FOD _Extra _ Chapter (2) _Honeymoon on Beast-man Planet
ေက်ာက္ရႊမ္က အာကာသေပါက္ကြဲမႈကေနလြတ္ဖို႔ သူတို႔စီးလာတဲ့ယာဥ္ကို ထိန္းခ်ဳပ္ဖို႔ႀကိဳးစားခဲ့ေပမယ့္ သူတို႔စီးလာတာက သာမာန္အရပ္သားသံုး ယာဥ္ပ်ံျဖစ္ေနတယ္။ စစ္သံုးယာဥ္ပ်ံ၊ အထူးအဆင့္ျမွင့္ထားတဲ့ယာဥ္ပ်ံလို မဟုတ္ဘဲ လုပ္ေဆာင္ခ်က္စြမ္းရည္က နိမ့္တဲ့အတြက္ ဒီေပါက္ကြဲမႈကို မေရွာင္ႏိုင္ခဲ့ဘူး။ ကံေကာင္းတာက သူတို႔ရဲ့စိတ္၀ိညာဥ္စြမ္းအားက အရမ္းျမင့္တဲ့အတြက္ အခ်ိန္မွီ သူတို႔ယာဥ္ပ်ံကို စိတ္၀ိညာဥ္စြမ္းအားနဲ႔ ကာလိုက္ၿပီး သားရဲၿဂိဳလ္ေပၚကို အႏၱရာယ္ကင္းကင္းနဲ႔ ဆင္းသက္လိုက္ၾကတယ္။
"ကံဆိုးတာပဲ.."
က်ိဳးယြင္ရွန္႔က ပ်က္စီးသြားတဲ့ယာဥ္ ေဘးပတ္ပတ္လည္ကို လွည့္ပတ္ၾကည့္ရင္း ေခါင္းတယမ္းယမ္းနဲ႔ သက္ျပင္းခ်လိုက္တယ္။
"ျပင္လို႔ရေသးလား.."
ေက်ာက္ရႊမ္က စိတ္မေကာင္းစြာ ေမးလိုက္တယ္။
"ဒီၿဂိဳလ္ေပၚမွာ ကၽြန္ေတာ္လိုခ်င္တဲ့သတၱဳေတြ မရွိဘူး.."
က်ိဳးယြင္ရွန္႔က ဒီကိုမလာခင္ သားရဲၿဂိဳလ္အေၾကာင္းကို အၾကမ္းဖ်င္းေလ့လာခဲ့တယ္။ ဒီၿဂိဳလ္ရဲ့ သဘာ၀သယံဇာတအရင္းအျမစ္၊ ေျမမ်က္ႏွာသြင္ျပင္နဲ႔ ေျမပံုေတြကို သူ အၾကမ္းဖ်င္းေတာ့ သိထားတယ္။ ေက်ာက္ရႊမ္အတြက္ေတာ့ သူ႔ခ်စ္ခ်စ္ က်ိဳးယြင္ရွန္႔တစ္ေယာက္ ေဘးကင္းေနသေရြ႕ အင္ပါယာကို သူတို႔ျပန္ႏိုင္သည္ျဖစ္ေစ၊ မျပန္ႏိုင္သည္ျဖစ္ေစ အေရးမႀကီးဘူး။ သူ႔ခ်စ္သူရွိတဲ့ေနရာက သူ႔ရဲ့အိမ္ပဲ။
က်ိဳးယြင္ရွန္႔က 008 ကိုေခၚၿပီး အင္ပါယာကစစ္တပ္ဆီကို သူတို႔ကိုလာကယ္ဖို႔ အခ်က္ျပမႈကို ေပးပို႔ခိုင္းလုိက္တယ္။
"သြားၾကစို႔.. အေျခအေနကို တစ္ခ်က္ ပတ္ၾကည့္ရေအာင္.. ကၽြန္ေတာ္ စစ္တပ္ကိုလာကယ္ဖို႔ သတင္းပို႔ထားၿပီးၿပီ.. သူတို႔လာကယ္တာကို ထိုင္ေစာင့္႐ံုပဲက်န္ေတာ့တယ္.. ေလာေလာဆယ္ သူတို႔လာေနတယ္လို႔ေတာ့ ဘာအခ်က္အလက္မွ ကၽြန္ေတာ္မရေသးဘူး.."
