Part - 16 ( U )

3.8K 614 10
                                    

ဖေဖော်ဝါရီလရောက်ပေမယ့် လန်ဒန်ရဲ့အေးစက်တဲ့လေထုဟာ မင်းမူထားဆဲသာဖြစ်တယ်။အပြင်မှာဆီးနှင်းတစ်ချို့ကျကာ အေးစက်နေပေမယ့် အခန်းထဲမှာတော့လေထုကပူနွေးကာ ပေါ့ပါးနေသည်။

ရိပေါ်တို့အဖွဲ့ဟာ ပိတ်ရက်ရှည်တစ်ချို့ရပြီဖြစ်တာကြောင့် အိမ်ပြန်မယ့်သူတွေအတွက် နှုတ်ဆက်သည့်အနေဖြင့် ဂျက်ဖာတိုက်ခန်းတွင် ဝိုင်းထောင်နေကြခြင်းဖြစ်သည်။အခုတလော သူတိုအဖွဲ့တွင် အကိုရိဖန်ကပါထပ်တိုးလာသည်။တစ်ယောက်တစ်ပေါက်နှင့်စကားဝိုင်းဟာ အရှိန်ရလာသည်နှင့်အမျှနက်နဲသော စကားဝိုင်းအဖြစ်အသွင်ပြောင်းလာသည်။

"မင်းတို့တွဲနေကြတာလား။"

လုဟန်နဲ့အကိုရိဖန်တို့ကို စနောက်နေရာက  ရိလင်းနှင့်ဂျက်ဖာကိုလက်ညှိုးထိုးကာ ပြောလာသော ရိပေါ်စကားကြောင့် အကုန်လုံးကကြောင်အကာ တိတ်ဆိတ်သွားကြသည်။

"ဟမ်?"

ဂျက်ဖာက နားမလည်သလိုဟမ်ခနဲလုပ်ပေမယ့် ရိလင်းကတော့ မျက်နှာတင်မကနားတွေပါသိသိသာသာနီရဲလာသည်။

"နင်တို့တကယ်လား။"

နီရဲနေတဲ့ရိလင်းမျက်နှာကိုမြင်တဲ့အခါ ဆိုင်မွန်ကအလန့်တကြားထအော်တော့သည်။

"အင်း သိပ်မကြာသေးဘူး။ငါတို့လည်းဒီတိုင်းတွဲကြည့်နေချိန်မလို့မပြောပြတာ။"

ရိလင်းဆီက ဖြေရှင်းသံထွက်လာတာနဲ့တစ်ပြိုင်နက်တစ်ဖွဲ့လုံးဆီကပါ ဝိုးခနဲတူညီစွာ အော်ဟစ်သံထွက်လာတော့သည်။ဂျက်ဖာကတော့ လက်ထဲကဝီစကီခွက်ကိုလှည့်ရင်းက ဘေးကရိလင်းကိုငေးကြည့်နေသည်။

"မင်းကရောဘယ်လိုလဲ။"

ဆိုင်မွန်က သူ့ဘက်မေးငေါ့ရင်းမေးလာနဲ့အခါရိပေါ်က ဘာပြောတာလဲဆိုသည့်သဘောဖြင့် မေးဆတ်သည်။

"မင်းရဲ့ ရှောင်းနဲ့လေ ဘယ်လိုလဲငါ့ကောင်။"

ရိပေါ်ကဘာပြောရမှန်းမသိဖြစ်သွားသည်။သူနဲ့ကောက ဘာလဲဆိုတာမျိုးသူပင်မတွေးမိတာကြာပြီဖြစ်သည်။ဒီတိုင်းချစ်ပေးနေပြီးချစ်တယ်ဆိုတာနဲ့တင် ရပ်ထားတာကြာပြီမဟုတ်လား။

End of serendipity ( London Evening's) Completed Donde viven las historias. Descúbrelo ahora