Part - 9 ( U )

3.6K 630 9
                                    

စတူဒီယိုအခန်းလေးဟာ ရယ်မောသံတွေနဲ့ပြည့်နှက်လို့နေတယ်။

"ငါးမန်းကြီးက ဖမ်းမိတော့မယ်နော် ပြေးထားကွ။"

အမျိုးသားတစ်ယောက်ရဲ့ ချော့မြူနေသံအဆုံး ကလေးငယ်လေးတစ်ယောက်ရဲ့ တခစ်ခစ်ရယ်သံလေးကပါကပ်ပါလာသည်။

ရိပေါ်က မှောက်ယှက်ကလေးပေမယ့် သူ့ကို လူတစ်ယောက်ကခါးကနေပွေ့ကာပြေးနေတယ်။ရိပေါ်က ပင်လယ်ထဲကူးနေတဲ့ ငါးသေးသေးလေးလိုပင်။

"ကိုကို ကအရှိန်မြင့်ပေးမယ်။"

သူ့ကိုပွေ့ထားတဲ့ သူဆီက အသံထွက်လာတယ်။

ကိုကို။

"မိတော့မယ်နော်။"

ဒီအခန်းထဲမှာ ရိပေါ်နဲ့ကိုကိုအပြင် နောက်တစ်ယောက်ရှိနေသေးတယ်။အသံခပ်ဩဩနဲ့အမျိုးသားတစ်ယောက်။

လေပေါ်ပျံသန်းနေတဲ့ ရိပေါ်ခြေထောက်ကလေးဟာ လက်ကြီးကြီးတစ်ဖက်ရဲ့ ဆွဲဖမ်းတာ ခံလိုက်ရတော့တယ်။

"အား ကိုကိုရေ။"

"မိပြီကွ။"

အသံနှစ်ခုက တစ်ပြိုင်နက်ထွက်လာရင်း ရိပေါ်ဟာ ကိုကို့လက်ထဲကနေ ထိုလူ့လက်ထဲပါသွားတယ်။

အမြင့်ကပြုတ်ကျသလို လှိုက်ကနဲတက်လာတဲ့ ခံစားချက်နောက်ရိပေါ်က အိမ်မက်ကနိုးလာတယ်။

မှတ်ဉာဏ်အပိုင်းအစတွေ။

ရိပေါ်က အိပ်ယာဘေးက ရေဗူးကိုယူရင်း မော့သောက်ချလိုက်တယ်။

အိမ်မက်ထဲမှာ နောက်ထပ်အမျိုးသားတစ်ယောက် မျက်နှာမမြင်လိုက်ရတာမလို့သူသေချာမသိ။

ရိပေါ်ကားတိုက်ခံရပြီး မှတ်ဉာဏ်တွေပျောက်သွားတော့ ဆရာဝန်က ကလေးဘဝမှတ်ဉာဏ်တွေမလို့ တစ်သက်လုံးမမှတ်မိတာမျိုးလည်းဖြစ်နိုင်သည်ဟုပြောဖူးသည်။

အခုတော့ မှတ်ဉာဏ်တွေဟာ ဟိုတစ်စဒီတစ်စပေါ်လာသည်။သူကိုယ်တိုင်အရမ်း စိတ်ပြင်းပြနေသည်ကြောင့်လည်းပါမည်။

ဖုန်းကိုတစ်ချက်ဖွင့်ကြည့်လိုက်တော့ မနက်ကိုးနာရီ။ညက ညနက်တဲ့အထိအိပ်မပျော်တာကြောင့် ဝေလီဝေလင်းမှအိပ်သွားခဲ့တာဖြစ်သည်။

End of serendipity ( London Evening's) Completed Tahanan ng mga kuwento. Tumuklas ngayon