က်ိဳးယြင္ရွန္႔ရဲ့ေလသံက တည္ၿငိမ္ေနေပမယ့္ သူ႔စိတ္ထဲကေတာ့ သက္ေတာင့္သက္သာျဖစ္မေနဘူး။ မသိတဲ့ပတ္၀န္းက်င္နဲ႔ အရာအားလံုး ေခတ္ေနာက္က်တဲ့ေဒသမွာ ေရာက္ေနေတာ့ နည္းနည္းေတာ့ စိတ္မေအးေအာင္ျဖစ္ေနမိတယ္။
ဒီလိုျပင္းထန္တဲ့ အာကာသတြင္း ေပါက္ကြဲမႈႀကီးေၾကာင့္ ဒီသားရဲၿဂိဳလ္ႀကီး ေပါက္ကြဲပ်က္စီးၿပီး ေပ်ာက္ကြယ္သြားလိမ့္မယ္လို႔ သူထင္ထားေပမယ့္ အခုေတာ့ ေရွးက်တဲ့သစ္ေတာႀကီးေတြနဲ႔ ေတာက္ပတဲ့ေရကန္ကို လွည့္ပတ္ၾကည့္မိေတာ့ ဘာျပင္းထန္တဲ့ေပါက္ကြဲမႈႀကီးမွ မသက္ေရာက္ခဲ့သလို၊ မျဖစ္ခဲ့သလိုပဲ။ ဒီေနရာက အရမ္းကို ေအးေဆးတည္ၿငိမ္တယ္။ ပံုမွန္မဟုတ္တဲ့နည္းနဲ႔ကို ေအးေဆးတည္ၿငိမ္လြန္းေနတယ္။
က်ိဳးယြင္ရွန္႔က စိတ္ပ်က္လက္ပ်က္ ရယ္ေမာလိုက္ၿပီး ေရွ႕ကိုေလွ်ာက္လာရင္း သူ႔ခ်စ္သူကို ထိုးႏွက္ကန္ေက်ာက္လိုက္တယ္။ အခုဆိုရင္ သူ႔ခ်စ္သူက လူသားအသြင္ကေန ျခေသၤ့အျဖစ္ကို ေျပာင္းလဲသြားၿပီျဖစ္တယ္။ ေလသေဘၤာႀကီးဆီက ထြက္ခြာလာကတည္းက သူ႔ခ်စ္သူက သားရဲႀကီးအျဖစ္ ေျပာင္းေစတဲ့ေဆးကိုေသာက္ခဲ့လို႔ ၿဂိဳလ္ေပၚေရာက္ၿပီးမၾကာခင္ ျခေသၤ့အသြင္ကို တျဖည္းျဖည္းေျပာင္းလာတာျဖစ္တယ္။ အခုေတာ့ က်ိဳးယြင္ရွန္႔တစ္ေယာက္သာ သားရဲၿဂိဳလ္ႀကီးမွာ လူသားအသြင္နဲ႔ရွိေနတဲ့ တစ္ဦးတည္းေသာလူသား ျဖစ္ေနၿပီ။
"ခင္ဗ်ားရဲ့ေခါင္းေပၚမွာ Fuck ဆိုတဲ့စကားလံုးကလြဲၿပီး ဘာေတြရွိေနတာတုန္း.. အခုအေျခအေနက ထင္သေလာက္ မ႐ိုးရွင္းဘူး.. ခင္ဗ်ားက မေစာင့္ႏိုင္ဘဲ ေဆးကိုအေလာတႀကီးေသာက္ၿပီး ျခေသၤ့တစ္ေကာင္အျဖစ္ ေျပာင္းသြားၿပီ.. အခု ခင္ဗ်ားနဲ႔ကၽြန္ေတာ္ ဘယ္လိုဆက္သြယ္ၾကမလဲ.. ခင္ဗ်ားက လူ႔ေျခလက္ေတြပံုသ႑ာန္ မရွိေတာ့ဘူး.. စကားလည္း ေျပာလို႔မရေတာ့ဘူး.. အခုေတာ့ အရမ္းမိုက္ေနၿပီမလား.. ဒီအေျခအေနက.."
က်ိဳးယြင္ရွန္႔က ေျပာရင္း သူ႔ခ်စ္သူရဲ့ျခေသၤ့ေခါင္းႀကီးကို လက္သီးနဲ႔ထိုးေပမယ့္ ႀကီးမားတဲ့ျခေသၤ့ႀကီးအတြက္ အာသာေျပကုတ္ျခစ္ေပးေနသလိုပဲ။ ေက်ာက္ရႊမ္က သူ႔ခ်စ္သူကို မ်က္လံုးေမွးၿပီး ၾကည့္လိုက္တယ္။ သူက ႀကီးမားတဲ့ကိုယ္ႀကီးကို ေျမျပင္ေပၚလွဲအိပ္လိုက္ၿပီး ၀မ္းဗိုက္ကိုေဖာ္လို႔ ကုတ္ေပးေစခ်င္တဲ့ပံု လုပ္ေနတယ္။ သူ႔ခ်စ္သူက သူ႔ကိုပြတ္ေပးလို႔ ၿငီးေငြ႕သြားတဲ့အခါမွာေတာ့ သူက က်ိဳးယြင္ရွန္႔ရဲ့ လက္ေကာက္၀တ္ျဖဴျဖဴေလးကို လွ်ာနဲ႔လ်က္လိုက္တယ္။ ဒီလိုလ်က္ေတာ့ သူ႔ခ်စ္သူဆီက သာယာတဲ့ညည္းသံေလး ထြက္လာတယ္။
က်ိဳးယြင္ရွန္႔က အားကုန္ထုတ္႐ုန္းလိုက္ၿပီး သူ႔ခ်စ္သူကို တစ္ခ်က္တြန္းလိုက္ၿပီးေနာက္ ျခေသၤ့ေခါင္းကိုကိုင္ရင္း ဘာလုပ္ရမွန္းမသိျဖစ္ၿပီး ေျပာလိုက္တယ္။
"ေမ့လိုက္ပါေတာ့.. ခင္ဗ်ား ဒီပံုေျပာင္းသြားတာပဲ ေကာင္းပါတယ္.. ဒါမွ ဒီသားရဲၿဂိဳလ္က သတၱ၀ါေတြက သံသယမ၀င္မွာေပါ့.. ဒီပတ္၀န္းက်င္မွာ ၿဂိဳလ္ေနသတၱ၀ါေတြရွိလား လွည့္ပတ္ၾကည့္ရေအာင္.."
