Part -4 ( U )

4.7K 732 11
                                    

စန္ဒကူးနံ့သင်းနေတဲ့ ပတ်ဝန်းကျင်။

အဖြူရောင်အခန်းထဲက စန္ဒယားတစ်လုံး။

အဖြူရောင်ခလုတ်တွေပေါ်ပြေးလွှားနေတဲ့ လက်ချောင်းတွေ။လက်သေးသေးလေးတွေဟာ ခပ်သွယ်သွယ်လက်တွေကိုမှီဖို့မနည်းကြိုးစားနေရတယ်။

"ရှောင်ပေါ်က ရမှာလည်းမဟုတ်ဘူးကွာ"

ဘေးနားရပ်နေတဲ့ ဦးငယ်က တဟားဟားရယ်ရင်း နှာခေါင်းလုံးလေးကိုလာဆွဲတယ်။

"ဦးငယ်ကကွာ"

ရိပေါ်က ဝါးခနဲအော်ငိုတော့မလို အသံနဲ့။သူ့ဘေးကရပ်နေတဲ့ဦးငယ်က အော်ရယ်နေတုန်းပဲ။ဦးငယ်ကအဲ့တုန်းကငယ်သေးတယ် ထင်းနေတဲ့မျက်ခုံးတွေနဲ့ ဦးငယ်ကသိပ်ချောတာ။

"အားဝမ်မငိုရဘူးနော်"

ခွိခနဲရယ်သံနဲ့အတူသူ့ဘေးလူဆီက အသံထွက်လာတယ်။ရိပေါ်ဟာ အခုမှအခန်းထဲက သူနဲ့အတူစန္ဒယားတီးနေတဲ့ တတိယလူရှိတာ သတိပြုမိတယ်။

ဘေးနားကိုလှည့်ကြည့်လိုက်ပေမယ့်....။
အဖြူရောင်တွေလင်းခနဲဖြစ်လာတဲ့အခါ ရိပေါ်က မျက်လုံးစူးလွန်းလို့ မျက်လုံးတွေပိတ်ချလိုက်ရတယ်။တစ်ပြိုင်နက်တည်း ခေါင်းတွေထိုးကိုက်လာခဲ့တယ်။

"အားးး....ကျစ်"

ရိပေါ်က ခေါင်းကိုလက်နဲ့ဖိကိုင်ရင်း ညည်းတွားကာ မျက်လုံးတွေပွင့်လာတယ်။သူရောက်နေတာ အဖြူရောင်အခန်းလည်းမဟုတ်တော့ဘူး။ရယ်သံတွေလည်း မရှိတော့။

မီးသေနေတဲ့ မီးလင်းဖိုရယ် သူ့ခြေထောက်ကိုအဆက်မပြတ်ပွတ်နေတဲ့ အမွှေးပွပွကြောင်တစ်ကောင်ရယ်။

ရိပေါ်က သူ့ကိုယ်ပေါ်ကစောင်ထူထူတွေဖယ်ရင်း အိပ်နေရာက ထလိုက်တယ်။
မနေ့ညက ကျန့်ကောအိပ်မှာအိပ်ပျော်သွားတာ။သူတွေ့လိုက်တာတွေဟာ အိပ်မက်တွေလား အတိတ်ကအရာတွေလား သူမသဲကွဲ။

ခေါင်းထဲနောက်ကျိနေတာကြောင့် သူကမျက်နှာကိုလက်ဖဝါးနဲ့ သုံးလေးချက်ခပ်ကြမ်းကြမ်းပွတ်ချလိုက်ရင်း အသက်ဝဝရှူတယ်။

တိုင်မှာကပ်ထားတဲ့နာရီက ညွန်ပြနေတာ ကိုးနာရီ။
ဒီနေ့ကကျောင်းလည်းမရှိတာမလို့ တော်သေးတယ်ပြောရမည်။

End of serendipity ( London Evening's) Completed Where stories live. Discover now