Part - 15 ( U )

3.7K 593 20
                                    

ဖေဖော်ဝါရီလတွေမှာ လန်ဒန်ဟာဆောင်းရဲ့အငွေ့သက်တွေပြည့်ဝစွာခြုံလွှမ်းထားလို့နေတယ်။ရေခဲမိုးတွေအစား နှင်းနုနုတွေဟာ အဆက်မပြတ်ကျနေပြီး ခန့်ညားထည်ဝါလှတဲ့အဆောက်အဦးကြီးတွေ ၊လမ်းမတွေအဆုံးမှာ နှင်းတွေဟာဖွေးဖွေးဖြူအောင် ဖုံးလွှမ်းထားတယ်။

ဖေဖော်ဝါရီလတွေမှာ လန်ဒန်ဟာဆောင်းရဲ့အငွေ့သက်တွေပြည့်ဝစွာခြုံလွှမ်းထားလို့နေတယ်။ရေခဲမိုးတွေအစား နှင်းနုနုတွေဟာ အဆက်မပြတ်ကျနေပြီး ခန့်ညားထည်ဝါလှတဲ့အဆောက်အဦးကြီးတွေ ၊လမ်းမတွေအဆုံးမှာ နှင်းတွေဟာဖွေးဖွေးဖြူအောင် ဖုံးလွှမ်းထားတယ်။

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.

ဒီနေ့က ဖေဖော်ဝါရီလရဲ့ ထူးခြားတဲ့ရက်တစ်ရက်ဖြစ်တာကြောင့် လန်ဒန်ရဲ့လမ်းမတွေထက်မှာ သာမာန်ရက်တွေထက်ပိုပြီး ချစ်သူစုံတွဲတွေကိုတွေ့နေရတယ်။

ရိပေါ်တို့အဖွဲ့ကဒီနေ့ ညနေခင်းပိုင်း Busking လုပ်ကြတယ်။ချစ်သူများနေ့ဖြစ်တာကြောင့် သူတို့ Busking လုပ်တဲ့နေရာမှာ စုံတွဲတွေဟာ တိုးမပေါက်အောင်များလှတယ်။ရိပေါ်တို့က အနည်းငယ်နောက်ကျပြီးနှင်းတွေအဆက်မပြတ်ကျလာမှ Busking သိမ်းဖြစ်ကြတယ်။

ရိလင်းနဲ့ဂျက်ဖာက အခုတစ်လောအရမ်းကိုပူးကပ်နေကြပြီး အခုလည်း Busking သိမ်းပြီး အိမ်မပြန်ဘဲ ရုပ်ရှင်သွားကြည့်ဖို့စည်းရုံးနေကြတယ်။ရိလင်းကနားပူနေအောင် ခေါ်နေပေမယ့် ရိပေါ်မှာလိုက်ဖို့အစီစဉ်မရှိ။သူ့ဘေးလွယ်အိတ်ထဲက ချောကလတ်ဗူးလေးကို ပိုင်ရှင့်ဆီရောက်အောင်ပေးရဦးမည်။

"ဝမ်ရိပေါ် ခဏပဲကိုနင်အဖြစ်သည်းမနေစမ်းပါနဲ့။ရှောင်းကျန့်ကိုစိတ်မချရအောင် ကလေးလား။"

ရိလင်းက သူ့ဂစ်တာအိတ်ကိုနောက်ကဆွဲထားရင်း အတင်းဂျစ်တိုက်တယ်။

"ဖယ်ဟာ ကောကညစာစားဖို့စောင့်နေမှာ။"

ရိပေါ်က အတင်းဆွဲရုန်းလေ ရိလင်းက ခပ်တင်းတင်းကိုင်ထားလေဖြစ်တာကြောင့် သူတို့နှစ်ယောက်ဟာ လမ်းလည်ခေါင်မှာ ရုန်းရင်းဆန်ခတ်။

End of serendipity ( London Evening's) Completed Tempat cerita menjadi hidup. Temukan sekarang