ေက်ာက္ရႊမ္က ဟိန္းသံေပးလုိက္တယ္။ သူက ေျမျပင္ေပၚက မထ႐ံုသာမက သူ႔လက္ေတြနဲ႔ က်ိဳးယြင္ရွန္႔ရဲ့ေျခေတြကို ဖက္တြယ္ထားၿပီး သြားေတြနဲ႔ အ၀တ္အစားေတြကို ကိုက္ဆြဲထားတယ္။ ၿပီးေတာ့ အ၀တ္ေတြကို ကိုက္ၿဖဲလိုက္ၿပီး ႀကီးမားၿပီးေႏြးေထြးတဲ့ လွ်ာႀကီးနဲ႔ ေက်ာက္စိမ္းျဖဴေရာင္အသားအေရကို အသံျမည္ေအာင္ အားပါးတရ လ်က္ေနေတာ့တယ္။
က်ိဳးယြင္ရွန္႔က တစ္ကိုယ္လံုး တံေတြးေတြနဲ႔ ေပက်ံကုန္တယ္။ ေနာက္ဆံုး က်ိဳးယြင္ရွန္႔က သူ႔ခ်စ္သူရဲ့ေပါင္ၾကားက ေပ်ာ့ေပ်ာင္းတဲ့ေနရာကို ကန္ပစ္လိုက္ၿပီး ေျပာလိုက္တယ္။
"လူမိုက္.. ခင္ဗ်ားမွာ ဦးေႏွာက္ေကာရွိေသးရဲ့လား.. အခု ဒီလုိလုပ္ရမယ့္အခ်ိန္လား.."
ေက်ာက္ရႊမ္က ညည္းညဴရင္း တစ္ခုခုမွားေနၿပီဆိုတာ သတိ၀င္လာတယ္။ သူက သိုေလွာင္လက္စြပ္ထဲက သားရဲအေရခြံ၀တ္စရာကို ဆြဲယူဖို႔ စိတ္၀ိညာဥ္စြမ္းအားကို သံုးလိုက္တယ္။ ၿပီးေတာ့ ဒီအ၀တ္ကို သူ႔ပါးစပ္နဲ႔ကိုက္ၿပီး က်ိဳးယြင္ရွန္႔ေရွ႕ကို ခ်ေပးလိုက္တယ္။ က်ိဳးယြင္ရွန္႔လည္း မင္သက္သြားတယ္။ သူတို႔ သားရဲၿဂိဳလ္ကိုမလာခင္ ၀န္ထမ္းေလးေျပာလိုက္တဲ့စကားကို ျပန္သတိရသြားတယ္။ သားရဲၿဂိဳလ္ေပၚမွာ ေနထိုင္တဲ့အခါ ဒီကဌာေနသားရဲေတြ သတိမျပဳမိေအာင္ သူတို႔လိုပဲ၀တ္ဆင္ေနထိုင္ရမွာျဖစ္တယ္။ ဒါမွ သူတို႔က လူစိမ္းေတြဆိုတာ အလြယ္တကူ မရိပ္မိမွာျဖစ္တယ္။
အခု က်ိဳးယြင္ရွန္႔က သူ႔ရဲ့သာမာန္၀တ္ေနက်အ၀တ္နဲ႔ ပစၥည္းေတြကို ဆင္ယင္ထားတယ္။ တကယ္လို႔ ဌာေနသားရဲေတြနဲ႔တိုးရင္ သူတို႔ကလူစိမ္းဆိုတာ တန္းေပၚသြားမွာေသခ်ာတယ္။ က်ိဳးယြင္ရွန္႔က သူ႔ခ်စ္သူကို အထင္လြဲမိတယ္ဆိုတာ သိသြားတယ္။ သူက တကယ္ေတာ့ အ၀တ္အစားလဲဖုိ႔ သတိေပးခ်င္တာကိုး။
က်ိဳးယြင္ရွန္႔က အမွားကိုသိတာနဲ႔ ခ်က္ခ်င္း ျခေသၤ့ေခါင္းကိုဖက္ၿပီး ႏွာႏုဖ်ားကိုနမ္းရင္း ေျပာလိုက္တယ္။
"Sorry.. ကၽြန္ေတာ္ နားလည္မႈလြဲသြားတယ္.. ကၽြန္ေတာ္ အခု အ၀တ္လဲလိုက္ပါ့မယ္.."
