U N I C O D E 🌼
၂နှစ်ခန့်ကြာသော်...🍀
ရန်ကုန်ကနေ..ကားဖြင့်..လေးနာရီကြာအောင်လာရတဲ့..ပဲခူးတိုင်းအနောက်ပိုင်းရှိ..နယ်မြို့လေးတစ်မြို့တွင်..ဟိန်းထက်သာရောက်နေလေသည်။အရမ်းမကျယ်ပေမဲ့..ရထားလမ်းကားလမ်းစုံ၍..စည်စည်ကားကားရှိသောဒီမြို့လေးက...မေမေ့၏ဇာတိမြို့ဖြစ်သည်။
နှစ်တိုင်းမေမေက..မွေးနေ့ရောက်ရင်..ဒီမြို့လေးမှာ..လာလှူနေကြဖြစ်ပြီး..အခုလည်း..မေမေ့မွေးနေ့အလှူအဖြစ်..ဒီမြို့လေးရဲ့ဘုန်းကြီးကျောင်းတစ်ကျောင်းတွင်..ကျောင်းဆောင်ဆောက်လုပ်လှူဒါန်းရန်..ဟိန်းထက်သာရောက်နေခြင်းဖြစ်သည်။
မေမေနဲ့ကျောင်းထိုင်ဘုန်းကြီးစကားပြောနေကြတုန်း..ဟိန်းထက်သာခွင့်တောင်းပြီး..ဘုန်းကြီးကျောင်းထဲအပျင်းပြေလျှောက်ကြည့်နေမိသည်။
ဒီမြို့လေးကို..ငယ်ငယ်ကဆို..နွေရာသီကျောင်းပိတ်ရက်ရောက်တိုင်း..မေမေနဲ့အတူလိုက်လည်ဖြစ်သည်။ကြီးလာတော့...အရင်ကလောက်မရောက်ဖြစ်တော့..။နှစ်တွေကြာလာတော့တစ်ချို့အရာတွေလည်းပြောင်းလဲသွားပြီး..အနည်းငယ်စိမ်းနေလေသည်။
ဒီဘုန်းကြီးကျောင်းကတော်တော်တော့ကျယ်သည်။ ဝင်ဝင်ချင်းကျောင်းဝင်းထဲတွင်..
ညောင်ပင်ကြီးကိုတွေ့ရမှာဖြစ်ပြီး..ဆွမ်းစားဆောင်နှင့်အခြားအဆောင်များလည်းရှိသည်။ ဓမ္မာရုံကကျောင်းအနောက်ဖက်တွင်ရှိပြီးဆွမ်းစားဆောင်မှဓမ္မာရုံရောက်အောင်အနည်းငယ်မျှလမ်းလျှောက်ရသည်။
ဓမ္မာရုံကြီးရှေ့တွင်တော့ရေကန်ကြီးရှိပြီးအရိပ်အာဝါသလည်းကောင်းသည်။ဘုန်းကြီးကျောင်းကိုပတ်ပြီးလမ်းလျှောက်နေတုန်း လှုပ်တုတ်လှုပ်တုတ်နှင့်ပြေးလာသောကလေးလေး...။
ဝင်တိုက်မိမှာစိုး၍ရှောင်လိုက်ကာမှ..
တည့်တည့်ကိုဝင်တိုက်ပါလေရော..။သူ့အရှိန်နဲ့သူနောက်ပြန်လဲကျသွားတဲ့..
ကလေးလေးကိုအမြန်ထူလိုက်ရင်း"ဖြည်းဖြည်းပြေးမှပေါ့ ကလေးရဲ့ ခုတော့နာသွားပြီမလား"
ဟုဖြေးဖြေးလေးပြောလိုက်သည်။