Recommend song - Only then ( Roy Kim )
ခရစ်စမတ်ဟာ မနက်ဖြန် သန်ဘက်ခါပင်ဖြစ်တာကြောင့် လန်ဒန်ဟာ ခရစ်စမတ်အငွေ့သက်တွေနဲ့ အလွန်အမင်းကို သက်ဝင်လှုပ်ရှားလျက်ရှိတယ်။နေရာတကာမှာ အနီရောင် ၊ ရွှေရောင်နဲ့ အစိမ်းရောင်တို့ဟာ ခြယ်သထားတယ်။နီယွန်မီးတွေ ၊ မီးလုံးလေးတွေဟာ လန်ဒန်ရဲ့ လမ်းမထက်မှာ တောက်တောက်ပပ။တစ်ချို့နေရာများတွင် တမန်တော်တစ်ပါး အတောင်ဖြန့်နေဟန် ၊ ခရစ်စမတ်ဘိုးဘိုးကနေဟန်များကို မီးလုံးလေးတွေနဲ့ပုံဖော်ထားတယ်။
တစ်ချို့နေရာများတွင်တော့ ချားရဟတ်ကြီးကြီးတွေကိုပါတွေ့ရသည်။လန်ဒန်ရဲ့လမ်းမတွေဟာ ခရစ်စမတ်သီချင်းသံတွေပျံ့လွင့်နေသည်။
ခရစ်စမတ်လျော့စျေးတွေရှိတာကြောင့် စျေးဝယ်စင်တာတွေဟာ လူတွေကြပ်နေပြီးတိုးမပေါက်ပင်။လူတွေဟာ ခရစ်စမတ်အတွက်အပြည့်ဝစိတ်လှုပ်ရှားနေကြပုံပင်။
ထူးခြားတာတစ်ခုက ဒီနှစ်နှင်းကျနောက်ကျသည်ပင်။ဆောင်းရာသီဟာ ဒီဇင်ဘာပြီးမှအတိအလင်းဝင်တာပေမယ့် နှင်းတွေကတော့ ခရစ်စမတ်မတိုင်ခင်ကျလေ့ရှိသည်။ဆောင်းဝင်ရင်တော့ ရေခဲမိုးတွေရွာတတ်သည်။ဒီနှစ်တော့ ဆီနှင်းတွေသာအဆက်မပြတ်ကျနေသည်။
YOU ARE READING
End of serendipity ( London Evening's) Completed
FanfictionEnd of serendipity , I met him Xiao Zhan x Wang Yibo YiZhan Edited : this is totally different version