က်ိဳးယြင္ရွန္႔က သူ႔ကိုယ္ေပၚက စုတ္ၿပဲေနတဲ့အ၀တ္ေတြနဲ႔ တံေတြးေတြကို သုတ္ပစ္လိုက္ၿပီး ျခေသၤ့ပါးစပ္ထဲက တိရိစာၦန္သားေရနဲ႔ခ်ဳပ္ထားတဲ့အ၀တ္ကို ယူၿပီး ၀တ္ဆင္လိုက္တယ္။ ၿပီးေတာ့ သူက ပ်က္စီးေနတဲ့ယာဥ္ပ်ံကို သူ႔ရဲ့သိုေလွာင္စက္ကြင္းထဲ သိမ္းဆည္းၿပီး ဒီေနရာက ထြက္လာၾကတယ္။
ေႏွာင့္ေႏွးျခင္းမရွိဘဲ ေက်ာက္ရႊမ္က က်ိဳးယြင္ရွန္႔ရဲ့ေက်ာျပင္ကို လက္နဲ႔အသာပုတ္ၿပီး ေနာက္ကလိုက္လာခဲ့တယ္။ လူတစ္ေယာက္နဲ႔ ျခေသၤ့တစ္ေကာင္က ထူထပ္တဲ့သစ္ေတာစိမ္းကို ျဖတ္သန္းလာၾကတယ္။ သူတို႔ေခါင္းေပၚမွာ အပင္ႀကီးရဲ့သစ္ကိုင္းေတြကေန ေနရိပ္မထိုးေအာင္မိုးထားၿပီး ေနရာတိုင္းမွာ ႀကီးမားတဲ့ငွက္ႀကီးေတြရဲ့ ေတးဆိုသံ ၾကားေနရတယ္။ သူတို႔ပတ္လည္က အေရာင္ေတြက ေဖ်ာ့ေနၿပီး ေလထုက စိုစြတ္ေနတယ္။ ၾကည့္ရတာ သူတို႔ ေတာနက္ပိုင္းကို ေရာက္လာၿပီထင္တယ္။
"ဒီမွာ.. ဒီၿဂိဳလ္က သားရဲေတြရဲ့ေျခရာ ေတြ႕ရတယ္.. လာၾကည့္စမ္းပါ.."
က်ိဳးယြင္ရွန္႔က ေျခရာကိုစူးစမ္းဖို႔ ကိုယ္ကိုငံု႔ကိုင္းၿပီး ေျပာလိုက္တယ္။
ေက်ာက္ရႊမ္က ေရွ႕ကိုခ်က္ခ်င္းတက္လာၿပီး ဒီပတ္၀န္းက်င္မွာက်န္ရစ္ခဲ့တဲ့ သားရဲေတြရဲ့အနံ႔ကို စူးစမ္းလိုက္တယ္။ သူတို႔ရဲ့စိတ္၀ိညာဥ္စြမ္းအားကို တစ္ကိုယ္လံုးျဖန္႔ထားလို႔ သူတို႔ႏွစ္ေယာက္လံုးရဲ့ အာ႐ံုငါးပါး အာ႐ံုခံႏုိင္စြမ္းက အရမ္းထက္ျမက္တယ္။
သူတို႔က ရထားတဲ့ေသြးနံ႔အတုိင္း သစ္ေတာအေရွ႕ဘက္ကို ေတာက္ေလ်ာက္လိုက္လာခဲ့တယ္။ သူတို႔လိုက္တဲ့သားေကာင္နဲ႔ နီးလာေလ သစ္ေတာက ပါးပါးလာၿပီး အလင္းေရာင္က ပိုပိုေတာက္လာတယ္။ ၾကည့္ရတာ သူတို႔ သစ္ေတာအဆံုးကို ေရာက္လာၿပီထင္တယ္။
နာရီ၀က္ေလာက္ေလွ်ာက္လာၿပီးေနာက္ သူတို႔ရတဲ့ေသြးနံ႔က ပိုပိုႀကိဳင္လိႈင္လာၿပီး သံေခ်းနံ႔နဲ႔ ေသြးရဲ့ ခ်ဳိတဲ့ရနံ႔က ပိုပိုျပင္းလာတယ္။ အဲ့ဒီအခ်ိန္ က်ယ္ေလာင္တဲ့အသံေတြကို ၾကားလိုက္ရၿပီး ဌာေနၿဂိဳလ္သားေတြရဲ့ ေနရာျဖစ္တယ္ဆိုတာ ထင္ရွားလာတယ္။ ဒီပတ္၀န္းက်င္မွာ ေခ်းနံ႔နဲ႔ မီးခိုးနံ႔ေတြကိုလည္း ရလိုက္တယ္။ သူတို႔က ေပါင္းပင္ေတြ၊ ကိုင္းပင္ေတြကိုဖယ္ၿပီး ျမက္ခင္းျပင္ေဒသကို ေရာက္ရွိလာတယ္။ ျပန္႔ျပဴးတဲ့ ျမက္ခင္းျပင္ေနာက္မွာ ကီလိုမီတာအေတာ္ေလးျမင့္တဲ့ ေတာင္က ကာကြယ္ထားၿပီး ဒီေနရာမွာ ခ်ိဳင့္၀ွမ္းပံုစံေလး ျဖစ္ေနေစတယ္။ ဒီေတာင္နံရံတေလွ်ာက္မွာ စိမ္းလန္းတဲ့ႏြယ္ပင္ေတြနဲ႔ ေလွကားကို က်စ္ထားၿပီး ေသးငယ္တဲ့လိႈဏ္ဂူေရာ၊ ႀကီးတဲ့လိႈဏ္ဂူေတြကိုပါ ေတြ႕လိုက္ရတယ္။
