြိုလဲကုန်တော့တယ်။ ဒီလဲပြိုသံကြောင့် အသံတွေ ဆူညံနေပြီး မရေမတွက်နိုင်သောငှက်တွေက ကာင်းကင်သို့ကြောက်ရွံ့ထိတ်လန့် စွာ ပျံတက်သွားပြီး အနီးအနားရှိလှည့်လည်နေသောရိုင်းတိရိစ္ဆာန်များထွက်ပြေးခဲ့ကြတယ်။ ကျိုးယွက်ရှန့်တစ်ယောက်တည်းသာ အလှမ်းဝေးကွာသောကျောက်ဆောင်ကြီးပေါ်တွင်ခြေလက်ချောင်းဖြင့်ထိုင်လျက် မကြောက်ရွံ့ပွဲ တိုက်ပွဲကိုကြည့်နေရင်း လက်များဖြင့် မျက်နှာကို ထောက်ထားတယ်။
တိုက်ပွဲတစ်နာရီနီးပါးကြာခဲ့တယ်။ ကျောက်ရွှမ်က တချက်ကိုက်တာနဲ့ သူ့သားကောင်ကို ကိုက်သတ်နိုင်ပေမယ့် အခုတော့ အချိန်ဆွဲပြီး ဘာလုပ်နေမှန်းကို ကျိုးယွင်ရှန့် နားမလည်တော့ဘူး။ သူက တိုက်ပွဲကို ကြည့်ရင်း ငြီးငွေ့ပြီး အိပ်ချင်လာတော့တယ်။ နောက်ငါးမိနစ်ကြာလို့မှ ကျောက်ရွှမ်က ဝက်ဝံကြီးကို မသတ်နိုင်ရင် သူကိုယ်တိုင် ဆင်းသတ်တော့မယ်။
ကျောက်ရွှမ် က တမင်အချိန်ဆွဲတိုက်ခိုက်ပြနေတာက သူ့ချစ်ချစ်ကို ပိုးပန်းနေတာပဲ ဖြစ်တယ်။ သူ ဘယ်လောက်သန်မာတယ် ဆိုတာ တမင်ပြချင်လို့ ချက်ချင်း မသတ်ပဲ ကစားနေတာဖြစ်တယ်။ ကိုယ့်ရဲ့ အမဲလိုက် စွမ်းရည်ကို ပြသခြင်းက ဒီ သားရဲကမ္ဘာမှာ အမျိုးသမီးများကိုဆွဲဆောင်နိုင်သည့်အသိအမှတ်ပြုခံရဆုံးနည်းလမ်းဖြစ်တယ်။ ဒါကြောင့် ကျောက်ရွှမ်က ဧရာမသတ္တဝါကြီးကိုချက်ချင်းမသတ်ပဲ စွမ်းရည်ပြ နေတာပဲ ဖြစ်တယ်။
ကျိုးယွက်ရှန့်က မိုက်မဲတဲ့ ခြင်္သေ့ကြီး ဘာလုပ်ချင်နေတယ်ဆိုတာ မိနစ်ပိုင်းအတွင်း သတိပြုမိလာပြီး ပျင်းနေတဲ့ စိတ်က လှုပ်ရှားပြီး ပြုံးလာခဲ့တယ်။ ကျိုးယွက်ရှန့်ပြုံးနေတာကိုတွေ့တော့မှာ ကျောက်ရွှမ်က ဝက်ဝံကြီးရဲ့ ကျောပေါ့်ို ခုန်တက်လိုက်ပြီး လည်ကုတ်ကို သွားနဲ့ခဲပြီး လက်သည်းတွေက မာကျောထူထဲတဲ့ အရေးပြားကို ထိုးဖောက်သွားတယ်။ သူက ဝက်ဝံကို ကိုက်ခဲပြီး အမြီးရှည်ကြီးနဲ့ အသာလေး ယမ်းလိုက်တာနဲ့ ဝက်ဝံကြီးက အဝေးကိုလွင့်သွားပြီး လူဆယ်ယောက်ဖက်ရလောက်တဲ့ သစ်ပင်ကြီးကို ဝင်ဆောင့်မိတော့မှ ရပ်သွားတော့တယ်။
