မီးဖိုပေါ်ကရေနွေးအိုးရဲ့ ပွက်ပွက်ဆူသံဟာ မီးဖိုခန်းသေးသေးလေးအတွင်း ဆူဆူညံညံ။
ရိပေါ်က ဓားတစ်ချောင်းကိုလက်တစ်ဖက်ကကိုင်ကာ နောက်လက်တစ်ဖက်က ကြက်အကောင်လိုက်ကိုကိုင်ထားရင်း ဒုက္ခရောက်နေရှာတယ်။
ဘယ်ကစလှီးရမလဲ မသိတော့တဲ့အဆုံးရိပေါ်က လက်ထဲကဓားကိုချကာ ကြက်ရဲ့ပေါင်နှစ်ဖက်ကနေ လက်ဗလာနဲ့ဆွဲဖြဲဖို့ကြံတော့တယ်။
"ရိပေါ် ဖယ် ကောပဲဆက်လုပ်လိုက်မယ်။"
ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ကိုဘယ်လိုမှထိုင်မကြည့်နိုင်တော့ဘူး။ကြက်သားကိုကိုင်ပြီးသားဝယ်ခဲ့ပါမှာရက်နဲ့ စျေးကနေအကောင်လိုက်ဝယ်ချလာတယ်။ပြီးတာနဲ့ သူပဲအစဆုံးလုပ်တော့မယ်ဆိုတဲ့ ဒီဇိုင်းနဲ့မီးဖိုချောင်ဝင်တယ်။
ရှောင်းကျန့်အတွက်ဟုဆိုကာ ချောကလတ်ပူပူတစ်ခွက်တောင်ဖျော်ပေးသွားသေး။ရှောင်းကျန့်ကတော့ နေ့ခင်းကြောင်တောင်မှာ ချော်ကလတ်အပူတစ်ခွက်နဲ့ ရိပေါ်ကြက်ကိုင်တာထိုင်ကြည့်နေရတယ်။
"ဟို ကျွန်တော့်ကိုဘယ်ကစလှီးရမလဲပဲ ပြောပြပါလား။"
ရှောင်းကျန့်က သက်ပြင်းချကာ လက်ထဲကချောကလတ်ခွက်ကိုဘေးကိုချလိုက်တယ်။
"အင်း သေချာလိုက်လုပ်နော်။"
ရိပေါ်ကလိမ္မာတဲ့ကလေးလေးတစ်ယောက်လိုပဲ ခေါင်းလေးတဆတ်ဆတ်ညိတ်တယ်။
အမြဲတိတ်ဆိတ်ငြိမ်သက်နေတဲ့ ရှောင်းကျန့်ရဲ့ မီးဖိုးခန်းလေးဟာအခုတော့ အသံတွေဆူညံလို့။
"ဆားကတစ်ဇွန်းနော်။ရိပေါ် အရမ်းအများကြီးမထည့်နဲ့လေ။"
"ငရုပ်ကောင်းက လှည့်ရမှာ၊တအား အားစိုက်မလှည့်လိုက်နဲ့ အများကြီးပါသွားမယ်။"
ရှောင်းကျန့်ဟာ ဘေးကနေတတွတ်တွတ်မှာနေရတယ်။ရိပေါ်ကတော့ဒီမှာ ရှောင်းကျန့်ခိုင်းသမျှလုပ်နေရတဲ့ စက်ရုပ်ကလေး။
"ကော ဆော့စ်လေး မြည်းကြည့်ပါဦး အဆင်ပြေပြီလား။"
ရိပေါ်က ဆော့စ်အနည်းငယ်ကို ဇွန်းနဲ့ခပ်ကာ ရှောင်းကျန့်နှုတ်ခမ်းနားတေ့ပေးတယ်။
YOU ARE READING
End of serendipity ( London Evening's) Completed
FanfictionEnd of serendipity , I met him Xiao Zhan x Wang Yibo YiZhan Edited : this is totally different version