ဒါက လူေတြရဲ့ေနထိုင္မႈပံုစံနဲ႔ တူတယ္ဆိုေပမယ့္ သူတို႔ေနတဲ့ေနရာက ပင္လယ္ေနသတၱ၀ါေတြ ေဆာက္တဲ့အသိုက္လို ခပ္ထူထူ ေဆာက္လုပ္ထားၾကတယ္။
👑👑👑👑👑👑👑
Chapter (2)
ကျောက်ရွှမ်က အာကာသပေါက်ကွဲမှုကနေလွတ်ဖို့ သူတို့စီးလာတဲ့ယာဉ်ကို ထိန်းချုပ်ဖို့ကြိုးစားခဲ့ပေမယ့် သူတို့စီးလာတာက သာမာန်အရပ်သားသုံး ယာဉ်ပျံဖြစ်နေတယ်။ စစ်သုံးယာဉ်ပျံ၊ အထူးအဆင့်မြှင့်ထားတဲ့ယာဉ်ပျံလို မဟုတ်ဘဲ လုပ်ဆောင်ချက်စွမ်းရည်က နိမ့်တဲ့အတွက် ဒီပေါက်ကွဲမှုကို မရှောင်နိုင်ခဲ့ဘူး။ ကံကောင်းတာက သူတို့ရဲ့စိတ်ဝိညာဉ်စွမ်းအားက အရမ်းမြင့်တဲ့အတွက် အချိန်မှီ သူတို့ယာဉ်ပျံကို စိတ်ဝိညာဉ်စွမ်းအားနဲ့ ကာလိုက်ပြီး သားရဲဂြိုလ်ပေါ်ကို အန္တရာယ်ကင်းကင်းနဲ့ ဆင်းသက်လိုက်ကြတယ်။
"ကံဆိုးတာပဲ.."
ကျိုးယွင်ရှန့်က ပျက်စီးသွားတဲ့ယာဉ် ဘေးပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရင်း ခေါင်းတယမ်းယမ်းနဲ့ သက်ပြင်းချလိုက်တယ်။
"ပြင်လို့ရသေးလား.."
ကျောက်ရွှမ်က စိတ်မကောင်းစွာ မေးလိုက်တယ်။
"ဒီဂြိုလ်ပေါ်မှာ ကျွန်တော်လိုချင်တဲ့သတ္တုတွေ မရှိဘူး.."
ကျိုးယွင်ရှန့်က ဒီကိုမလာခင် သားရဲဂြိုလ်အကြောင်းကို အကြမ်းဖျင်းလေ့လာခဲ့တယ်။ ဒီဂြိုလ်ရဲ့ သဘာဝသယံဇာတအရင်းအမြစ်၊ မြေမျက်နှာသွင်ပြင်နဲ့ မြေပုံတွေကို သူ အကြမ်းဖျင်းတော့ သိထားတယ်။ ကျောက်ရွှမ်အတွက်တော့ သူ့ချစ်ချစ် ကျိုးယွင်ရှန့်တစ်ယောက် ဘေးကင်းနေသရွေ့ အင်ပါယာကို သူတို့ပြန်နိုင်သည်ဖြစ်စေ၊ မပြန်နိုင်သည်ဖြစ်စေ အရေးမကြီးဘူး။ သူ့ချစ်သူရှိတဲ့နေရာက သူ့ရဲ့အိမ်ပဲ။
ကျိုးယွင်ရှန့်က 008 ကိုခေါ်ပြီး အင်ပါယာကစစ်တပ်ဆီကို သူတို့ကိုလာကယ်ဖို့ အချက်ပြမှုကို ပေးပို့ခိုင်းလိုက်တယ်။
"သွားကြစို့.. အခြေအနေကို တစ်ချက် ပတ်ကြည့်ရအောင်.. ကျွန်တော် စစ်တပ်ကိုလာကယ်ဖို့ သတင်းပို့ထားပြီးပြီ.. သူတို့လာကယ်တာကို ထိုင်စောင့်ရုံပဲကျန်တော့တယ်.. လောလောဆယ် သူတို့လာနေတယ်လို့တော့ ဘာအချက်အလက်မှ ကျွန်တော်မရသေးဘူး.."
