Part - 13 ( U )

3.8K 622 20
                                    

လန်ဒန်ရဲ့ ခရစ်စမတ်ဟာ ဒီအခန်းအတွင်းမှာတော့ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်လို့နေတယ်။ရိပေါ်က လက်ထဲက ဓာတ်ပုံဘောင်လေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတယ်။

ဘယ်လောက်ပဲ ကိုယ့်ကိုကိုယ်ဖြေသိမ့်နေပါစေ ကောရဲ့ အိတ်ကပ်ထဲကလက်တစ်ဖက်ဆီ မျက်လုံးတွေရောက်မိတိုင်း သူရင်နာရသည်။အဲ့နေ့ကသာ သူဘာမှမပြောခဲ့ရင် အခုချိန် ကျန့်ကောက သူ့ဝါသနာကိုရှေ့ဆက်နေနိုင်ဦးမှာ။

ရိပေါ်က ကြမ်းပြင်ကိုသာ အကြည့်တွေပို့ထားမိတော့တယ်။ဘယ်ကနေစပြီး ဘာကိုပြောရမလဲ သူသေချာမသိ။

"ကျွန်တော် တောင်းပန်ပါတယ်။"

သူ့စကားအဆုံး အရှေ့မှာရပ်နေတဲ့ကောက ဟားခနဲ သက်ပြင်းချလာတာကြောင့် ရိပေါ်က အလန့်တကြား မော့ကြည့်မိတယ်။

"ဘာလို့တောင်းပန်တာလဲ။ဘာတွေမှားခဲ့လို့လဲ။အမှားလုပ်ထားမှတောင်းပန်ရမှာပေါ့။"

ကျန့်ကောရဲ့ခပ်အေးအေး စကားသံဟာ သူ့ကိုရိုက်ခတ်လာတယ်။သူဘာတွေမှားခဲ့လဲ။ရှန်ဝေ့ကောနဲ့ဒေါ်လေးအကြောင်းကောကိုပြောပြမိတာလား။ဒါမှမဟုတ် ဒါတွေအားလုံးကိုမေ့ထားရင်း ကောကချစ်မိခဲ့လို့လား။

အထပ်ထပ်ပြန်တွေးမိလည်း ကောအိမ်မက်တွေနဲ့ဝေးသွားစေတဲ့အကြောင်းအရာဟာ သူ့ပရောဂမကင်းပါ။

"ကျွန်တော့်ကြောင့်။"

ရိပေါ်က နာကျင်ဆို့နစ်နေတာမှု့ကြောင့် အသံတွေဟာ အက်ကွဲနေတယ်။

ရုတ်တရက် ရှောင်းကျန့်ကလက်တစ်ဖက်မြှောက်ရင်း ရိပေါ်ကိုသိုင်းဖက်လာတယ်။ရိပေါ်က ဝမ်းနည်းမှု့တွေကိုထပ်မထိန်းချုပ်နိုင်တော့သလို နွမ်းနယ်နေတဲ့ကိုယ်ကို ကောထံမှီချလိုက်တယ်။

"မဟုတ်ဘူး ကိုကို့အမှားပါ။ကိုကို့ကြောင့်ပါ အဲ့နေ့ကဖြစ်ခဲ့သမျှရော ၊ အခုလိုနာကျင်အောင်လုပ်မိတာရော။"

ကိုကိုဆိုတဲ့နာမ်စားကိုကြားတဲ့အခါ ရိပေါ်က ဟိုးအရင်ကလို ကလေးငယ်လေးအဖြစ်ပြန်ရောက်သွားသလိုပဲ။ကိုကို့ရင်ခွင်ထဲ မှီအိပ်လေ့ရှိတဲ့ကလေးလေး။အလိုမကျတိုင်း ကိုကို့ကိုတိုင်တည်ရင်း ငိုတတ်တဲ့ ကလေးလေး။
ကို့ဘေးမှာ ရှိရင်အမြဲပျော်နေခဲ့ရတဲ့ ဟိုးအရင်ချိန်ကလိုပေါ့။

End of serendipity ( London Evening's) Completed Where stories live. Discover now