လန်ဒန်ရဲ့နွေဦးနှောင်းပိုင်းကာလဟာ လေပြေသွေးလို့ ပန်းရနံ့တွေလှိုင်တဲ့ ရာသီဖြစ်တယ်။လမ်းဘေးတစ်လျောက်မှာ ရာသီပန်းတွေဟာ ရောင်စုံပေါက်နေလေ့ရှိပြီး လန်ဒန်ရဲ့အလှကိုပံ့ပိုးပေးထားတယ်။
ကောလိပ်ကျောင်းသားတွေအတွက်အရေးပါတဲ့အချိန်ခါဖြစ်တာကြောင့် လန်ဒန်ရဲ့ကောလိပ်တွေမှာ ဝတ်ရုံတွေနဲ့ဘွဲ့ယူရမယ့် ကောလိပ်ကျောင်းသားတွေရဲ့အပျော်တွေနဲ့ ပြည့်နှက်လို့နေသေးတယ်။
ရှောင်းကျန့်ဟာ ဝတ်ထားတဲ့ အနောက်တိုင်းဝတ်စုံနဲ့ လက်ထဲကနက်ကတိုင်ခဲနဲ့အပြာရင့်စပ်ကလေးကိုမှန်ထဲကြည့်ကာ သက်ပြင်းချတယ်။မဝတ်တာဆယ်စုနှစ်ကြာပြီဖြစ်တဲ့ ဝတ်စုံဟာ သူ့ခန္ဓာကိုယ်မှာတော့ တိတိပပနဲ့ခန့်ထည်စွာပင်။
ဒေါက် ဒေါက်။
"ကျန့်ကော ကျွန်တော်ဝင်လာမယ်နော်။"
တံခါးခေါက်သံမရှေးမနှောင်းမှာပင်ထွက်ပေါ်လာတာက အသံခပ်ဩဩလေးပင်။
ရှောင်းကျန့်က မှန်ထဲကတစ်ဆင့် အခန်းအတွင်းဝင်လာတဲ့ကောင်လေးကို လှမ်းကြည့်ကာပြုံးတယ်။
သူ့အနောက်နားလာရပ်တဲ့ကောင်လေးကို မျက်နှာချင်းဆိုင်မိတဲ့အခါ ပြန်တွေ့ချိန်ကထက်ကိုပင် အနည်းငယ်ရှည်လာတဲ့အရပ်လေးကြောင့် သူနဲ့မတိမ်းမယိမ်းလေးပင်။
ရှောင်းကျန့်က ရိပေါ်ကိုယ်ပေါ်က ဝတ်ရုံရင်ဘက်နားကိုလက်နဲ့တစ်ချက်သပ်ပေးရင်းက ဝမ်းသာကြည်နူးမှု့ကြောင့် မျက်ရည်ပင်လဲ့လာသည်။
အနက်ရောင်နဲ့ခရမ်းဆီရောင်စပ်ထားတဲ့ ဘွဲ့ဝတ်ရုံဟာ အချိုးအဆစ်ကျလှတဲ့ကိုယ်ပေါ်ဝဝယ်တင့်တယ်စွာပင်။ခပ်ချောချော မျက်နှာနုနုဟာသာမာန်ထက်ပင် တင့်တယ်စွာရှိလှတယ်။
YOU ARE READING
End of serendipity ( London Evening's) Completed
FanfictionEnd of serendipity , I met him Xiao Zhan x Wang Yibo YiZhan Edited : this is totally different version