ကျိုးယွင်ရှန့်ရဲ့လေသံက တည်ငြိမ်နေပေမယ့် သူ့စိတ်ထဲကတော့ သက်တောင့်သက်သာဖြစ်မနေဘူး။ မသိတဲ့ပတ်ဝန်းကျင်နဲ့ အရာအားလုံး ခေတ်နောက်ကျတဲ့ဒေသမှာ ရောက်နေတော့ နည်းနည်းတော့ စိတ်မအေးအောင်ဖြစ်နေမိတယ်။
ဒီလိုပြင်းထန်တဲ့ အာကာသတွင်း ပေါက်ကွဲမှုကြီးကြောင့် ဒီသားရဲဂြိုလ်ကြီး ပေါက်ကွဲပျက်စီးပြီး ပျောက်ကွယ်သွားလိမ့်မယ်လို့ သူထင်ထားပေမယ့် အခုတော့ ရှေးကျတဲ့သစ်တောကြီးတွေနဲ့ တောက်ပတဲ့ရေကန်ကို လှည့်ပတ်ကြည့်မိတော့ ဘာပြင်းထန်တဲ့ပေါက်ကွဲမှုကြီးမှ မသက်ရောက်ခဲ့သလို၊ မဖြစ်ခဲ့သလိုပဲ။ ဒီနေရာက အရမ်းကို အေးဆေးတည်ငြိမ်တယ်။ ပုံမှန်မဟုတ်တဲ့နည်းနဲ့ကို အေးဆေးတည်ငြိမ်လွန်းနေတယ်။
ကျိုးယွင်ရှန့်က စိတ်ပျက်လက်ပျက် ရယ်မောလိုက်ပြီး ရှေ့ကိုလျှောက်လာရင်း သူ့ချစ်သူကို ထိုးနှက်ကန်ကျောက်လိုက်တယ်။ အခုဆိုရင် သူ့ချစ်သူက လူသားအသွင်ကနေ ခင်္သြေ့အဖြစ်ကို ပြောင်းလဲသွားပြီဖြစ်တယ်။ လေသင်္ဘောကြီးဆီက ထွက်ခွာလာကတည်းက သူ့ချစ်သူက သားရဲကြီးအဖြစ် ပြောင်းစေတဲ့ဆေးကိုသောက်ခဲ့လို့ ဂြိုလ်ပေါ်ရောက်ပြီးမကြာခင် ခင်္သြေ့အသွင်ကို တဖြည်းဖြည်းပြောင်းလာတာဖြစ်တယ်။ အခုတော့ ကျိုးယွင်ရှန့်တစ်ယောက်သာ သားရဲဂြိုလ်ကြီးမှာ လူသားအသွင်နဲ့ရှိနေတဲ့ တစ်ဦးတည်းသောလူသား ဖြစ်နေပြီ။
"ခင်ဗျားရဲ့ခေါင်းပေါ်မှာ Fuck ဆိုတဲ့စကားလုံးကလွဲပြီး ဘာတွေရှိနေတာတုန်း.. အခုအခြေအနေက ထင်သလောက် မရိုးရှင်းဘူး.. ခင်ဗျားက မစောင့်နိုင်ဘဲ ဆေးကိုအလောတကြီးသောက်ပြီး ခင်္သြေ့တစ်ကောင်အဖြစ် ပြောင်းသွားပြီ.. အခု ခင်ဗျားနဲ့ကျွန်တော် ဘယ်လိုဆက်သွယ်ကြမလဲ.. ခင်ဗျားက လူ့ခြေလက်တွေပုံသဏ္ဍာန် မရှိတော့ဘူး.. စကားလည်း ပြောလို့မရတော့ဘူး.. အခုတော့ အရမ်းမိုက်နေပြီမလား.. ဒီအခြေအနေက.."
ကျိုးယွင်ရှန့်က ပြောရင်း သူ့ချစ်သူရဲ့ခင်္သြေ့ခေါင်းကြီးကို လက်သီးနဲ့ထိုးပေမယ့် ကြီးမားတဲ့ခင်္သြေ့ကြီးအတွက် အာသာပြေကုတ်ခြစ်ပေးနေသလိုပဲ။ ကျောက်ရွှမ်က သူ့ချစ်သူကို မျက်လုံးမှေးပြီး ကြည့်လိုက်တယ်။ သူက ကြီးမားတဲ့ကိုယ်ကြီးကို မြေပြင်ပေါ်လှဲအိပ်လိုက်ပြီး ဝမ်းဗိုက်ကိုဖော်လို့ ကုတ်ပေးစေချင်တဲ့ပုံ လုပ်နေတယ်။ သူ့ချစ်သူက သူ့ကိုပွတ်ပေးလို့ ငြီးငွေ့သွားတဲ့အခါမှာတော့ သူက ကျိုးယွင်ရှန့်ရဲ့ လက်ကောက်ဝတ်ဖြူဖြူလေးကို လျှာနဲ့လျက်လိုက်တယ်။ ဒီလိုလျက်တော့ သူ့ချစ်သူဆီက သာယာတဲ့ညည်းသံလေး ထွက်လာတယ်။
ကျိုးယွင်ရှန့်က အားကုန်ထုတ်ရုန်းလိုက်ပြီး သူ့ချစ်သူကို တစ်ချက်တွန်းလိုက်ပြီးနောက် ခင်္သြေ့ခေါင်းကိုကိုင်ရင်း ဘာလုပ်ရမှန်းမသိဖြစ်ပြီး ပြောလိုက်တယ်။
"မေ့လိုက်ပါတော့.. ခင်ဗျား ဒီပုံပြောင်းသွားတာပဲ ကောင်းပါတယ်.. ဒါမှ ဒီသားရဲဂြိုလ်က သတ္တဝါတွေက သံသယမဝင်မှာပေါ့.. ဒီပတ်ဝန်းကျင်မှာ ဂြိုလ်နေသတ္တဝါတွေရှိလား လှည့်ပတ်ကြည့်ရအောင်.."