ဒီတော့မှ ကျောက်ရွှမ်က တိုက်ခိုက်တာကို ရပ်တန့်လိုကတော့တယ်။ ဝက်ဝံကြီးက တကိုယ်လုံး ဒဏ်ရာရပြီး ရုတ်တရက် မထနိုင်တော့ဘူး။ ကျောက်ရွှမ်က နောက်ထပ် တိုက်ခိုက်ဖို့ ဝက်ဝံကြီးထအလာကို စောင့်နေပေမယ့် ဝက်ဝံကြီးက ထဖို့ကြံလိုက် လဲကျသွားလိုက် အကြိမ်ကြိမ်ဖြစ်နေလို့ ကျောက်ရွှမ် စိတ်မရှည်တော့ဘူး။ ဝက်ဝံကြီးက နောက်ထပ် တိုက်ခိုက်ဖို့နေေနေသာသာ အခုတောင် ကြောက်လန့်လွန်းလို့ အသံကျယ်ကြီး အော်ညည်းပြီး အသက်ချမ်းသာရေပေးဖို့ ကျောက်ရွှမ်ကို တောင်းပန်လို့နေတယ်။
သူသာ လူစကားပြောနိုင်မယ်ဆိုရင် သတ်ချင်ရင် သူ့ကို တခါတည်းသာ ကိုက်သတ်လိုက်ပါတေ့ာ။ ဒီလို ကစားနေတာ မလုပ်ပါနဲ့တော့။ သူတို့ သားရဲတွေမှာလည်း ခံစားချက်ဆိုတာ ရှိပါတေယ်။ ခုလို ကြောင်က ကြွက်ကို ကစားသလို ကစားနေတာ သူ ဘယ်လိုမှ မခံနိုင်တော့ပါဘူး။ မြန်မြန်သာ ကိုက်သတ်လိုက်ပါတော့လို့ အနူးအညွတ်တောင်းပန်နေတာကို ကျောက်ရွှမ်ကြားသိရမှာ ဖြစ်တယ်။ အခုတော့ သူက ဘာမှ နားမလည်လို့ ဒီဝက်ဝံ ဆူဆူညံညံအော်ဟစ်နေတာကို ပထမ သည်းခံနေရာကနေ ဆက်တိုက် အော်နေလို့ သည်းမခံနိုင်ဖြစ်ပြီး အသံအကျယ်ကြီးနဲ့ ဟိန်းလိုက် တော့တယ်။ ဒီသားရဲဂြိုလ်က အကောင်တွေက ပျော့လွန်းတယ်။ ဘာမှတောင် မတိုက်ရသေးဘူး။ သေမလို အော်ဟစ်နေတော့တယ်။ သူ့ချစ်ချစ်ကို သူ့အစွမ်း ဘယ်ပြလို့ရတော့မှာလဲ။
ဝက်ဝံကြီးက ပြင်းပြင်းထန်ထန် အသာနားခံနေပေမယ့် ကျောက်ရွှမ်က နည်းနည်းလေးမှ သနားစိတ်မဝင်ဘူး။ ဒီကောင်တွေက ပျော့လွန်းလို့ ချက်ချင်း မသတ်မိအောင် သူ့မှာ မနည်းတောင် ထိန်းထားရတယ်။ အခု သူ့ကို တောင်းပန်နေပေမယ့် သူ စိတ်မရှည်တော့ပဲ ထပ်ဟိန်းလိုက်တော့တယ်။
ကျောက်ရွှမ်ရဲ့ဟိန်းသံကြောင့် ဝက်ဝံကြီးက သေမလို ကြောက်လန့်ပြီး စိတ်ထဲမှာ တွေးနေမိတယ်။
ငါ ဘယ်လိုမှ မထနိုင်တော့တာ တကိုယ်လုံး အရိုးတွေလည်း ကျိုးကုန်ပြီ။ ဘယ်လို ထပ်တိုက်နိုင်ဦးမှာလဲ။ ငါ့ကို အနိုင်မကျင့်ပါနဲ့တော့။ ချက်ချင်းသာ ကိုက်သတ်လိုက်ပါတော့...လို့ တောင်းပန်နေတော့တယ်။
