Extra - 2 ( U )

5.9K 641 43
                                    

နွေဦးကာလတွေမှာတော့ ရှောင်းကျန့်အိမ်ကမီးလင်းဖိုလေးဟာ အချိန်အကြာကြီးမီးသေလို့နေကာ အားလပ်ရက်ရတယ်။

ကျင်းကောဟာ မီးလင်းဖိုနားကသူ့နေရာကို စွန့်ခွါပြီး ပြုတင်းပေါက်ဘောက်မှာ နေရာယူလျက်။

"ခရီးကိုမသွားတော့ဘူး။နေမကောင်းတာကို ကျွန်တော်ကဘယ်လိုထားသွားရမှာလဲ။"

လက်ဆွဲသေတ္တာထဲက အဝတ်စားတွေကို ရိပေါ်က တစ်ခုချင်းဆွဲထုတ်နေပေမယ့် ရှောင်းကျန့်ကဘေးကနေပြန်ထည့်ပေးနေတယ်။

"သူငယ်ချင်းတွေနဲ့သွားမယ့် ခရီးကိုသွားပါ။ကောက နေမကောင်းတာမဟုတ်ဘူး နေလို့မကောင်းရုံပါဆို။"

"အဲ့တာ ဘာကွာလို့လဲ။"

ရှောင်းကျန့်က သက်ပြင်းချတယ်။မနေ့က ဘွဲ့ယူအခမ်းနားအပြီး နေလို့မကောင်းဘူးဟု အကြောင်းပြကာ တန်းပြန်လာမိတာကြောင့် ရိပေါ်မှာ သူငယ်ချင်းတွေစီစဉ်ထားတဲ့ပဲရစ်ခရီးစဉ်ကိုမသွားတော့ပါဟု ဂျစ်ကန်နေတော့သည်။

"ခွေးပေါက်လေးရာ ကောကိုစိတ်မကောင်းအောင်လုပ်တော့မှာလား။"

ရှောင်းကျန့်က ငြီးငြူတဲ့ရိပေါ်က အဝတ်တွေပြန်ထုတ်နေရာက ရပ်ကာသူ့ကိုစိုက်ကြည့်လာတယ်။အလိုမကျတာကြောင့် မျက်နှာဟာ စူပုပ်လို့နေတယ်။

"ကျွန်တော် Busking တစ်ရက်ပြီးတာနဲ့ပြန်လာခဲ့မှာမို့ ဦးငယ်ကိုခေါ်ထားနော်။မနက်ခေါ်ထားပြီး ညကျပြန်လွှတ်လိုက်။"

ရှောင်းကျန့်က ပြုံးကာ ခေါင်းညိတ်ပြရင်း ရိပေါ်ဆံပင်တွေကိုလှမ်းသပ်ပေးတယ်။ရိပေါ်က သူ့ဦးငယ်ကိုပါစိတ်မချဟန်နဲ့မလို့ ရှောင်းကျန့်က ပြုံးချင်မိသွားတယ်။

"စိတ်ချ ကောက မကြာခဏဖုန်းဆက်မယ်။"

အထုပ်ပိုးတွေနဲ့ ရိပေါ်ဟာ အိမ်ပေါက်ရောက်တဲ့အထိ မခွါချင်သေးသလို တစ်ခုပြီးတစ်ခုဆက်တိုက်မှာနေသည်။ဆေးသောက်ရန်၊ဖုန်းဆက်ရန် စသည်သဖြင့် အမျိုးမျိုး။

"ကျွန်တော် သွားတော့မယ်။ဟို...။"

ရိပေါ်က ပြောစရာကျန်သေးသလို ပေမယ့် ပြောရခက်နေဟန်။လည်ပင်းကို ပွတ်သပ်ရင်းက ခေါင်းငုတ်နေကာ အင်းအဲလုပ်နေပြန်သည်။

End of serendipity ( London Evening's) Completed Donde viven las historias. Descúbrelo ahora