Royal London University of Music & Art
တက္ကသိုလ် ပင်မအဆောက်အဦးရဲ့အနှံ့အပြားကနေ ဂီတသံတွေပျံ့လွင့်လို့နေတယ်။
လွမ်းဆွေးစရာ တယောသံတစ်ချို့၊ငြိမ့်ညောင်းတဲ့ စန္ဒယားသံတစ်ချို့၊သစ်လွင်တဲ့ ဂစ်တာသံတစ်ချို့အပြင် သီချင်းဆိုသံတွေပါ ပါဝင်တယ်။လက်မှု့ပညာသင်တဲ့ ဟောတွေနဲ့၊ ပန်းချီဟောတွေကတော့ သူမတူအောင်ငြိမ်သက်လို့နေတယ်။
ကျောင်းသားတစ်ချို့က ကောရစ်တာတွေတစ်လျောက် အစုလိုက်အစုလိုက်ရှိနေကြပြီး ကျောင်းသားတစ်ယောက်ချင်းဆီဟာ ကိုယ်စားပြုတူရိယာတွေသယ်ဆောင်ထားကြတယ်။
တစ်ခြားကျောင်းတွေနဲ့ခြားနားစွာပဲ အနုပညာတက္ကသိုလ်ဟာ ငြိမ်သက်အေးဆေးတယ်။
"ဝမ်ရိပေါ် ဒီနေ့အတွက်သီချင်းတွေစစ်ပြီးပြီလား"
မျက်နှာချင်းဆိုင် စားပွဲခုံပေါ်တက်ထိုင်နေတဲ့ ဟန်ကောဆီကအသံထွက်လာတဲ့အခါ ရိပေါ်က ဂစ်တာကြိုးညှိနေရာက မော့ကြည့်တယ်။
သူတို့ဟာ ကျောင်းရဲ့နားနေဆောင်မှာထိုင်နေကြတာဖြစ်ပြီး ပန်းချီအတန်းတွေဆင်းတာကိုစောင့်နေကြတာဖြစ်တယ်။
"အာ...ကောကိုမနေ့ကပြောတယ်လေ ဒီနေ့ကျွန်တော်မအားဘူးလို့။ဂျက်ဖာကိုအကုန်ပေးထားတယ်။ဒီနေ့သူလိုက်မှာ"
သူတို့အဖွဲ့ဟာ ညနေပိုင်းတွေဆို Busking လုပ်နေကျဖြစ်တယ်။အဖွဲ့ထဲမှာ လုဟန်ကောကအကြီးဆုံးဖြစ်ပြီး အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တယ်။
ဟန်ကောက ခေါင်းညိတ်ပြရင်း လက်ထဲကကော်ဖီကိုအေးအောင် ပြန်မှုတ်နေတယ်။သူ့ဘေးမှာထိုင်နေတဲ့ ဆိုင်မွန်ကတော့ နုတ်တွေကြားခေါင်းစိုက်ရင်းအသံထွက်မလာ။
YOU ARE READING
End of serendipity ( London Evening's) Completed
FanfictionEnd of serendipity , I met him Xiao Zhan x Wang Yibo YiZhan Edited : this is totally different version