ကျောက်ရွှမ်ရဲ့သည်းခံနိုင်စွမ်းတွေ ပျောက်သွားလို့ အသံကုန် အော်လိုက်တော့ ဝက်ဝံကြီးသာ မက ဒီတောထဲကသားရဲအားလုံး ကြောက်လန့်ကုန်ကြတယ်။ ဒီ ပတ်ဝန်းကျင်က အစတုန်းက ဝက်ဝံကြီးရဲ့ပိုင်နက်ဖြစ်ပေမယ့် အခုတော့ ပိုင်ရှင်ပြောင်းသွားပြီလို့ အားလုံးက မှတ်ယူကြတယ်။
ကျိုးယွက်ရှန့်က မိုက်မဲတဲ့ ခြသွေၤ့ကြီးက ဝက်ဝံကြီးကို ထပ်တိုက်ဖို့ ပြောနေတာ တွေ့တော့ အဲ့နားကို လျှောက်လာရင်း တားလိုက်တယ်။
" အိုကေ၊ ဒီကောင်ကြီးကို သားခွင့်ပြုလိုက်ပါ။ ကျွန်တော်တို့ နောက်ထပ် အကောင် လိုက်ရှာကြတာပေါ့"
ဒီကမ္ဘာဂြိုဟ်၌သားရဲများရှိတယ်။ သူတို့က မွေးလာကပြီးနောက်ပိုင်း သူတို့ မိသားစုကို စွန့်ခွာပြီး လှည့်လည်သွားလာကြတယ်။ နည်းနည်းပိုဉာဏ်ကောင်းတဲ့ကောင်းတွေက သူတို့ မိသားစုကို လွမ်းရမှန်း၊ သူတို့နဲ့ မျိုးမတူတဲ့ သားရဲကို မုန်းတီးရမှန်းသိလာကြတယ်။ တချို့ကတော့ ဒီလို တကောင်းတည်း လှည့်လည်နေရင်း ပိုပိုရိုင်းလာကြတယ်။ အခု ကျိုးယွင်ရှန့်တို့ တွေ့နေတဲ့ ဝက်ဝံကြီးက ဒီသားရဲ့ဂြိုလ်က ရှေးဦးသားရဲပဲလား။ ဒီက ဆင်းသက်လာတဲ့ သားရဲ့ အရိုင်းကောင်လားဆိုတာ သူတို့ မသိနိုင်ဘူး။ တကယ်လို့ ဝက်ဝံကို သတ်လိုက်ရင် ဒီသားရဲတွေရဲ့ပြောင်းလဲမှု ဖြစ်စဉ်ကို သူတို့ နှောက်ယှက်မိသလိုဖြစ်ပြီး နောင်အခါမှာ ရှိမယ့် မျိုးစိတ်ကို ကမောက်ကမ ဖြစ်ကုန်မှာ လည်းစိုးတယ်။
ပြီးတော့ ဒီကောင်ကြီးကို အစာအဖြစ်လည်း မစားချင်ဘူး။ ဒီကောင်ကို စားမိရင် သူ အစားသောက်ပျက်သွားမှာသေချာတယ်။ ဒီကောင်ကြီးက ကျိုးယွင်ရှန့် ပြောတာကို နားလည်ဟန်တူတယ်။ သူ့ရဲ့အော်သံက ပိုသနားစရာ ကောင်းလာပြီး နူးညံ့သိမ်မွေ့စွာနဲ့ ကျိုးယွင်ရှန့်ကို စိုက်ကြည့်ပြီး သူ့ရဲ့ကြီးမားတဲ့ လက်ကို ကမ်းပြီး မျက်ရည်တွေ ကျလာတယ်။
ကျိုးယွင်ရှန့်က ရယ်မောလိုက်ပြီး ခြေင်္သေ့ကြီးကို လက်ဝေ့ယမ်းပြပြီး ပြောလိုက်တယ်။
" ကျွန်တော်တို့ သွားကြစို့... "
ကျိုးယွင်ရှန့်က ဝက်ဝံကြီးရဲ့ ခေါင်းကို ဖွဖွပွတ်ပေးပြီး ပြောလိုက်တယ်။
ခြေင်္သေ့ကြီးက နှာမှုတ်လိုက်ပြီး သူ့ချစ်သူရဲ့ ဆက်စီကျတဲ့ တင်ပါးပိုင်းကို သူ့ ခေါင်းကြီးရဲ့ကာလိုက်တယ်။