ကျောက်ရွှမ်က ဟိန်းသံပေးလိုက်တယ်။ သူက မြေပြင်ပေါ်က မထရုံသာမက သူ့လက်တွေနဲ့ ကျိုးယွင်ရှန့်ရဲ့ခြေတွေကို ဖက်တွယ်ထားပြီး သွားတွေနဲ့ အဝတ်အစားတွေကို ကိုက်ဆွဲထားတယ်။ ပြီးတော့ အဝတ်တွေကို ကိုက်ဖြဲလိုက်ပြီး ကြီးမားပြီးနွေးထွေးတဲ့ လျှာကြီးနဲ့ ကျောက်စိမ်းဖြူရောင်အသားအရေကို အသံမြည်အောင် အားပါးတရ လျက်နေတော့တယ်။
ကျိုးယွင်ရှန့်က တစ်ကိုယ်လုံး တံတွေးတွေနဲ့ ပေကျံကုန်တယ်။ နောက်ဆုံး ကျိုးယွင်ရှန့်က သူ့ချစ်သူရဲ့ပေါင်ကြားက ပျော့ပျောင်းတဲ့နေရာကို ကန်ပစ်လိုက်ပြီး ပြောလိုက်တယ်။
"လူမိုက်.. ခင်ဗျားမှာ ဦးနှောက်ကောရှိသေးရဲ့လား.. အခု ဒီလိုလုပ်ရမယ့်အချိန်လား.."
ကျောက်ရွှမ်က ညည်းညူရင်း တစ်ခုခုမှားနေပြီဆိုတာ သတိဝင်လာတယ်။ သူက သိုလှောင်လက်စွပ်ထဲက သားရဲအရေခွံဝတ်စရာကို ဆွဲယူဖို့ စိတ်ဝိညာဉ်စွမ်းအားကို သုံးလိုက်တယ်။ ပြီးတော့ ဒီအဝတ်ကို သူ့ပါးစပ်နဲ့ကိုက်ပြီး ကျိုးယွင်ရှန့်ရှေ့ကို ချပေးလိုက်တယ်။ ကျိုးယွင်ရှန့်လည်း မင်သက်သွားတယ်။ သူတို့ သားရဲဂြိုလ်ကိုမလာခင် ဝန်ထမ်းလေးပြောလိုက်တဲ့စကားကို ပြန်သတိရသွားတယ်။ သားရဲဂြိုလ်ပေါ်မှာ နေထိုင်တဲ့အခါ ဒီကဌာနေသားရဲတွေ သတိမပြုမိအောင် သူတို့လိုပဲဝတ်ဆင်နေထိုင်ရမှာဖြစ်တယ်။ ဒါမှ သူတို့က လူစိမ်းတွေဆိုတာ အလွယ်တကူ မရိပ်မိမှာဖြစ်တယ်။
အခု ကျိုးယွင်ရှန့်က သူ့ရဲ့သာမာန်ဝတ်နေကျအဝတ်နဲ့ ပစ္စည်းတွေကို ဆင်ယင်ထားတယ်။ တကယ်လို့ ဌာနေသားရဲတွေနဲ့တိုးရင် သူတို့ကလူစိမ်းဆိုတာ တန်းပေါ်သွားမှာသေချာတယ်။ ကျိုးယွင်ရှန့်က သူ့ချစ်သူကို အထင်လွဲမိတယ်ဆိုတာ သိသွားတယ်။ သူက တကယ်တော့ အဝတ်အစားလဲဖို့ သတိပေးချင်တာကိုး။
ကျိုးယွင်ရှန့်က အမှားကိုသိတာနဲ့ ချက်ချင်း ခင်္သြေ့ခေါင်းကိုဖက်ပြီး နှာနုဖျားကိုနမ်းရင်း ပြောလိုက်တယ်။
"Sorry.. ကျွန်တော် နားလည်မှုလွဲသွားတယ်.. ကျွန်တော် အခု အဝတ်လဲလိုက်ပါ့မယ်.."
ကျိုးယွင်ရှန့်က သူ့ကိုယ်ပေါ်က စုတ်ပြဲနေတဲ့အဝတ်တွေနဲ့ တံတွေးတွေကို သုတ်ပစ်လိုက်ပြီး ခင်္သြေ့ပါးစပ်ထဲက တိရိစ္ဆာန်သားရေနဲ့ချုပ်ထားတဲ့အဝတ်ကို ယူပြီး ဝတ်ဆင်လိုက်တယ်။ ပြီးတော့ သူက ပျက်စီးနေတဲ့ယာဉ်ပျံကို သူ့ရဲ့သိုလှောင်စက်ကွင်းထဲ သိမ်းဆည်းပြီး ဒီနေရာက ထွက်လာကြတယ်။
နှောင့်နှေးခြင်းမရှိဘဲ ကျောက်ရွှမ်က ကျိုးယွင်ရှန့်ရဲ့ကျောပြင်ကို လက်နဲ့အသာပုတ်ပြီး နောက်ကလိုက်လာခဲ့တယ်။ လူတစ်ယောက်နဲ့ ခင်္သြေ့တစ်ကောင်က ထူထပ်တဲ့သစ်တောစိမ်းကို ဖြတ်သန်းလာကြတယ်။ သူတို့ခေါင်းပေါ်မှာ အပင်ကြီးရဲ့သစ်ကိုင်းတွေကနေ နေရိပ်မထိုးအောင်မိုးထားပြီး နေရာတိုင်းမှာ ကြီးမားတဲ့ငှက်ကြီးတွေရဲ့ တေးဆိုသံ ကြားနေရတယ်။ သူတို့ပတ်လည်က အရောင်တွေက ဖျော့နေပြီး လေထုက စိုစွတ်နေတယ်။ ကြည့်ရတာ သူတို့ တောနက်ပိုင်းကို ရောက်လာပြီထင်တယ်။
"ဒီမှာ.. ဒီဂြိုလ်က သားရဲတွေရဲ့ခြေရာ တွေ့ရတယ်.. လာကြည့်စမ်းပါ.."
