U N I C O D E 🌼
မော်တော်ယာဥ်များ၊ စျေးသည်များ၊ဖြတ်သွားဖြတ်လာလူများြဖင့်အမြဲမပြတ်ရှုပ်ယှက်
ခတ်နေသော ကားလမ်းမကြီး၏ဘေးတစ်နေ
ရာတွင် မြင်လိုက်ရသည့်လူအပေါင်း၏စိတ်
အစုံတို့အေးချမ်းသွားရလောက်သည်အထိ သေသပ်လှပသော ကော်ဖီဆိုင်လေးတစ်ဆိုင် တည်ရှိလေသည်..။"နွေဦးရေ အစ်မအရင်ပြန်နှင့်မယ် စားပွဲဝိုင်းတွေ သန့်ရှင်းရေးလုပ်ပြီးတာနဲ့ နွေဦးလည်းအလုပ်ဆင်းလိုက်တော့နော်"
"ဟုတ်ကဲ့ ကောင်းကောင်းပြန်ပါအစ်မ"
"အေး အေး နောက်နေ့မှတွေ့မယ်နွေဦးရေ.."
ဆိုင်၏မန်နေဂျာအစ်မပြန်သွားတော့ ကော်ဖီဆိုင်လေးထဲတွင် နွေဦးရိပ်တစ်ယောက်သာကျန်ခဲ့တော့သည်။
ညနေခြောက်နာရီဆို ဆိုင်ပြန်ဖွင့်သည့်အတွက် ငါးနာရီခွဲလောက်ကို အချိန်လဲမည့်အလုပ်သမားနောက်တစ်ယောက်ကရောက်လာမှာဖြစ်သည်။ နွေဦးကငါးနာရီဆိုအလုပ်ချိန်ပြီးသော်လည်း နောက်တစ်ယောက်လာသည်အထိ ဆိုင်သန့်ရှင်းရေးလုပ်ရင်း စောင့်ပေးဖြစ်သည်။
အခုလို အားကြိုးမာန်တက်လုပ်ပေးနေရတဲ့အကြောင်းအရင်းကတော့ ဆိုင်ပိုင်ရှင်ဦးလေး၏ကျေးဇူးများက နွေဦးအပေါ်တွင် အများကြီးရှိသောကြောင့်ပင်ဖြစ်သည်။
နွေဦးတက္ကသိုလ်တတိယနှစ်တက်နေတုန်း ဖေဖေနဲ့မေမေ ကားအက်စီးဒန့်တစ်ခုကြောင့် ဆုံးပါးသွားခဲ့ပြီး ဖေဖေရဲ့လုပ်ငန်းဟာလည်းရုတ်တရက်ဒေဝါလီခံလိုက်ရသည်။
ကျန်ခဲ့တဲ့အကြွေးတွေအတွက် အိမ်တွေခြံတွေရောင်းပြီးဆပ်လိုက်ရသဖြင့် နွေဦးဟာ နေ့ချင်းညချင်း နေစရာဘုံပျောက်သည့်ဘဝသို့ရောက်ခဲ့ရသည်။
နေစရာမရှိသည့်နေွဦးကို တက္ကသိုလ်ပထမနှစ်ကတည်းကခင်လာခဲ့တဲ့သူငယ်ချင်းဖြစ်သူ ချမ်းမြေ့မှ သူနေသောယောက်ျားလေးအဆောင်တွင် သူနဲ့အတူလိုက်နေစေခဲ့သည်။
ကျောင်းတစ်ပိုင်းတစ်စဖြင့် ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေသောနွေဦးကို ဖေဖေ့မိတ်ဆွေဖြစ်သောဦးလေးက သူ့ဆိုင်တွင်အလုပ်ဝင်လုပ်စေခဲ့ပြီး လစာကိုလည်းသူများတွေထက်ပိုပိုသာသာပေးခဲ့လေသည်။