U N I C O D E 🌼
"ဒယ်ဒီ ထတော့ ပူတူးပြောစရာရှိပါတယ်ဆို ထ"
မိုးမလင်းသေးဘူး...အစောကြီးအခန်းထဲဝင်လာပြီးနိှုးနေသောသားကြောင့်ဟိန်းထက်သာလည်းမထမဖြစ်ထလိုက်ရသည်။
"သားကဘာပြောမလို့လဲ"
"ဟီးး ဒီနေ့ဒယ်ဒီအားလားဟင်"
"ဘာလို့လဲ..သားရဲ့"
"ပူတူးရယ် ဒယ်ဒီရယ် ဖေဖေရယ်အပြင်သွားကြမယ်လေ နော်"
"မနေ့ကပဲေဖဖေနဲ့သွားထားတယ်မလား"
"ဒယ်ဒီမှမပါတာ ပြီးတော့မနေ့ကရုပ်ရှင်
မကြည့်လိုက်ရဘူး ဒီနေ့သွားကြည့်ကြမယ်လေ နော် ဒယ်ဒီ သွားကြမယ်လေ နော် နော် ""ဟုတ်ပါပြီဗျာ သွားမယ်"
"ဟီး...အဲ့တာကြောင့်ဒယ်ဒီကိုချစ်တာ မွ"
သူလုပ်ချင်တာလုပ်ရလို့ပျော်သွားသောသားကသူ့ဒယ်ဒီ့ပါးကိုနမ်းကာအောက်သို့ဆင်းသွားသည်။
ဟိန်းထက်သာလည်းကိုအောင့်ကိုဖုန်းဆက်ပြီးအကျိုးအကြောင်းပြောကာအလုပ်တွေလွှဲထားလိုက်သည်။
ရေချိုးခန်းထဲဝင်လာလိုက်တော့အဆင်သင့်လုပ်ပေးထားသောသွားတိုက်တံလေးကိုယူလိုက်ကာသွားတိုက်လိုက်ပြီးရေချိုးလိုက်သည်။ရေချိုးပြီးရိပ်ပြင်ပေးထားတဲ့အဝတ်အစားလဲကာအိမ်အောက်သို့ဆင်းလာလိုက်သည်။
မီးဖိုချောင်ထဲမှာမနက်စာပြင်ပေးနေသောရိပ်ရဲ့ဘေးမှာတတွတ်တွတ်ပြောနေသောသား။သူ့ဖေဖေကိုရုပ်ရှင်လိုက်ကြည့်အောင်မရမကပြောနေသည်။ဖေဖေလည်းအခန်းထဲကထွက်လာတာကြောင့်ဟိန်းထက်သာလည်းထမင်းစားပွဲမှာဝင်ထိုင်လိုက်သည်။
"သားရယ် လိုက်သွားစမ်းပါ မြေးလေးအကြောင်းလဲသိရဲ့သားနဲ့"
အမေကတော့ သူ့မြေးစိတ်ကြိုက် လိုက်ပြောပေးနေလေသည်။
"ဘယ်သွားကြမလို့လဲ"ခုမှအခန်းထဲကထွက်လာသောဖေဖေကမေးလိုက်သည်။
"ရုပ်ရှင်သွားကြည့်ကြမလို့တဲ့ မြေးလေးကသူ့ဒယ်ဒီနဲ့သူ့ဖေဖေနဲ့အတူတူသွားကြည့်မလို့တဲ့ အဲ့တာနွေဦးကိုခေါ်နေတာ "