ကျိုးယွင်ရှန့်က ခြေရာကိုစူးစမ်းဖို့ ကိုယ်ကိုငုံ့ကိုင်းပြီး ပြောလိုက်တယ်။
ကျောက်ရွှမ်က ရှေ့ကိုချက်ချင်းတက်လာပြီး ဒီပတ်ဝန်းကျင်မှာကျန်ရစ်ခဲ့တဲ့ သားရဲတွေရဲ့အနံ့ကို စူးစမ်းလိုက်တယ်။ သူတို့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို တစ်ကိုယ်လုံးဖြန့်ထားလို့ သူတို့နှစ်ယောက်လုံးရဲ့ အာရုံငါးပါး အာရုံခံနိုင်စွမ်းက အရမ်းထက်မြက်တယ်။
သူတို့က ရထားတဲ့သွေးနံ့အတိုင်း သစ်တောအရှေ့ဘက်ကို တောက်လျောက်လိုက်လာခဲ့တယ်။ သူတို့လိုက်တဲ့သားကောင်နဲ့ နီးလာလေ သစ်တောက ပါးပါးလာပြီး အလင်းရောင်က ပိုပိုတောက်လာတယ်။ ကြည့်ရတာ သူတို့ သစ်တောအဆုံးကို ရောက်လာပြီထင်တယ်။
နာရီဝက်လောက်လျှောက်လာပြီးနောက် သူတို့ရတဲ့သွေးနံ့က ပိုပိုကြိုင်လှိုင်လာပြီး သံချေးနံ့နဲ့ သွေးရဲ့ ချိုတဲ့ရနံ့က ပိုပိုပြင်းလာတယ်။ အဲ့ဒီအချိန် ကျယ်လောင်တဲ့အသံတွေကို ကြားလိုက်ရပြီး ဌာနေဂြိုလ်သားတွေရဲ့ နေရာဖြစ်တယ်ဆိုတာ ထင်ရှားလာတယ်။ ဒီပတ်ဝန်းကျင်မှာ ချေးနံ့နဲ့ မီးခိုးနံ့တွေကိုလည်း ရလိုက်တယ်။ သူတို့က ပေါင်းပင်တွေ၊ ကိုင်းပင်တွေကိုဖယ်ပြီး မြက်ခင်းပြင်ဒေသကို ရောက်ရှိလာတယ်။ ပြန့်ပြူးတဲ့ မြက်ခင်းပြင်နောက်မှာ ကီလိုမီတာအတော်လေးမြင့်တဲ့ တောင်က ကာကွယ်ထားပြီး ဒီနေရာမှာ ချိုင့်ဝှမ်းပုံစံလေး ဖြစ်နေစေတယ်။ ဒီတောင်နံရံတလျှောက်မှာ စိမ်းလန်းတဲ့နွယ်ပင်တွေနဲ့ လှေကားကို ကျစ်ထားပြီး သေးငယ်တဲ့လှိုဏ်ဂူရော၊ ကြီးတဲ့လှိုဏ်ဂူတွေကိုပါ တွေ့လိုက်ရတယ်။
ဒါက လူတွေရဲ့နေထိုင်မှုပုံစံနဲ့ တူတယ်ဆိုပေမယ့် သူတို့နေတဲ့နေရာက ပင်လယ်နေသတ္တဝါတွေ ဆောက်တဲ့အသိုက်လို ခပ်ထူထူ ဆောက်လုပ်ထားကြတယ်။
🐱🐱🐱🐱🐱🐱🐱
YOU ARE READING
ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)
RomanceArc _ 8, 10, 15 Extra_ 1,2,4 Total _ 6 Arcs Title: Quickly Wear the Face of the Devil အက်ဥ္းခ်ဳပ္ - ထိပ္တန္းဟက္ကာတစ္ေယာက္ကိုဘဝမ်ားစြာျပန္လည္ေမြးဖြားဖုိ႕ Lod God System ကေ႐ြးခ်ယ္ခဲ့သည္။ ကမာၻႀကီးအဆုံးသတ္သြားေတာ့ အရာအားလံုးက ပ်က္စီးသြားျပီး ဝမ္းနည္းစရာ...