Part - 6

2K 210 3
                                    

တိုက်ခန်းအတွင်း အမျိုးသားနှစ်ယောက်ရဲ့စကားများသံနဲ့ အော်ဟစ်နေသံဟာ ပဲ့တင်သံအထပ်ထပ်။

တံခါးနှစ်ချပ်ကို သေးငယ်တဲ့လက်ဖောင်းဖောင်းလေးတွေနဲ့အနည်းငယ်ဟရင်း ချောင်းကြည့်နေတဲ့ ခြောက်နှစ်အရွယ်ကလေးငယ်လေးတစ်ယောက်။

တံခါးကိုကိုင်ထားတဲ့လက်ကလေးတွေဟာ တုန်ရီလို့နေတယ်။ကိုကိုတို့စကားများတာ သူ့ကြောင့်လို့တွေးမိတဲ့အခါ ရိပေါ်ဟာ မျက်ရည်လေးတွေလဲ့လာတယ်။

တံခါးလေးကြားထဲက ရိပေါ်မြင်နေရတဲ့ ကိုကိုဟာအတော်လေးဒေါသထွက်နေဟန်။လှပတဲ့ခပ်နုနုမျက်နှာဟာ သွေးရောင်လွှမ်းလို့နေပြီး မျက်ရည်တွေကပါစီးကျလို့နေတယ်။

ကိုကိုငိုတာမြင်တဲ့အခါ ရိပေါ်ကပါငိုချလိုက်တယ်။ဒါပေမယ့် သူကအသံမထွက်မိအောင်လက်တစ်ဖက်နဲ့ပါးစပ်လေးကိုအုပ်ထားတယ်။ကိုကိုနဲ့စကားများနေတဲ့ အမျိုးသားဟာ သူ့ကိုကျောပေးထားတာကြောင့် ဘယ်သူဘယ်ဝါရယ်ရိပေါ်မမြင်ရ။

အထဲကလူနှစ်ယောက်ဟာ အခြေနေတွေပြင်းထန်လာပုံရတယ်။ကျောပေးထားတဲ့သူက စားပွဲပေါ်ကပန်းအိုးကိုရိုက်ခွဲလိုက်တဲ့အခါ ရိပေါ်ဟာ ပုခုံးလေးတွေတွန့်သွားတယ်။သူနဲ့အတူ ကိုကိုကပါလန့်သွားပုံရတယ်။ကိုကိုက ဘေးနားကဆိုဖာပေါ် ခြေပစ်လက်ပစ်ထိုင်ချတဲ့အခါ ရိပေါ်က အမြန်ပြေးသွားကာ ကိုကို့မျက်ရည်တွေသုတ်ပေးချင်တယ်။ကိုကို့ကိုငိုအောင်လုပ်တဲ့သူကို ရိပေါ်ကထိုးပစ်မယ်။

ဒါပေမယ့် ကိုကိုကငြိမ်ငြိမ်လေးကစားနေဖို့ မှာထားတယ်။ရိပေါ်ဟာ မျက်ရည်တွေကြားနှုတ်ခမ်း ဖောင်းဖောင်းလေးတွေကိုသွားသေးသေးလေးနဲ့ကြိတ်လိုက်တယ်။

ကျောပေးထားတဲ့သူဟာ ကိုကို့ကိုထိုင်နေရာက အတင်းဆွဲထူတယ်။ကိုကိုတို့တံခါးဘက်လှည့်လာမှာမြင်တဲ့အခါ ရိပေါ်ဟာ တံခါးချောင်လေးထဲမြန်မြန်ပုန်းတယ်။

ကျွီခနဲ့ပွင့်သွားတဲ့ တံခါးအဆုံး ရိပေါ်ကကိုကိုနဲ့ထိုသူထွက်သွားတာမြင်လိုက်ရတယ်။တံခါးရွက်နဲ့ကွယ်နေတဲ့ ရိပေါ်ကို ကိုကိုက မြင်မသွားဘူး။

ဂျိန်းခနဲမြည်သံနဲ့အတူ တံခါးမကြီးကတစ်ဆင့်ကိုကိုတို့ထွက်သွားတဲ့အခါ ရိပေါ်ကတိုက်ခန်းထဲ တစ်ယောက်တည်းကျန်နေခဲ့မှာကြောက်လာတယ်။ပြီးတော့ကိုကိုထားခဲ့မှာရောပေါ့။

End of serendipity ( London Evening's) Completed Where stories live. Discover now