( This is totally different from the first version.)
လန်ဒန်ဟာ လူတိုင်းရဲ့အိမ်မက်ဖြစ်တယ်။အနုပညာဆန်တဲ့မြို့တော်။ခမ်းနားထည်ဝါတဲ့မြို့တော်။နန်းတည်ရာမြို့တော်။
ဒါပေမယ့် ရှောင်းကျန့်အတွက်ကတော့ မျက်လုံးပေါင်းသန်းချီကြားကပြေးပုန်းစရာ ချောင်လေးပါပဲ။လန်ဒန်ရဲ့လမ်းမတွေဟာ ကုစားရာပေါ့။လန်ဒန်လေထုမှာ ရှောင်းကျန့်ဟာ အသားကျခဲ့တာကြာပြီဖြစ်တယ်။
"ဆယ့်ငါးဒေါ်လာကျပါတယ်။"
အရှေ့ကဝန်ထမ်းကောင်မလေးဆီက အသံထွက်လာတဲ့အခါ ရှောင်းကျန့်က ဝတ်ထားတဲ့အညိုရောင် လောင်းကုတ်ထဲက ပိုက်ဆံကိုထုတ်ပေးတယ်။
"လာရောက်အားပေးတာကျေးဇူးတင်ပါတယ်။ဒီမှာရှင့်ရဲ့အမ်းငွေပါ။"
ရှောင်းကျန့်က အရှေ့ကကောင်မလေးဆီက အကြွေတွေကိုယူပြီးအိတ်ကပ်ထဲထည့်ကာ ဝယ်ထားတဲ့ပစ္စည်းထုပ်ကိုဆွဲတယ်။
တစ်ပတ်မှတစ်ခါအပြင်ထွက်တာကြောင့် ရှောင်းကျန့်ဝယ်ထားတဲ့ပစ္စည်းတွေဟာအများကြီးပဲ။အစားအသောက်တွေအပြင် တစ်ကိုယ်ရေသုံးပစ္စည်းတွေရောဖြစ်တယ်။
သွားတိုက်တံ၊အိမ်သာသုံး စက္ကူ၊ကျင်းကော်အတွက် ကစားစရာငှက်မွှေးအရုပ်လေး၊ဂျုံ၊ကြက်ဥတစ်ချို့၊နွားနို့အပါအဝင်တစ်ခြားအရာတွေရောဖြစ်တယ်။
အထုပ်တွေကို လက်တစ်ဖက်နဲ့ကိုင်ထားတာကြောင့် အနည်းငယ်မနိုင်မနင်းဖြစ်နေတဲ့ ရှောင်းကျန့်ကို ဝန်ထမ်းကောင်မလေးက သေချာကြည့်တယ်။
အရှေ့က မှန်တံခါးကို ပုခုံးတစ်ဖက်သုံးရင်း တွန်းဖွင့်လိုက်တဲ့အခါ ပြင်ပက လေအေးအေးဟာ အညိုရောင်ဆံနွယ်တွေကြားတိုက်စားတော့တယ်။
ဆောင်းအဝင်ကိုရောက်တော့မည်ဖြစ်တာကြောင့် လန်ဒန်လေထုဟာ အေးစက်စက်နိုင်တယ်။ရှောင်းကျန့်က ပုခုံးနှစ်ဖက်ကိုကျုံ့လိုက်ရင်း အညိုရောင်လမ်းတစ်လျှောက် ခပ်လေးလေးလမ်းလျောက်လာတယ်။
အိတ်တွေဆွဲထားတဲ့လက်ဟာ ကြာကြာဆွဲထားတာကြောင့် အတော်လေးနာနေပြီဖြစ်တယ်။ရှောင်းကျန့်က စိတ်တွေရှုပ်လာရင်း ကျွတ်တစ်ချက်သပ်လိုက်တယ်။ဒါတွေကြောင့်သူအပြင်မထွက်ချင်တာ ဖြစ်တယ်။
YOU ARE READING
End of serendipity ( London Evening's) Completed
FanfictionEnd of serendipity , I met him Xiao Zhan x Wang Yibo YiZhan Edited : this is totally different version