ကျိုးယွင်ရှန့်က ရယ်မောရင်း ကျောက်ရွှမ်ကို ပြောလိုက်တယ်။
Zhou Yun Sheng ကသူ့ရဲ့ နားရွက်စွန်းကိုဆွဲလျက်၊
" ကျွန်တော့်ချစ်သူက အရမ်းကို အင်အားကြီးတယ်။ ဒီဝက်ဝံဟာခင်ဗျားရဲ့ပြိုင်ဘက်မဟုတ်ဘူး။ "
မိုက်မဲသောခြင်္သေ့သည်သူ၏ ဦး ခေါင်းနှင့်ရင်ဘတ်ကိုစိတ်ဓာတ်တက်ကြွစွာချက်ချင်းမြှင့်လိုက်သည်ကိုတွေ့လိုက်ရတယ်။
" အသေအကြေ ဘယ်လို တိုက်ခိုက်ရမယ်။ ဘယ်လိုကရုဏာသက်စရာကောင်းအောင် တောင်းပန်ရမယ်။ ဘယ်လိုချစ်စရာကောင်းအောင်လုပ်ရမယ်ဆိုတာ ဒီကောင်ကြီးက သိတယ်။ ဒါဟာအရမ်းကိုဉာဏ်ကောင်းတယ်။ တကယ်တော့ဒါဟာဘိုးဘွားသားဒါမှမဟုတ်သားစဉ်မြေးဆက်တစ်ယောက်ဖြစ်တယ်ဆိုတာကျွန်တော်သံသယမရှိပါဘူး။ သူ့ကို ကျွန်တော် မစားချင်ဘူး။ သူ့ကိုစားလိုက်ရင် လူကို သတ်စားတာနဲ့ ဘာမှ ထူးမှာ မဟုတ်ဘူး။ အခြား အမဲလိုက်လို့ရတာ ဘာရှိလဲ ကြည့်ရအောင်။ "
ကျောက်ရွှမ်က ဟောက်သံနှင့်ခေါင်းကိုခါလိုက်တယ်။ သူ ပြောချင်တာက ရှေးဦး သားရဲတွေနဲ့ တကယ့် သားရဲတွေကိ ုခွဲဖို့ ခက်တယ်ဆိုတာ ပြောချင်နေတယ်။
ကျိုးယွင်ရှန့်က သူ့ကျောပေါ် တက်ထိုင်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။
" ကျွန်တော်ပြောပြီးသား၊ ဒီမှာ သားကောင်တွေကို မစားချင်ဘူး။ ငါးပဲ ရှာစားရအောင်။ ဟိုးဘက်မှာ ရေအိုင်တအိုင်ကို တွေ့တယ်။ ငါးသွားရှာရအောင် "
ကျောက်ရွှမ်ကသူ၏ခေါင်းကိုလှည့်ကာ ကျိုးယွင်ရှန့်ရဲ့ ခြေကျင်းဝတ်ကို လျှာနဲ့လျက်ပြီး အရှေ့မြောက်အရပ် ရေကန်ရှိရာဘက်ကို ဦးတည်ပြေးလာလိုက်တယ်။ သူ့ချစ်သူနဲ့ အတူရှိနေရရင် ငါး မကလို့ မြက်စားရလည်း သူ ကျေနပ်တယ်။
==========================
VOCÊ ESTÁ LENDO
ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)
RomanceArc _ 8, 10, 15 Extra_ 1,2,4 Total _ 6 Arcs Title: Quickly Wear the Face of the Devil အက်ဥ္းခ်ဳပ္ - ထိပ္တန္းဟက္ကာတစ္ေယာက္ကိုဘဝမ်ားစြာျပန္လည္ေမြးဖြားဖုိ႕ Lod God System ကေ႐ြးခ်ယ္ခဲ့သည္။ ကမာၻႀကီးအဆုံးသတ္သြားေတာ့ အရာအားလံုးက ပ်က္စီးသြားျပီး ဝမ္းနည္းစရာ...