Part - 14 ( U )

3.7K 590 17
                                    

ကျိန်းစပ်နေတဲ့ မျက်လုံးတွေကိုအားယူပြီးဖွင့်တဲ့အခါ မျက်ခွံတွေပေါ်ကနာကျင်မှု့က စူးစူးရှရှ။အသိတွေကပ်လာတာနဲ့အမျှတစ်ကိုယ်လုံးကနာကျင်မှု့တွေကို ရှောင်းကျန့်ခံစားလာမိသည်။

အလင်းရောင်ခပ်စူးစူးကိုအသားကျအောင် မျက်တောင်တဖြတ်ဖြတ်ခတ်ပြီးတဲ့နောက်မှာတော့ မြင်လာရတာက မျက်နှာကြက်ဖြူဖြူရယ် ၊ မီးချောင်းခပ်စူစူးရယ်။

"အားကျန့် အဆင်ပြေလား။"

ဘေးနားကစိုးရိမ်တကြီးခေါ်သံကိုကြားတဲ့အခါ ရှောင်းကျန့်ကမနည်းအားယူတာမျက်ဆန်တွေရွေ့လျားကာကြည့်တယ်။သူမြင်ရတာက စိုးရိမ်တကြီးဖြစ်နေတဲ့ ကျောက်လန်ကော။

ရှောင်းကျန့်အာရုံတွေဟာ စုစည်းမရဘူး။ဘာတွေဖြစ်ခဲ့လဲဆိုတာ မနည်းစဉ်းစားယူနေရတယ်။ခန္ဓကိုယ်တစ်ခုလုံးဟာ ကိုက်ခဲနေပြီး နာကျင်မှု့နဲ့အတူလေးလံနေတယ်။သူ့လက်ချောင်းလေးတွေတောင်သူမလှုပ်နိုင်ဘူး။

ဝုန်းခနဲပြေးဝင်လာတဲ့ သူနာပြုတစ်ချို့ဟာ သူ့မျက်လုံးကိုဓာတ်မီးနဲ့ထိုးကြည့်တယ်။ရှောင်းကျန့်က အာရုံတွေပြန်ဖမ်းကာ ဘာတွေဖြစ်ခဲ့လဲဆိုတာ မနည်းစဉ်းစားတယ်။

အားဝမ်နဲ့အတူ ခရစ်စမတ်သစ်ပင်အလှဆက်နေကြတာ။ပြီးတော့ အားဝမ်ကပြောတယ်....။ရှောင်းကျန့်ဟာ အာရုံထဲမှာ ပုံရိပ်တွေပီပီသသမြင်လာတယ်။

လျောတိုက်သွားတဲ့ ကားတစ်စီးရယ်၊ လမ်းမပေါ်ခပ်ပြင်းပြင်းလွင့်စင်ကျတဲ့သူရယ်။ရှောင်းကျန့်စိတ်တွေဟာ အစိုးမရဖြစ်လာတယ်။

ဘေးနားက နှာလုံးခုန်နှုန်းတိုင်းတဲ့စက်ကအသံတွေဟာအဆက်မပြတ်မြည်လာတဲ့။ဘေးနားကစိုးရိပ်တကြီးဖြစ်နေတဲ့ ကျောက်လန်ကောရဲ့လက်တစ်ဖက်ကိုသူအားယူကာလှမ်းဆွဲလိုက်မိတယ်။ကောက သူ့ကိုငုံ့ကြည့်လာတယ်။

"သူရော...။"

ကျောက်လန်ကောကသူ့ကို မျက်ရည်တွေလဲ့နေတဲ့မျက်လုံးတွေနဲ့ကြည့်လာတယ်။အတူတူဖေးမနေခဲ့တဲ့ တစ်လျောက်မှာ ကောရဲ့ယူကျုံးမရတဲ့ ကြေကွဲနေတဲ့မျက်နှာမျိုးကိုသူပထမဆုံးမြင်ဖူးတာဖြစ်ပြီး ရှောင်းကျန့်ဟာ အသက်ရှူတွေကြပ်လာတယ်။ကျေးဇူးပြုပြီး။

End of serendipity ( London Evening's) Completed Tahanan ng mga kuwento. Tumuklas ngayon