လန်ဒန်ရဲ့ ဆောင်းအဝင်ဟာ ပေကျင်းနဲ့ခြားနားစွာပဲ အတော်လေး အေးလှသည်။
နေ့ခင်းဖြစ်တာကြောင့် ဧည့်ခန်းကမီးလင်းဖိုလေးဟာ ငြိမ်းသက်နေပြီး တစ်အိမ်လုံးကိုအပြည့်အဝ အနွေးဓာတ်ပေးရန် အပူပေးစက်ကူပေးထားရသည်။ဒါပေမယ့် စွက်ကျယ်တစ်ထည်နဲ့ အလုပ်ရှုပ်နေသည်က ဝမ်ရိပေါ်ပင်။
တစ်ပတ်ကိုငါးရက်လောက် ကောအိမ်မှာအိပ်ဖြစ်နေတဲ့ရိပေါ်အတွက်ကောက မွေ့ယာဝယ်ပေးထားပြီး အခြေချနေထိုင်ဖို့တွေးထားတဲ့ ရိပေါ်ဟာ ကောအိမ်အပေါ်ထပ်က ထပ်ခိုးလေးကိုရှင်းကာ သူ့အပိုင်လုပ်ဖို့ကြိုးစားတော့တယ်။မလိုအပ်တဲ့ပစ္စည်းတွေစုထားတာကြောင့် ထပ်ခိုးတစ်ခုလုံးဟာ ဖုန်အလိမ်းလိမ်းနဲ့ဖြစ်သည်။
ပစ္စည်းတိုလီမုတ်စလေးတွေ ထည့်ထားတဲ့ စက္ကူပုံးတွေကို ရိပေါ်က အောက်ထပ်အရင်ရွှေ့ရန်လုပ်ရသည်။
"ကောရာ...အေးဆေးစာသွားဖတ်နေပါ၊ ကျွန်တော်လုပ်နိုင်ပါတယ်။"
သူ့ဘေးရပ်နေရင်း သူကူစရာရှိမလား တမော့မော့လုပ်နေတဲ့ကျန့်ကောကိုအရင် ဝေးဝေးသွားခိုင်းရသည်။ခပ်ကျဉ်းကျဉ်း ထပ်ခိုးလေးမှာ ဖုန်ထူထူနဲ့ ခိုက်မိမှာလည်းစိုးရသည်။
ကောဝတ်ထားတဲ့ ဆွယ်တာပါးပါးမှာလည်း ဖုန်တွေပေနေပြီဖြစ်သည်။
" ပေးပါ ကောကူပေးမယ်။"
ဒါပေမယ့် ကောက ဂရုမစိုက်သလို သူ့လက်ထဲက ပုံးကိုယူရန်လက်လှမ်းလာတာကြောင့် သူကလက်ကိုရှောင်လိုက်ရင်း ပုံးကို လက်တစ်ပြန်မြှောက်ချလိုက်ရသည်။
ကျန့်ကောကကူချင်တာပေမယ့် သူကတော့ခိုက်မိမှာပိုစိုးသည်။အဲ့ထက်ဆိုးတာက ကြောင်ဝတုတ်ကျင်းကော်က ကောနောက်တစ်ကောက်ကောက်။ထပ်ခိုးသေးသေးလေးမှာ လူတွေရောကြောင်တွေရော ပစ္စည်းတွေရောနှင့်ဖြစ်သည်။
"ဒါဆိုလည်း လီမွန်တီးအေးအေးလေး သွားဖျော်ပေးမယ် ၊ အဲ့ပုံလေးတော့ ပေးလိုက်။"
ကျန့်ကောက သူ့ဆီကပုံးကို ခြေလှမ်းကာယူစဉ် ကျင်းကော်က ကြားထဲကဖြတ်ဝင်လာတာကြောင့် ခြေလှမ်းမှားကာ သူ့ဆီပစ်ဝင်လာတာမလို့ လက်ထဲကပုံးကိုလွှတ်ချရင်း ကောကိုသာ လှမ်းထိန်း ရသည်။
YOU ARE READING
End of serendipity ( London Evening's) Completed
FanfictionEnd of serendipity , I met him Xiao Zhan x Wang Yibo YiZhan Edited : this is totally different version